Main menu

Background

Sunday, 19 Jun 2011

အိန္ဒိယမတ်ပဲဈေး အကျတန့်လာ                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ယခင်သီတင်းပတ်များက ဆက်တိုက် ကျဆင်းခဲ့တဲ့ မတ်ပဲဈေးဟာ ယခုတစ်ပတ်မှာတော့ အနည်းငယ်တန့်လာပါတယ်။ အချို့ ဈေးကွက်တွေမှာ မိုးရွာသွန်းခြင်းကြောင့် ပဲဝင်ရောက်မှု အနည်းငယ်လျော့ကျလာပြီး ရောင်းလိုအားအကန့်အသတ်သာရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း အရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ နိုင်ငံအရှေ့ပိုင်းနဲ့ ပင်နီဆူလာမှာ မတ်ပဲ စိုက်ပျိုးနေပြီး အပင်ကြီးထွားမှု အားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ပဲအသစ်ဝင်ရောက်လာဖို့ အချိန်ကာလလိုအပ်နေဆဲဖြစ်လို့ ပြန်လည်ရောင်းချသူများ ရဲ့ ဝယ်လိုအားက ဈေးနှုန်းကို ဆက်လက်အထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်တဲ့ဈေးနှုန်းကို ဖော်ပြလိုက်ပါတယ်                                   ဒေါ်လာ/ တန်                       ၁၆-၆-၁၁      ၁၅-၆-၁၁         ၁၄-၆-၁၁           ၁၃-၆-၁၁မွန်ဘိုင်း             ၈၅၂-၈၅၇      ၈၅၆-၈၆၇     ၈၄၉-၈၅၄           ၈၅၂-၈၆၉ဒေလီ                 ၈၂၄-၈၉၁     ၈၂၈-၈၉၅     ၈၃၈-၉ဝ၅           ၈၃၆-၉ဝ၃ချန်နိုင်း              ၈၄၆-၉၅၈     ၈၅ဝ-၉၆၂      ၈၄၉-၉၆ဝ           ၈၄၇-၉၅၈MIRT(MAPT)

Sunday, 19 Jun 2011

FOB ဈေးကွက်မှာ အိန္ဒိယဝယ်လက် မတ်ပဲအဝယ်ပုံမှန်ရှိ                ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ အိန္ဒိယ ဝယ်လက်တွေ မတ်ပဲကို ပုံမှန်အဝယ်ရှိနေတယ်လို့ သိရပါတယ်။ ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး အနည်းငယ် အပြောင်းအလဲရှိလာလို့ ပြည်တွင်းပဲဈေးကွက်မှာ လည်း ဈေးအတက်အကျတွေရှိခဲ့တယ်လို့ ကုန်သည်ကြီး တစ်ဦးကဆိုပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဇွန်လ ၁၁ ရက်မှ ၁၇ ရက်အထိ တစ်ပတ်အတွင်း မတ်ပဲ SQ တန်ချိန် ၇၂ဝဝ ကျော်၊ FAQ တန်ချိန် ၁ဝဝဝဝ ကျော်နဲ့ အခွံချွတ် တန် ၇ဝဝ ခန့် စုစုပေါင်း တန် ၁၈ဝဝဝ ကျော် အရောင်းအဝယ်စာချုပ်ချုပ်ခဲ့တယ် လို့ သိရပါတယ်။ ပြည်ပဝယ်လက်တွေ ပုံမှန်ဝယ်ယူနေလို့ စာချုပ်ချုပ်ဆိုနိုင်မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၁၅ဝဝဝ ထက်ပိုမိုချုပ်ဆိုရောင်းဝယ်နိုင်ခဲ့တာတွေ့ရပါတယ်။ FOB အရောင်းအဝယ်ပမာဏများပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ဈေးနှုန်းအပြောင်းအလဲကြောင့် မတ်ပဲ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်း ပတ်ထက် အနည်းငယ်လျော့ ကျတာတွေ့ရပါတယ်။                  ဒေါ်လာ/တန်                     မတ်ပဲ(FAQ)         မတ်ပဲ(SQ)၁၇-၆-၁၁         ၇၅ဝ-၇၇ဝ              ၉ဝဝ-၉၂ဝ၁၃-၆-၁၁         ၇၈ဝ-၈ဝဝ              ၉၃ဝ-၉၅ဝMIRT(MAPT)

Sunday, 19 Jun 2011

မတ်ပဲသင်္ဘောတင်ပို့မှု တန်ချိန် ၂ သောင်းနား ကပ်နေ               ပင်လယ်ရေကြောင်းက မတ်ပဲသင်္ဘောတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ်တန်ချိန် ၂ သောင်းကျော်ရှိနေသလို ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာလည်း တန်ချိန် ၂ သောင်းနီးပါးတင်ပို့တာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံကတော့ အိန္ဒိယကို အများဆုံးဖြစ်ပြီး မလေးရှား၊ စင်ကာပူ၊ ယူအေအီး၊ ဗီယက်နမ်တို့ကိုလည်း တင်ပို့မှုရှိတာတွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ဇွန်လ ၁ဝ ရက်နေ့အထိ မတ်ပဲတန်ချိန် ၁၄၄ဝဝဝ ကျော်တင်ပို့ပြီးဖြစ်လို့ ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုမှာ တန်ချိန် ၉၁ဝဝဝ ကျော်နဲ့ ယှဉ်ရင် ယခုနှစ်မှာ တန်ချိန် ၅ဝဝဝဝ ကျော် ပိုမိုတင်ပို့တာတွေ့ရပါတယ်။ အိန္ဒိယပုံမှန်အဝယ်ရှိလို့ လာမယ့်သီတင်းပတ်များမှာလည်း တင်ပို့မှု ဆက်လက် အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။   MIRT- MAPT 

Sunday, 12 Jun 2011

ဈေးကောင်းလို့ အရောင်းအဝယ်အေးနေတဲ့ ပြည်ကြက်သွန်နီ                    ပြည်ကြက်သွန်နီဈေးကွက်သို့ တင်သွင်းလျက်ရှိတဲ့ ရေနံချောင်း၊ ပခုက္ကူဒေသများတွင် ကြက်သွန်နီထွက်ရှိမှု ကာလပြီး ဆုံးပြီး စိုက်ပျိုးထုတ်လုပ်သူတောင်သူထံမှမဟုတ်ဘဲ ကုန်သည် နဲ့ လှောင်လက်သမားများထံမှတစ်ဆင့် မှာယူတင်သွင်းရောင်း ဝယ်ရတဲ့အတွက် ယခုတစ်ပတ်တွင်လည်း ကြက်သွန်နီ(ကြီး) တစ်ပိဿာကို ၇ဝဝ ကျပ်၊ (လတ်) ၆ဝဝ ကျပ်၊ (သေး) ၄၅ဝ ကျပ်တို့ရှိပြီး ဆက်လက်ဈေးကောင်းရနေလျက် တစ်ပိဿာကို ၁ဝဝ ကျပ်နှုန်းခန့်ဈေးမြင့်သွားပါတယ်။ စီးဆင်းဝင် ရောက်မှုအနေဖြင့်လည်း ရက်ခြားသာအဝင်ရှိတော့သလို ယခု တစ်ပတ်အတွင်း ၃၅ ပိဿာဝင် အိတ် ၈ဝဝ ခန့်သာ အဝင်ရှိ၍ ဈေးမြင့်လို့ အရောင်းအဝယ်မှာလည်း ခပ်ပါးပါးဖြင့် အေးနေပြီး ယခုတစ်ပတ်အတွင်း အိတ် ၄၅ဝ ခန့် အရောင်း အဝယ် ဖြစ်ကြောင်း သိရပါတယ်။    ဝင်းလဲ့ဝါ

Sunday, 12 Jun 2011

အိန္ဒိယနနွင်းကြိုပွိုင့်ဈေး အနည်းငယ်မြင့်လာ               အိန္ဒိယနိုင်ငံ နနွင်းအဓိကဈေးကွက်များဖြစ်တဲ့ နီဇမ်မာဘတ်နဲ့ အီရော့ဈေးကွက်တွေမှာ ပြည်တွင်း လှောင်လက်တွေ အဝယ်ထိုင်းလို့ လက်ငင်းဈေးအနည်းငယ် လျော့ကျခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကတော့ ဇွန်လ ၈ ရက်နေ့မှာ ၂ ဒသမ ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ နနွင်းအဓိကစိုက်ပျိုးတဲ့ နီဇမ်မာဘတ်နဲ့ အီရော့မှာ ယခုနှစ်နနွင်းဈေးကျဆင်းမှုကြောင့် ဈေးပိုရတဲ့ ဝါတို့လို အခြားသီးနံှတွေကို ပြောင်းလဲစိုက်ပျိုးလာဖွယ်ရှိလို့ နနွင်းစိုက်ဧရိယာကျဆင်းမယ်လို့ ကုန်သည်တွေက ခန့်မှန်းကြပါတယ်လို့ သိရပါတယ်။                 လတ်တလောမှာ အီရော့ဈေးကွက်ကို နေ့စဉ်ပျမ်းမျှနနွင်းအိတ် ၁၂ဝဝဝ-၁၄ဝဝဝ ဝင်ရောက်မှုရှိပြီး ဧပြီလလယ်က အိတ် ၁၅ဝဝဝ-၁၇ဝဝဝ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ နီဇမ်မာဘတ်ဈေးကွက်ကိုတော့ အိတ် ၅ဝဝဝ ဝန်းကျင်သာ ဝင်ရောက်တယ်လို့ သိရပါတယ်။              အိန္ဒိယဟင်းခတ်အမွှေးအကြိုင်အဖွဲ့ရဲ့စာရင်းအရ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ မတ်လအတွင်း နနွင်းတန်ချိန် ၄၉၂၅ဝ တင်ပို့ပြီဖြစ်လို့ ၂ဝဝ၉-၂ဝ၁ဝ အတွင်း ကာလတူတင်ပို့မှု တန်ချိန် ၅ဝ၇၅ဝ ထက် ၃ ရာခိုင်နှုန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းလှောင်လက်များရဲ့ ဝယ်ယူမှုအားနည်းလို့ ကာလတိုအတွင်း နနွင်းအရောင်းအဝယ်အေး ဈေးလျော့ဖွယ်ရှိတယ်လို့ ခန့်မှန်းကြ ပါတယ်။ ယမင်းခင် Source: commodityonline

Sunday, 12 Jun 2011

ဝယ်လိုအားနည်းတဲ့ ရှမ်းနနွင်း              ရှမ်းပြည်နယ်ရဲ့ အကောင်းဆုံးနနွင်းတွေဖြစ်တဲ့ ဆင်တောင်နနွင်း၊ ဟိုပုံးနနွင်းကလည်း လက်ကျန်တွေ ကျန်နေပါတယ်။ ဟိုပုံးမှာလည်း နနွင်းလက်ကျန်က ပိဿာချိန် သောင်းဂဏန်းခန့်ရှိနေသေးတယ်လို့ သိရပါတယ်။ နှစ်စမှာ ဈေးကောင်းရပေမဲ့ ဝယ်လိုအားကနည်းပါတယ်။ ပြည်တွင်းသုံးအတွက် ဝယ်ယူပေမဲ့ ချင်းလိုတော့ အရောင်းမသွက်ပါဘူး။ ဟိုပုံးဈေးကွက်မှာ နနွင်းက တစ်ပိဿာ ၁၂ဝဝ ကျပ်သာရှိပါတယ်။ ပင်လောင်းနနွင်း တွေကတော့ ပြီးခဲ့တဲ့လတွေမှာ အောင်ပန်းဈေးကွက်ကို မလာတော့ဘဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းပေမဲ့ အခုလတွေမှာတော့ စီးဆင်းမှုနည်းသွားပြီလို့ သိရပါတယ်။ အောင်ပန်း ဈေးကွက်မှာ ပင်လောင်းနနွင်းစ ဈေးက တစ်ပိဿာ ၇ဝဝ ကျပ်မှ ၉ဝဝ ကျပ်သာရှိပါတော့တယ်။ ပင်းတယနနွင်းက တစ်ပိဿာ ၁၅ဝဝ ကျပ်ရှိပြီး ဆင်တောင်နနွင်းကတော့ ၃၅ဝဝ ကျပ်ဈေးနဲ့ ဈေးငြိမ်နေပါတယ်။ နမ့်စန်မှာလည်း နနွင်း လက်ကျန်တွေ အတော်ရှိနေပြီး တစ်ပိဿာ ၁၅ဝဝ ကျပ်မှ ၁၇ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ဒီတစ်ပတ် နနွင်းခြောက်ဈေးက တစ်ပိဿာ ၁၅ဝဝ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Sunday, 12 Jun 2011

ယခုအပတ်နယ်စပ်မှ နနွင်းတက် တင်ပို့မှုပို                 မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်မှ ဇွန်လ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ဝ ဒသမ ၁၉၂ သန်း တန်ဖိုးရှိ နနွင်းတက် ၈၆ ဒသမ ၄ တန်နှင့် နနွင်းခေါင်း ၁၁ တန်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် နနွင်းတက်တင်ပို့မှု ၄ တန်ခွဲ လျော့နည်းခဲ့ပြီး နနွင်းခေါင်း တင်ပို့မှုမှာ ၁ဝ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ MIRT(DOBT)

Sunday, 12 Jun 2011

မလေးရှားကို အများဆုံးတင်ပို့                မေ ၂၉ ရက်မှ ဇွန် ၄ ရက်တာကာလအတွင်း နနွင်းတန်ချိန် ၇ဝ ကို တင်ပို့ ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူကို ၁၂ တန်နဲ့ မလေးရှားကို ၅၈ တန်တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့မှုက ၉၇ တန်နီးပါးရှိခဲ့ပြီး ယခု သီတင်းပတ်တန် ၇ဝ သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ဒီတစ်ပတ်တန် ၂ဝ လောက်တင်ပို့ မှုလျော့နည်းခဲ့ပါတယ်။ လခုျပ်အနေနဲ့ ကြည့်မယ်ဆိုရင် ဧပြီလ နနွင်းတင်ပို့မှုက ၁၆၆ တန်ရှိခဲ့ပြီး မေလမှာ ၂၂၇ တန်နီးပါးရှိခဲ့လို့ မေလမှာ နနွင်းတန် ၆ဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးပျမ်းမျှကန်ဒေါ်လာ ၁၈၈ဝ ကျော်ရရှိခဲ့လို့ ဒီတစ်ပတ်ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းသုံးသောင်း ကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)

Pages