Background
ပြည်ဈေးကွက်သို့ အောင်ပန်းမှ ချင်း (ဥမ)များပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ဝင်ရောက်မှုရှိပြီး၊ ဈေးနှုန်းမှာ ယခင်အပတ်ထက် ဈေးမြင့်သွားပါတယ်။ ဈေးမြင့် ပေမဲ့ အရောင်းအဝယ်ပုံမှန်ရှိလျက်၊ ဧရာဝတီတိုင်းနဲ့ ရခိုင် ပြည်နယ်သို့ နေ့စဉ် ပိဿာချိန် ၄၅၀ ခန့်အရောင်းအဝယ်ဖြစ်နေပါတယ်။ချင်း (ဥမ) တစ်ပိဿာ (ရှယ်) ၁၂၀၀ ကျပ် (ဂျွန်) ၁၀၀၀ ကျပ်ရှိပြီး၊ချင်းဓားလှီးသမားများမှအဝယ်ရှိပြီး ဝါတွင်းချင်း သုပ်အလှူအတွက် မျှော်မှန်းပြီးချင်း (ဥမ)များ တစ်နေ့ကို ပိဿာချိန် ၁၅၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဝင်းဝင်းခိုင်-ပြည်
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်းဈေးကွက်တွင် ပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်များနှင့် အတွင်းပိုင်း ဈေးကွက်များမှ အဝယ်မလိုက်သဖြင့် အကျဈေးဖြင့် ဈေးငြိမ်နေကြောင်း သိရ ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့အထိ မိုးပဲ မျိုးစုံ ဟက်တာ ၂၅ ဒသမ ၉၅ သိန်း စိုက်ပျိုးနိုင်ခဲ့ပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေကူးသန်းရောင်းဝယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၀၂၂၉ တန်ဖိုးရှိ ပဲတီစိမ်း တန် ၃၀ ကို ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်တာကာလမှာတင်ပို့ခဲ့တာတွေ့ ရပါ တယ်။ ပုံမှန်တင်ပို့ နေကျဖြစ်တဲ့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်စခန်းမှ ကန်ဒေါ်လာ ၅ ဒသမ ၈၇၀ သန်း တန်ဖိုးရှိ ပဲတီစိမ်း လုံးပြည့် ၆၉၀၆ တန် ကျော်နဲ့ ချင်းရွှေဟော်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၄၀၈ သန်းဖိုးရှိ ပဲတီစိမ်းလုံးပြည့် တန် ၄၈၀ ကိုတင်ပို့ နိုင်ခဲ့ပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဇူလိုင်လ ၇ ရက်နေ့မှ ၁၃ ရက်ထိကာလအတွင်းမှာကန်ဒေါ်လာသုည ဒသမ ၈၇၈ သန်းတန်ဖိုးရှိရော်ဘာ ၃၉၈ တန်ခန့်ကိုနိုင်ငံပေါင်း ၃ နိုင်ငံသို့တင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှ မြန်မာ့ ရော်ဘာကိုအများဆုံးဝယ်ယူကြပြီး ပါကစ္စတန်နိုင်ငံမှလည်း ရံဖန်ရံခါဝယ်ယူလေ့ရှိပါတယ်။
ဇူလိုင်လဆန်းမှစပြီး ကျဆင်းလာတဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများ ဇူလိုင်လလယ်ပိုင်းအထိ ဆက်တိုက်အား နည်း လာတယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ မှာရှိနေခဲ့တဲ့ ထိုင်းရော်ဘာRSS -5 (မှိုင်းခံရော်ဘာ အဆင့် ၅) က ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်တန်ကို ၂၅၃၄ ဒသမ ၅၀ ဒေါ်လာအထိ ၁၈၄ ဒေါ်လာ ဈေးကျလာတယ်။ မလေးရှားရော်ဘာ (SMR-20) ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၄၇ ဒေါ်လာဈေးကျလာတယ်။
ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ စိုက်ပျိုးရေးဝန်ကြီးလည်း ဖြစ်တဲ့ Yokol Lim Laemthong က ထိုင်းရော်ဘာဈေးများကျဆင်း နေခြင်းနဲ့ စပ်လျဉ်းပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်သမျှ လျှော့ချ နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။
မန္တလေးသကြားကုန်စည်ဒိုင် (သကြားနဲ့သကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း) မှာ ဥပုသ်နေ့မှ အပ ကျန်နေ့ရက်တွေမှာ ပုံမှန်အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန္တလေးမှထွက်တဲ့သကြားကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းတို့ကို တင်ပို့ရောင်းချနေရ တာကြောင့် အရောင်းအဝယ်ပုံမှန်ရှိပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၃၇ တန်ကျော်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ ပြောင်း ၃၃၁ တန်ခွဲကိုတင်ပို့နိုင်ခဲ့ပါတယ်။
ကျောက်မြောင်းအထက်ပိုင်း ထီးချိုင့်၊ ကသာဖက်မှာ ထွက်ရှိတဲ့ နိုင်လွန်ပဲများ အရည်အသွေးကောင်း မွန်တဲ့အတွက်ဝယ်လက်အကြိုက်တွေ့ ကြောင်း သိရပါတယ်။ မဲဇာ၊ မုံရွာမှာ စိုက်ပျိုးထွက်ရှိပေမယ့် အထွက်နည်း သလို အရည်အသွေးအနည်းငယ် ကျဆင်းပါတယ်။
ဇူလိုင်လအတွင်း ရော်ဘာဈေးနှုန်းများ အားနည်းလာ တယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မှိုင်းခံရော်ဘာ အဆင့် - ၅ (Thai Rubber RSS- 5) က ဇူလိုင်လ ၈ ရက်နေ့မှာ ၂၆၃၁ ဒသမ ၅၀ ဒေါ်လာ အထိ ၈၇ ဒေါ်လာ ဈေးကျလာတယ်။