Background
ယခုတစ်ပတ် မတ်ပဲသင်္ဘောတင် တန် ၁၄ဝဝဝ ထိ တိုးတက် ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝဝဝ ထိ တိုးတက်လာခဲ့တာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်အတွင်းက တန်ချိန် ၇၅ဝဝ တင်ပို့ခဲ့ရာမှ ပြန်လည်တိုးတက်တင်ပို့လာတာဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၂၇ဝဝဝ ခန့်ရှိပြီး မတ်လမှာ တန်ချိန် ၃၂ဝဝဝ ခန့်ထိ တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ တန်ချိန် ၃၅ဝဝဝ ကျော်တင်ပို့နိုင်ခဲ့လို့ ဒီနှစ်ကာလတူ တင်ပို့မှု လျော့ကျတာတွေ့ရှိရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ မေလနဲ့ ဇွန်လတွေမှာ တင်ပို့မှု တိုးတက်နိုင်တယ်လို့ သိရပါတယ်။ MIRT- MAPT
ကျောက်ပန်းတောင်း ထန်းလျက် အရောင်းသွက် ကျောက်ပန်းတောင်း ထန်းလျက် အကြမ်းများကို မန္တလေးသကြားစက်များ၊ ကြာညို့စက်များနှင့် ရန်ကုန် ငံပြာရည်စက်ရုံများသို့ လည်းကောင်း၊ တောင်ကြီးမြို့များသို့ လည်းကောင်း တစ်နေ့ကို ကုန်ချိန်ပိဿာ ၁၅ဝဝဝ မှ ၂ဝဝဝဝ ခန့်အထိ တင်ပို့နေရပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ် တစ်ပိဿာ ၅ဝဝ ကျပ်နှုန်းမှ ယခုတစ်ပတ်ကို ၅၄ဝ ကျပ်နှုန်းရှိသဖြင့် ထန်းလျက်ဈေး အနည်းငယ်တက်ကြောင်းသိရပါတယ်။ စားထန်းလျက် အလုံးသေးက ယခင်တစ်ပတ် ဈေးနှုန်း ကျပ် ၅၅ဝ ရှိပြီး ယခုတစ်ပတ် တစ်ပိဿာ ၆၅ဝ ကျပ်၊ ဆေးစပ်ထန်းလျက်ဖြူ ယခင် တစ်ပတ် ၆ဝဝ ကျပ်နှုန်းနဲ့ ယခုတစ်ပတ် ၇ဝဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ရှိ နေကြောင်း၊ ၎င်းစားထန်းလျက်များကို မိတ္ထီလာ၊ တောင်ကြီး၊ နေပြည်တော်၊ မန္တလေး၊ တောင်တွင်းကြီးနဲ့ အခြားမြို့ အသီးသီးသို့ နေ့စဉ် ပိဿာချိန် ၁၂ဝဝဝ ဝန်းကျင်တင်ပို့ရောင်းချနေကြောင်းလည်း သိရပါတယ်။ ထားအိဝင်း
ပြည်တွင်းပြောင်းလက်ကျန်နည်း၍ ယခုအပတ်နယ်စပ်မှ အပို့လျော့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နှင့် လွယ်ဂျယ် နယ်စပ်စခန်းများမှ တရုတ်နိုင်ငံသို့ ကန်ဒေါ်လာ ၃ ဒသမ ၇၃၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၃၄၂၄ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၁၅ဝဝဝ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ပြောင်းဖူးစေ့ ၁၅၇၆ တန်ကျော် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ မူဆယ်မှ ၆၅၃ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၉၃၁ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်း လားရှိုးပြောင်းဈေးမှာ သိသိသာသာ ပြောင်းလဲမှုမရှိပေမဲ့ တစ်ဖက်ရွှေလီ ပေါက်ဈေး မှာ ၁ဝ ယွမ်နဲ့ ကုန်စည်ဒိုင်ပေါက်ဈေး ယွမ် ၃ဝ ခန့် တိုးမြင့်ခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းပြောင်းလက်ကျန် နည်းပါးတဲ့အတွက် ယခုအပတ်မှာ တင်ပို့မှု လျော့နည်း ခဲ့ရတယ်လို့ ပြောင်း ကုန်သည်တစ်ဦးထံက သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၄၁၉ဝ ၂၃၅၄၂ဝ ၁၂၃ဝ ဝ .၅ ၂၈၁ ၂၇၄ ၇ ၂ .၅နံှစားပြောင်း ၂ဝ၆၅၅၅ ၁၉၅၂၆ဝ ၁၁၂၉၅ ၅ .၅ ၂၆၁ ၂၆၂ ၁ ဝ .၄MIRT (DOBT)
ပြောင်း ပင်လယ်ရေကြောင်း တင်ပို့မှု ပုံမှန် မေလ ၁၃ ရက်မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၁ဝ၈ဝ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ဝ၂၇၉ သန်း တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်ကလည်း တန် ၁ဝဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ပုံမှန်လို့ဆိုရပါတယ်။ တင်ပို့ခဲ့တာကတော့ စင်ကာပူနိုင်ငံကို ဖြစ်ပါတယ်။ ပင်လယ်ရေကြောင်းက အပို့နည်းပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁ဝဝဝဝ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ယခုအပတ် FOB ရန်ကုန်ဈေး ကတော့ ပြောင်းလဲမှုမရှိပဲ ၂၉ဝ ဒေါ်လာနဲ့ ၃၁ဝ ဒေါ်လာ ကြား ဈေးရလျက်ရှိပါ တယ်။ KZW
အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနက သကြားတန်ချိန် ၁ ဒသမ ၅၅ သိန်းတင်ပို့ဖို့ ခွင့်ပြုမိန့်ထုတ်ပြန် အိန္ဒိယစားနပ်ရိက္ခာဝန်ကြီးဌာနဟာ ပြည်ပကို သကြားတန်ချိန် စုစုပေါင်း ၅ သိန်းတင်ပို့ဖို့ ခွင့်ပြုထားတဲ့ အနက် သကြားတန်ချိန် ၁ ဒသမ ၅၅ သိန်းတင်ပို့ဖို့ သကြားစက်များကို မေလ၁၆ ရက်နေ့မှာ ခွင့်ပြုမိန့် ထုတ်ပြန်ခဲ့တယ်လို့ သိရပါ တယ်။ သကြားစက်များဟာ စားနပ်ရိက္ခာဝန်ကြီးဌာနက ခွင့်ပြုမိန့်မပါဘဲ ၎င်းတို့ ထုတ်ကုန်များကို တင်ပို့နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး ခေါင်းဆောင်တဲ့စားနပ်ရိက္ခာနဲ့ ပတ်သက်တဲ့ အစိုးရဝန်ကြီးအဖွဲ့(E GoM )ဟာ မတ် ၂၂ ရက်မှာ ကန့်သတ်ချက်များ မပါဝင်တဲ့ Open General Licence( OGL) အရ သကြားတန်ချိန် ၅ သိန်းတင်ပို့ဖို့ သကြား စက်များကို ခွင့်ပြုခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကို ဧပြီလ ၁၉ ရက်မှာ တရားဝင်ပြောခဲ့ပါတယ်။ အဲဒီ တန်ချိန် ၅ သိန်း အနက် တန်ချိန် ၅၁၅ဝဝ ကို အိမ်နီးချင်းနိုင်ငံများအတွက် အရန်ထားရှိမှာဖြစ်ပြီး ကျန်တဲ့ပမာဏကို လွန်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်း သကြားစက်များရဲ့ ပျမ်းမျှ ထုတ်လုပ်မှုကို အခြေခံပြီး သကြားစက်များကို ခွင့်ပြုခဲ့ပါတယ်။ နောက်ဆုံးစာရင်းများအရ ဝန်ကြီးဌာနမှ သကြားစက် ၁၅၅ လုံးကျော်ကို သကြားတန်ချိန် ၁၅၅၈၁၆ အတွက် ပြည်ပ တင်ပို့ခွင့်များ ထုတ်ပြန်ခဲ့ပါတယ်။ E GoM ဟာ သကြား ရာသီနှစ်နှစ်မှာ လိုအပ်ချက်ဖြစ်ခဲ့ပြီး နောက် ယခုနှစ်မှာထုတ်လုပ်မှုက စားသုံးမှုထက် ပိုမိုထုတ်လုပ်နိုင်တာကြောင့် တန်ချိန် ၅ သိန်းတင်ပို့ဖို့ သကြားစက်များကို ခွင့်ပြဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးပြီးရင် ကမ္ဘာ့ဒုတိယသကြားအများဆုံး ထုတ်လုပ်တဲ့ အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က တန်ချိန် ၁၉ သန်းထုတ်လုပ်ရာမှ ၂ဝ၁ဝ-၁၁ (အောက်တိုဘာ-စက်တင်ဘာ)သကြားရာသီအတွင်း တန်ချိန် ၂၄ ဒသမ ၅ သန်းအထိ တိုးတက်ဖွယ်ရှိပါတယ်။ နိုင်ငံရဲ့ နှစ်စဉ် လိုအပ်ချက်တန်ချိန် ၂၂ သန်းထက်ကျော်လွန် ထွက်ရှိခဲ့ပါတယ်။ ၂ဝဝ၈-ဝ၉ နဲ့ ၂ဝဝ၉-၁ဝ သကြားရာသီအတွင်း ပြည်တွင်းထုတ်လုပ်မှုဟာ ပြည်တွင်းစားသုံးမှုအောက်ကို တန်ချိန် ၁၄ ဒသမ ၅၃ သန်းနဲ့ ၁၉ သန်းနီးပါးသာ ထွက်ရှိခဲ့ပါတယ်။ ဒါကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီဖို့ တန်ချိန် ၆ သန်းခန့် တင်သွင်းခဲ့ရပါတယ်။ ယမင်းခင်၊ှSource: nns commodityonline
ဧပြီလတွင် အိန္ဒိယရော်ဘာတင်သွင်းမှုလျော့ကျ အိန္ဒိယနိုင်ငံရဲ့ သဘာဝရော်ဘာတင်သွင်းမှုဟာ ကမ္ဘာ့ရော်ဘာဈေးများ မြင့်တက်မှုကြောင့် ဧပြီလမှာ ၉၂ ရာခိုင်နှုန်း ကျဆင်းပြီး ၈၄၃ တန်သာတင်သွင်းခဲ့ကြောင်းနဲ့ ယခင်နှစ်အလားတူကာလက တန်ချိန် ၁ဝ၈၇၆ တင်သွင်းခဲ့တယ်လို့ ရော်ဘာအသင်းရဲ့ စာရင်းများအရသိရပါတယ်။ ကမ္ဘာ့ရော်ဘာဈေး တွေမြင့်တာကြောင့်ရော်ဘာတင်သွင်းမှုလျော့ကျ ခဲ့ရကြောင်း မော်တော်ကားတာယာထုတ်လုပ်သူများအသင်း (ATMA) ရဲ့ဥက္ကဌကပြောကြားခဲ့ပါတယ်။ ဖေဖော်ဝါရီမှ မတ်လ အထိကာလအတွင်း တင်သွင်းခွင့်ရှိခဲ့တာကြောင့် အဲဒီအချိန် ရော်ဘာဈေးနှုန်းက တစ်ကီလိုကိုရူပီး (၂၈ဝ-၂၉ဝ) လောက်ရှိနေ ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ လကကမ္ဘာ့ ဈေးနဲ့ပြည်တွင်းဈေးအကြားရူပီး (၃ဝ-၅ဝ) အထိကွာခြားခဲ့တာကြောင့် သွင်းကုန် တင်သွင်းမှု ထိခိုက်ခဲ့ရကြောင်းကို ချင်ရော်ဘာကုန်သည်အသင်း (CRMA) ရဲ့ဥက္ကဌက ပြောကြားခဲ့ပါတယ်။ Source: Dijaiwarld.com,KZW
နယ်စပ်အပို့လည်းလျော့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိ ကာလအတွင်း မူဆယ်နဲ့လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၂ ဒသမ ၆၄၁ သန်းတန်ဖိုးရှိ ရော်ဘာ အဆင့်စုံ ၅၉၆ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ရော်ဘာ ၇၈၂ တန် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၁၈၆ တန် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုတွေ့ကတော့ မူဆယ်မှ MSR -20 ၃၅ တန်၊MSR -50 ၁၄၃ တန် RSS -3 ၁၈၅ တန် RSS -5 ဝ ဒသမ ၈ တန်နဲ့ လွယ်ဂျယ်နယ်စပ်မှ MSR -20 တန် ၁ဝဝနဲ့ RSS -3 ၁၃၃ တန် အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခုအပတ်မှာလည်း မြိတ်နယ်စပ်မှ တင်ပို့မှု မရှိဘူးလို့ သိရပါတယ်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်နဲ့ ရွှေလီရှိရော်ဘာ မြေပြင်ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရ ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS-3 ၃ဝ၄၈ဝဝဝ ၄၁၉၄ဝဝဝ ၁၁၄၃ဝဝဝ ၃၈ ၃၆၈၉ ၅ဝ၈၂ ၁၃၉၃ ၃၈RSS-5 ၂၉၈၄၅ဝဝ ၄၁၂၇၅ဝဝ ၁၁၄၃ဝဝဝ ၃၈ ၃၆၁၂ ၅ဝဝ၅ ၁၃၉၃ ၃၈MIRT (DOBT)
ပင်လယ်ရေကြောင်းအပို့ မဆိုသလောက်သာရှိ မေလ ၁၃ ရက်နေ့မှ ၁၉ ရက်ထိ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၄၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ကလည်း တန် ၂ဝ သာ တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မဆိုသလောက် ဘဲ ရှိတာတွေ့ရပါတယ်။ မြန်မာ့ကုန်သည်တွေ လက်ထဲမှာ ပစ္စည်းတွေရှိပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုနဲ့ စီးပွားရေး အပြောင်းအလဲများကြောင့် အဓိကရော်ဘာ သုံးစွဲတဲ့နိုင်ငံများရဲ့ ဝယ်လိုအား ကျဆင်းနေတာကြောင့် မြန်မာ့ရော်ဘာလဲ တင်ပို့မှု နည်းနေတာဖြစ်ကြောင်း သိရပါတယ်။ တရုတ်တစ်နိုင်ငံတည်းကိုသာ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ကပါ တင်ပို့နေရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းကတော့ RSS-3 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၅ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၆ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရပါတယ်။ KZW
နနွင်းဈေးကျဆင်းမှုအပေါ် အိန္ဒိယတောင်သူများ စိုးရိမ်နေ အိန္ဒိယနနွင်းဈေးကွက်အတွင်း နနွင်းဈေးဆက်လက်ကျဆင်းနေတဲ့အတွက် နနွင်းတောင်သူများ ထုတ်လုပ်မှုစရိတ် ပြန်မရမှာကို စိုးရိမ်နေကြတယ်လို့ သိရပါတယ်။ယခုတစ်ပတ်မှာ နနွင်းတစ်တန်ကို ရူပီး ၈၅ဝဝဝ (ကန်ဒေါ်လာ ၁၈၉၁) အောက် ကျဆင်းခဲ့ပါတယ်။ အီရော့ဈေးကွက်မှာ မေလ ၁၇ ရက်တစ်ရက်ထဲမှာပင် တစ်တန်ကို ရူပီး ၄ဝဝဝ-၅ဝဝဝ (ကန်ဒေါ်လာ ၈၉-၁၁၁) ကျဆင်းခဲ့ပါတယ်။ အဲဒီလိုဈေးဆင်းတဲ့ ပမာဏများတာကြောင့် အိန္ဒိယနိုင်ငံရဲ့ နနွင်းအများဆုံးစိုက်ပျိုးရာ အီရော့မှာ တောင်သူများ စိုးရိမ်မှု အဆိုးဆုံးအခြေအနေကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ အီရော့မှာ ယခင်နှစ်က တစ်တန်ကို ရူပီး ၁၆ဝဝဝဝ (ကန်ဒေါ်လာ ၃၅၆ဝ) ကျော်ရရှိပြီးနောက် ဟက်တာ ၁ဝဝဝဝ ကျော်မှာ နနွင်းစိုက်ပျိုးခဲ့ကြပါတယ်။ နနွင်းဈေးနှုန်းဟာ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတိုင်အောင် မြင့်တက်ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ပထမ ၃ လအတွင်းမှာ စတင်ကျဆင်းခဲ့ပါတယ်။ နနွင်းဈေးအကျဘက်ဆင်းနေရာ ပြည်တွင်း ဈေးကွက်ရော ပြည်ပဈေးကွက်ပါ ဝယ်လိုအားနည်းတာကြောင့် မေလ ပထမပတ်အတွင်း တစ်တန်ကို ရူပီး ၉ဝဝဝဝ (ကန်ဒေါ်လာ ၂ဝဝ၂) အောက် ကျဆင်း ခဲ့ပါတယ်။ ဝယ်လိုအားတိုးတက်လာခြင်းမရှိသေးပေမဲ့ ဈေးကွက်အများစုကို နနွင်းဝင်ရောက်မှု မြင့်တက်နေဆဲ ဖြစ်နေတယ်လို့ နနွင်းကုန်သည်များက ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း တောင်သူများနနွင်းစိုက်ဧရိယာ ၂ ဆတိုးခဲ့တာကြောင့် ဝင်ရောက်မှု များလာခြင်း ဖြစ်ပါတယ်။ အီရော့ဈေးကွက်အတွင်း လွန်ခဲ့တဲ့ သီတင်းပတ်များမှာ တစ်ရက်ကို အိတ် ၁၅ဝဝဝ ဝန်းကျင် ဝင်ရောက်နေတယ်လို့ အီရော့ နနွင်းကုန်သည်များအသင်း ဥက္ကဌ RKV ရာဗီရှန်ကာက ပြောပါတယ်။ နနွင်းတစ်တန် ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ) ကျော်ရရှိဖို့ မဖြစ်နိုင်ဘူးလို့လည်း နနွင်းစိုက်တောင်သူ ှ.S. Kandasany က ဆိုပါတယ်။ ဒါပေမဲ့ လက်ရှိဈေးကတော့ တောင်သူတွေ အကျိုးအမြတ်ရရှိသေးတယ်လို့ ဆိုပါတယ်။ နနွင်းတောင်သူ များရဲ့ အကျိုးအမြတ်ရရှိမှုက အကျဘက်ဆင်းနေတယ်။ ဒါပေမဲ့ ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ)နဲ့ အထက်ဆိုရင် တောင်သူတွေ အတွက် ဈေးကောင်းနေဆဲပါလို့ ရာဗီရှန်ကာက ဆက်လက်ပြောကြားပါတယ်။ အကယ်လို့ ရူပီး ၈ဝဝဝဝ (ကန်ဒေါ်လာ ၁၇၈ဝ) အောက်ကျဆင်းသွားရင်တော့ တောင်သူတွေ ထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိဈေးနှုန်းဦးတည်နေတာက အဲဒီဈေးအောက်ကျဆင်းနိုင်တယ်လို့ ဆိုပါတယ်။ နနွင်းဝင်ရောက်မှု ကျဆင်းရင် တော့ ဈေးနှုန်းတိုးတက်နိုင်ပါတယ်။ ဒါပေမဲ့လည်း ထုတ်လုပ်မှု ၂ ဆနီးပါး မြင့်တက်နေတဲ့အတွက် ဝင်ရောက်မှု ကျဆင်းနိုင်ဖွယ် မရှိဘူးလို့ ကုန်သည်များက ဆိုပါတယ်။ ယခင်းခင်၊Source: hindubusiness
မူဆယ်ဝယ်လက်က ဆင်တောင်နနွင်းကိုပဲ ဝယ် ဒီနှစ်ရှမ်းနနွင်းကအထွက်နှုန်းနည်းပေမဲ့ ဝယ်လိုအားသိပ်မကောင်းတာကြောင့် လက်ကျန်တွေများနေ သေးတယ်လို့ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ အကောင်းဆုံးဆင်တောင်နနွင်းကိုတော့ မူဆယ်ဝယ်လက် တွေက ဝယ်ယူနေကြပေမဲ့ ကျန်နနွင်းကတော့ ဝယ်လက်ပျောက်နေတယ်လို့ သိရပါတယ်။ ပြည်တွင်းသုံးအတွက် အနည်းအကျဉ်းလောက်သာ ဝယ်နေ ကြတာကြောင့် နနွင်းဈေးကွက်က မနှစ်ကလောက် အရောင်းမသွက်ဘူးလို့ သိရပါတယ်။ နနွင်းနဲ့ ချင်းက စိုက်ပိုျးချိန်တူပေမဲ့ နနွင်းသစ်ကတော့ သုံးလပိုင်းလောက်မှသာ ဈေးကွက်ကို ပြန်ဝင်မှာဖြစ်ပါတယ်။ ၁၁ လပိုင်းမှာ အစိုသာဈေးကွက်ထဲဝင်မှာဖြစ်ပြီး၊ အခြောက်တွေကတော့ ၃ လပိုင်းမှသာ ဝင်နိုင်တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် နနွင်းဈေးနှုန်းကတော့ အောင်ပန်းဈေးကွက်မှာ နနွင်း (ဆင်တောင်) က တစ်ပိဿာ ၃၅ဝဝ ကျပ်၊ ကျန်နနွင်းက ၂၂ဝဝ ကျပ်နဲ့ ပင်လောင်းနနွင်းကတော့ တစ်ပိဿာ ၁၂ဝဝ ကျပ်-၁၃ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းတစ်ပိဿာ ၂၁ဝဝ ကျပ်-၂၂ဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
