Background
ယခုတစ်ပတ်လည်း ပဲစင်းငုံတန် ၃ဝဝဝ အောက်သာအတင်ရှိ ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုကတော့ အပတ်စဉ် တန် ၃ဝဝဝ အောက်သာရှိသလို ယခုတစ်ပတ် (မေ ၁၁ ရက်မှ ၁၇ )အတွင်းမှာလည်း တန် ၃ဝဝဝ အောက်သာ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ အိန္ဒိယနဲ့ စင်ကာပူကို သာတင်ပို့တယ်လို့ သိရပါတယ်။ လက်ရှိ ၂ဝ၁၁ -၁၂ ဘဏ္ဍာနှစ် မေလ ၁၃ ရက်နေ့အထိ ပဲစင်းငုံ သင်္ဘောတင်ပို့မှုဟာ တန်ချိန် ၁၂ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူမှာ တန်ချိန် ၆ဝဝဝ ခန့်သာရှိလို့ ယခုနှစ် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ လာမယ့် အပတ်တွေမှာတော့ အနည်းငယ်တိုးတက်တင်ပို့နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT
ယခုအပတ်မူဆယ်မှ မတ်ပဲအနည်းငယ်တင်ပို့ မေလ ၁၁ ရက်မှ ၁၇ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၂၆၅ဝဝ တန်ဖိုးရှိ မတ်ပဲ ၂၉ တန်တင်ပို့မှုရှိတယ်လို့ သတင်းရရှိပါတယ်။ ပြီးခဲ့တဲ့အပတ်က တင်ပို့နိုင်ခဲ့ခြင်းမရှိပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်အစ ဧပြီလမှ မေလ ၁၇ ရက်ထိ မူဆယ်နယ်စပ်မှ မတ်ပဲတင်ပို့မှုကတော့ ၄၅ တန်ရှိပြီလို့ သိရပါတယ်။ မူဆယ်က တင်ပို့တဲ့ မတ်ပဲတွေဟာ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်း ဒေသကြီးတွေက ထွက်ရှိတဲ့ ပဲတွေဖြစ်ပြီး မတ်ပဲ မြေပြင်ပေါက်ဈေးဟာလည်း သိသိသာသာ ကျနေတာတွေ့ရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၅၆၁၄၁၂ ၇၃၉၅ဝဝ ၁၇၈ဝ၈၈ ၃၂ ၉၉၁ ၁ဝဝ၁ ၁ဝ ၁MIRT (DOBT)
ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေးအနည်းငယ်တိုး အိန္ဒိယဈေးကွက်များအတွင်း ယခင်တစ်ပတ်က မတ်ပဲဈေးတည်ငြိမ်နေပေမဲ့ ဒီတစ်ပတ်မှာတော့ မတ်ပဲဈေးအနည်းငယ်တိုးလာပါတယ်။ အဓိကဈေးကွက်များမှာ ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကောင်းလာတာ ကြောင့် ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်သွက်နေတယ်လို့ သိရပါတယ်။ နွေမတ်ပဲကို အဝယ်ပိုများလာပြီး ပြည်ပ မတ်ပဲလည်း ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ဈေးမြင့်နဲ့ ကမ်းလှမ်းကြခြင်းက ဝယ်လိုအားကို ကန့်သတ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနိုင်ပေမဲ့ သီးနံှတွေကို ကြီးကြီးမားမား ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ အစိုဓါတ်များပြီး နွေရာသီအပူချိန်လျော့ကျလို့ ပိုးကျရောက်မှုရှိတဲ့ အတွက် အထွက်နှုန်းကျဆင်းနိုင်တယ်လို့ သိရပါတယ်။ကာလတိုအတွင်း မတ်ပဲဈေး ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ် ဒေါ်လာ/တန် ၁၉-၅-၁၁ ၁၈-၅-၁၁ ၁၆-၅-၁၁ ၁၄-၅-၁၁မွန်ဘိုင်း ၉၁၂ ၈၉၃-၈၉၈ ၈၈၈ ၈၉၁-၈၉၆ဒေလီ ၈၄၅-၉၃၉ ၈၄၃-၉၃၇ ၈၄၄-၉၃၃ ၈၄၆-၉၃၅ချန်နိုင်း ၉၃၄-၁ဝ၆၂ ၉၂၁-၁ဝ၅၄ ၉၂၇-၁ဝ၅၅ ၉၁၉-၁ဝ၅၈MIRT(MAPT)
ပြည်ပအဝယ်များပြီး FOB အရောင်းအဝယ်သွက်ပေမဲ့ ဈေးများများမတက် ရန်ကုန် FOB ဈေးကွက်မှာ ယခုတစ်ပတ် (မေလ ၁၃ ရက်မှ ၂ဝ ရက်) အတွင်း ရန်ကုန်တိုင်းကုန်စည်ဒိုင် (ဘုရင့်နောင်)မှာ ပြည်ပအရောင်းအဝယ် စာချုပ်ချုပ်ဆိုမှု မတ်ပဲ SQ ၊ FAQ တန်ချိန် ၂၉ဝဝဝ နီးပါးရှိခဲ့ပါတယ်။ မေလ ၂ ရက်မှ ၂ဝ ရက်အထိ အရောင်းအဝယ်ဖြစ်မှုမှာ တန်ချိန် ၇ဝဝဝဝ ကျော်ရှိပြီး ယခင်နှစ် ၂ဝ၁ဝ မေလ တစ်လလုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပမာဏအတိုင်း ရောင်းဝယ် နိုင်ခဲ့ပါတယ်။ ယခုလအတွင်း ရန်ကုန် FOB ဈေးကွက်မှာ မတ်ပဲက ပြည်ပအဝယ် တစ်ပတ် ထက် တစ်ပတ်များလာတယ်လို့ သိရပါတယ်။ အဝယ်များသလို အရောင်းလည်း ရှိတာကြောင့် FOB အရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ မိုးမတ်ပဲများကို ပြည်တွင်းစက်သမားများ ရောင်းအားများတာကြောင့် အရည်အသွေး ကောင်းပဲကို ပြည်ပဝယ်လက်များ ဈေးမြှင့်ပေးခြင်းမရှိဘူးလို့ သိရပါတယ်။ အထူး သဖြင့် ရေထိပဲများကို တောင်သူတွေ မထိန်းဘဲလျှော့ဈေးနဲ့ ရောင်းတဲ့အပြင် စက်သမားတွေကလည်း အရည်အသွေးကောင်းပဲတွေနဲ့ ညှပ်ရောင်းတဲ့ အတွက် ပြည်ပဝယ်လိုအားကောင်းပေမဲ့ ဈေးများများမတက်ခြင်းဖြစ်တယ်လို့ ဝါရင့်ကုန်သည် တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂ဝ-၅-၁၁ ၈၂ဝ-၈၄ဝ ၉၆ဝ-၉၈ဝ ၁၃-၅-၁၁ ၈ဝဝ-၈၂ဝ ၉၅ဝ-၉၇ဝ MIRT(MAPT)
ယခင်သီတင်းပတ်များထက် မတ်ပဲပိုမိုတင်ပို့ ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုကတော့ တစ်ပတ်ထက်တစ်ပတ် ပိုတင် လာခဲ့ပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၁၅ဝဝဝ တင်ပို့မှုရှိခဲ့သလို ယခုတစ်ပတ် မေလ ၁၁ ရက်မှ ၁၇ ရက်အတွင်းမှာလည်း တန်ချိန် ၁၆၅ဝဝ ကျော်ထိပိုမို တင်ပို့လာနိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အိန္ဒိယတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း မတ်ပဲတင်ပို့မှုအနေနဲ့ မေလ ၁၃ ရက်နေ့အထိ တန်ချိန် ၆ဝဝဝဝ နီးပါးရှိပြီး ယခင်နှစ်ကာလတူက တန်ချိန် ၅၃ဝဝဝ ခန့် တင်ပို့မှုနဲ့ နှိုင်းယှဉ်ရင် ယခုနှစ်ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲတင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT- MAPT
ကျောက်ပန်းတောင်း မန်ကျည်း ဈေးကွက် ကျောက်ပန်းတောင်းမြို့နယ်တွင် ယခင်နှစ် မန်ကျည်း လက်ကျန်မရှိခြင်း၊ ယခုနှစ်တွင် မန်ကျည်းအသီး နည်းခြင်း ကြောင့် အထွက်နှုန်းနည်းပြီး ယခင်နှစ် ကထက် မန်ကျည်း ဈေးကောင်း ရနေပါတယ်။ ယခုတစ်ပတ်တွင် ကျောက်ပန်း တောင်းမြို့နယ်အတွင်း ထွက်ရှိသော မန်ကျည်းအကြောပါ အလုံး ထိပ်စတစ်ပိဿာ ၁၁ဝဝ ကျပ်၊ အလတ်စ ၁ဝ၅ဝ ကျပ်၊ အောက်စ ၁ဝဝဝ ကျပ်နဲ့ မန်ကျည်းအသားတစ် ပိဿာ ထိပ်စ ၂ဝဝဝ ကျပ်၊ အလတ်စ ၁၉ဝဝ ကျပ်၊ အောက်စ ၁၈ဝဝ ကျပ်တို့ ရှိပါတယ်။ လွိုင်ကော်၊ တောင်ကြီး မြို့များမှ ဝင်ရောက်လျက်ရှိသော မန်ကျည်းအကြောပါ အလုံး တစ်ပိဿာ ၉ဝဝ ကျပ်၊ အလတ်စ ၈ဝဝ ကျပ်ဖြင့် ဝယ်ယူ လျက်ရှိကြောင်း သိရပါတယ်။ လွိုင်ကော်၊ တောင်ကြီးမှ ဝင်ရောက်လာတဲ့ မန်ကျည်းများကို ကျောက်ပန်း တောင်းမှာ အသားထုတ်ပြီး ရောင်းချရာမှာ အသားပါးမှုကြောင့် တစ် ပိဿာ ၁၅ဝဝ ကျပ်ဖြင့်ဝယ်ယူကြတယ်လို့ သိရပါတယ်။ ကျောက်ပန်းတောင်း မန်ကျည်းအောက်စနဲ့ ရောပြီးလည်း ရောင်းချမှုရှိတယ်လို့ သိရပါတယ်။ မန်ကျည်းအစေ့ တစ် ပိဿာ ၂၅ဝ ကျပ် ရှိပြီး မန်ကျည်းအစေ့ကို ရန်ကုန်မြို့ ဝက်စာစက်ရုံများမှ ဝယ်ယူလျက် ရှိပါတယ်။ မန်ကျည်း အသားကို ရန်ကုန် ဘုရင့်နောင်ပွဲရုံသို့ နေ့စဉ် တင်ပို့မှုမရှိဘဲ ရက်ခြားပြီး ပိဿာ ၃ဝဝဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိ ကြောင်း မန်ကျည်းပွဲစားတစ်ဦးထံမှ လေ့လာ သိရှိရပါတယ်။ ထားအိဝင်း
မန်ကျည်းမှည့် အစေ့ပါလည်း တင်ပို့ နေဆဲ မေလ ၄ ရက်မှ ၁ဝ ရက်ထိကာလအတွင်း မူဆယ် နယ်စပ်မှ မန်ကျည်း မှည့်အစေ့ပါ ၂၃၉ တန်ကျော်၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ဝ ဒဿမ ၁၉ဝ သန်းဖိုး တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင် အပတ်ကထက် တန် ၉ဝ ကျော် တင်ပို့ မှု လျော့နည်းခဲ့ပါတယ်။ ယခုနှစ် ဧပြီလ တွင် နယ်စပ်မှ မန်ကျည်းမှည့် တန် ၁၃၂ဝ တင်ပို့နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ MIRT (DOBT )
