Background
သြင်္ကန်အပြီးမှာလည်း တင်ပို့မှုများဆဲ သြင်္ကန်မတိုင်မီ ပင်လယ်ရေကြောင်းက ထောပတ်ပဲတန် ၁၁ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၅ဝဝ ထိ အများဆုံး တင်ပို့မှုရှိခဲ့ပြီး သြင်္ကန်အလွန် ဧပြီလ ၂၂ ရက်မှ ၂၈ ရက်အတွင်းမှာလည်း ထောပတ်ပဲ တန်ချိန် ၉ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝ နီးပါးအထိ တင်ပို့မှုများနေဆဲဖြစ်တာတွေ့ရပါတယ်။ ထောပတ်ပဲ တင်ပို့မှုမှာ ဂျပန်နိုင်ငံကို ပမာဏအများဆုံးဖြစ်ပြီး တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကိုလည်း အနည်းငယ်စီ တင်ပို့တာတွေ့ရပါတယ်။ မြေထောက်ပဲကို အိန္ဒိယ၊ ရုရှား၊ မလေးရှားနဲ့ စင်ကာပူတို့ကို တင်ပို့ပါတယ်။ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ ထောပတ်ပဲနဲ့ မြေထောက်ပဲတန် တစ်သောင်းကျော်စီ တင်ပို့နိုင်ခဲ့တာတွေ့ရပြီး၊ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာလည်း ပဲ ၂ မျိုးလုံး တန်ချိန် တစ်ထောင်ကျော်စီ တင်ပို့မှုရှိတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ကာလတူအတွင်းမှာတော့ ထောပတ်ပဲတန်ချိန် ၁၇ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၉ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ၤFOB ဈေးများကတော့ ယခင်ဈေးများဖြစ်တဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၅ဝ-၈၈ဝ နဲ့ မြေထောက်ပဲ တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT - MAPT
အိန္ဒိယပဲအထွက်မြင့်တက်လို့ ပဲတင်သွင်းမှု ၁၄ ရာခိုင်နှုန်းကျဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝ-၁၁ (ဇူလိုင်- ဇွန်) သီးနံှရာသီအတွင်း ပဲမိုျးစုံတင်သွင်းမှုဟာ ယခင်နှစ်က တင်သွင်းခဲ့တဲ့ တန်ချိန် ၃ ဒသမ ၅ သန်းနဲ့ နှိုင်းယှဉ်ရင် ၁၄ ဒသမ ၂၈ ရာခိုင်နှုန်းကျဆင်းပြီး တန်ချိန် ၃ သန်းသာ တင်သွင်းရဖွယ်ရှိတယ်လို့ သိရပါတယ်။ အထွက်မြင့်တက်ခြင်းကြောင့် တင်သွင်းမှု ကျဆင်းလာခြင်းဖြစ်တယ်လို့ ပဲတင်သွင်းသူများနဲ့ ကုန်သည်များက ပြောကြားပါတယ်။ စိုက်ပိုျးရေးဝန်ကြီးဌာနရဲ့ တတိယအကြိမ် သီးနံှထွက်ရှိမှုခန့်မှန်းချက်အရ ၂ဝ၁ဝ-၁၁ မှာ ပဲမျိုးစုံတန်ချိန် ၁၇ ဒသမ ၃ သန်းအထိ ထွက်ရှိနိုင်လို့ အမြင့်ဆုံးပမာဏကို ရောက်ရှိတယ်လို့ သိရပါတယ်။ ယင်းပဲမျိုးစုံအနက် ပဲစင်းငုံထုတ်လုပ်မှုမှာ တန်ချိန် ၃ ဒသမ ၂ သန်း၊ မတ်ပဲတန်ချိန် ၁ ဒသမ ၈ သန်းနဲ့ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၄ သန်းအသီးသီးထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ကုန်သည်များနဲ့ ကျွမ်းကျင်သူတွေက အိန္ဒိယနှစ်စဉ် ပဲမျိုးစုံလိုအပ်ချက်က တန်ချိန် ၁၉ သန်းရှိလို့ တန်ချိန် ၃ ဒသမ ၄ သန်းနီးပါးတင်သွင်းနေရတယ်လို့ ဆိုပါတယ်။ အစိုးရခန့်မှန်းမှုကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ပဲမျိုးစုံတန်ချိန် ၂ သန်းဝန်းကျင် တင်သွင်းဖို့ လိုအပ်ပါတယ်လို့လည်း ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့ ဇွန်လကုန်မှာ ပဲမျိုးစုံတန်ချိန် ၃ သန်းတင်သွင်းရမယ်လို့ ပဲတင်သွင်းသူ နယူးဒေလီ အခြေစိုက် မီဂါကောက်ပဲသီးနံှ ကုန်သွယ်ရေးကုမ္ပဏီက Neeraj Dhawan က ပြောကြားပါတယ်။ ပဲမျိုးစုံထဲမှာ ဈေးအပေါဆုံးဖြစ်တဲ့ ပဲဝါလေးကတော့ စုစုပေါင်း တင်သွင်းမှုရဲ့ ထက်ဝက်နီးပါးတင်သွင်းရမယ်။ အခြားပဲမျိုးစုံဈေးနှုန်းဟာ လွန်ခဲ့တဲ့လများအတွင်း ပိုမိုလာတဲ့အတွက် ကုန်သည်တွေက ပဲဝါလေးကို ဈေးကွက်မှာဖြန့်ဖို့ ပိုကြိုက်လာကြတယ်လို့ မွန်ဘိုင်းအခြေစိုက် လေ့လာဆန်းစစ်သူတစ်ဦးက ဆိုပါတယ်။ ပဲဝါလေးကို အဓိကအားဖြင့် ကနေဒါ၊ ယူကရိန်းနဲ့ အမေရိကန်တို့က တင်သွင်းလျက်ရှိပြီး ဈေးသက်သာတဲ့အတွက် ပဲစင်းငုံအစားထိုး သုံးစွဲမှုတွေရှိလာလို့ပဲဝါလေးဝယ်လိုအားဟာ ၂ဝဝ၉-၁ဝ ခုနှစ် အတွင်း ကြီးထွားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ လများအတွင်း ပဲစင်းငုံအထွက်ပိုပြီး ပဲဝင်ရောက်မှု တိုးတက်လာတာကြောင့် ပဲစင်းငုံဈေးက ထက်ဝက်နီးပါး ကျဆင်းလာတဲ့တိုင် ပဲဝါလေးခွဲခြမ်းဈေးက နိုင်ငံတစ်ဝန်းလုံးမှာ တစ်ကီလိုကို ရူပီး ၁၅-၁၈ (ကန်ဒေါ်လာ ဝ ဒသမ ၃၄ - ဝ ဒသမ ၄၁) နဲ့ သာ ဈေးအသက်သာဆုံးဖြစ်နေဆဲပါ။ MMTC တို့လို နိုင်ငံပိုင် အေဂျင်စီများဟာ ၂ဝ၁ဝ-၁၁ အတွင်းပဲဝါလေး တင်သွင်းမှု ပိုမိုမယ်လို့ ဆိုပါတယ်။ ပဲဝါလေးမှာ အမြတ်အစွန်းပိုမိုတဲ့အတွက် ယခင်နှစ်က တန်ချိန် ၃ သိန်း-၄ သိန်းတင်သွင်းရာ က ယခုနှစ် ၂ဝ၁ဝ-၁၁ မှာ တန်ချိန် ၆ သိန်း -၇ သိန်း ခန့်တင်သွင်းရမယ်လို့ MMTC မှ အုပ်ချုပ်မှု ဒါရိုက်တာH S Mann က ပြောကြားပါတယ်။ ယင်းကုန်သွယ်ရေးကုမ္ပဏီများဟာ အိန္ဒိယပဲမျိုးစုံ တင်သွင်းမှုရဲ့ ၅ ပုံ ၁ ပုံခန့် တင်သွင်းပြီး ကျန်တဲ့ ပမာဏကို ပုဂ္ဂလိက ကတင်သွင်းနေပါတယ်။ အစိုးရက နိုင်ငံပိုင်အေဂျင်စီများ ပဲမျိုးစုံတင်သွင်းမှုမှာ ထောက်ပံ့မှု ၁၅ ရာခိုင်နှုန်းပေးခြင်းကို ဖယ်ရှားမှာဖြစ်လို့ ၂ဝ၁၁ -၁၂ မှာတော့ ပဲတင်သွင်းမှု ပိုနိုင်တော့မှာမဟုတ်ဘူးလို့ ကုန်သည်များက ဝေဖန်နေကြတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: commodityonline
အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်များဝင်ရောက်မှုရှိလို့ ဈေးကျဆင်း အိန္ဒိယဈေးကွက်တွေကို ကုလားပဲအသစ်တွေ ပိုမိုဝင်ရောက်လာတာကြောင့် ကုလားပဲလက်ငင်းဈေးနှုန်း ဆက်လက်ကျဆင်းခဲ့ပေမဲ့ ကြိုပွိုင့်ဈေးကွက်ကတော့ အနိမ့်ဈေးမှာ အဝယ်တက်လာလို့ ယခင်နေ့ထက် ဝ ဒသမ ၅၇ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် အိန္ဒိယမှာ ကုလားပဲထုတ်လုပ်မှု ဒုတိယအကြီးဆုံးဖြစ်တဲ့ ရာဂျက်စသန်မှာ ရိတ်သိမ်းမှုအများဆုံးကာလဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့မှာ ကုလားပဲအိတ် ၁ သိန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်နေ့ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ယခုရာသီမုတ်သုန်မိုး ပုံမှန်ရွာသွန်းမယ့် ခန့်မှန်းချက်ကလည်း မိုးရာသီ ပဲမျိုးစုံစိုက်ပျိုးဖို့ မျက်နှာသာပေးနေပါတယ်။ ယခုနှစ်မှာ ပဲမျိုးစုံ တန်ချိန် ၁၇ ဒသမ ၂၉ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားတဲ့အနက် ကုလားပဲတန်ချိန် ၇ ဒသမ ၃၈ သန်းထွက်ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ကနေဒါနိုင်ငံရဲ့ ကုလားပဲဖြူလုံးကြီး ထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း တန်ချိန် ၁ ဒသမ ၂၈ သိန်းရှိနိုင်လို့ ယခင်နှစ် ထွက်ရှိတဲ့ တန်ချိန် ဝ ဒသမ ၇၆ သိန်းထက် ပိုမိုမယ်လို့ ခန့်မှန်းထားပါတယ်။ ကာလတို အတွင်းမှာတော့ ပြည်တွင်းဈေးကွက် များအတွင်း ရောင်းချမှု တိုးတက်နေတာကြောင့် ဈေးနှုန်း ထပ်မံကျဆင်းနိုင်တယ် လို့ ခန့်မှန်းကြပါတယ်။ ယမင်းခင်၊Source: angel commodities
ဧပြီလအတွင်း ကုလားပဲ FOB အရောင်းအဝယ်ဖြစ်မှု များလာ ရန်ကုန်ဈေးကွက်အတွင်း ဧပြီလမှာ ကုလားပဲကို ပြည်ပအဝယ်သိသိသာသာ လိုက်လာခဲ့ပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ကုလားပဲဖြူလုံးကြီး( FAQ) တန်ချိန် ၁၄ဝဝဝ ခန့် FOB အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြင်္ကန်အပြီး နောက်ပိုင်းမှာ အရောင်းအဝယ်ဖြစ်မှု ပိုများလာတာတွေ့ရပါတယ်။ သြင်္ကန်အပြီး စင်ကာပူကုမ္ပဏီများ ကုလားပဲ အဝယ်သွက်လာလို့ ဧပြီလ ၂၃ ရက်နေ့ တစ်ရက်ထဲမှာ တန်ချိန် ၄ဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်ပတ် အတွင်း တန်ချိန် ၈ဝဝဝ ကျော်ဝယ်ယူခဲ့တာတွေ့ရပါတယ်။ ဆက်လက်ပြီး ဝယ်လိုအား ကောင်းနိုင်တယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ အရောင်းအဝယ် သွက်တာကြောင့် ကုလားပဲဖြူလုံးကြီး ရန်ကုန် FOB ဈေးမှာလည်း ဧပြီလ ၂၂ ရက်က FAQ တစ်တန် ကန်ဒေါ်လာ ၇ဝဝ-၇၂ဝ ရှိရာမှ ဧပြီလ ၂၉ ရက်မှာ ကန်ဒေါ်လာ ၇၅ဝ-၇၇ဝ ကို တိုးလာကြောင်း သိရပါတယ်။ MIRT - MAPT
ကုလားပဲတင်ပို့မှု ပိုလာ ပင်လယ်ရေကြောင်းက ကုလားပဲ တင်ပို့မှုဟာ ယခင်ဘဏ္ဍာနှစ်က ကျဆင်းခဲ့ ရာမှ ယခုနှစ်အတွင်းမှာ တော့ တင်ပို့မှု ပိုလာတာတွေ့ရပါတယ်။ သြင်္ကန်မတိုင်မီ သီတင်းပတ်က ကုလားပဲတန်ချိန် ၁၄ဝဝ ခန့်အတင်ရှိခဲ့ သလို သြင်္ကန်အပြီး (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၁၃ဝဝ ခန့် တင်ပို့လာတာ တွေ့ ရပါတယ်။ ယခင်ဘဏ္ဍာနှစ် တစ်နှစ်လုံး တင်ပို့မှုမှာ တန်ချိန် ၈၅ဝဝ ခန့်ရှိပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက် အတွင်း တန်ချိန် ၄ဝ သာတင်ပို့ခဲ့ရာမှ ယခု ၂ဝ၁၁ ကာလတူမှာ တန်ချိန် ၁၆ဝဝ ကျော်ထိ တင်ပို့ပြီးတာတွေ့ရပါတယ်။ ပြည်ပ အဝယ်ပြန်လိုက်လာလို့ ယခင်နှစ် တင်ပို့မှုထက် ဒီနှစ်မှာ ပိုတင်နိုင်မယ်လို့ ကုန်သည် တစ်ဦးက ဆိုပါတယ်။ MIRT - MAPT
ပဲတီစိမ်း တန် ၄ဝဝ ကျော် နယ်စပ်မှပို့နိုင် ဧပြီလ ၂ဝ ရက်မှ ၂၆ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒဿမ ၄၇၅ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၄၃၈ တန်တင်ပို့ခဲ့ပါတယ်။ နှစ်သစ်ကူးကာလ အတွင်း ရက်သတ္တပတ် နှစ်ပတ်မှာတော့ မူဆယ် နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများကနေ ပဲတီစိမ်း ၁၂၃၅ တန်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှုလျော့ကျခဲ့တယ်လို့ ဆိုရပါမယ်။ ယခုအပတ်မှာတော့ ချင်းရွှေဟော်စခန်းကနေ တင်ပို့နိုင်မှု မရှိပါဘူး။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး- မူဆယ်ကားခနှုန်းထားမှာ ပဲတီစိမ်း တစ်ပိသာကို ၉၅ ကျပ်မှ ၇၅ ကျပ်အထိကျဆင်းခဲ့တာတွေ့ရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၁ဝဝ၅၈၂ဝ ၉၈၉ဝဝဝ ၁၆၈၂ဝ ၁ .၆ ၁၂၈၆ ၁၂၅၂ ၃၄ ၂ .၆MIRT (DOBT)
အိန္ဒိယဈေးကွက် ပဲတီစိမ်းဈေး တစ်လအတွင်း အနည်းငယ်သာလျော့ကျ ယခင်လများအတွင်း ဈေးနှုန်းတည်ငြိမ်နေတဲ့ ပဲတီစိမ်းဟာ ယခုလ အတွင်းမှာတော့ အနည်းငယ်လျော့ကျ တာတွေ့ရပါတယ်။ အိန္ဒိယမှာ ယခုနှစ် ဆောင်းပဲတီစိမ်းအထွက်က ယခင်နှစ်ကထက် ပိုမိုနေတဲ့အပြင် နွေပဲတီစိမ်း လည်း အချို့ဒေသမှာ စိုက်ဧကပိုတယ်လို့ သိရပါတယ်။ ဒါ့အပြင် နိုင်ငံတကာဈေး လျော့ကျတာကြောင့်လည်း ပြည်တွင်းဈေးအေးလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မတ်လနဲ့ ဧပြီလ တတိယပတ် ကာလတူ ဈေးနှုန်း နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ကန်ဒေါ်လာ မွန်ဘိုင်း(ကင်ညာပဲတီစိမ်း) ဒေလီ၂၈-၄-၁၁ ၁ဝ၆ဝ ၈၁၂-၉၂၅၂၈-၃-၁၁ ၁ဝ၅၅-၁ဝ၆၁ ၈ဝ၄-၉၂၇MIRT (MAPT)
ပဲတီစိမ်း ပြည်ပအရောင်းအဝယ် ယခုတစ်ပတ်အနည်းငယ်အေး ယခုနှစ်ဆန်းပိုင်းက ပဲတီစိမ်းကို ပြည်ပအဝယ် ထိပ်ဆုံးမှာ သွက်နေခဲ့ရာမှ သြင်္ကန်အပြီးကာလမှာတော့ အဝယ်အနည်းငယ် အေးတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လက်များကလည်း ပဲတီစိမ်းစပေါ်ကတည်းက အဆွဲများလာလို့ ယခုအချိန်မှာ ပဲသိုလှောင်မှုတွေ များနေတာကြောင့် အဝယ်အေးနေခြင်းဖြစ်တယ်လို့ ဝါရင့်ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ နောက်ပိုင်းထွက်တဲ့ ပဲတီရွှေဝါတွေကလည်း တချို့ မိုးမိသွားတဲ့အတွက် ရေထိပဲတွေ တရုတ်ဝယ်လက် ဈေးလျော့ဝယ်ယူမှုတွေကြောင့်လည်း ဈေးအနည်းငယ်လျော့ကျတယ်လို့ သိရပါတယ်။ ရန်ကုန်ဈေးကွက်အတွင်း FOB အရောင်းအဝယ်ဖြစ်မှုအနေနဲ့ သြင်္ကန်ပိတ်ရက်များမှအပ ဧပြီလ ၁ ရက်မှ ၂၈ ရက်အထိ ပဲတီစိမ်း အညာရွှေဝါ တန်ချိန် တစ်သောင်းကျော်နဲ့ ခွဲခြမ်းတန် ၅ဝဝ ခန့် အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သြင်္ကန် မတိုင်မီ ရက်ပိုင်းအတွင်း အရောင်းအဝယ်ဖြစ်မှု ပမာဏများပြီး သြင်္ကန်အပြီး တစ်ပတ်အတွင်းမှာတော့ စုစုပေါင်းတန် ၃ဝဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ကန်ဒေါ်လာ ပဲတီစိမ်း(အညာ) ပဲတီစိမ်း (ပခုက္ကူ) ရွှေဝါအသေး၂၉-၄-၁၁ ၁ဝ၅ဝ-၁ဝ၇ဝ ၁ဝ၅ဝ-၁ဝ၇ဝ ၁၂၅ဝ-၁၂၇ဝ၂၂-၄-၁၁ ၁၁၅ဝ-၁၁၇ဝ ၁ဝ၅ဝ-၁ဝ၇ဝ ၁၄၅ဝ-၁၄၇ဝ MIRT (MAPT)
ပင်လယ်ရေကြောင်း ပဲတီစိမ်း အတင်လျော့ကျလာ ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးထိ ရှိခဲ့ရာက ယခုတစ်ပတ် သြင်္ကန်အပြီးမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို အများဆုံးဖြစ်ပါတယ်။ ဗီယက်နမ်ကိုတင်ပို့တဲ့ ပဲတီစိမ်းများ ကိုတော့ ဗီယက်နမ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့တယ်လို့ သိရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်ပတ်လုံးမှာ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် သုံးသိန်းနီးပါးရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် တစ်သောင်း တင်ပို့မှုရှိခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်အထိ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။ MIRT - MAPT
အိန္ဒိယပဲမျိုးစုံထွက်ရှိမှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ ရှိလာနိုင် အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝ-၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂ဝဝ၉-၁ဝ ခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထွက်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံစိုက်ဧရိယာဟာလည်း ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၂၃ ဒသမ ဝ၅ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။ အစိုးရရဲ့ ပဲမျိုးစုံနဲ့ ပတ်သက်တဲ့ စီမံကိန်းများစွာ၊ သင့်တော်တဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း၊ မုတ်သုံမိုး ပိုကောင်းလာခြင်းနဲ့ နည်းပညာကောင်းမွန်မှုများက အထွက်မြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ကန်ပါရှိ အိန္ဒိယပဲမျိုးစုံသုတေသန (IIPR ) မှ ဒါရိုက်တာ N Nadarajan က ပြောကြားပါတယ်။(IIPR ) မှ ၂ဝ၁ဝ-၁၁ မှာ တောင်သူများအတွက် ပဲမိုျးစေ့ ၅ မျိုးထုတ်လုပ်ပေးခဲ့ပြီး အဲဒီပဲတွေကတော့ ပဲတီစိမ်းမျိုး ၂ မျိုး၊ ပဲပြား၊ ကုလားပဲနဲ့ ပဲနီလေးမျိုးစေ့ တစ်မျိုးစီတို့ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပဲမျိုးစေ့ အမိုျးအစား ၃ဝ၄ မျိုးထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲစိုက်ပျိုးရေးကဏ္ဍတိုးတက်စေဖို့ အထူးသဖြင့် ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နဲ့ စားအုန်းဆီတို့မှာ တိုးတက်ဖို့ ဆောင်ရွက်မှုများစွာဆောင်ရွက်ခဲ့ပါတယ်။ ၂ဝဝ၉-၁ဝ မှာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၇၉ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်မှု တိုးတက်ဖို့နဲ့ ဈေးကွက်ချိတ်ဆက်မှု ခိုင်မာစေဖို့ မိုးရေခံ ဧရိယာများအတွင်း ပဲမျိုးစုံရွာပေါင်း ၆ဝဝဝဝ တိုးမြှင့်ဖို့ ရူပီး ငွေသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၇၅ သန်း) သုံးစွဲခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပဲမျိုးစုံအရှိန်အဟုန်မြင့် ထုတ်လုပ်မှုအစီအစဉ် (A3P) ကိုလည်းကြေညာဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်မှု အစီအမံ တွေကြောင့် ထုတ်လုပ်မှု တိုးတက်ခဲ့သလို တောင်သူများ ပဲစိုက်ဧရိယာ တိုးတက်ဖို့ လည်း အထောက်အပံ့ ဖြစ်စေတယ်လို့ သိရပါတယ်။ ယခင်းရွှေစင်၊Source: commodityonline
