Main menu

Background

Sunday, 1 May 2011

ပင်လယ်ရေကြောင်း ပဲတီစိမ်း အတင်လျော့ကျလာ             ယခင်သီတင်းပတ်များက ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးထိ ရှိခဲ့ရာက ယခုတစ်ပတ် သြင်္ကန်အပြီးမှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို လျော့ကျလာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ တရုတ်၊ အိန္ဒိယနဲ့ ဗီယက်နမ်တို့ကို အများဆုံးဖြစ်ပါတယ်။ ဗီယက်နမ်ကိုတင်ပို့တဲ့ ပဲတီစိမ်းများ ကိုတော့ ဗီယက်နမ်နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့တယ်လို့ သိရပါတယ်။ ယခင် ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် တစ်နှစ်ပတ်လုံးမှာ ပဲတီစိမ်း တင်ပို့မှုဟာ တန်ချိန် သုံးသိန်းနီးပါးရှိပြီး ၂ဝ၁ဝ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ တန်ချိန် တစ်သောင်း တင်ပို့မှုရှိခဲ့တာ လေ့လာတွေ့ရှိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်အထိ တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့လာနိုင်တာ တွေ့ရပါတယ်။                              MIRT - MAPT

Sunday, 1 May 2011

အိန္ဒိယပဲမျိုးစုံထွက်ရှိမှု တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ ရှိလာနိုင်               အိန္ဒိယနိုင်ငံရဲ့ ၂ဝ၁ဝ-၁၁ ရာသီအတွက် ပဲမျိုးစုံထုတ်လုပ်မှုဟာ ၁၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁၇ ဒသမ ၂၉ သန်းထိ မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ၂ဝဝ၉-၁ဝ ခုနှစ်မှာ တန်ချိန် ၁၄ ဒသမ ၆၆ သန်းထွက်ရှိ ခဲ့တယ်လို့ သိရပါတယ်။ ၂ဝ၁ဝ-၁၁ အတွင်း ပဲမျိုးစုံစိုက်ဧရိယာဟာလည်း ၁၂ ရာခိုင်နှုန်းမြင့်တက်ပြီး ဟက်တာ ၂၃ ဒသမ ဝ၅ သန်း ရှိခဲ့တယ်လို့ သိရပါတယ်။               အစိုးရရဲ့ ပဲမျိုးစုံနဲ့ ပတ်သက်တဲ့ စီမံကိန်းများစွာ၊ သင့်တော်တဲ့ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း၊ မုတ်သုံမိုး ပိုကောင်းလာခြင်းနဲ့ နည်းပညာကောင်းမွန်မှုများက အထွက်မြင့်တက်ဖို့ အထောက်အပံ့ဖြစ်စေခဲ့တယ်လို့ ကန်ပါရှိ အိန္ဒိယပဲမျိုးစုံသုတေသန (IIPR ) မှ ဒါရိုက်တာ N Nadarajan  က ပြောကြားပါတယ်။(IIPR )  မှ ၂ဝ၁ဝ-၁၁ မှာ တောင်သူများအတွက် ပဲမိုျးစေ့ ၅ မျိုးထုတ်လုပ်ပေးခဲ့ပြီး အဲဒီပဲတွေကတော့ ပဲတီစိမ်းမျိုး ၂ မျိုး၊ ပဲပြား၊ ကုလားပဲနဲ့ ပဲနီလေးမျိုးစေ့ တစ်မျိုးစီတို့ဖြစ်တယ်လို့ သိရပါတယ်။ ၁၉၉၂ ခုနှစ်နောက်ပိုင်း ပဲမျိုးစေ့ အမိုျးအစား ၃ဝ၄ မျိုးထုတ်လုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ ၂ဝ၁၁-၁၂ ဘဏ္ဍာနှစ်အတွင်း ပဲစိုက်ပျိုးရေးကဏ္ဍတိုးတက်စေဖို့ အထူးသဖြင့် ပဲမျိုးစုံ၊ ဟင်းသီးဟင်းရွက်နဲ့ စားအုန်းဆီတို့မှာ တိုးတက်ဖို့ ဆောင်ရွက်မှုများစွာဆောင်ရွက်ခဲ့ပါတယ်။ ၂ဝဝ၉-၁ဝ မှာ ပဲမျိုးစုံတန်ချိန် ၂ ဒသမ ၇၉ သန်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။                 ပဲထုတ်လုပ်မှု တိုးတက်ဖို့နဲ့ ဈေးကွက်ချိတ်ဆက်မှု ခိုင်မာစေဖို့ မိုးရေခံ ဧရိယာများအတွင်း ပဲမျိုးစုံရွာပေါင်း ၆ဝဝဝဝ တိုးမြှင့်ဖို့ ရူပီး ငွေသန်း ၃ဝဝဝ (ကန်ဒေါ်လာ ၆၇ ဒသမ ၇၅ သန်း) သုံးစွဲခွင့်ပြုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပဲမျိုးစုံအရှိန်အဟုန်မြင့် ထုတ်လုပ်မှုအစီအစဉ် (A3P) ကိုလည်းကြေညာဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလိုဆောင်ရွက်မှု အစီအမံ တွေကြောင့် ထုတ်လုပ်မှု တိုးတက်ခဲ့သလို တောင်သူများ ပဲစိုက်ဧရိယာ တိုးတက်ဖို့ လည်း အထောက်အပံ့ ဖြစ်စေတယ်လို့ သိရပါတယ်။ ယခင်းရွှေစင်၊Source: commodityonline

Sunday, 1 May 2011

ဧပြီလမှာ ပဲလွန်းဖြူ တန် ၅ဝဝဝ FOB  အရောင်းအဝယ်ဖြစ်                 ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ကုန်စည်ဒိုင်ဖွင့်ရက် ပဲလွန်းဖြူတန်ချိန် ၅ဝဝဝ ကို FOB  အရောင်းအဝယ်ဖြစ် ခဲ့တာ တွေ့ရပါတယ်။ ပြည်ပဝယ်လိုအား ရှိပြီး ပြည်တွင်းဒေသအသီးသီးက လည်း ဈေးကွက်တွေကို ဝင်ရောက်နေ  တာကြောင့် အခြားပဲအုပ်စုထဲမှာ ပဲလွန်းဖြူကို ပြည်ပအဝယ်များတာ တွေ့ရပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်တွင်းမှာ နေ့စဉ် အရောင်းအဝယ် ရှိပြီး တစ်ပတ်လုံးတန်ချိန် ၂၆ဝဝ ကျော် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ သြင်္ကန် မတိုင်မီဈေးအတိုင်း ပြောင်းလဲမှု မရှိဘဲ ပဲလွန်းဖြူ (FAQ ) တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ နဲ့ SQ တစ် တန်ကို ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီး ရှိတယ်လို့ သိရပါတယ်။                                      MIRT - MAPT

Sunday, 1 May 2011

သြင်္ကန်အပြီး ပဲလွန်းဖြူနီ တင်ပို့မှု ပုံမှန်အတိုင်းဖြစ်              သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း ပဲလွန်းဖြူနီ တန်ချိန် ၂ဝဝဝ အထိ တိုးတင်ပို့ခဲ့ရာမှ သြင်္ကန်အပြီး (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်)မှာတော့ တန်ချိန် ၅ဝဝ နဲ့ ပုံမှန်တင်ပို့မှုအတိုင်း တင်လာတာတွေ့ရပါတယ်။ ယခုနှစ်ပိုင်းမှာ ပဲလွန်းဖြူကို နိုင်ငံစုံက ဝယ်ယူလျက်ရှိပြီး ဒီတစ်ပတ်မှာ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အီကွေဒေါစတဲ့ နိုင်ငံတွေကို တင်ပို့ခဲ့ပါတယ်။               ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲလွန်းဖြူ တန်ချိန် ၃ဝဝဝဝ နီးပါးတင်ပို့ ခဲ့ပြီး ၂ဝ၁ဝ ဧပြီလ ၁ ရက်မှ ၂၂ ရက် အတွင်းမှာ တန်ချိန် ၃ဝဝဝ ကျော်တင်ပို့ ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာ လည်း တန်ချိန် ၃ဝဝဝ ကျော်တင်ပို့မှုရှိတာတွေ့ရပါတယ်။ ပြည်ပဝယ်လက်ကြိုက် ပဲဖြစ်လို့ ပုံမှန်တင်ပို့မှု ရှိဦးမယ် လို့ ကုန်သည်များက ဆိုပါတယ်။                                                                                 MIRT - MAPT

Sunday, 1 May 2011

အိန္ဒိယဈေးကွက် ပဲစင်းငုံဈေး တစ်လအတွင်း ကန်ဒေါ်လာ ၈ဝ ကျဆင်း                 အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲစင်းငုံဈေး ဆက်တိုက်ဆင်းလာရာ မတ်လတတိယပတ်နဲ့ ဧပြီလတတိယပတ်အတွင်း တစ်တန်ကန်ဒေါ်လာ ၈ဝ ခန့် ကျဆင်းခဲ့ပါတယ်။ အဓိကပဲစင်းငုံစိုက်ပျိုးတဲ့ ဒေသတွေမှာ ရိတ်သိမ်းကာလ ရာသီဥတု အခြေအနေကောင်းမွန်လာတဲ့အတွက် ဈေးကွက်တွေကို ပဲဝင်ရောက်မှု အရှိန်မပြတ် ဝင်ရောက်လျက်ရှိတယ်လို့ သိရပါတယ်။ ဈေးကွက်တွေမှာ ပဲရောင်းချမှုများပြီး ဝယ်လိုအားနည်းတာကြောင့် ပဲစင်းငုံဈေးက ကျပြီးရင်းကျလာခြင်း ဖြစ်ပါတယ်။ ကာလတူဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                           ဒေါ်လာ/တန်                 မွန်ဘိုင်း          ကိုလ်ကတ္တား၂၈-၄-၁၁        ၇၂၂                  ၇၄၄၂၈-၃-၁၁        ၈ဝ၄                  ၈၂၆                                                                  MIRT(MAPT)

Sunday, 1 May 2011

ယခုလ ပဲစင်းငုံ FOB အရောင်းအဝယ်အသင့်အတင့်ရှိ            ယခုလအတွင်း သြင်္ကန်ပိတ်ရက်များလည်း ရှိတာကြောင့် ကုန်စည်ဒိုင်ဖွင့်ရက်များ အတွင်း ပဲစင်းငုံအရောင်းအဝယ် အသင့်အတင့်ရှိနေတာတွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း ပဲစင်းငုံဖြူနီနဲ့ အနီ အရောင်းအဝယ်ဖြစ်မှု တန်ချိန် ၁၅ဝဝဝ ကျော်ရှိတဲ့အနက် သြင်္ကန်မတိုင်မီ အရောင်းအဝယ်ဖြစ်မှု ပမာဏများတာ တွေ့ရပါတယ်။             သြင်္ကန်နောက်ပိုင်းမှာတော့ ပဲစင်းငုံဖြူနီနဲ့ အဖြူ တန် တစ်ထောင်အောက်သာ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ကုန်သည်ကြီးများ ပြောကြားချက်အရ အိန္ဒိယမှာလည်း ပဲစင်းငုံသစ်တွေ ရောင်းအားများနေတဲ့အတွက် အိန္ဒိယဝယ်လက် တွေ အဝယ်နည်းခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်တွင်းကုန်သည်ကြီးများက လည်း ဈေးအမြင့်နဲ့ ပိုက်မိနေတဲ့အတွက် လက်ရှိဈေးမှာ အရောင်းနည်းတယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်မှုနည်းလို့ ပဲစင်းငုံ ရန်ကုန် FOB  ဈေးလည်း လျော့ကျလာတာကို ဖော်ပြလိုက်ပါတယ်                                                 ဒေါ်လာ/တန်                 ပဲစင်းငုံနီ(FAQ)                  ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၉-၄-၁၁            ၇၈ဝ-၈ဝဝ                          ၆၈ဝ-၇၁ဝ၂၂-၄-၁၁             ၈၅ဝ-၈၇ဝ                         ၇၆ဝ-၇၈ဝ                                                                                   MIRT(MAPT)

Sunday, 1 May 2011

 ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်တွေက တန်ချိန် ၃၅ဝဝ ကျော်နဲ့ ပုံမှန်တင်ပို့ ခဲ့ရာမှ သြင်္ကန်အပြီး ယခုသီတင်းပတ်မှာတော့ တန်ချိန် ၃ဝဝဝ အောက်ကို သိသိသာသာ လျော့ကျတင်ပို့တာ တွေ့ရပါတယ်။ အိန္ဒိယ ဝယ်လိုအား နည်းနေတာကြောင့် ပဲစင်းငုံတင်ပို့မှုကတော့ အားပျော့နေဦးမယ်လို့ ကုန်သည် များက သုံးသပ်ပါတယ်။                 ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ်အတွင်း ပဲစင်းငုံတင်ပို့မှုကို လေ့လာရာမှာ တန်ချိန် ၁၅ဝဝဝဝ ခန့်သာရှိပြီး ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် ၂ဝဝဝ ခန့်သာရှိခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ကာလတူ မှာတော့ တန်ချိန် ၅ဝဝဝ အထိ တင်ပို့မှုရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် ပိုတင်လာတာတွေ့ရှိရပါတယ်။                      MIRT - MAPT

Sunday, 1 May 2011

တစ်လအတွင်း အိန္ဒိယမတ်ပဲဈေး ကန်ဒေါ်လာ ၇ဝ ခန့်လျော့ကျ                 အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မတ်ပဲဈေးက တစ်လအတွင်း တစ်တန်ကို ကန်ဒေါ်လာ ၇ဝ ခန့် လျော့ကျခဲ့ပါတယ်။ ဈေးကွက်တွေမှာ ပဲရောင်းချမှု အလုံအလောက်ရှိနေတဲ့အပြင် အချို့ပဲစိုက်ဒေသတွေက နွေမတ်ပဲတွေ ဝင်ရောက် လာတော့မှာဖြစ်လို့ မတ်ပဲဈေးက ဆက်တိုက်လျော့ကျနေတာ ဖြစ်ပါတယ်။ မွန်ဘိုင်း နဲ့ ချန်နိုင်းဈေးကွက်တွေမှာ တစ်လအတွင်း ပြောင်းလဲခဲ့တဲ့ မတ်ပဲ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                 ဒေါ်လာ/တန်                     မွန်ဘိုင်း           ချန်နိုင်း၂၈-၄-၁၁            ၈၉၁           ၉ဝ၈-၁ဝ၈၈၂၈-၃-၁၁            ၉၆ဝ           ၉၇၇-၁၁၃၉                                                                                      MIRT(MAPT)

Sunday, 1 May 2011

ပဲမျိုးစုံအနက် မတ်ပဲကို ပြည်ပ FOB အဝယ်အများဆုံးဖြစ်              ရန်ကုန်မြို့ဈေးကွက်အတွင်း ပဲမျိုးစုံပြည်ပအဝယ်များရှိတဲ့အနက် မတ်ပဲကိုတော့ ဝယ်လိုအား အများဆုံး ဖြစ်တယ်လို့ ကုန်သည်ကြီးများက ဆိုပါတယ်။ လက်ရှိဈေးမှာ ပြည်ပဝယ်လက်အကြိုက်တွေ့ပြီး အဝယ်သွက် နေတယ်လို့ သိရပါ တယ်။ ပဲအသင်းတာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ယခုနှစ်မှာ ပဲထွက်နောက်ကျခြင်း၊ ရိတ်သိမ်းချိန်မိုးတစ်ကြိမ် ရွာသွန်းမှုကြောင့် ပဲရိတ်သိမ်းမှုနှေးကွေးခြင်း တို့ကြောင့် ဈေးကွက်အတွင်း ဝင်ရောက်မှုဟာ ပုံမှန်ထက်နောက်ကျပြီး သြင်္ကန် နောက်ပိုင်းမှာ စုပြုံဝင်ရောက်လာတယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်များ အဝယ်သွက်နေတဲ့တိုင် ဝယ်လိုအားထက်ရောင်းလိုအား အဆမတန်များခြင်းနဲ့ ကုန်သည်ကြီးများ ငွေကြေးမနိုင်မနင်း ဖြစ်ခြင်းတို့ကြောင့် ဈေးကျဆင်းလာခြင်း ဖြစ်တယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းအတွင်း မတ်ပဲ SQ အရောင်းအဝယ် ဖြစ်မှုများပေမဲ့ FAQ  အရောင်းအဝယ်နည်းတာလေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့ တစ်ပတ်အတွင်း (ဧပြီလ ၂၃ မှ ၂၈ )အရောင်းအဝယ်ဖြစ် မှုကတော့ မတ်ပဲ  FAQ  တန်ချိန် ၈ဝဝဝ ကျော်နဲ့ SQ တန်ချိန် ၆ဝဝဝ ခန့်ရှိတာ တွေ့ရပါတယ်။ ဧပြီလ ၁ ရက်မှ ၂၈ ရက်အတွင်း (ကုန်စည်ဒိုင်ဖွင့်ရက်များအတွင်း) အရောင်းအဝယ်ဖြစ်မှုအနေနဲ့ မတ်ပဲ SQ တန်ချိန် တစ်သောင်းကျော်နဲ့ FAQ တန်ချိန် ၃ဝဝဝဝ နီးပါးအရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးများနှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                                                          ဒေါ်လာ/တန်                 မတ်ပဲ(FAQ)          မတ်ပဲ(SQ)၂၉-၄-၁၁         ၈၅ဝ-၈၇ဝ           ၁ဝဝဝ-၁ဝ၂ဝ၂၂-၄-၁၁         ၉၁ဝ-၉၃ဝ           ၁ဝ၆ဝ-၁ဝ၈ဝ                                                                                           MIRT(MAPT)

Sunday, 1 May 2011

ပင်လယ်ရေကြောင်း မတ်ပဲတင်ပို့မှု အားကောင်းနေဆဲ               ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှုအနေနဲ့ သြင်္ကန်မတိုင်မီ သီတင်းပတ် အတွင်း တန်ချိန် တစ်သောင်းကျော်ထိ တင်ပို့ခဲ့ပြီး သြင်္ကန်အပြီး သီတင်းပတ် (ဧပြီလ ၂၂ ရက်မှ ၂၈ ရက်) အတွင်းမှာလည်း တန်ချိန် ၇၅ဝဝ ခန့်နဲ့ တင်ပို့မှုအား ကောင်းဆဲ ဖြစ်တာတွေ့ရပါတယ်။ မတ်ပဲတင်ပို့မှုနိုင်ငံအစုံရှိပေမဲ့ အဓိကပမာဏ များတာကတော့ အိန္ဒိယကို ဖြစ်ပါတယ်။               ယခင်ဘဏ္ဍာနှစ် မတ်ပဲတင်ပို့မှုကို လေ့လာကြည့်ရာမှာ တစ်နှစ်ပတ်လုံး တန်ချိန် ၅ သိန်းနီးပါး အပို့ရှိခဲ့ပြီး ၂ဝ၁ဝ ဧပြီ ၁ ရက်မှ ၂၂ ရက်အတွင်း တန်ချိန် နှစ်သောင်းကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ၂၂ ရက်အတွင်းမှာတော့ တန်ချိန် ၁၅ဝဝဝ ခန့်သာရှိလို့ ယခင်ဘဏ္ဍာနှစ် ကာလတူထက် တန်ချိန် ၅ဝဝဝ ခန့် လျော့ကျတင်ပို့နိုင်တာတွေ့ရပါတယ်။ လက်ရှိ အရောင်းအဝယ်ဖြစ်မှုတွေအရ လာမယ့် သီတင်းပတ်တွေမှာလည်း မတ်ပဲ တင်ပို့မှု အားကောင်းဖွယ်ရှိကြောင်း သိရပါတယ်။                MIRT - MAPT 

Pages