Background
ယခုအပတ်နယ်စပ်မှ ပဲလွန်းဖြူ အပို့ပြန်ရှိ ၂ဝ၁ဝ ဧပြီလမှ ၂ဝ၁၁ ဖေဖော်ဝါရီ လကုန်အထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တန်ချိန် ၃၈၇ဝ ကျော် တင်ပို့ ထားပြီးဖြစ်ပါတယ်။ မတ်လမှာတော့ လဝက်ထိ နယ်စပ်စခန်းများမှ ပဲလွန်းဖြူ တင်ပို့မှုမရှိခဲ့သော် လည်း မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်းမှာ တော့ ကန်ဒေါ်လာ ဝ ဒသမ ၂၁၉ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၆ တန် ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ တစ်ဖက် နိုင်ငံနယ်စပ်ဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိ ဘက်မှာ ဈေး ကျပ် ၁၃ဝဝဝ နီးပါးလျော့ကျလျက်ရှိပါတယ်။ မိမိဘက်နဲ့တစ်ဘက်နိုင်ငံ ပဲလွန်းဖြူ ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက် ရပါတယ် မိမိဘက်(ကျပ်/တန်) ယခု ယခင် ပြောင်းလဲမှု %၈ဝ၂၉၄၃ ၈၁၉၃၆၇ ၁၆၄၂၄ ၂ တစ်ဘက်နိုင်ငံ (ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု %၁ဝဝ၉ ၁ဝဝ၉ - -MIRT(DOBT)
ဝယ်လိုအားများနေတဲ့ ပြည်ပဲလွန်းဖြူ ပဲလွန်းဖြူအသစ်ပေါ်ချိန် ဖြစ်၍ တစ်နေ့ကို ပဲသစ်အိတ် ၅ဝ ခန့် ပြည်မြို့သို့ အဝင်ရှိပြီး ပဲတစ်တင်းကို ၁၉ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ရန်ကုန်ဝယ်လက်နဲ့ မြို့တွင်း လက်လီသမားများပါ အဝယ်များနေပြီး တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်း အဝယ်ရှိတယ်လို့သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ၊ နီ တင်ပို့မှု ပမာဏ များနေဆဲ ပင်လယ်ရေကြောင်းက အခြားပဲများတင်ပို့မှုအနေနဲ့ ပဲလွန်းဖြူ၊ နီတင်ပို့မှု ပမာဏမှ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာလည်း တန်ချိန် ၁၅ဝဝ ခန့် ရှိနေတာ တွေ့ရပါတယ်။ ဈေးကွက်တွေကို လှိုင် လှိုင်ဝင်နေသလို ပြည်ပအဝယ်ပုံမှန် ရှိနေတာကြောင့် အခြားပဲတင်ပို့မှု လျော့ကျပေမဲ့ ပဲလွန်းဖြူနီ တင်ပို့မှု ကျ မသွားတာဖြစ်ပါတယ်။ ဒီတစ်ပတ် တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်တို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ပြောင်းလဲမှု မရှိဘဲ မတ်လ ၂၅ ရက်မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၈၈ဝ-၉ဝဝ နဲ့ SQ တစ်တန်ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဝယ်လက်အေးလို့ ဈေးပြန်အေးတဲ့ တောင်ကြီးပဲစင်းငုံ ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဒီနှစ် ပဲစင်းငုံအထွက်နည်းပါတယ်။ ဒီဇင်ဘာလရဲ့ နှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းက မနှစ်ကထက်နည်းပါတယ်။ ဒီနှစ်ထွက်တဲ့ ပဲစင်းငုံရဲ့ဈေးနှုန်းကလည်း အတက်အကျကြမ်းပါတယ်။ စပေါ်ခါစ ဇန်နဝါရီလဆန်းမှာ ပဲစင်းငုံအနီသေး တစ်ပိဿာ ၉ဝဝ ကျပ်၊ အဖြူ၊ အနီကြီး တစ်ပိဿာ ၇ဝဝ ကျပ်ဈေးရှိခဲ့ပါတယ်။ ဖေဖော်ဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးထပ်တက်လာပြီး အနီအသေး တစ်ပိဿာ ၁ဝဝဝ ကျပ်၊ ဖြူ၊ နီကြီးက တစ်ပိဿာ ၈ဝဝ ကျပ်ထိ ဈေးတက်လာပါတယ်။ ကုန်တင်ပို့မှုတွေ သတ်မှတ်လိုက်တာကြောင့် သီးနံှတွေလည်း သယ်ပို့ခတွေနဲ့အတူ ဈေးတက်လာတာတွေ့ရပါတယ်။ မတ်လ ပထမနဲ့ ဒုတိယ ပတ်တွေမှာ ငုံနီသေး တစ်ပိဿာ ၈၈ဝ ကျပ်မှ ၉၈ဝ ကျပ်ဈေးပတ်ခြာလည်နဲ့ တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ တတိယပတ်မှာ ဈေးအနည်းငယ်ပြန်လှုပ်လာပြီး ပဲစင်းငုံသေးက တစ်ပိဿာ ၉၅ဝ ကျပ်၊ ၉၆ဝ ကျပ်၊ ငုံဖြူကြီးက ၇၂ဝ ကျပ်၊ ငုံနီကြီးက ၇၇ဝ ကျပ်ရှိလာပါတယ်။ ဒီနှစ်အရောင်းအဝယ်က မနှစ်ကထက်ပိုအေး ပေမဲ့ ရန်ကုန်ဝယ်လက်တွေက ပုံမှန်ဝယ်ယူ နေပါတယ်။ ဈေးကွက်မှာလည်း အင်နဲ့အားနဲ့ ဝင်လာခြင်း မရှိပေမဲ့ ပုံမှန်တော့ဝင်နေပါတယ်။ တစ်ပတ်ကိုလည်း ပိဿာချိန် ခြောက်သောင်းမှ တစ်သိန်းအထိ စီးဆင်းနေတယ်လို့ ဒေသခံကုန်သည် တွေထံက သိရပါတယ်။ ဒီတစ်ပတ်ပဲစင်းငုံဈေးက ဝယ်လက်အေးလို့ ဈေး အနည်းငယ် ပြန်ကျပြီး အနီအသေးက တစ်ပိဿာ ၈၅ဝ ကျပ်၊ ဖြူကြီး ၆ဝဝ ကျပ်၊ နီကြီး ၆၁ဝ ကျပ်ရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရပါတယ်။ ဧဧခိုင်
အေးသထက်အေးလာတဲ့ မုံရွာငုံနီဈေး ယခုတစ်ပတ်မုံရွာကုန်စည်ဒိုင်ပဲစင်းငုံနီဈေးကွက်အနေနဲ့ တစ်တင်း ၂ဝ၄ဝဝ ကျပ်နဲ့ ကျဈေးမှာ ၄ ရက်ခန့် ငြိမ်နေရာက မတ်လ ၂၂ ရက်မှာ တစ်တင်း ၆ဝဝ ကျပ် ထပ်မံဈေးကျခဲ့ရာ ၁၉၈ဝဝ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။ ကုန်သည်ကြီးအချို့ကတော့ အိတ်စပို့ဈေးကွက်မျှော်လင့်ချက်နဲ့ ဝယ်ယူစုဆောင်းမှုရှိပြီး နယ်အဆွဲကတော့ အေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်တောင်သူအများစုကတော့ မြို့ပေါ်ပွဲရုံတွေဆီ ပစ္စည်းတင်ပို့အပ်နံှခဲ့ကြပြီး အသုံး လိုသလောက်သာ ကြိုထုတ်ခဲ့ကြကာ ကြိုက်ဈေးရမှ ဈေးဖြတ်ခဲ့ကြတယ်လို့ ဈေး ကွက်က ကြားသိရပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ စီးဆင်းတင်ပို့မှု အားနည်းခဲ့ရာ မန္တလေးကို တင်း ၂ဝဝဝ ခန့်၊ ရန်ကုန်ကို တင်း ၁၂ဝဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၁၅ဝဝ ရှိခဲ့ကြောင်း သိရှိရပါတယ်။ ထွန်းလှိုင်
အိန္ဒိယဈေးကွက်မှာ တစ်လအတွင်း မြန်မာပဲစင်းငုံဈေး သိသိသာသာကျ အိန္ဒိယပြည်တွင်းဈေးကွက်အတွင်း မြန်မာပဲစင်းငုံဈေးက ဖေဖော်ဝါရီနဲ့ မတ်လကာလတူအတွင်း သိသိသာသာ ကျခဲ့ပါတယ်။ ပြည်တွင်းပဲအထွက် မြင့်တက်မယ့် မျှော်လင့်ချက်တွေအရ ဈေးထပ်ကျဆင်းမယ့် ခန့်မှန်းချက်တွေနဲ့ ကုန် သည်များဝယ်ယူမှုနည်းတဲ့အပြင် ရိတ်သိမ်းရာသီပဲအသစ်များ ဈေးကွက်ဝင်ရောက်မှု တိုးလာတာကြောင့် ခုလိုဈေးဆက်တိုက်ကျဆင်းလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ မွန်ဘိုင်းနဲ့ ဒေလီဈေးကွက်များမှာ ဖြစ်ပေါ်ခဲ့တဲ့ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်း ဂူဘာကာ၂၄-၃-၁၁ ၇၆၆ ၈၃၈-၈၉၃၂၄-၂-၁၁ ၇၈၈-၇၉၃ ၈၄၅MIRT-MAPT
ပဲစင်းငုံတင်ပို့မှု သိသိသာသာလျော့ကျ ယခုတစ်ပတ် ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှု သိသိသာသာ လျော့ကျလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန် ၃ဝဝဝ ကျော်ကို လျော့ကျခဲ့ သလို ယခုသီတင်းပတ်(မတ်လ ၁၇ ရက်မှ ၂၃ ရက်)မှာလည်း တန်ချိန် ၂ဝဝဝ ကျော် ကို ဆက်လက်ကျဆင်းခဲ့ပါတယ်။ အိန္ဒိယဈေးကွက်တွေကို ပြည်တွင်းပဲစင်းငုံ အသစ်တွေ ဝင်ရောက်မှု တိုးတက်လာတာကြောင့် မြန်မာနိုင်ငံက တင်သွင်းမှု လျော့ကျလာခဲ့တာဖြစ်ပါတယ်။ ယခုသီတင်းပတ် ပြည်တွင်းဈေးကွက်မှာလည်း ပြည်ပအဝယ်နည်းတာကြောင့် တစ်ပတ်လုံး ဈေးဆက်တိုက်ကျဆင်းခဲ့ရာမှ သီတင်း ပတ်နောက်ဆုံးရက်မှာတော့ ဈေးပြန်မတ်လာတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ မတ်လ ၂၅ ရက်မှာ ပဲစင်းငုံနီ FAQ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ၊ ဖြူနီနဲ့အဖြူ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၆ဝ-၇၈ဝနဲ့ ပဲစင်းငုံနီ (အဟောင်း) FAQ တစ်တန်ကို ကန်ဒေါ်လာ ၈၇ဝ-၈၉ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပြည်မတ်ပဲဈေးပြန်မာလာ ပြည်ပဲဈေးကွက်သို့ မကွေးတိုင်းဒေသကြီး စစ္စရံ၊ သက်ကယ်မြှောင်နဲ့ ပြည်ပတ်ဝန်းကျင်နယ်များမှ မတ်ပဲများအဝင်များနေပြီး တစ်နေ့ကို အိတ် ၆ဝဝ- ၇ဝဝ ခန့် အဝင်ရှိတယ်လို့သိရပါတယ်။ ယခင်တစ်ပတ်က မိုးရွာသွန်းမှုကြောင့် အရောင်းအဝယ်အေးခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ရောင်းအားကောင်းနေတယ်လို့ သိရပါတယ်။ မြို့တွင်းလှောင်လက်သမား၊ ရန်ကုန်ဝယ်လက်များ အဝယ်များနေလို့ မတ်ပဲတစ်တင်းဈေးမှာ ၂၃၅ဝဝ-၂၃၈ဝဝ ကျပ်နဲ့ ဈေးအနည်းငယ်တက်ခဲ့ပြီး၊ နေ့စဉ် ဝင်သလောက် အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပဲခူးတိုင်း ဒေသကြီး အနောက် တစ်တိုင်းလုံးမှ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ ပဲစီးဆင်းမှုကတော့ ပျမ်းမျှ တစ်နေ့ကို ၅၇ဝဝ အိတ်ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး
ဟင်္သာတမတ်ပဲဈေးပြန်အေး ဟင်္သာတဈေးကွက်အတွင်းသို့ မတ်ပဲသစ်များ ဝင်ရောက်မှုနည်းသွားလို့ ရောင်းဝယ်မှုလည်း ယခင်တစ်ပတ်ထက် ပိုအေးသွားပါတယ်။ ရန်ကုန်ဝယ်လက်များ အဝယ်ရှိသော်လည်း မိုးရွာသွန်းမှုကြောင့် ပဲအိတ် ၅ဝဝ မှ ၈ဝဝ သို့သာ အဝင်ရှိပြီး ပိဿာ ၂ဝ ဝင် ပဲတစ်တင်းကို ယခုတစ်ပတ်တွင် ၂၃၆ဝဝ ကျပ်ဈေးသို့ ပြန်အေးသွား ပါတယ်။ တင်ပို့မှုအနေဖြင့် ရန်ကုန်ဈေးကွက်သို့ ယခုတစ်ပတ်အတွင်း တစ်တင်းခွဲ ဝင်အိတ် ၇၅ဝဝ ခန့် တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ အေးအေးခိုင်
မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
