Main menu

Background

Sunday, 20 Mar 2011

ငလျင်ဖြစ်ပြီးတဲ့နောက် ဂျပန်နိုင်ငံက ကောက်ပဲသီးနံှတင်သွင်းမှု မြင့်တက်နိုင်               ပြောင်းအများဆုံးဝယ်ယူတဲ့ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတမ်းဒေသတွေမှာ ပြင်းထန်တဲ့ မြေငလျင်နဲ့ ဆူနာမီဖြစ်ပြီးတဲ့နောက် စားနပ်ရိက္ခာအမာခံဖြန့်ဖြူးနိုင်ဖို့ ကောက်ပဲသီးနံှတိုးမြင့်တင်သွင်းနိုင်တယ်လို့Standard Chastered Plc မှ ပြောကြားပါတယ်။ ပြောင်းဝယ်လိုအား တက်နိုင်တဲ့ လက္ခဏာကြောင့် ကောက်ပဲသီးနံှ ဈေးနှုန်းလည်းပိုမိုလာနိုင်တယ်လို့ စင်ကာပူအခြေစိုက် လေ့လာဆန်းစစ်ပညာရှင် Abah Ofon က ပြောကြားပါတယ်။                ဂျပန်နိုင်ငံမှာ မြေငလျင်နဲ့ ဆူနာမီဖြစ်ပြီးတဲ့နောက် ဂံျု၊ ပြောင်း၊ ပဲပုပ်နဲ့ ဆန်ကြိုပွိုင့်ဈေးတွေ ကျဆင်းခဲ့ပါတယ်။ ဂျပန်အစိုးရက မတ်လ ၁၁ ရက်က ဆိပ်ကမ်းတွေမှာ ကောက်ပဲသီးနံှပျက်စီးမှုကို စစ်ဆေးစေခဲ့ပါတယ်။ မြေငလျင်ကြောင့် ကောက်ပဲသီးနံှ ကုန်သွယ်မှုကို ထိခိုက်စေခဲ့ပြီး အချို့တိရစ္ဆာန်စက်ရုံများနဲ့ ကွဲျနွားများလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ မေလ ပြောင်းကြိုပွိုင့်ဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၆၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၆၅ ဒသမ ၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိုကျိုအခြေစိုက်Unipac Grain Ltd  ဥက္ကဌ Nobuyuki Chino  ပြောကြားတာတော့ ဂျပန်နိုင်ငံရဲ့ တိရစ္ဆာန်အစာနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထူးထူးခြားခြား ထိခိုက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ ယခင်နှစ်က အမေရိကန်ပြောင်း တန်ချိန် ၁၄ ဒသမ ၃၄၃ သန်းတင်သွင်းခဲ့လို့ မက္ကစီကိုက တင်သွင်းမှုထက် ၂ ဆနီးပါးရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်ဂံျုဝယ်ယူမှုက တန်ချိန် ၃ ဒသမ ၁၄၈ သန်းရှိပြီး အမေရိကန် ပဲပုပ်တန်ချိန် ၂ ဒသမ ၃၄၇ သန်းကိုလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ လမင်းး၊ှSource: riceonline

Sunday, 20 Mar 2011

ကနေဒါပဲနီလေးအစိမ်းရောင်ကို အိန္ဒိယနိုင်ငံတွင် ပဲစင်းငုံ အစားထိုး စားသုံးရန် သုတေသနပြု             ၂ဝ၁၁ ခုနှစ်၊ မတ်လ ၇ ရက်နေ့ အိန္ဒိယနိုင်ငံမှာကျင်းပခဲ့တဲ့ ပဲမိုျးစုံကုန်သွယ်ရေးအစည်းအဝေးမှာ ကနေဒါ (ှSaskatchewan) မှ ပဲနီလေး (အစိမ်းရောင်မျိုး)များကို အိန္ဒိယနိုင်ငံမှစားသုံးသူများ လက်ခံနိုင်ပြီဖြစ်ကြောင်း သုတေသန ပြုခဲ့မှုနဲ့ပတ်သက်လို့ တင်ပြခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံ တမီးနာဒူးစိုက်ပျိုးရေးတက္ကသိုလ်နဲ့ ကနေဒါနိုင်ငံဘက်မှ ဆက်ကတ်ချီဝမ် ပဲမျိုးစုံစိုက်ပျိုးသူများအသင်းတို့ ပူးပေါင်းသုတေသနပြုခဲ့ခြင်းဖြစ်ပြီး၊ အမေရိကန်ဒေါ်လာ ၃၆၄ဝဝဝ ကို ကနေဒါဘက်မှ ထောက်ပံ့ခဲ့တယ်လို့သိရပါတယ်။         အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ကနေဒါနိုင်ငံ ှSaskatchewan  မှာ စိုက်ပျိုးတဲ့ ပဲနီလေး (အစိမ်းရောင်) ခွဲခြမ်းများ အသုံးပြုခြင်း၊ ဈေးကွက်မှာစမ်းသပ်ရောင်းချခြင်းများပြုခဲ့ပါတယ်။ ဒေါက်တာ Pushpa  နဲ့ ဒေါက်တာVaradharaju တို့ဦးဆောင်တဲ့ သုတေသနအဖွဲ့က မိမိနိုင်ငံအတွင်း စိုက်ပျိုးတဲ့ပဲနီလေးနဲ့ ကနေဒါမှာ စိုက်ပျိုးတဲ့ပဲနီလေးတို့ကို နှိုင်းယှဉ် လေ့လာ သုံးသပ်ရာမှာ ရုပ်သွင်ပညာ၊ ဓာတုပစ္စည်းအမျိုးမျိုးပါဝင်မှုနဲ့ အာဟာရဖြစ်မှု တို့ကို သုံးသပ်ခဲ့ပါတယ်။ သုတေသန ပညာရှင်များက အိန္ဒိယအစားအစာများ ပြုလုပ်ရာတွင် ပဲစင်းငုံအစား ပဲနီလေး (အစိမ်းရောင်) ကိုအစားထိုးပြီး အသုံးပြု နိုင်ကြောင်း ဖော်ထုတ်ခဲ့တယ်လို့သိရပါတယ်။          ပဲနီလေးချက်ပြုတ်ချိန်ဟာ အခြားပဲများထက်ပိုအချိန်တိုတောင်းကာ၊ ကနေဒါပဲနီလေးမှာ Selenium  ဓါတ်သတ္တု ပါဝင်နေပြီး၊ အိန္ဒိယပဲနီလေးတွင် မပါဝင်ကြောင်းလည်းသိရှိရပါတယ်။ အဲဒီပရောဂျက်အရ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံတင်သွင်းမှုရဲ့ ၂ဝ ရာခိုင်နှုန်းကို ပဲနီလေးတင်သွင်းနိုင်မယ်လို့ ခန့်မှန်းထားကြောင်းလည်းသိရှိရပါတယ်။ အလားအလာရှိပြီး ဈေးကွက်မှာ အမေရိကန်ဒေါ်လာသန်း ၁၆ဝ အထိ ရရှိနိုင်ကြောင်း၊ သုတေသနနဲ့ဖွံ့ဖြိုးမှုလုပ်ငန်းကြောင့် အိန္ဒိယနိုင်ငံအတွက် ပဲစင်းငုံ အစားထိုး ပဲနီလေးအသုံးပြု နိုင်ကြောင်းကို ပြသနိုင်ခဲ့တယ်လို့သိရှိရပါတယ်။ (မှတ်စု၊ ှSeleniumမှာ အိုင်အိုဒင်း (သတ္တုဆား)ကဲ့သို့ဖြစ်ပြီး မြေကြီးတွင်အဓိကပါဝင်သည်။ ၎င်းဓာတ်များသော မြေကွက်တွင် စိုက်ပိုျးသောသီးနံှနှင့် တိရစ္ဆာန်အစားအစာများတွင် Selenium  ဓာတ်သတ္တုပါဝင်သည်) တင်ချိုဦး- NPT,Source: statpub.com 

Sunday, 20 Mar 2011

အခါမဲ့မိုးကြောင့် အဆိုးထက် ကောင်းကျိုးရစေလို                   မုံရွာမြို့နယ်အတွင်း မတ်လ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်ကနေ ၁၂ နာရီအထိ မိုးသက်လေနဲ့အတူ မိုးရွာသွန်းမှုဖြစ် ပေါ်ခဲ့ရာ မြို့နယ်ရဲ့တောင်ပိုင်းကျေးရွာများမှာ အတန်အသင့် မိုးသည်းခဲ့ပြီး မြောက်ပိုင်းဒေသများမှာ မိုးအနည်းငယ်သာ ရွာခဲ့တယ်လို့သိရပါတယ်။ ယခုအချိန်မှာ တောင်သူများအနေနဲ့ ကုလားပဲနဲ့ဂံျုအချို့ ရိတ်သိမ်းပြီး တလင်းပုံထားချိန်ဖြစ်လို့ အချိန်မီ အမိုးအကာ မအုပ်နိုင်သူတွေရဲ့ သီးနံှအနည်းငယ်မျှသာမိုးမိကာ အစို့ပေါက်ထိခိုက်မှု ဖြစ်နိုင်တယ်လို့သိရပါတယ်။ ရေနဲ၊ အောင်သာ၊ မအူကျေးရွာနဲ့ တောင်ပိုင်းကျေးရွာများမှာ စိုက်ပျိုးခဲ့ကြတဲ့ ဆောင်းကြက်သွန်ခင်းများအနေနဲ့ သာမန်ရေသွင်း မှု ပမာဏသာမိုးရွာလို့ ရေသွင်းခတစ်ကြိမ်သက်သာတယ်လို့ တောင်သူတချို့ကဆိုပါတယ်။ နွေပဲတီခင်းများအတွက်လည်း ယခုမိုးဟာ အကျိုးရှိစေတယ်လို့ ပဲတောင်သူများက ပြောပါတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ရိုက်ခတ်ကြုံတွေ့လာ နိုင်တဲ့ ဘေးအန္တရာယ်တွေကိုကာကွယ်နိုင်မှု၊ မိုးလေဝသသတင်း နေ့စဉ်နားထောင်ခြင်း၊ အမိုးအကာစုဆောင်းထားရှိခြင်းနဲ့ ပိုးမွှား ကာကွယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့လိုနေပြီဖြစ်ကြောင်း၊ ယခုရွာတဲ့မိုးက သတိပေး နှိုးဆော်ခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရဖွယ် ခံစားလိုက်ရပါတယ်။ ထွန်းလှိုင် 

Sunday, 20 Mar 2011

နယ်စပ်စခန်းများမှ ပဲယင်းတန် ၁၇ဝ ကျော်တင်ပို့                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ တမူး နယ်စပ်တို့မှ မတ်လ ၉ ရက်မှ ၁၅ ရက် ထိ ကာလအတွင်း ပဲယင်းတန် ၁၇၄ ဒသမ ၅ဝ တန်ကန်ဒေါ်လာ ၁၂၅၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။မူဆယ်မှတန် ၁၆၄ ဒသမ ၅ တန်နဲ့ တမူးမှ ၁ဝ တန် တင်ပို့ခဲ့တာဖြစ်ပြီး၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ပဲယင်းတန်ချိန် ၂၅ဝဝ နီးပါး နယ်စပ်စခန်းများမှ တင်ပို့ထားပြီးဖြစ် တယ်လို့သိရပါတယ်။MIRT(DOBT)

Sunday, 20 Mar 2011

ပြည်ပဲကြီးအဝင်များလာသလို ဈေးလည်းမြင့်လာ              ပြည်ဈေးကွက်ကို ဖေဖော်ဝါရီလဆန်းမှစပြီး ပဲကြီးအသစ်များ ဝင်ရောက် လာခဲ့ကာ ယခုမတ်လလယ်မှာ တိုင်းအတွင်းဒေသများမှ အဝင်ရှိသလို မကွေးတိုင်း ဒေသကြီးဘက်မှ အဝင်ရှိလာတာကြောင့် တစ်ရက် အိတ် ၅ဝဝ ကျော်ထိ အဝင်များ လာခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးအသစ် အဖွင့်ဈေးမှာ တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီး၊ ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၃၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၂၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ပါတယ်။ လှောင်လက်သမားများမှ ဝယ်ယူမှုမရှိသေးဘဲ ပဲကြော်ဖို သမားများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက် အိတ် ၂ဝဝ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 20 Mar 2011

ပဲကြီးတန် ၁ဝဝ ကျော် မူဆယ်မှ ပို့                 မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပဲကြီး ၁ဝ၆ တန်ကန်ဒေါ်လာ ၁၂၇၂ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပဲကြီးကို ဧပြီလ၊ ဇွန်လနဲ့ စက်တင်ဘာလများမှာသာ တင်ပို့မှု ရှိခဲ့ပြီး ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလထိကာလအတွင်း နယ်စပ်စခန်းများမှ ပဲကြီး တန်ချိန် ၁၁ဝဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)

Sunday, 20 Mar 2011

ထောပတ်ပဲသစ်များ လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေ            ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ ဆက်လက်ဝင် ရောက်လျက်ရှိရာ တစ်ရက် အိတ် ၅ဝ မှ ၁ဝဝ အထိ အဝင်များလာခဲ့ပါတယ်။ ထောပတ်ပဲ ပေါ်စအချိန်ဈေးနှုန်းမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်စခဲ့ပြီး၊ ယခုမတ်လတတိယပတ်အတွင်း တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့ ရောင်းချမှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတာကြောင့် တစ်ရက်လျှင် အိတ် ၇ဝ၊ ၈ဝ အထိ အရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 20 Mar 2011

နယ်စပ်တင်ပို့မှု ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိ            မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ မြေထောက်ပဲ ၆၂ တန် တန်ဖိုးကန်ဒေါ်လာ ၄ဝ၉၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်အတိုင်း ပုံမှန်လေး တင်ပို့နေတာတွေ့ရပါတယ်။    MIRT (DOBT)

Sunday, 20 Mar 2011

မြေထောက်ပဲတင်ပို့မှု တိုးလာပေမဲ့ ထောပတ်ပဲတင်ပို့မှုလျော့ကျ               ယခင်သီတင်းပတ်က ထောပတ်ပဲ တန်ချိန် ၂၅ဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝ ကျော်ကို လျော့ကျခဲ့ပြီး မြေထောက်ပဲ ကတော့ တန်ချိန် ၂၇ဝ ကျော်ကို တိုးတက်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မြေထောက်ပဲက ဈေးကွက်တွေထဲ အဝင်များလာပြီဖြစ်လို့ တင်ပို့မှု တက်လာတာဖြစ်ပြီး ထောပတ်ပဲကတော့ ယောဘက်က အဝင်နည်းသေးတယ်လို့ သိရပါတယ်။                လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပတင်ပို့မှုကို လေ့လာရာမှာ မတ်လ ၁၁ ရက်နေ့အထိ မြေထောက်ပဲတန်ချိန် ၁ဝဝဝဝ နီးပါးနဲ့ ထောပတ်ပဲတန် ၉၆ဝဝ ခန့် တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ မြေထောက်ပဲ တန်ချိန် ၁၃ဝဝဝ ခန့်နဲ့ ထောပတ်ပဲ တန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် လက်ရှိအချိန်မှာ တင်ပို့မှု လျော့နည်းနေတာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးများနဲ့ ပြောင်းလဲခြင်းမရှိဘဲ မတ်လ ၁၈ ရက်နေ့မှာ မြေထောက်ပဲ FAQ  တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ထောပတ်ပဲ FAQ  တစ်တန်ကို ကန် ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT

Sunday, 20 Mar 2011

မန္တလေးမြို့မှ Wet Polishing စနစ်သုံး ကုလားပဲ ဈေးကွက်အတွင်း ရောင်းအားသွက်            မန္တလေးမြို့၊ စက်မှုဇုန်အမှတ်-၂ မှာတည်ရှိတဲ့ ငြိမ်းချမ်းရေး ပဲခွဲစက်ဟာ တစ်နာရီကို ၃ဝ ပိဿာဝင် ကုလားပဲအိတ် ၂၆ဝ ထုတ်လုပ်ပေးနိုင်တဲ့ စက်ရုံ တစ်ရုံဖြစ်ပြီး၊ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေဟာလည်း ပြည့်စုံကောင်းမွန်တာ ကို တွေ့ရပါတယ်။ တပ်ဆင်ထားတဲ့ စက်ယူနစ်တွေကတော့ အကြိုပဲအခွံချွတ်စက် ၂ လုံး (Pre-Husking Unit)  အပြီးသတ် ပဲအခွံချွတ်စက် ၄ လုံး (Final Husking Unit)  ဖုံ၊ သဲ၊ ခဲခွဲခြားစက် (De-Stoner)  ပဲအဆင့်ခွဲဆန်ကာ (Grading Unit) နဲ့ လေစုပ်စနစ် (Absorbing Fan Unit) တို့အပြင် ပဲအရောင်တင်စက် (Wet Polishing Unit) နှစ်လုံးကိုလည်းတီထွင်တပ်ဆင်ထားတာကိုတွေ့ရှိရပါတယ်။           ''ပဲအရောင်တင်စက် (Wet Polishing Unit) ကို ဆန်အရောင်တင်စက် နဲ့ တည်ဆောက်မှု အလုပ်လုပ်ပုံကို အခြေခံပြီး ကိုယ့်စက်ရုံမှာ တီထွင်ထုတ်လုပ် ထားပါတယ်'' လို့ လုပ်ငန်းရှင် ဦးဝင်းထွဋ်အောင်က ဖြေကြားခဲ့ပါတယ်။ ''ဒီလို တီထွင်ထုတ်လုပ်နိုင်ခဲ့တဲ့အတွက် ရိုးရိုးကုလားပဲတွေထက် အရောင် ပိုမို တောက်ပကောင်းမွန်ပြီး ပဲမှုန်ကပ်မှုမရှိလို့ ကြာရှည်သိုလှောင်ထားနိုင်မှု ရှိတဲ့အပြင် သန့်ရှင်းလတ်ဆတ်မှုရှိပါတယ်'' လို့လည်းသိရပါတယ်။ ပဲအရောင်တင် စက် (Wet Polishing Unit)  ဟာ လေနဲ့ရေကို အခိုျးကျရောနှောပြီး ပဲသွားလမ်းကြောင်းကို ရေဖျန်းစနစ် (Water Spray)  တပ်ဆင်ပြီးPolisher  နဲ့ အရောင် တင်ခြင်းကို လုပ်ဆောင်ထားကြောင်း တွေ့ရှိရပါတယ်။ ထုတ်ကုန်တွေ တန်ဖိုးမြှင့်မှ ဈေးကွက်မှာ ရောင်းအားကောင်းလို့ ဈေးကွက်ခိုင်မာမှုရှိတဲ့အတွက် ပဲခွဲစက်နဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး သတင်းပေးလိုက်ပါတယ်။ ဇေယျာဆွေ

Pages