Main menu

Background

Sunday, 13 Mar 2011

ပင်လယ်ရေကြောင်းတင်ပို့မှု တန် ၁ဝဝဝ ကျော်ရှိ ပင်လယ်ရေကြောင်း အပို့လျော့             မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှာ ရော်ဘာ ၁၁၃၇ တန်၊ တန်ဖိုး ၄ ဒသမ ၈ဝ၅ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်ကလည်း တန်ချိန် နှစ်ထောင်ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု လျော့နည်းခဲ့တာ တွေ့ရပါတယ်။ရော်ဘာအထွက်နှုန်းကျတဲ့ရာသီဖြစ်တာကြောင့် လက်ကျန်နည်းနေပြီလို့ သိရပါတယ်။တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကိုRSS-3  ၂၅ဝ တန်၊ မလေးရှားကိုRSS-3  ၁၇၇ တန်၊ MSR-20 တန် ၄ဝဝ နဲ့ MSR-50  တန် ၄ဝ တင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ၊RSS-5  တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR-20 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW 

Sunday, 13 Mar 2011

 စားနပ်ရိက္ခာဈေးနှုန်းကြီးမြင့်မှုကြောင့် တောင်ကိုရီးယားနိုင်ငံက ပြည်ပမှာလယ်ယာ ရင်းနှီးမြှုပ်နံှမှု တိုးတက်ဆောင်ရွက်ဖွယ်ရှိ                ကမ္ဘာ့တတိယအများဆုံး ပြောင်းဝယ်ယူတဲ့ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာ့ကုန်ဈေးနှုန်း စံချိန်တင် မြင့်တက်မှုကြောင့် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးမြှင့်တင်ဖို့ ကြိုးစားတဲ့ အနေနဲ့ ပြည်ပနိုင်ငံများမှာ ကောက်ပဲသီးနံှထုတ်လုပ်မှုကို တိုးမြှင့်နိုင်တယ်လို့ အစိုးရက ပြောကြားကြောင်းသိရပါတယ်။ ကမ္ဘာ့နံှစားသီးနံှ ဈေးနှုန်းက အလျင်အမြန်တိုးတက်နေတဲ့ အတွက် ပြည်ပနိုင်ငံတွေမှာ စိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ် တွေ တိုးခဲျ့ဖို့ လိုအပ်လာပြီလို့ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး၊ သစ်တောနဲ့ ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြောကြားကြောင်း သိ ရပါတယ်။ အစိုးရအနေနဲ့ ကုမ္ပဏီတွေကို တတ်နိုင်သလောက် ထောက်ပံ့သွားမယ်လို့လည်း ပြောကြားကြောင်း သိရပါတယ်။                  ပြောင်းနဲ့ ဂံျုအများဆုံးတင်သွင်းမှုအပေါ် မှီခိုနေရတဲ့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဗဟိုဘဏ်က လွန်ခဲ့တဲ့ ၂ လအတွက် ရည်မှန်းထားတာထက် ကျော်လွန်ပြီး ငွေကြေးဖောင်းပွ မှုတွေ ဖြစ်စေခဲ့တာကြောင့် ပြည်တွင်းရောင်းချမှု တိုးမြှင့်ဖို့ ကြိုးစားနေခြင်းဖြစ်ပါတယ်။ ရေနံဈေးနှုန်းကြီးမြင့်ခြင်းနဲ့ သီးနံှအထွက် လျော့ခြင်းတို့ကြောင့် စံချိန်တင်ထားတဲ့ ဈေးနှုန်းက ဆက် လက်ရှိနေဦးမယ်လို့ မတ်လ ၉ ရက်နေ့မှာ FAO  ကပြော ကြား ပါတယ်။                  ပြည်တွင်းနံှစားသီးနံှ ဖူလုံမှုက အလွန်နိမ့်ကျပြီး တိုးခဲျ့ စိုက်ဖို့ မြေကလည်း အကန့်အသတ်သာ ရှိတာကြောင့် ပြည်တွင်း ရောင်းချမှု တည်ငြိမ်စေရေး ပြည်ပလယ်ယာစိုက်ပိုျးဖို့ကို ကြိုးစားနေတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ ဆမ်ဆောင်းစီးပွားရေး သုတေသနတက္ကသိုလ်မှ သုတေသနပညာရှင် Kim Wha Nyeon  က ပြောကြားပါတယ်။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းက ပြည်ပ ၁၆ နိုင်ငံရဲ့ လယ်ယာစိုက်ပျိုးမှုမှာ ကုမ္ပဏီ ၆ဝ ခန့် ပါဝင်ဆောင်ရွက်နေပြီး မြေဟက်တာ ၂၄ဝဝဝ ခန့်ကနေ သီးနံှတန်ချိန် ၈၇ဝဝဝ ခန့်ထွက်ရှိခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောကြားပါတယ်။                       FAO  က ထုတ်ပြန်တဲ့ ဈေးနှုန်းညွှန်းကိန်းအရ ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းဟာ အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ သိရပါတယ်။ ကနေဒါမှစပြီး သြစတြေးလျ နိုင်ငံတွေအထိ ရာသီဥတုကြောင့် သီးနံှပျက်စီးခြင်းနဲ့ အတူ ရုရှားနိုင်ငံကလည်း အဆိုးဝါးဆုံး မိုးခေါင်မှုကြောင့် သီးနံှတင်ပို့မှု ပိတ်ပင်ခဲ့တာကြောင့် ဈေးနှုန်းတွေမြင့်တက် လာတာဖြစ်ပါတယ်။ ဒါ့အပြင် မြောက်အာဖရိကနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်လွှား နိုင်ငံရေးအုံြွကမှုကလည်း ဈေးနှုန်း ကို ပိုမိုတိုးတက်စေခဲ့တာဖြစ်ပါတယ်။                    တောင်ကိုရီးယားနိုင်ငံဟာ ၂ဝဝ၈ ခုနှစ် ဈေးနှုန်းတွေမြင့် တက် ပြီးတဲ့နောက် ၁ဝ နှစ်စီမံကိန်းအရ ၂ဝဝ၉ ခုနှစ်ကတည်း က ပြည်ပလယ်ယာလုပ်ငန်းတွေမှာ ကုမ္ပဏီများရင်းနှီးမြှုပ်နံှဖို့ ကူညီပေးခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။ ကိုရီးယား ကုမ္ပဏီများဟာ ရုရှားနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများဆုံး ရင်းနှီးမြှုပ်နံှကြတယ်လို့ ဆိုပါတယ်။               တောင်ကိုရီးယားနိုင်ငံဟာ ဂျပန်ပြီးရင် အာရှမှာ ဒုတိယ မြောက် နံှစားသီးနံှအများဆုံး တင်သွင်းသူဖြစ်ပြီး ယခုနှစ်မှာ ပြောင်း တန်ချိန် ၈ ဒသမ ၅ သန်း နိုင်ငံလိုအပ်ချက်ရဲ့ ၉၉ ရာခိုင်နှုန်း တင်သွင်းဖို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ ဒါ့အပြင် ဂုံျတင်သွင်းမှုမှာ တတိယမြောက် အများဆုံးဖြစ်ပြီး ယခုနှစ်လိုအပ်ချက်ရဲ့ ၉၅ ရာခိုင်နှုန်းခန့်တင်သွင်းမယ်လို့ ှီ့  USDA စာရင်းများအရ သိရပါတယ်။ ယခင်နှစ်အတွင်း ပြောင်း ဈေးနှုန်းက ၉၁ ရာခိုင်နှုန်းနဲ့ ပဲပုပ်ဈေးနှုန်းက ၄ဝ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource: bloomberg.net

Sunday, 13 Mar 2011

အိန္ဒိယပဲ တင်ပို့မှု ပိတ်ပင်ထားခြင်းက နီပေါပဲတင်ပို့မှုကို မြင့်တက်စေ             နီပေါနိုင်ငံရဲ့ ပဲမျိုးစုံတင်ပို့မှုအနေနဲ့ အဓိက ပဲနီလေးတင်ပို့မှုဟာ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း ၂၂ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နီပေါပဲနီလေးစားသုံးမှု ကြီးထွားလာခြင်းနဲ့ အိန္ဒိယက ပဲတင်ပို့မှု ပိတ်ပင်ခြင်းတို့ကြောင့် ခုလိုမြင့်တက်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲနီလေးတန်ချိန် ၃ဝ၁၅၁ ၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၇၅ ဘီလီယံ (ကန်ဒေါ်လာ ၆၁ ဒသမ ၁၅ သန်း) တင်ပို့နိုင်ခဲ့လို့ ပြည်ပ တင်ပို့တဲ့ ကုန်စည်များထဲမှာ ပဲနီလေးက ဒုတိယအများဆုံး နေရာယူထားတယ်လို့ သိရပါတယ်။              ယခင်နှစ်ကာလတူက ပဲနီလေး တန်ချိန် ၂၂၃၃၈၊ တန်ဖိုးအားဖြင့် ရူပီး ၂ ဒသမ ၂၄ ဘီလီယံ (ကန်ဒေါ်လာ ၄၉ ဒသမ ၈၁ သန်း)ဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို တင်ပို့မှု တိုးတက်လာတာကြောင့် တောင်အာရှ အိမ်နီးချင်း နိုင်ငံတွေကို စုစုပေါင်း တင်ပို့မှုဟာ ၅ဝရာခိုင်နှုန်းတိုးတက်ပြီး ရူပီး၂ ဒသမ ၈၂ ဘီလီယံ (ကန်ဒေါ်လာ ၆၂ ဒသမ ၇၁သန်း) ရရှိခဲ့တယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဓိက တင်သွင်းနိုင်ငံဖြစ်တယ်လို့ သိရပါတယ်။ ကုန်သွယ်မှုနဲ့ ပြည်ပပို့ကုန်တိုးမြင့်ရေးစင်တာမှ ထုတ်ပြန်တဲ့ နောက်ဆုံးစာရင်းအရ ဒီဇင်ဘာလလယ်နဲ့ ဇန်နဝါရီလ လယ်အတွင်း ပဲနီလေး တင်ပို့မှုက ရူပီး ၄၆၇ ဒသမ ၆၉ သန်း (ကန်ဒေါ်လာ ၁ဝ ဒသမ ၄ သန်း) ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ယခင်ဘဏ္ဍာနှစ်အတွင်း နိုင်ငံရဲ့ စုစုပေါင်းတင်ပို့မှုရဲ့ ၈ ရာခိုင်နှုန်းကို ပဲနီလေးတန်ချိန် ၃၇၅၆၉ တင်ပို့ခဲ့ပြီး ယခင်နှစ်ရဲ့ တတိယအများဆုံးပို့ကုန်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။               စီးပွားကူးသန်းနှင့် ထောက်ပံ့ရေးဝန်ကြီးဌာန ပြောကြားချက်အရ နိုင်ငံတကာဈေးနှုန်း မြင့်တက်ခြင်းနဲ့ နိုင်ငံရဲ့ ပဲတင်ပို့မှု တစ်နှစ်ကြာပိတ်ပင်ထားခြင်းမှ ပြန်ဖွင့်လှစ်ခြင်းတို့ကြောင့် ပဲနီလေးတင်ပို့မှုက ၂ ဆမြင့်တက်လာခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ နီပေါနိုင်ငံဟာ ကမ္ဘာ့စားနပ်ရိက္ခာ အကျပ်အတည်းဖြစ်နေစဉ်အတွင်း ပြည်တွင်းဈေးနှုန်းမြင့်တက်မှုကို ထိန်းခုျပ်ဖို့ ၂ဝဝ၉ ခု နှစ်စပိုင်းကစပြီး ပဲတင်ပို့မှုကို ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။ နီပေါပဲနီလေးဟာ အရသာ ထူးခြားမှုကြောင့် ပြည်ပစားသုံး နိုင်ငံတွေအကြား ထင်ရှားမှုရှိပြီး နီပေါပဲနီလေးနဲ့ ပဲနီလေးခွဲခြမ်းကို ဘင်္ဂလားဒေ့ရှ်က အဓိက တင်သွင်းနေတယ်လို့ သိရပါတယ်။ ယမင်းခင်၊  Source: commodityonline

Sunday, 13 Mar 2011

အိန္ဒိယ MMTC အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ တင်ဒါခေါ်               အိန္ဒိယအစိုးရပိုင်MMTC  အေဂျင်စီဟာ ပြည်ပက ပဲမျိုးစုံတန်ချိန် ၃၇ဝဝဝ တင်သွင်းဖို့ မတ်လ ၇ ရက်နေ့က တင်ဒါခေါ်ယူခဲ့ပါတယ်။ တင်သွင်း ပဲများကို ဧပြီလအရောက် မွန်ဘိုင်း၊ ချန်နိုင်းနဲ့ ကိုလ်ကတ္တားဆိပ်ကမ်းတွေကို တင်ပို့ရမှာဖြစ်ပြီး တင်ဒါကို မတ်လ ၁၅ ရက်မှာ ပိတ်မှာလို့ ဆိုပါတယ်။ တင်သွင်းမယ့် ပဲများကတော့ မြန်မာနိုင်ငံက မတ်ပဲ SQ တန် ၃ဝဝဝ၊ မတ်ပဲ FAQ တန် ၃ဝဝဝ နဲ့ ပဲစင်းငုံ တန် ၃ဝဝဝ ဖြစ်ပြီး အာဖရိက ပဲစင်းငုံ တန် ၃ဝဝဝ နဲ့ ကနေဒါ ပဲဝါလေး တန်ချိန် ၂၅ဝဝဝ စီ အသီးသီး ဝယ်ယူ သွားမယ်လို့ သိရပါတယ်။ အဲဒီပဲများဟာ ၂ဝ၁၁ သီးနံှ ဖြစ်ရမယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource:MMTC tender

Sunday, 13 Mar 2011

အဝင်များလို့ ဈေးအေးတဲ့ ပြည်ဘိုကိတ်                 ပြည်ဈေးကွက်သို့ ပြည်အနီးတစ်ဝိုက်ရှိ ပန်းတောင်း၊ ဥသျှစ်ပင် မြို့နယ်များမှ ပဲသစ်များအဝင်ရှိနေပါတယ်။ ပဲသစ်တွေ ဝင်လာတာကြောင့် ဘိုကိတ် ဈေးမှာ ယခင်တစ်ပတ်ဈေးထက် ဈေးကျသွားကြောင်း သိရပါတယ်။ ယခင် တစ်ပတ်က ပိဿာ ၂ဝ တစ်တင်းကို ၁၈ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာတော့ တစ်တင်း ကို ၁၇ဝဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၁ဝဝ မှ အိတ် ၁၅ဝ အထိ အဝင်ရှိနေသော်လည်း အရောင်း အဝယ်နေ့စဉ်မဖြစ်ဘူးလို့ သိရပါ တယ်။ ယခုတစ်ပတ်မှာတော့ ရန်ကုန်ကို အိတ် ၂ဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ဆုမွန်ဆွေ

Sunday, 13 Mar 2011

ပြည်ဈေးကွက်သို့ ထောပတ်ပဲများ စတင်ဝင်ရောက်လာပြီ                  ပဲခူးတိုင်းအနောက်ပိုင်းအတွင်း ထောပတ်ပဲစိုက်ဧက ၁၂ဝ၂ဝ၇ ဧက စိုက်ပျိုးခဲ့ပြီး ယခုမတ်လ ဒုတိယပတ်မှ စ၍ ပဲသစ်များ ဈေးကွက်အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ရွှေတောင်မြို့နယ်တွင် ဧက ၄ဝဝဝ ကျော်စိုက်ပိုျး နိုင်ခဲ့ပြီး ယခုဝင်ရောက်လာသော ပဲသစ်များမှာ ရွှေတောင် (ကျီးသဲ) ဖက်မှ ဝင်ရောက်တယ်လို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခင်နှစ်က ပဲလက်ကျန်ပြတ်ချိန်တွင် တစ်တင်း ၂၇ဝဝဝ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး ယခုပဲသစ်ပေါ်စ အဖွင့်ဈေးမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် တစ်ရက်ကို ၁ဝ အိတ် ၁၅ အိတ်ခန့် အဝင်ရှိလာခဲ့ ပါတယ်။ ပဲသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်ချိန်ဖြစ်သဖြင့် လက်လီသမားများဖြင့်သာ အရောင်းအဝယ် ဖြစ်နေကြောင်း သိရပါတယ်။ ခင်ဆွေဝင်း

Sunday, 13 Mar 2011

လွယ်ဂျယ်မှ မြေထောက်ပဲ                   ယခုအပတ်မှာ လွယ်ဂျယ်နယ်စပ်မှ မြေထောက်ပဲ စတင်တင်ပို့နိုင် ခဲ့ပြီဖြစ်ပါတယ်။ဇူလိုင်လတည်းက တင်ပို့နိုင်ခဲ့ခြင်းမရှိဘဲ ယခုအပတ်မှာမှ ပြန်လည် တင်ပို့လာခြင်းဖြစ်ပါတယ်။ ယခုအပတ်မှာ ကန်ဒေါ်လာ ၄ဝ၉၂ဝ တန်ဖိုးရှိ မြေထောက်ပဲ ၆၂ တန် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။                   MIRT(DOBT)

Sunday, 13 Mar 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ တင်ပို့မှု ပုံမှန်ရှိ            ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲကို ယခု တစ်ပတ် ပင်လယ်ရေကြောင်းက တန်ချိန် ၂၅ဝ နဲ့ ၁၇ဝ ခန့် အသီးသီး တင်ပို့နိုင်ခဲ့ပါတယ်။ ပြည်ပဝယ်လိုအားရှိသလောက် တင်ပို့နိုင်ခြင်းမရှိတဲ့ ထောပတ်ပဲ က ရှားကုန်အနေနဲ့ ရှိနေတယ်လို့ ကုန်သည်တချို့က ဆိုပါတယ်။ ဒီတစ်ပတ် မြေထောက်ပဲကို စင်ကာပူကို တင်ပို့ခဲ့ပြီး ထောပတ်ပဲကိုတော့ ဖောက်သည်ဂျပန်ကို တင်ပို့မှုများပါတယ်။             ပြည်ပဝယ်လိုအားကောင်းပေမဲ့ ရန်ကုန် FOB  ဈေးတွေကတော့ ပဲ ၂ မိုျးလုံး ငြိမ်နေပါတယ်။ မတ်လ ၁၁ ရက် FOB ဈေးအနေနဲ့ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ဖြစ်ပြီး၊ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတာတွေ့ရပါတယ်။ MIRT - MAPT

Sunday, 13 Mar 2011

 ကနေဒါ ပဲကုန်သည် အုပ်စု သုံးနိုင်ငံ ခြေဆန့်               ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်က လယ်ယာစိုက်ပျိုးရေး ဒုတိယဝန်ကြီး ဦးဆောင်ပြီး ဆက်ကာချီဝမ် ပဲစိုက်ပျိုးသူများအသင်း၊ ဆက်ကာချီဝမ် ကုန်သွယ်မှုနှင့် ပို့ကုန်မိတ်ဖက်အဖွဲ့၊ ကနေဒါ ကောက်ပဲသီးနံှကော်မရှင်နှင့် ပဲမိုျးစုံလုပ်ငန်းရှင်အင်အား (၁ဝဝ)ခန့် ပါဝင်တဲ့ အဖွဲ့ကြီး တစ်ဖွဲ့ဟာ အိန္ဒိယ- ဘင်္ဂလားဒေ့ရှ် နဲ့ သီရိလင်္ကာ (၃)နိုင်ငံ ခရီးစဉ်ကို စတင်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ မှာ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး Alanna Koch  က ပြောကြားရာမှာ ၎င်းတို့အနေနဲ့ ဒေသရဲ့တိုးမြင့်နေတဲ့ ပဲလုံးနှင့် ပဲရာဇာ(ပဲနီလေး)လိုအပ်ချက်ကို ဖြည့်ဆည်းဖို့ ရောက်လာတာဖြစ်ကြောင်းနဲ့ ဆက်ဆံမှုများကို တိုးမြှင့်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အိန္ဒိယဟာ ကနေဒါရဲ့ စတုတ္ထအကြီးဆုံး ဈေးကွက်နိုင်ငံဖြစ်ပြီး ၂ဝဝ၉ ခုနှစ်မှာ ပဲဝါလေး ဒေါ်လာ (၃၄၅)သန်းနဲ့ ပဲရာဇာ ဒေါ်လာသန်း(၁၈ဝ)၊ စုစုပေါင်း ဒေါ်လာ (၅၃၅)သန်းဖိုး တင်ပို့ခဲ့တယ်လို့ ဗူညေညေ ုသခ့ က ဆိုပါတယ်။ အိန္ဒိယရဲ့ တိုးတက်လာတဲ့ ပဲလိုအပ်ချက်ကို ဆက်ကာချီဝမ်ပြည်နယ်က ကောင်းစွာ ဖြည့်ဆည်းပေးနိုင်တယ်လို့လည်း သူကဆိုပါတယ်။                  ဆက်ကာချီဝမ်ပဲစိုက်ပိုျးသူများအသင်းရဲ့ယခုအပတ်ထုတ်ပြန်တဲ့ အစီရင်ခံစာတွေအရ အိန္ဒိယရိုးရာ အစားအစာတွေမှာ ပဲရာဇာ (အစိမ်း)ကို ကောင်းစွာ အစားထိုး အသုံးပြုနိုင်ပြီး အိန္ဒိယ စားသုံးသူများက လက်ခံစ ပြုလာပြီလို့လည်း သိရပါတယ်။ ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းနဲ့ ဆက်ကာချီဝမ်တက္ကသိုလ်တို့ ပူးတွဲဆောင်ရွက်တဲ့ လေ့လာတွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယနိုင်ငံက တင်သွင်းနေရတဲ့ ပဲစင်းငုံဈေးကွက် ၂ဝ ရာခိုင်နှုန်း တစ်နည်းအားဖြင့် တန်နှစ်သိန်းခန့် ဈေးကွက်ကို ကောင်းစွာ သိမ်းပိုက်နိုင်တယ်လို့ ဆိုပါတယ်။ အိန္ဒိယ တမီနာဒူး စိုက်ပိုျးရေးတက္ကသိုလ်ရဲ့ သုတေသနပညာရှင်များ စမ်းသပ်တွေ့ရှိချက်အရ ပဲရာဇာ(အစိမ်း)ဟာ အိန္ဒိယတောင်ပိုင်း ဒေသရိုးရာအစားအစာတွေမှာ ကောင်းစွာအသုံးပြုနိုင်တယ်လို့လည်း သိရပါတယ်။ တမီနာဒူးတက္ကသိုလ်ရဲ့ တွေ့ရှိချက်ဟာ ဆက်ကာချီဝမ်ပဲစိုက်သူများအတွက် ဈေးကွက် သိမ်းပိုက်ဖို့ သက်သေပြချက်ပဲဖြစ်တယ်လို့လည်း ဆက်ကာချီဝမ်ပဲစိုက်ပျိုးသူများအသင်းက ဆိုပါတယ်။ ယခုခရီးလှည့်လည်နေတဲ့ ကနေဒါအဖွဲ့ကြီးရဲ့ ခရီးစဉ်ဟာ မတ်လ ၂ဝ ရက်နေ့မှာ အဆုံးသတ်မှာ ဖြစ်ပါတယ်။ ကနေဒါနိုင်ငံ ဆက်ကာချီဝမ်ပြည်နယ်ဟာ တစ်နှစ်ကို ပဲတန်ချိန် (၃.၇)သန်းလောက် တင်ပို့နေတဲ့ ပြည်နယ်ကြီးလည်းဖြစ်ပါတယ်။ ပြိုင်ဘက်နိုင်ငံ က မြန်မာ့ဈေးကွက်နိုင်ငံကြီးနဲ့ ၎င်းရဲ့ပတ်ဝန်းကျင်မှာ လှုပ်ရှားဆောင်ရွက်နေတာတွေကို မြန်မာပဲကုန်သည်များအား ခေါင်းလောင်းထိုးပြီး သတိပေးလိုက်သည်။မာဂျာနို

Sunday, 13 Mar 2011

ပြည်ကုလားပဲသစ်များ အဝင်များသလို အဝယ်သွက်                 ပြည်ဈေးကွက်အတွင်း ကုလားပဲဈေးမှာ ယခင်တစ်ပတ်က ၁၈ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုတစ်ပတ်တွင် တစ်တင်းကို ၁၈၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဈေးကွက်အတွင်း ပဲအသစ်များကို လှောင်လက်သမားများနဲ့ ပဲခွဲစက်သမားများမှ အဝယ်ရှိပြီး ပဲကြော်၊ ပဲလှော် သမား များကလည်း ပဲသစ်များကို အရောင်းအဝယ်ကောင်းနေပါတယ်။ အခြားတိုင်း များမှ အဝင်မရှိဘဲ တိုင်းအတွင်း ဒေသများမှ ပဲသစ်များသာ အဝင်များကြောင်း သိရပါတယ်။ ပြည်မှ ရန်ကုန်သို့ ကုလားပဲအိတ် ၂ဝဝ ခန့် တင်ပို့ရောင်းချမှုရှိပြီး နေ့စဉ် အိတ် ၂၅ဝ-၃ဝဝ ခန့် အရောင်းအဝယ်ရှိကြောင်း သိရပါတယ်။ လွင်လွင်ဆန်း

Pages