Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကူးသန်း ရောင်းဝယ်ရေးဇုန်မှ ကန်ဒေါ်လာ သုည ဒသမ ၅၅၀ သန်း တန်ဖိုးရှိတဲ့ နနွင်းတက် ၃၅၅ တန်ကျော်ကို ဇွန်လ ၁၂ ရက်မှ ၁၈ ရက်အတွင်းမှာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၀၂ တန်သာ တင်ပို့ခဲ့တာမို့ ယခုအပတ်နနွင်းတက်တင်ပို့မှု ၁၅၃ တန်ကျော်ပိုမိုလာတာ တွေ့ရပါတယ်။ နနွင်းကိုတစ်နှစ်ပတ်လုံး စိုက်ပျိုးပြီးသီးညှပ်အနေနဲ့ နနွင်းဘောင်ပေါ်နှမ်းကိုကြဲ စိုက် တာကြောင့် တောင်သူတွေ တွက်ခြေကိုက်တယ်လို့ သိရပါ တယ်။ နနွင်းတက်ကိုတစ်ဖက်နိုင်ငံမှာ တရုတ်တိုင်းရင်းဆေး ဖော်စပ်ရာမှာနဲ့ ဟင်းခတ်အမွှေးအကြိုင် ကုန်ကြမ်းအနေနဲ့ အသုံးပြုကြတယ်လို့သိရပါတယ်။မော်မော်အောင်၊ MIRT (DCCA)
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ ၉ ရက်မှ ၁၅ ရက်တာ ကာလအတွင်း နနွင်း ၄၂၁ ဒသမ ၃၃ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ စင်ကာပူနိုင်ငံကို ၁၉၇ ဒသမ ၀၇ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၀ ဒသမ ၀၃ တန်၊ မလေးရှားနိုင်ငံကို ၁၉၄ ဒသမ ၂၃ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ပတ် တင်ပို့မှုမှာ စင်ကာပူနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပြီး မလေးရှားနိုင်ငံကို ဒုတိယအ များဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာတစ်ရာ့ ခုနှစ်ဆယ်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ် မှာ တန်ချိန် နှစ်ရာ့ကိုးဆယ်ကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ကိုးဆယ် ဝန်းကျင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်နနွင်းတင်ပို့မှုမှ ကန်ဒေါ်လာ နှစ် သိန်းကျော်ဝင်ငွေရရှိခဲ့ပါတယ်။MIRT (DOT)
သီတင်းတစ်ပတ်ဖြစ်တဲ့ ဇွန်လ ၉ ရက်မှ ၁၅ ရက်နေ့တာကာလအတွင်း မန်ကျည်း ၉၁ ဒသမ ၉၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် တင်ပို့မှုမှာ စင်ကာပူနိုင်ငံကို ၂၃ ဒသမ ၉၆ တန်၊ ဂျပန်နိုင်ငံကို ၁၈ တန်နဲ့ ပါကစ္စတန်နိုင်ငံကို တန် ၅၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်ရေ ကြောင်းလမ်းမှ မန်ကျည်းတင်ပို့မှုမှာ ၂၅ တန်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ခြောက်ဆယ်ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဇွန်လ ဒုတိယသီတင်းပတ်အ တွင်းမန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ သုံးသောင်း ကိုးထောင် ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ MIRT (DOT)
ယခုတစ်ပတ်မှာ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်း(ဥမ)များ ပြည်ဈေးကွက် ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့် ပုံမှန်အဝင်ရှိပြီး၊ ယခင်အပတ်ထက် ဈေးနှုန်းမှာ လည်းတစ်ပိဿာကို ချင်းဥမ (ရှယ်) ၈၀၀ ကျပ်၊(ဂျွန်) ၆၅၀ ကျပ်၊ချင်းတက် တစ် ပိဿာကို(ရှယ်) ၁၂၀၀ ကျပ်၊ (ဂျွန်) ၁၀၀၀ ကျပ်တို့နဲ့ရောင်းဝယ်ဖြစ်တာကြောင့် ယခင်တစ်ပတ် ကထက်တစ်ပိဿာကို၂၀၀ ကျပ်ခန့်ဈေးကျသွားခဲ့ပါတယ်။ အရောင်း အဝယ်အားဖြင့် ယခုတစ်ပတ် ပြည်ဈေးကွက် အတွင်းမှာ လက်လီ၊ လက်ကားရောင်း ဝယ်သူများအပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်တို့ကို တင်ပို့မှု အပါအဝင် တစ်ရက် ကို ပိဿာချိန် ၁၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
ဒီတစ်လမှာ ချင်း(စို)ကို Export နားသွားတာကြောင့် ဈေးကလည်း ပြန်ကျ လာပါတယ်။ ချင်း(ဥမ)တွေ လည်း ဈေးကွက်ကို အတော်များများ ဝင်လာတာ ကြောင့် ဈေးလည်းကျသွားတယ်လို့ သိရပါတယ်။ ချင်းက ဖော် ကာစမှာ ကတည်း က ဈေးကောင်းပါတယ်။ အထွက်များတဲ့ ညံ့စတွေကိုတော့ ချင်းခြောက် အဖြစ် ပြု တ်ခြောက်လုပ်ခဲ့တာရယ်၊ ချင်း(စို)လောက် အရောင်းမသွက် တာရယ်ကြောင့် လက်ကျန်အတော်ရှိနေပါသေးတယ်။
ချင်း(စို)ကတော့ ပြည်ပ ဝယ်လက်တွေက နှစ်လ၊ သုံးလအတွင်းမှာ အတော်များများဝယ်ယူခဲ့တာ ကြောင့် အခုတော့ လက်ကျန်ကလည်း အတော်နည်းနေပါပြီ။
ချင်းဈေးကောင်းတာကြောင့် စောစောပြန်စိုက်ခဲ့တဲ့ ချင်း(ဥမ)တွေပြန်ထွက် လာပြီး၊ ဈေးကွက်ကိုဝင်လာတဲ့ အချိန် မှာ ပြည်ပဝယ်လက်တွေက အဝယ်ရပ်သွားပါတယ်။ ပြည်ပဝယ်လက်တွေ ရပ်သွား ပေမယ့် ပြည်တွင်း စားသုံးမှု အတွက် ရန်ကုန်၊ ပြည်၊ မုံရွာ၊ မကွေး၊ မော်လမြိုင်၊ နေပြည်တော်က အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်း ပိဿာချိန် ၁၃၀၀၀၀ စီးဆင်းသွားတယ်လို့ အောင်ပန်းပွဲရုံတွေက သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ဒီတစ်ပတ် ချင်း(စို)တစ်ပိဿာ ဈေးနှုန်းက အနိမ့်ဆုံး ၃၅၀ ကျပ်မှ အမြင့်ဆုံး ၅၀၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကိုေ တာ့မော်လမြိုင်၊ မုံရွာနဲ့ ရန်ကုန်က အများ ဆုံး ဝယ်ယူနေပြီး တစ်ပိဿာ ၁၁၅၀ ကျပ် ဈေးနဲ့ ပိဿာချိန် ၂၃၉၀၀ အရောင်း အဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
မုံရွာမြို့နယ်ဟာ လယ်စပါးထက် ယာသီးနှံ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါအဓိကစိုက်ပျိုး အောင်မြင်တဲ့ဒေသ တစ်ခု ဖြစ်ပါ တယ်။ ရှေးဘိုးဘေးဘီဘင်လက်ထက်ကထဲက ပဲ၊ ပြောင်းသီးနှံစုံစိုက်ပျိုးခဲ့ကြကာ၊ ရာသီမှန်ရင် အထွက် ကောင်းပြီး၊ ရာသီဖောက်ရင် အထွက်နှုန်းအောက်ခဲ့တာ ယနေ့အထိ မရိုးနိုင်တဲ့ဇာတ်လမ်းတစ်ပုဒ်လိုပါပဲ။
အဘက်ဘက်က တိုးတက်လာတဲ့ ယနေ့ခေတ်မှာတော့ မကြာမကြာတွေ့ကြုံရ တဲ့ ရာသီရဲ့ဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးအတတ်ပညာရှင်များက ခေတ်နဲ့အမီ ကယ်တင်နိုင်မဲ့ ကုထုံးသစ်တွေနဲ့ ဝိုင်းဝန်းကူညီနေကြတဲ့ အကျိုးကြောင့် ဒုက္ခမှသည် သုခဆီ ကူးပြောင်းနိုင်ခဲ့ကြပြီလို့ မုံရွာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီဝင် တစ်ဦးဖြစ်တဲ့ မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဒေါ်အမာကြည်ကပြောပြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းက အောင်ပန်းကုန်စည်ဒိုင်မှာ ဇွန်လတတိယပတ် အတွင်း ပဲစင်းငုံနဲ့ အစေ့ထုတ်ပြောင်း ကအဝင်နည်းသလို ပွဲရုံလက်ကျန်လည်း သိပ် မရှိတာကြောင့် ဈေးကွက်မှာ ပစ္စည်းပြတ်လျက်ရှိပြီး အရောင်း အဝယ်ပါးခဲ့ပေမဲ့ မီးဖိုဆောင်သုံး ပစ္စည်းများကတော့ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ အောင်ပန်း ကုန်စည်ဒိုင်မှာ ဇွန် ၁၄ ရက်မှ ၂၀ ရက်ထိ သီးနှံအမျိုးအစားအလိုက်ဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းများကတော့ ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀ ကျပ်မှ ၁၆၅၀ ကျပ်၊ ပဲပုပ်တစ်ပိဿာ ၁၁၅၀ ကျပ်၊ ပန်းနှမ်းတစ်ပိဿာ ၁၀၇၀ ကျပ်၊ ချင်းအစိုတစ်ပိဿာ ၃၃၀ ကျပ်မှ ၄၅၀ ကျပ်၊ နနွင်းတစ်ပိဿာ ၁၁၀၀ ကျပ်၊ ချင်းခြောက်တစ်ပိဿာ ၁၁၅၀ ကျပ်နဲ့ အာလူးတစ်ပိဿာ ၅၀၀ ကျပ်မှ ၁၀၀၀ ကျပ်တို့ဖြစ်ကြပြီး၊ ဇွန် ၁၄ ရက်မှ ၂၀ ရက်ထိ တစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှု အခြေအနေ များကတော့ ကြက်သွန်ဖြူ ၃၁၈ တန်၊ ပဲပုပ် ၂၁ တန်၊ ပန်းနှမ်း ၉ တန်၊ ချင်းအစို ၂၃၀ တန်၊ နနွင်း ၉၃ တန်၊ ချင်းခြောက် ၆၅ တန်နဲ့ အာလူး ၄၁၂ တန်၊ စုစုပေါင်း ၁၁၄၈ တန်ဖြစ်ပြီး၊ ကြက်သွန်ဖြူနဲ့ အာလူးကတော့ ဈေးကွက်ကိုဝင်သလောက် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ မင်းအောင်-တောင်ကြီး
မုံရွာကုန်စည်ဒိုင် ဇွန်လတတိယပတ် ပဲဈေးကွက်ဟာ မိုးလေဝသကြေညာချက်ထဲက " နေရာကွက်ကျား မိုးကြီးမည် " ဆိုသလို ငုံနီနဲ့စိမ်းကြီး ၂မျိုးသာ Export ဝယ်လက်ကြောင့် အရောင်းအဝယ် သွက်ခဲ့တာ တွေ့ရပါတယ်။
ကုလားပဲ အုပ်စုကတော့ ယခင် ပုံမှန်ဝယ်လက်ဖြစ်တဲ့ အိန္ဒိယ ဈေးကွက် မဆွဲတော့ ဒေသတွင်း လုပ်ငန်းသုံးသမား အဝယ်တစ်မျိုးသာအားထားနေရတဲ့အတွက် ဝယ်သူဈေး ကွက် ဖြစ်နေရာ ယခုတစ်ပတ်မှာ ကျဈေးအသီး သီး ဖြစ် ပေါ်ခဲ့ပါတယ်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ယခုတစ်ပတ် အတွင်း အဓိကအရောင်းအဝယ်ဖြစ်လျက်ရှိတဲ့ ပဲမျိုးစုံ ဈေး နှုန်းများအနက် အခြားပဲများမှာ ဈေးငြိမ်နေခဲ့ပြီး၊ ပဲကြီး သီးနှံသာယခင်အပတ်က ထက် ဈေးပိုလာခဲ့ တာကြောင့် ဈေး ကွက်မှာဈေးအမြင့်ဆုံးရနေတဲ့ ပဲတစ်မျိုးဖြစ်နေပါတယ်။ ပဲကြီး သီးနှံမှာ သြင်္ကန်ပြီးကာလမှစပြီး တဖြည်းဖြည်းဈေး မြင့်လာ ခဲ့ကာ ၃၀၀၀၀ ကျပ်အထက်မှာရနေခဲ့တာဖြစ်ပါတယ်။ ယခု တစ်ပတ်မှာ ပဲကြီးရွှေကျွန်း တစ်တင်း ၃၆၀၀၀ ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်း ၃၃၀၀၀ ကျပ်နဲ့ ဈေးဆက်လက်မြင့်တက် လာခဲ့ပါတယ်။ ဈေး ကွက်အတွင်းကို ပန်းတောင်း၊ ကံမ (ကျွန်း)ဖက်များမှ ဝင်ရောက်ခဲ့ပြီး၊ တစ်ရက် အိတ် ၁၅၀ ကျော် ၂၀၀ ထိ ဝင်ရောက်ခဲ့သလို ဒေသတွင်း ဝယ်လက်သာ မက ရန်ကုန်ဝယ်လက်ပါ ဝယ်လိုအားများလာ တာကြောင့် ဈေးပိုလာ ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
မတ်ပဲသီးနှံမှာ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည် မြို့နယ်များမှ နေ့စဉ်အိတ် ၂၀၀ ဝင်ရောက်သလို ရန်ကုန် ဝယ်လက် အဝယ်ရှိပေမယ့် ဈေးလျော့အဝယ်ရှိတာကြောင့် တစ်တင်း ၁၆၉၀၀ ကျပ်နဲ့သာ အရောင်းအဝယ် ဖြစ်နေခဲ့ ပါတယ်။ ပဲစင်းငုံသီးနှံမှာလည်း လက်ကျန်ပဲများသာ ရန်ကုန်ဝယ် လက်အဝယ်ရှိမှ အိတ် ၂၀၀ ကျော်အရောင်း အဝယ်ဖြစ် သလို ပဲဈေးမှာလည်း တစ်တင်း ၂၀၀၀၀ ကျပ်နဲ့သာ ဈေးငြိမ် လျက်ရှိခဲ့ပါတယ်။ ကုလားပဲသီးနှံမှာ ကံမဘက်မှ ပဲအဝင်ရှိ ပေမယ့် နေ့စဉ် အဝင်မရှိဘဲ တစ်ခါတစ်ရံမှသာ အိတ် ၂၀၀ ကျော်ဝင်ရောက်မှုရှိသလို အခြားတိုင်းကို တင်ပို့မှုမရှိဘဲ ဒေသတွင်း ခွဲစက်သမားများမှသာ အဝယ်ရှိတယ်လို့ သိရပါ တယ်။ ထောပတ်ပဲသီးနှံမှာ ဈေးကွက်ကို ပဲအဝင်မရှိဘဲ လှောင် လက်သမားများမှ ရောင်းချမှုရှိသလို လက်လီ၊ လက်ကား ဝယ်ယူမှုရှိတဲ့အတွက်တစ်ရက်အိတ် ၁၀၀ ကျော်ခန့် အရောင်း အဝယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၈၅၀၀ ကျပ်နဲ့ ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေခဲ့တယ်လို့ သိရပါ တယ်။ ပြည်ဈေးကွက်မှာ ပဲပုပ်သီးနှံအနေနဲ့ လက်ကျန်နည်း လာခဲ့တာကြောင့် အရောင်းအဝယ်အေးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပဲပုပ်ဈေးမှာ တစ်တင်း ၂၂၀၀၀ ကျပ်နဲ့သာ ဈေးအပြောင်း အလဲ မဖြစ်ဘူးလို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်
ဇွန်လတတိယပတ်ရဲ့ ပခုက္ကူ ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ၊ ပဲတီစိမ်းကြီး၊ ကုလားပဲဝါ၊ ပြောင်းဖူးစေ့ CP ၊ နှမ်းညို စတာတွေ အရောင်းအဝယ်ဖြစ်နေပါ တယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပစ္စည်း တွေထဲမှာ ပဲစင်းငုံနီတစ်တင်း ၁၉၈၀၀ ကျပ်ဈေးဆိုတော့ တစ်တင်း ၂၀၀၀၀ ကျပ်ကျော်ကနေ အကျဘက်မှာရှိနေ တာကိုတွေ့ရပါတယ်။ ကုလားပဲဝါကြီး အနေနဲ့ တစ်တင်း ၁၇၆၀၀ ကျပ်ဈေးနဲ့ တန့်နေပြီး၊ ဒေသခံလှောင်လက်ပဲခွဲစက် တွေ ပုံမှန်ဆွဲနေတယ်လို့ သိရပါတယ်။ ပဲတီစိမ်း၊ ပြောင်းဖူးစေ့ CP နဲ့ နှမ်းညိုက တော့ အတက်ဘက်မှာ ရှိနေတယ်လို့ ပြောရမှာပါ။
မန္တလေးလက် တရုတ် အဆွဲရှိနေတဲ့ ပဲတီစိမ်း၊ တိရစ္ဆာန်အစား အစာဖြစ်တဲ့ CP ပြောင်း၊ ဒေသခံဆီစက် တရုတ် ဆွဲလက်ရှိနေ တဲ့ နှမ်းညိုတို့ဈေး ကောင်းနေတာ တွေ့ရပါတယ်။ ပဲတီ စိမ်းကြီး ယခုဈေး တစ်ပိဿာ ၁၄၁၀ ကျပ် (တစ်တင်း ၂၈၂၀၀ ကျပ်)၊ ယခင် ဈေးတစ်ပိဿာ ၁၂၈၀ ကျပ် (တစ် တင်း ၂၅၆၀၀ ကျပ်)၊ CP ပြောင်း ယခု ဈေး တစ်ပိဿာ ၅၀၅ ကျပ် (တစ်တင်း ၉၀၀၀ ကျပ်)၊ ယခင်ဈေးတစ်ပိဿာ ၄၈၃ ကျပ် (တစ်တင်း ၈၇၀၀ ကျပ်)၊ နှမ်းညို ယခုဈေးတစ်ပိဿာ ၂၄၆၆ ကျပ်(တစ်တင်း ၃၇၀၀၀ ကျပ်)၊ ယခင် ဈေးတစ်ပိဿာ ၂၃၆၆ ကျပ် (တစ် တင်း ၃၅၅၀၀ ကျပ်) ဆိုတော့ တက် ဈေးများနဲ့အရောင်းအဝယ် ဖြစ်နေပါ တယ်။ အခုအနေအထားအရ ပခုက္ကူ ကုန်စည်ဒိုင်မှာ ငုံနီကျ၊ ကုလားပဲဝါ တန့်၊ စိမ်းကြီး၊ ပြောင်းဖူးစေ့ CP နဲ့ နှမ်း ညိုတို့ အတက် ဈေးနဲ့အရောင်း အဝယ် ဖြစ်နေတယ် လို့သုံးသပ်ရမှာဖြစ်ကြောင်း ပါ။ မြင့်ဦး-ပခုက္ကူ
