Main menu

Background

Wednesday, 24 Jul 2013

ဇူလိုင်လဆန်းမှစပြီး ကျဆင်းလာတဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းများ ဇူလိုင်လလယ်ပိုင်းအထိ ဆက်တိုက်အား နည်း လာတယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ မှာရှိနေခဲ့တဲ့ ထိုင်းရော်ဘာRSS -5 (မှိုင်းခံရော်ဘာ အဆင့် ၅) က ဇူလိုင်လ ၁၅ ရက်နေ့မှာ တစ်တန်ကို ၂၅၃၄ ဒသမ ၅၀ ဒေါ်လာအထိ ၁၈၄ ဒေါ်လာ ဈေးကျလာတယ်။ မလေးရှားရော်ဘာ (SMR-20) ကလည်း ၎င်း ကာလအတွင်း တစ်တန်ကို ၄၇ ဒေါ်လာဈေးကျလာတယ်။

Wednesday, 24 Jul 2013

ထိုင်းဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ စိုက်ပျိုးရေးဝန်ကြီးလည်း ဖြစ်တဲ့ Yokol Lim Laemthong   က ထိုင်းရော်ဘာဈေးများကျဆင်း နေခြင်းနဲ့ စပ်လျဉ်းပြီး ထုတ်လုပ်မှုစရိတ်များလျှော့ချနိုင်သမျှ လျှော့ချ နိုင်ရေး အလေးထားဆောင်ရွက်ကြရန် ဇူလိုင်လ ၁၂ ရက်နေ့က ပြုလုပ်တဲ့ ဆွေးနွေးပွဲ တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

Wednesday, 24 Jul 2013

မန္တလေးသကြားကုန်စည်ဒိုင် (သကြားနဲ့သကာရည်လုပ်ငန်းရှင်များ ကထိန် တော်အသင်း) မှာ ဥပုသ်နေ့မှ အပ ကျန်နေ့ရက်တွေမှာ ပုံမှန်အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန္တလေးမှထွက်တဲ့သကြားကို အနယ်နယ် အရပ်ရပ်မှာရှိတဲ့ မုန့်လုပ်ငန်း၊ အရက်ချက်လုပ်ငန်း၊ နို့ဆီချက်လုပ်ငန်း၊ အချိုရည်လုပ်ငန်းတို့ကို တင်ပို့ရောင်းချနေရ တာကြောင့် အရောင်းအဝယ်ပုံမှန်ရှိပါတယ်။

Wednesday, 24 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်မှ ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၉၇၅ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၈၃၇ တန်ကျော်နဲ့ ချင်းရွှေဟော် ကူးသန်း ရောင်းဝယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၀၆ သန်းတန်ဖိုးရှိ ပြောင်း ၃၃၁ တန်ခွဲကိုတင်ပို့နိုင်ခဲ့ပါတယ်။

Wednesday, 24 Jul 2013

ကျောက်မြောင်းအထက်ပိုင်း ထီးချိုင့်၊ ကသာဖက်မှာ ထွက်ရှိတဲ့ နိုင်လွန်ပဲများ အရည်အသွေးကောင်း မွန်တဲ့အတွက်ဝယ်လက်အကြိုက်တွေ့ ကြောင်း သိရပါတယ်။ မဲဇာ၊ မုံရွာမှာ စိုက်ပျိုးထွက်ရှိပေမယ့် အထွက်နည်း သလို အရည်အသွေးအနည်းငယ် ကျဆင်းပါတယ်။

Monday, 15 Jul 2013

ဇူလိုင်လအတွင်း ရော်ဘာဈေးနှုန်းများ အားနည်းလာ တယ်။ ဇူလိုင်လ ၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ မှိုင်းခံရော်ဘာ အဆင့် - ၅ (Thai Rubber RSS- 5)  က ဇူလိုင်လ ၈ ရက်နေ့မှာ ၂၆၃၁ ဒသမ ၅၀ ဒေါ်လာ အထိ ၈၇ ဒေါ်လာ ဈေးကျလာတယ်။

Monday, 15 Jul 2013

၂၀၁၃ ခုနှစ် ပထမ ၆လတာကာလ (ဇန်နဝါရီလမှ ဇွန်လ ထိ) မှာ ဗီယက်နမ်နိုင်ငံမှ ကန်ဒေါ်လာ ၉၇၆ သန်း ကျော်တန်ဖိုး ရှိ ရော်ဘာ ၃၈၃၀၀၀ တန်တင်ပို့နိုင်ခဲ့ ပါတယ်။ ယမန်နှစ် ကာလတူထက် ပမာဏအားဖြင့် ၅ ရာခိုင်နှုန်းနဲ့တန်ဖိုးအား ဖြင့် ၁၉ ဒသမ ၂ ရာခိုင်နှုန်းလျော့နည်းခဲ့တယ်လို့ ဗီယက်နမ် စက်မှုနဲ့ ကုန်သွယ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရှိ ရပါတယ်။

Monday, 15 Jul 2013

ပြည်-ရန်ကုန်၊ ရခိုင်ပြည်နယ် ဘက်သို့ ငရုတ်များအရောင်းအဝယ် သွက်နေကြောင်း ရေနံချောင်းငရုတ် ဈေးကွက်မှ စုံစမ်းသိရှိရသည်။

ငရုတ်ကို ရေနံချောင်းမြို့နယ် ဘဲဆိပ်၊ ရုံးဆိပ်၊ လမ်းကူး၊ သမ္မာန္တင်၊ ဗူးကျွန်း၊ ရှားတစ်ပင် အစ ရှိသည့် ကျေးရွာများ၌လည်းကောင်း ဧရာဝတီ မြစ်ကျွန်းများရှိ ကျေးရွာများတွင် စိုက်  ပျိုးကြကြောင်း၊ ဖေဖော်ဝါရီ၊ မတ်လ တွင် အသီးလှိုင်ခဲ့ပြီး ယခုတော့ လှောင် လက်တွေက ထုတ်ရောင်း နေကြ ကြောင်း ကုန်သည် တစ်ဦးက ပြောပါ သည်။ လက်ရှိဇူလိုင်လဆန်းရက်တွင် ငရုတ်သီးခြောက်တစ်ပိဿာလျှင် ၁၆၀၀ ကျပ်ဈေးပေါက်ပြီး ချောက်မြို့ နယ်၊ စလင်း၊ ပွင့်ဖြူ၊ ဧရာဝတီမြစ်ရိုး တစ်လျှောက်၊ ကျောက်ရဲ၊ အေးရွာ၊ တောင် ပလူ၊ ဆားလည်၊ ပင်းဝကျေး ရွာ ချောက်မြို့နယ်၊ စလင်းမြို့နယ်ဖောင်း လင်း၊ မန်မြေနှင့်ပွင့်ဖြူမြို့နယ် ကုန် ဆောင်း၊ သံကိုင်း၊ ဇီးကျွန်း၊ ကျောင်း စု၊ ပေါက်ကုန်း၊ ထူး၊ ဝါးခြောက်ကျွန်း၊ လေးအိမ်ကျေးရွာများမှထွက်ရှိသည်။ ငရုတ်ဈေးကွက် တွင် ဈေးကောင်းရ၍ တွက်ခြေကိုက်ကြောင်းသိရသည်။သူ
 

Monday, 15 Jul 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်မှ ကန်ဒေါ်လာ ၂ ဒသမ ၄၂၃ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၃၈၁ တန်နီးပါး၊ ချင်းရွှေဟော်မှ ကန်ဒေါ်လာ သုည ဒသမ ၈၈၆ သန်းတန်ဖိုးရှိ ပြောင်း၂၇၇၀ တန်နဲ့ လွယ်ဂျယ်မှ ကန်ဒေါ်လာ သုည ဒသမ ၄၅၁ သန်းတန်ဖိုးရှိပြောင်း ၁၂၀၁ တန်ကျော်ကို  ဇူလိုင်လ ၃ ရက်မှ  ၁၁ ရက်အထိ ၉ ရက်တာကာလအတွင်းတင်ပို့ခဲ့ကြပါတယ်။ ယခင်အပတ်ရော ယခု အပတ်မှာပါ ကန်ပိုက်တီး စခန်းမှ ပြောင်းတင် ပို့မှုမရှိဘဲ ယခင်အပတ်က ကျန်စခန်း သုံးခုမှ ပြောင်းတန်ချိန် ၁၃၄၃၀ ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်တန်ချိန် ၃၀၀၀ ကျော်လျော့နည်းသွားခဲ့တယ်လို့သိရပါတယ်။ ယခုအပတ်မန္တလေး-မူဆယ် ကုန်စည် သယ်ယူခနှုန်းထား မှာ ပြောင်း ၁ ပိဿာ ၅၄ ကျပ်ဖြစ်တာမို့ ယခင်အပတ်သယ်ယူခ ထက် အနည်းငယ် တက်လာတာတွေ့ရ ပါတယ်။ နှစ်နိုင်ငံပြောင်းဈေးတွေကိုကြည့် မယ်ဆိုလျှင် တစ်ဖက်နိုင်ငံဈေးမပြောင်းလဲဘဲ မိမိဘက်ဈေးက ယခင်အပတ်ထက် အနည်းငယ်ပိုမိုလာပါတယ် -

Monday, 8 Jul 2013

မုံရွာဖီးကြမ်းငှက်ပျောဈေး ကွက်မှာဒေသတွင်းစားသုံးမှု ပုံမှန် ရှိတဲ့အပြင် အခြားဒေသတွေကိုပါ လက်ကားတင်ပို့မှုအားကောင်းတဲ့အတွက် ယခုနှစ်မိုးဦးရာသီကတည်းကဈေးစွာလာခဲ့ တာ တွေ့ရပါတယ်။ တစ်နှစ် ထက် တစ်နှစ် ဈေးကောင်းရလာတဲ့အတွက် စိုက်ပျိုးမှုအနေနဲ့လည်း နှစ်စဉ်တိုးတက် မှုရှိခဲ့ တာတွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၄ နှစ်ကျော် ၂၀၀၈-၂၀၀၉ ခုနှစ်က မုံရွာခရိုင်နဲ့ ငှက်ပျော စိုက်ဧကဟာ ၅၇၀၀ ခန့်သာရှိခဲ့ပြီး၊ ယခုအခါ ဧက ၆၃၀၀ ခန့်ထိ တိုးချဲ့ စိုက်ပျိုး လာခဲ့ကြပါတယ်။ အထူးသဖြင့် မုံရွာခရိုင်အတွင်း ဘုတလင် မြို့နယ်မှာ ဧက ၂၄၉၀ နဲ့ အများဆုံးစိုက်ပျိုးခဲ့ကြ ပြီး၊ ကနီမြို့နယ်မှာ ဧက ၂၂၈၀ နဲ့ ဒုတိယအများဆုံး စိုက်ပျိုးခဲ့ကြပါတယ်။ ဖီးကြမ်းငှက်ပျော စိုက်ပျိုးမှု အနေနဲ့ တစ်ဧကမှာ အပင် ၃၀၀ ခန့် စိုက်ရင်ငှက်ပျောခိုင်၃၀၀ရကာဈေးကွက် ဝင်အဖီး ၁၅၀၀ ခန့်ထွက်ရှိပါတယ်။ ဒေသပေါက်ဈေးတစ်ဖီး ၅၀၀ ကျပ်နှုန်းနဲ့ တွက်ရင် ကျပ် ၇ ဒသမ ၅ သိန်းဝင်ငွေ ရရှိနိုင်ပါတယ်။ သားတက်ကိုပြောင်း ရွှေ့စိုက်နိုင်လို့ ပျိုးပင်အတွက် ကုန်ကျ စရိတ်မရှိဘဲပေါင်းနှုတ်ခနဲ့ရေသွင်းစရိတ် သာကုန်ကျတဲ့အတွက် ငှက်ပျောစိုက် သူ တွေ တွက်ခြေကိုက်လျက်ရှိပါတယ်။ မုံရွာငှက်ပျောဒိုင်နဲ့ လက်လီ အရောင်းသမား တွေအနေနဲ့ တစ်ဖီးကို သယ်ယူခ ၃၀ ကျပ်နဲ့ ပွဲခ ၂၀ ကျပ် ပေါင်း ၅၀ ကျပ်ပေးရပြီး၊ ဝယ်ဈေးနဲ့ ခွာကာ အဖီးအရွယ်အစားအလိုက် တစ်ဖီး ၅၀၀ကျပ်မှ၁၀၀၀ကျပ်ထိရောင်း ချတယ်လို့ဆိုပါတယ်။ ဈေးကွက် အလို အရ အဖီးအစိမ်းကို ဘုရားပွဲ၊ သာသနာ ပွဲ၊ ရိုးရာပွဲတွေမှာ သုံးဖို့ဝယ်ယူကြပြီး၊ အမှည့်ကိုတော့ သရေစာအဖြစ် ဝယ် ယူကာပင်မှည့်ဈေးကွက်ကတော့တစ်ဖီး ၁၂၀၀ကျပ်မှ၁၅၀၀ကျပ် ထိဈေးကောင်း ရ လျက်ရှိကြောင်း သိရပါတယ်။ မုံရွာ ငှက်ပျောဈေးကွက်မှာ ညောင်ပင်ဝင်း ဒေသထွက် ခွံစိမ်း(သီးမွှေး)ငှက်ပျော၊ ဘရာဇီးငှက်ပျောများ ဝင်ရောက်မှုရှိ ပေမယ့် ဖီးကြမ်းငှက်ပျောဈေးကွက် ကတော့ ဒေသ သုံးစွဲမှုတိုးတက်လာတဲ့ အတွက် အရောင်းအဝယ်သွက်လက် ကောင်းမွန်နေရာ ငှက်ပျောတောင်သူ တွေကို စိုက်ဧကတွေတိုးချဲ့စေဖို့ တွန်းအားပေးလျက်ရှိပါကြောင်း ...........။ထွန်းလှိုင် - မုံရွာ
 

Pages