Background
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ချင်းတွင်းမြစ်အထက် ပိုင်း ဟုမ္မလင်းမြို့နယ်လို့ဆို ရင် ရွှေတူးဖော် ရာ ဒေသအဖြစ် လူသိများတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ် အတွင်း နေထိုင်ကြသူ အတော်များများ ဟာ ရွှေရှာဖွေတူးဖော် ခြင်းလုပ်ငန်းကို အမှီပြုပြီး၊ အရောင်းအဝယ်လုပ်ကိုင်ကာ လူ ဝင်လူထွက် စည်ကားရာ ဒေသ ကြီး တစ်ခုလည်းဖြစ်ပါတယ်။
ရွှေသတ္တု တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းဟာ သဘာ၀ ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတဲ့ လုပ်ငန်းတစ်ခု ဖြစ်လို့ ဒေသခံများအနေနဲ့ သဘာ၀ ပတ်ဝန်းကျင်လည်း မပျက်စီး၊ ရွှေလုပ်ငန်းလို ဝင်ငွေကောင်းစေမဲ့ လုပ်ငန်းများကို စဉ်းစား လာကြပါတယ်။ နိုင်ငံတော်အကြီးအကဲမှလည်း ရော်ဘာဟာ စက်မှု ကုန်ကြမ်း နှစ်ရှည် ပင်တစ်မျိုးဖြစ်ပြီး၊ ပြည်တွင်းစက်မှု လက်မှုလုပ်ငန်းများရဲ့ ကုန်ကြမ်းလိုအပ်ချက်များကို ဖြည့် ဆည်းပေးနိုင်သလို ပိုလျှံတဲ့ရော်ဘာများကို ပြည်ပကို နိုင်ငံခြား ငွေနဲ့ ရောင်းချပေးနိုင်တဲ့ အသုံးအများဆုံးလိုအပ်တဲ့ ပစ္စည်း ဖြစ်ကြောင်း၊ လူသုံးကုန်ပစ္စည်းများ၊ စက်မှုလက်မှုသုံးပစ္စည်း များမှာလည်း အသုံးများဈေးကွက်ဝင်ပစ္စည်း တစ်မျိုးဖြစ် ကြောင်း၊ စိုက်ပျိုးသူများအနေနဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးနိုင်တဲ့ အခွင့်အလမ်းဖြစ်လို့ အကျိုးများစွာ ဖြစ်ထွန်းနိုင်ကြောင်း၊ လူ နေမှု အဆင့်အတန်း မြင့်မားပြီး၊ ဒေသဖွံ့ဖြိုးတိုးတက်နိုင် ကြောင်း၊ လမ်းညွှန်ချက်များ အရ ရော် ဘာ နှစ်ရှည်ပင်များကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အထိ ဧက ၉၈၀၀ ခန့် စိုက်ပျိုးထားရှိပြီးဖြစ် ပါတယ်။ ၎င်း တို့အနက် ဟုမ္မလင်းမြို့ နယ်မှာ ရွှေဖြူလွှမ်းမဲ့ ရော်ဘာစိုက်ခင်းဧက ၅၁၀၀ ကျော်မှာ ဖြစ်ထွန်းနေပြီး၊ အစေးခြစ် ဧက ၅၀ ခန့် အစေးလှီးထွက်ရှိနေ ပြီဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်တဲ့ ရွှေဝါမြေမှ ယခုအခါသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်း တဲ့ရွှေဖြူ(ရော်ဘာ) ထုတ်လုပ်နိုင်တဲ့ ဟုမ္မလင်းမြို့နယ်ဖြစ်လာပြီ ဖြစ်ပါတယ်။ သဘာ၀ ပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်း၊ စီးပွားလဲဖြစ်၊ နိုင်ငံတော်လည်း ဝင်ငွေတိုးတဲ့ ရော်ဘာစိုက်ပျိုးခြင်းနဲ့ ဒေသ နေ ပြည်သူများ၊ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးလျက် ရှိနေပါကြောင်း ..........။သက်နိုင် - ဟုမ္မလင်း
ဇွန်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၃၃ တန်ဖိုးရှိ ရော်ဘာ ၃၇၁ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံသို့ MSR 20 ၁၆၁ တန် ကျော်နဲ့ မလေးရှား နိုင်ငံသို့ RSS 3 တန်၂၁၀တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက်တန် ၁၆၀ခန့် ပိုမိုတင်ပို့ နိုင်ခဲ့ပါ တယ်။
ဇွန်လတစ်လ လုံးမှာ ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၃ ဒသမ ၀၂၈ သန်းတန်ဖိုးရှိ ရော်ဘာRSS 3 ၈၉၄ တန်နဲ့ MSR 20 ၄၂၆ တန်၊စုစုပေါင်းတန်ချိန် ၁၃၂၀ ကိုတင်ပို့နိုင်ခဲ့ပါတယ်။ နယ်စပ်ကူးသန်းရောင်းဝယ်ရေးစခန်းများ မှ ဇွန်လအတွင်း ၁၇ ဒသမ ၀၇၉ ဒေါ်လာသန်းဖိုးရှိရော်ဘာ အဆင့်စုံ ၆၈၆၀ တန်ကျော် တင်ပို့ခဲ့ပြီးဖြစ်ပါတယ်။ ယခုအပတ်နိုင်ငံတကာရော်ဘာပေါက်ဈေး မှာဈေးအနည်းငယ်ပြန်တက်လာပေမယ့် FOB ရော်ဘာပေါက်ဈေးကတော့ ကွာခြားမှုသိပ်မရှိတဲ့အတွက် ယခင်အပတ် ဈေးနှုန်း အတိုင်း RSS 1 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀-၂၄၀၀၊RSS 3 နဲ့ MSR 20 တစ်တန်လျှင်ဒေါ်လာ၂၂၀၀-၂၃၀၀၊RSS 5 နဲ့ MSR 50 တစ်တန်လျှင်ဒေါ်လာ၂၁၀၀-၂၂၀၀၊ MSR 10 တစ်တန်လျှင် ဒေါ်လာ၂၂၅၀-၂၃၅၀၊ Creep Rubber တစ်တန် လျှင်ဒေါ်လာ ၂၀၀၀-၂၁၀၀ ဖြစ်တယ် လို့ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး (DCCA)
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော်နဲ့လွယ်ဂျယ်တို့မှ ကန်ဒေါ်လာ ၄ ဒသမ ၈၄၇ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၁၃၄၃၀ ကျော်ကို ဇွန်လ ၂၆ ရက်မှ ဇူလိုင်လ ၂ ရက်တာကာလ အတွင်းတင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၅၃၉ တန်နီးပါး၊ချင်းရွှေေ ဟာ်မှ ၄၁၃၆ တန်ကျော်နဲ့ လွယ်ဂျယ်မှ ၁၇၅၅ တန်ခန့် အသီး သီးတင်ပို့ခဲ့ကြပါတယ်။
ယခင်အပတ်က စခန်း (၃) ခုပေါင်း ၁၂၁၁၇ တန်ကျော်သာ တင်ပို့နိုင်ခဲ့ရာ ယခုအပတ်နဲ့နှိုင်းယှဉ်ပါက ၁၃၁၃ တန်ကျော်ပိုမိုတင်ပို့ခဲ့ တာတွေ့ရပါ တယ်။ ၂၀၁၃ ခုနှစ်ဇွန်လမှာ မြန်မာ-တရုတ်နယ်စပ်စခန်းများမှ တင်ပို့ခဲ့တဲ့ပြောင်း တန်ချိန် ၇၄၉၁၁ တန်ကျော်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မေလမှာ ၅၇၉၉၉ တန် ခန့်တင်ပို့ခဲ့တာမို့ ယခင်လထက်လည်း ၁၆၉၁၂ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခု အပတ် မန္တလေး-မူဆယ်ကုန်စည်သယ်ယူ ခနှုန်းထား တွင် ပြောင်း တစ်ပိဿာကို ၅၃ ကျပ်ဖြစ်လို့ ယခင်အပတ်သယ်ယူခထက် ၈ ကျပ်ပိုမိုလာတာတွေ့ရ ပါတယ်။ နှစ်နိုင်ငံ ပြောင်းဈေး များ သိသိသာသာ အပြောင်းအလဲမရှိဘဲ ငွေလဲနှုန်းအရအနည်းငယ် လျော့ကျခဲ့ပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်း ၃၄၄၆၈၃ ၃၅၀၂၄၂ ၅၅၅၉ ၂ ၃၆၂ ၃၆၁ ၁ ၁မော်မော်အောင်၊ MIRT (DCCA)
တရားမဝင်ကုန်သွယ်မှုများလျော့နည်းပပျောက်စေရန်နဲ့ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ ရောက်ရှိစေ ရန်ရည်ရွယ်ပြီး တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်ကတ်(ITC)နဲ့ကုန်သည်ငယ်၊ ကုန်သည်လတ်များကို လုပ်ကိုင်ခွင့်ပြုပေး လျက် ရှိရာ ၂၀၁၂ ဒီဇင်ဘာ ၁ ရက်နေ့မှစပြီး မူဆယ်နဲ့ မြဝတီ ကူးသန်း ရောင်း ဝယ်ရေးစခန်း၊ နိုဝင်ဘာ ၂၁ ရက်နေ့မှာ တမူးကူးသန်းရောင်းဝယ်ရေးစခန်းများကို စတင် ဆောင်ရွက် လျက်ရှိတယ်လို့သိရပါတယ်။
ချင်းရွှေဟော်ကူးသန်းရောင်းဝယ် ရေး စခန်းကိုလည်း ၂၀၁၃ ဧပြီလမှ စတင်ပြီး (ITC) ကတ်ဖြင့်လုပ်ကိုင် ခွင့်ပြုပေး လျက်ရှိရာ မေလနဲ့ ဇွန်လဆန်းပိုင်းမှာ လုပ်ကိုင်မှုမရှိပဲ ဇွန်လနှောင်းပိုင်းမှာ ပြောင်းတန် ၂၀ ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၀၈ သန်းဖိုးကို တင်ပို့နိုင် ခဲ့တယ်လို့ ချင်းရွှေဟော် ကူးသန်းရောင်းဝယ်ရေးစခန်းမှသိရပါတယ်။ဒေသခံအုပ်ချုပ် ရေးအဖွဲ့များ၊ ကုန်သည်ကြီးများအသင်းဝင် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ (ITC) လုပ်ငန်းရှင်များ ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းစည်းရုံးဆောင်ရွက် ပေးကြရန် ၂၀၁၃ ခုနှစ်ဇွန်လမှာပြုလုပ်တဲ့ ကုန်သွယ်မှုမြှင့်တင်ရေးနဲ့ စားသုံးသူ အကာအကွယ်ပေးရေး ညှိနှိုင်းအစည်းအဝေးမှာ စခန်းတာဝန်ခံဒုတိယညွှန်ကြား ရေးမှူး ဦးဇော်ဝင်းမှ ပြောကြားခဲ့တယ်လို့ သိရပါတယ်။Source: ခရဟ KMT(DCCA)
ပခုက္ကူဈေးကွက်ထဲ ပေါက်မြို့နယ် ကြက်သွန်နီအဝင် တွေကို ပြန်ကြည့်ရင် ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာကို ပိဿာချိန် ၉ သိန်း ၇ သောင်း ၃ ထောင်အဝင်ရှိတာကို တွေ့ရပါတယ်။ ဈေးတွေအနေနဲ့ တစ်ပိဿာ ထိပ်စအမြင့်ဆုံး ၃၉၀ ကျပ်၊ အလတ်စ အမြင့်ဆုံး ၃၅၀ ကျပ်၊ အောက်စအမြင့်ဆုံး ၃၀၀ ကျပ် တစ်ပတ်လည်မှာရှိနေခဲ့ပါ တယ်။ နေ့စဉ်အဝင်တွေ အနေ နဲ့ ပိဿာချိန် ၇ သောင်းအထိ အဝင်အများဆုံးနဲ့ ပိဿာချိန် ၇ ထောင်လောက်သာအဝင်ရှိ တဲ့ နေ့တွေလဲရှိပါ တယ်။ ဇွန်လ အတွင်း အမြင့်ဆုံးတစ်ပိဿာ ၃၉၀ ကျပ်လို့ ဆိုရပေမယ့် ၃၇၀ ကျပ်လောက်နဲ့ နေ့စဉ် နီးပါး အရောင်းအဝယ်ဖြစ်တာ ပါ။
ရှမ်းနနွင်းကတော့ ပြည်တွင်း လှောင်လက်တွေသာ အဝယ်ရှိနေပါတယ်။အရောင်းအဝယ်ကလည်း သိပ်မေ ကာင်း တော့ အဝင်ကလည်း နည်းပါတယ်။ အနီးပတ်ဝန်းကျင်ရွာ တွေကသာ တစ်ပတ်မှာ ပိဿာချိန် ၁၀၀၀ ခန့် အဝင်ရှိနေ တယ်လို့လည်း သိရပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ဇွန်လ နောက်ဆုံး သီတင်းပတ်အတွင်းမှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပါ တယ်။ ဇွန်လအတွင်း နနွင်းတင်ပို့ခဲ့တဲ့ နိုင်ငံတွေမှာ စင်ကာပူ နိုင်ငံ၊ ပါကစ္စတန်၊ မလေးရှား၊ အိန္ဒိယ၊ ယူကရိန်းနဲ့ ဖိလစ်ပိုင် နိုင်ငံတို့ဖြစ်ပါတယ်။
ပြည်ပကို ပင်လယ်ရေကြောင်းလမ်းမှ ဇွန်လနောက်ဆုံးသီတင်းပတ်အတွင်းမှာ မန်ကျည်း ၆၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ တန်၊ စင်ကာပူနိုင်ငံကို ၁၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းမှာချင်းအဓိကစိုက်ပျိုးတဲ့ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ ပင်းတယစတဲ့ မြို့နယ်တွေ မှာလည်း ချင်း(ဥမ)တွေ ဖော်နေကြပါပြီ။ ပြီးခဲ့တဲ့ အပတ် ကတော့ ချင်းကို Export အတွက်မဟုတ် ဘဲ၊ လှောင် လက်တွေကသာ ဝယ်ယူမှုရှိခဲ့ တာကြောင့် အရောင်းအဝယ်ကလည်း ခပ်သွက်သွက်တော့ အရောင်းအ ဝယ် ဖြစ်ပါတယ်။ဒီတစ်ပတ်မှာလည်း ပြည်တွင်းသုံးအပြင် စစ်တွေ၊ တမူးက ဝယ်လက် တွေက အိန္ဒိယကို ပို့ဖို့အတွက် ဝယ်ယူမှုရှိလာတာကြောင့် ပိုပြီး အရောင်းအဝယ် သွက်လာပါတယ်။
အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်မှ ချင်းများ၊ ချင်း(ဥမ)များဟာ ယခုတစ်ပတ် ပြည်ဈေးကွက်ကို ယခင်အပတ်အတိုင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့် အဝင်ရှိပြီး၊ အခြားတိုင်းဖြစ်တဲ့ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်ကို ပိဿာချိန် ၂၅၀၀ ခန့်ကို ဈေးကွက် မှတစ်ဆင့်တင်ပို့ခဲ့ပါတယ်။ ပြည်ဈေးကွက်ပွဲရုံများမှာ တစ်ရက်ကို ပိဿာချိန် ၈၀၀ ခန့်နဲ့ ပုံမှန်အရောင်းအဝယ်ဖြစ်လျက် ဈေးနှုန်းများမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၀၀၀ ကျပ်၊(ဂျွန်) ၉၀၀ ကျပ်၊ ချင်း(ဥမ) (ရှယ်) ၈၀၀ ကျပ်၊ (ဂျွန်) ၆၅၀ ကျပ်တို့ နဲ့ အသီးသီးရောင်းဝယ်လျက်ရှိပြီး၊ ယခင်အပတ်ဈေးအတိုင်း မပြောင်းလဲဘဲ ဈေးငြိမ် နေတာ တွေ့ရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
