Main menu

Background

Sunday, 6 Mar 2011

ဖေဖော်ဝါရီလအတွင်း ချင်း ၆ဝ တန်သာတင်ပို့နိုင်                ဒီတစ်ပတ်မှာတော့ ချင်းတင်ပို့နိုင်ခြင်းမရှိပါ။ ဖေဖော်ဝါရီလ ချင်းစုစုပေါင်း တင်ပို့နိုင်ခဲ့တဲ့ တန်ချိန်က ၆ဝ ဒသမ ၄ တန်ပဲဖြစ်ပါတယ်။ ၂ဝ၁၁ ခုနှစ် ဇန်နဝါရီ လ ချင်းတင်ပို့နိုင်မှုက တန်ချိန် ၁ဝ၈ တန်ရှိခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ ချင်း တင်ပို့မှုက တန်ချိန် ၅ဝ လောက်လျော့နည်းခဲ့တာတွေ့ရပါတယ်။ MIRT (DOT) 

Sunday, 6 Mar 2011

သကာပွက်ရည်ဈေးလိုက်လို့ တောင်သူတွေတွက်ခြေကိုက်                ယခုနှစ်ကြံရာသီတွင် သကြားဈေးကောင်းမွန်လျက်ရှိသဖြင့် သကြားချက်ရန် အရေးကြီးကုန်ကြမ်းဖြစ်တဲ့ သကာပွက်ရည်ဈေးလည်း မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ သကာပွက်ရည် တစ်ပိဿာဈေးရဲ့ နှစ်အလိုက် ဈေးကွက်ကိုလေ့လာတဲ့ အခါ ၂ဝဝ၉ ခုနှစ်က တစ်ပိဿာ ၅ဝဝ ကျပ်၊ ၅၅ဝ ကျပ်၊ ၂ဝ၁ဝ ခုနှစ်က ၆ဝဝ ကျပ်၊ ၆၅ဝ ကျပ်ကနေ ယခုနှစ်မှာ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ထိ ဈေးရလာ ခဲ့တာတွေ့ရပါတယ်။ ဒါကြောင့်လည်း အရာတော်မြို့နယ်၊ ဇရစ်ကျေးရွာက ကြံတောင်သူတွေဟာ ဇန်နဝါရီလကုန်ပတ်ကနေ ယနေ့ထိ ကြံခုတ်၊ ကြံရည်ကျိုချက် ပြီးရလာတဲ့ သကာပွက်ရည်ကို မုံရွာမှာရှိတဲ့ ဖောက်သည်တွေထံ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၇၅ဝ ကျပ်ဈေးများနဲ့ တင်ပို့ရောင်းချလျက်ရှိတယ်လို့သိရပါတယ်။ ကြံတစ် ဧကကို သကာပွက်ရည် ၈၅ ပိဿာဝင် အပိုင်း ၂ဝ မှ ၂၅ အတွင်းရရှိလို့ တစ်ဧက ခန့်မှန်းဝင်ငွေကျပ် ၁၅ သိန်းခန့် ရရှိတဲ့အတွက် ကြံတောင်သူတွေ အကျိုးအမြတ် ရရှိခဲ့ကြောင်းသိရပါတယ်။ မုံရွာမှာ သကာပွက်ရည်ဒိုင်ဖွင့်လှစ်ဝယ်ယူသူ တစ်ဦးစ၊ နှစ်ဦးစသာရှိပြီး ကိုယ်တိုင်သကြားဖြူချက်လုပ်ဖို့ အခက်အခဲရှိတဲ့အတွက် မန္တလေးသကြားစက်ကြီးများသို့ ထပ်ဆင့်တင်ပို့ခဲ့ကြောင်း သိရပါတယ်။                                  ထွန်းလှိုင်

Sunday, 6 Mar 2011

ပြောင်းဖူးစေ့တန်ချိန် ၈၇ဝဝ ကျော် နယ်စပ်မှပို့             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ပြောင်းဖူးစေ့ တန်ချိန် ၈၆၁ဝ နဲ့ နံှစားပြောင်း ၄၇၂ တန်ခန့်၊ လွယ်ဂျယ်နယ်စပ်မှ ပြောင်းဖူးစေ့ ၁၄၃ တန်ကျော် စုစုပေါင်း ကန်ဒေါ်လာ ၂ ဒသမ ၃၃ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်ပြောင်းဖူးစေ့ စုစုပေါင်းတန်ချိန် ၈၇၅၃ တန် တင်ပို့နိုင်ခဲ့တဲ့အတွက် ယခင်အပတ်ကထက် ၁၁၁၃ တန်ကျော် ပိုမို တင်ပို့ခဲ့ပါတယ်။ သယ်ယူပို့ဆောင်စရိတ်များ မြင့်မားနေတဲ့အတွက် လားရှိုးပတ်ဝန်းကျင်ဒေသအထွက် ပြောင်းဖူးစေ့များကိုသာ မူဆယ်မှ တင်ပို့နိုင်ပါတယ်။ ယခင် အပတ်ကထက် တန် ၉၇ဝ ကျော်တင်ပို့မှုပိုမိုခဲ့ပါတယ်။ပြောင်းဖူးစေ့ဈေးဟာ ယခင် အပတ်နဲ့ နှိုင်းယှဉ်လျှင် သိသိသာသာ ပြောင်းလဲမှုမရှိပေမဲ့ နံှစားပြောင်းမှာတော့ တစ်ဖက်နိုင်ငံဈေး အနည်းငယ်မြင့်ခဲ့တယ်လို့ သိရပါတယ်။ဖေဖော်ဝါရီလ တစ်လ လုံး ပြောင်းတင်ပို့မှုမှာ တန်ချိန် ၂၈၇ဝဝ ကျော်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ ပြောင်းဈေးများ နှိုင်းယှဉ်ဖော်ပြပေးလိုက်ပါတယ် -                                      မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                          ယခု            ယခင်      ပြောင်းလဲမှု   %       ယခု      ယခင် ပြောင်းလဲမှု       %နံှစားပြောင်း     ၂၆၆၁၄၂     ၂၆၆၁၄၂       -               -         ၃ဝ၄     ၂၈၈       ၁၆                ၅ပြောင်းဖူးစေ့    ၂၈ဝ၆၉၃     ၂၈၅၉၄၅    ၅၂၅            ၂        ၂၈၈      ၂၈၇       ၁              ဝ .၃MIRT (DOBT)

Sunday, 6 Mar 2011

ပြောင်း အပို့လျော့           ဖေဖော်ဝါရီ ၂၁ မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၅၈ဝ တန်၊ တန်ဖိုး ဝ ဒသမ ၆၅ သန်းဖိုးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင် ရက်သတ္တပတ်က ၃၃၆၂ တန်တင်ပို့ခဲ့တာကြောင့်ယခု အပတ်မှာ ၇၈၂ တန်လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ မလေးရှားကို ၇၃ဝ တန်၊ ဖိလစ်ပိုင် ကို ၁၇၃ဝ တန်နဲ့ စင်ကာပူကို တန် ၁၂ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB  ရန်ကုန်ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြားဈေးပေါက် လျက်ရှိကြောင်း သတင်းရရှိပါတယ်။              KZW

Sunday, 6 Mar 2011

အိန္ဒိယရော်ဘာအသင်းမှ အရည်အသွေးအတည်ပြုချက်လက်မှတ် ထုတ်ပေးမည်               သဘာဝရော်ဘာအရည်အသွေးအတည်ပြုချက်လက်မှတ်ကို အဓိကအမျိုးအစားတွေအတွက် ပထမဆုံးအကြိမ် စတင်ထုတ်ပေးတော့မှာဖြစ်ကြောင်းအိန္ဒိယရော်ဘာအသင်းကပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ အိန္ဒိယ ရော်ဘာကို ပိုမိုတိုးမြှင့်လက်ခံလာဖို့အတွက် ရည်ရွယ်ကြောင်းသိရပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့စတုတ္ထအကြီးဆုံး ရော်ဘာ ထုတ်လုပ်သူ ဖြစ်ပါတယ်။ ရော်ဘာအသင်းရဲ့ အရည်အသွေးအတည် ပြုချက်လက်မှတ်ကို အသုံးပြုပြီး အိန္ဒိယရော်ဘာကို ကမ္ဘာ့ဈေးကွက်က တိုးမြှင့်လက်ခံနိုင်မယ်လို့ ရော်ဘာအသင်း ဥက္ကဌ ကပြောကြားခဲ့ပါတယ်။ အစိုးရ အေဂျင်စီများကလည်း ရော်ဘာတိုးမြှင့်ရေးနဲ့ စိုက်ပျိုးရေးကို ဆောင်ရွက်နေ ကြကြောင်း သိရပါတယ်။ လက်ရှိဈေးကွက်မှာ ကမ္ဘာ့ဈေးနှုန်းက ပြည်တွင်းဈေးနှုန်းထက် အများကြီးမြင့်နေပြီး ဒီအချက်က အိန္ဒိယတောင်သူတွေ ပို့ကုန်ပိုမိုတင်ပို့စေပြီး သဘာဝရော်ဘာအမျိုးအစားအတည်ပြုချက် လက်မှတ်ကို အမှတ်တံဆိပ်နဲ့ ပို့ကုန်တင်ပို့သူတွေကို ဖြန့်ဖြူးပေးတော့မှာဖြစ်ကြောင်း ရော်ဘာအသင်းဥက္ကဌကဆက် လက်ပြောကြားခဲ့ပါတယ်။ ဒီအတည်ပြုချက်လက်မှတ်က တင်ပို့သူတွေကို ရော်ဘာအသင်းအနေနဲ့ အမှတ်တံဆိပ် တပ်ခွင့်ပြုမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒီလိုကုန်အမျိုးအစားခွဲခြားခြင်းကြောင့်အိန္ဒိယရော်ဘာကို အရည်အသွေးပြည့်မီပြီး အာမခံချက်ရှိတဲ့ ဈေးနှုန်းကို ရရှိစေကာ အကျိုးအမြတ်ကို ပို့ကုန်တင်ပို့သူတွေသာမက ထုတ်လုပ်သူတွေပါရရှိ ခံစားရမှာဖြစ်ကြောင်း သိရပါတယ်။တင်ပို့မယ့်ပို့ကုန်တွေရဲ့ အမှတ်တံဆိပ်တွေကိုတော့ အိန္ဒိယစံချိန်စံညွှန်းဗျူရိုရဲ့အစိမ်းရောင်စာအုပ်မှာ အသေးစိတ် အချက်အလက်တွေကို ထည့်သွင်းသတ်မှတ်မယ်လို့ သိရပါတယ်။သင်္ဘောတင်အမျိုးအစားတွေကတော့ မှိုင်းခံရော်ဘာပြား (RSS)၊ အိန္ဒိယအဆင့်မှီရော်ဘာ (ISNR) နဲ့ ရော်ဘာအစေးတို့ဖြစ်ကြောင်း သိရပါတယ်။ဒီအတည်ပြုချက်လက်မှတ်ကို ပါလာ သမဝါယမအဖွဲ့၊ ရီဗီယာရော်ဘာစက်ရုံနဲ့ Achoke ကုန်သွယ်ရေးအဖွဲ့တို့က ပူးပေါင်းပြီး ထုတ်ပေးမှာ ဖြစ်ပါတယ်။ဒီစံချိန်စံညွှန်း သတ်မှတ်ချက်ရဲ့ ကောင်းမွန်တဲ့တုံ့ပြန်မှုကို ရော်ဘာတင်ပို့သူများထံမှ ရရှိပြီး မက်ထရစ်တန် ၅ဝဝ ထက်မနည်းတဲ့ အရည် အသွေးမီ ရော်ဘာများကို လာမယ့်ရက်သတ္တပတ်မှာ သင်္ဘောတင်နိုင်မယ်လို့ မျှော်လင့်ရကြောင်း သတင်းရရှိပါတယ်။ KZW,Source:Commodity online 

Sunday, 6 Mar 2011

မြောင်းမြရော်ဘာ ပြည်ပဈေးကွက်ဝင်လာ             မြောင်းမြမြို့နယ် ရော်ဘာစိုက်ပျိုးမှုကို ၁၉၉၆-၉၇ခုနှစ်တွင် ၄၅၃ဧကမှ စမ်းသပ်စိုက်ပျိုးလာရာ ယခုအခါ ၄၉၁၂ ဧကထိရှိလာပြီဖြစ်ပါတယ်။ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ ခြံပိုင်ရှင်တစ်ဦးက ယခုစိုက်ပျိုးဧက ၅ဝ ခန့်ရှိပြီး အထွက်ကောင်း မျိုးသန့်များကို အားဖြည့်စိုက်ပျိုးထားကြောင်း၊ အစေးခြစ်ဧက ၁၅ ဧကလောက်ရှိပြီး၊ မနှစ်ကရော်ဘာဈေးအဖွင့်မှာ တစ်ပေါင်လျှင် ၈၅ဝ-၉ဝဝ ကျပ်လောက်သာရှိရာမှ ယခုနှစ်အဖွင့်တွင် ၁၁၅ဝ ကျပ်၊ ၁၂ဝဝ ကျပ်ထိရှိကာ လက်ရှိပေါက်ဈေးမှာ တစ်ပေါင်လျှင် ၁၅ဝဝ ကျပ်ထိရကြောင်းဆိုပါတယ်။ အစေးခြစ်ရာတွင်လည်း ညဘက်အပူအအေးညီမျှမှုရှိချိန်မှာ ပိုမိုအစေးထွက်ရှိပြီး၊ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ ပြုလုပ်ပါက ရော်ဘာအရည်အသွေးကောင်းမွန်၍ ဈေးကောင်းရနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့ရန်ကုန်ပွဲရုံများသို့တင်ပို့တဲ့ ရော်ဘာအဆင့်ဟာ RSS-2/3  ကြားရှိတယ်လို့ ခြံပိုင်ရှင်မှပြောပါတယ်။ ရော်ဘာ ဟာ နှစ်ရှည်ပင်ဖြစ်တဲ့အပြင် ဒေသသုံးစွဲမှုနည်းပြီး ပြည်ပဈေးကွက် လိုအပ်ချက်မြင့်မားလာခြင်းကြောင့် စိုက်ပျိုး ထုတ်လုပ်မှု ကျယ်ပြန့်လာခဲ့တယ်လို့ နှစ်ရှည်စိုက် ခြံတာဝန်ခံမှ ပြောပါတယ်။ ကျော်လင်း 

Sunday, 6 Mar 2011

နယ်စပ်စခန်းများမှ ရော်ဘာတန် ၁ဝဝဝ ကျော်တင်ပို့             ဖေဖော်ဝါရီလ ၂၃ ရက်မှ မတ်လ ၁ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ ချင်းရွှေဟော်နဲ့ မြိတ် နယ်စပ်စခန်းများမှ ကန်ဒေါ်လာ ၄ ဒသမ ၂၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာတန် ၁ဝဝ၄ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၇ဝ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။တရုတ်ဖက်မှ ရော်ဘာ အဆွဲနည်းတဲ့အတွက် ဈေးကွက်အခြေ အနေစောင့်ကြည့်ပြီး တင်ပို့ရတာမို့ လျော့နည်းရတယ်လို့ သိရပါတယ်။နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၆၂၉ တန်ကျော်၊ ချင်းရွှေဟော် ၂၇၅ တန်ကျော်နဲ့ မြိတ်မှ တန် ၁ဝဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာ နယ်စပ်မှ တန် ၃၇ဝဝ ကျော်တင်ပို့ ထားပြီး ဖြစ်ပါတယ်။ မိမိဘက်မှာရောတစ်ဘက် နိုင်ငံမှာပါဈေးငြိမ် လျက်ရှိတယ်လို့ သိရပါတယ်။မိမိဘက်နဲ့ တစ်ဘက်နိုင်ငံရော်ဘာဈေးများကတော့RSS-3  တစ်တန်ကို ၄၄၁၉၂၆ဝ ကျပ်နဲ့ RSS-5 တစ်တန်ကို ၄၁၆၉၇၈၅ ကျပ်၊ တစ်ဘက်နိုင်ငံမှာRSS-3  တစ်တန်ကို ၅၁၆၃ ဒေါ်လာနဲ့RSS-5 တစ်တန်ကို ၄၇၈၃ ဒေါ်လာ အသီးသီး ဈေးပေါက်လျက်ရှိပါတယ်။                   MIRT(DOBT)  

Sunday, 6 Mar 2011

ရော်ဘာ တန် ၇ဝဝ ပိုမိုတင်ပို့            ဖေဖော်ဝါရီ ၂၁ မှ ၂၈ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ ၂ဝ၁၅ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၈ ဒသမ ၂ဝ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန်ချိန် ၁၃ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တန် ၇ဝဝ နီးပါး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ ရော်ဘာအထွက်ကျတဲ့ရာသီဖြစ်ပြီး ဈေးကောင်းရနေတာကြောင့် ပိုမိုတင်ပို့ နိုင်ခြင်း ဖြစ်ကြောင်း သိရပါတယ်။ တင်ပို့တဲ့နိုင်ငံများကတော့ တရုတ်ကိုRSS -3  ၁၄၄ တန်၊RSS -5 ၁၅၃ တန်၊ စင်ကာပူကို MSR -20  ၂ဝ၁ တန်၊ အာရပ်စော်ဘွားများပြည်ထောင်စုကိုRSS -3  ၂၂၄ တန်၊ မလေးရှားကို RSS -3  ၈၆၂ တန်နဲ့RSS -5 တန် ၄၂ဝ အသီးသီး တင်ပို့ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းကနေတင်ပို့တဲ့ဈေးနှုန်း တွေကတော့ RSS -3  တစ်တန်ကို ၅၄ဝဝ ဒေါ်လာနဲ့ RSS -5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့MSR -20  တစ်တန်ကို ၅၄ဝဝ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။                     KZW 

Sunday, 6 Mar 2011

အိန္ဒိယရဲ့ ဆီးနှင်းခဲတဲ့ အခြေအနေက ကနေဒါပဲလုံးတင်ပို့မှုကို တိုးတက်စေနိုင်               အိန္ဒိယရဲ့ ပဲလုံးစိုက်ပျိုးမှုဟာ ဆီးနှင်းခါးရိုက်မှုကြောင့် အထွက်နှုန်းကျဆင်းတဲ့အတွက် ကနေဒါ တောင်သူများ ပဲလုံး တိုးမြင့်တင်ပို့နိုင်တဲ့ အချိန်အခါကောင်းကို မျှော်လင့်လျက်ရှိပါတယ်။ ယခုရာသီ အိန္ဒိယ ပဲလုံးအထွက်ဟာ အစောပိုင်းမှာ တန်ချိန် ၇ သိန်းထွက်မယ်လို့ ခန့်မှန်းထားရာက အချို့ဒေသတွေမှာ အအေးပိုပြီး နှင်းခါးရိုက်မှုတွေကြောင့် တန်ချိန် ၅၅ဝဝဝဝ ဝန်းကျင်သာ ထွက်ရှိနိုင်ဖွယ်ရှိတယ်လို့ ကနေဒါ ဝက်ဘ်ဆိုဒ် catlemen.ca မှာ ဖော်ပြထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ပဲမျိုးစုံအဓိကတင်သွင်းသူဖြစ်ပြီး နှစ်စဉ်တန်ချိန် ၃ သန်းဝန်းကျင် လိုအပ်လျက်ရှိပါတယ်။ ယခင် နှစ်က အိန္ဒိယကို တင်ပို့မှုအားလုံးရဲ့ ၆၈ ရာခိုင်နှုန်းခန့်ရှိတဲ့ ပဲလုံးတန်ချိန် ၂ ဒသမ ၈ သန်းကို ကနေဒါနိုင်ငံက တင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ်မှာတော့ ကနေဒါ ပဲလုံးတင်ပို့မှုက တန်ချိန် ၂ ဒသမ ၃ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်း ကနေဒါရဲ့ ယခုနှစ် ပဲတင်ပို့မှုဟာ တန်ချိန် ၃ ဒသမ ၁၃ သန်းလို့ ခန့်မှန်းထားလို့ ၂ဝ၁ဝ-၁၁ တင်ပို့ခဲ့တဲ့ တန်ချိန် ၃ ဒသမ ၆၈၇ သန်းထက် ကျဆင်းမယ်လို့ ဆိုပါတယ်။ ၂ဝ၁၁-၁၂ သီးနံှရာသီအတွက် ကနေဒါ ပဲမျိုးစုံလက်ကျန်ဟာ တန်ချိန် ၃ သိန်းခန့် သာရှိနိုင်လို့ ယခင်နှစ်က ကျန်ရှိတဲ့ တန်ချိန် ၇၉၅ဝဝဝ ထက် လျော့ကျမယ်လို့ ဆိုပါတယ်။ လတ်တလော ပဲမိုျးစုံဈေးကွက်မှာ ပဲစိမ်းလုံး တစ်ဘူရှယ်ကို ၈ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၉၃.၉၅) နဲ့ ပဲဝါလေး တစ်ဘူရှယ်ကို ၇ ဒသမ ၇၉ ဒေါ်လာ (တစ်တန်ကို ကန်ဒေါ်လာ ၂၈၆.၂၃) ရှိတယ်လို့ သိရပါတယ်။ ယမင်းရွှေစင်၊Source: commodityonline

Sunday, 6 Mar 2011

မန်းဈေးကွက်က ပဲကြီးသစ် အမြင့်ဈေးနဲ့နေ             ဒေသတွင်းရှိ ကျောက်ဆည်၊ မတ္တရာတို့မှ သီးနံှအသစ်များထွက်ရှိလာပြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းကလည်း ဝင်ရောက်လာတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်း မုံရွာမှလည်း ဒီတစ်ပတ်အတွင်း ဒေသတွင်းသို့ ပဲကြီးသစ် အိတ် ၂ဝဝ ခန့်ဝင်လာတာ တွေ့ရပါတယ်။ တိုင်းတွင်းဒေသများဖြစ်တဲ့ ကျောက်ဆည်နဲ့မတ္တရာတို့က ထွက်တဲ့ ပဲမှာ အလုံးသေးပြီး ပစ္စည်းလှတယ်လို့သိရပါတယ်။ ရန်ကုန်ကို တစ်ပတ်အတွင်း အိတ် ၂ဝဝ ခန့် စီးဆင်းသွားပါတယ်။ ပဲကြီး ၃ တင်းတစ်အိတ်ကို အသစ်က ၆၅ဝဝဝ ကျပ်နဲ့ အဟောင်းက ၆ဝဝဝဝ ကျပ်ဈေးနဲ့ ရောင်းဝယ်နေကြကြောင်း သိရပါတယ်။ ချိုချိုမြင့်

Pages