Background
တိုယိုတာယာမှ ဈေးနှုန်းတိုးမည် အမေရိကန်က တိုယိုတာယာအုပ်စုက ခရီးသည်တင်ကား အပေါ့စားထရပ်ကားနဲ့ စီးပွားရေး လုပ်ငန်းသုံး ကားတာယာများရဲ့ ဈေးကို ၂ဝ၁၁ ခုနှစ် မတ်လ ၁ ရက်နေ့ကစပြီးပျမ်းမျှခြင်း ၈ ရာခိုင်နှုန်း ဈေးနှုန်းတိုးမယ်လို့ ကြေညာ ခဲ့ပါတယ်။ ဒီလိုဈေးနှုန်းတက်ရခြင်းက ကုန်ကြမ်းစရိတ်တွေဆက်တိုက်တက်နေတာ ကြောင့် ဖြစ်ကြောင်း တိုယိုတာယာရဲ့ အရောင်းဌာနညွှန်မှူးက ပြောကြားခဲ့ပါတယ်။တိုယိုတာယာအနေနဲ့ အမြတ်အစွန်းနည်းပေမဲ့လည်း အာမခံနိုင်တဲ့ ထုတ်ကုန်များ ကို ထုတ်လုပ်နေဆဲဖြစ်ကြောင်းနဲ့ ဖောက်သည်တွေနဲ့ သုံးစွဲသူတွေအပေါ် ပံ့ပိုးပေးနိုင်ဖို့ဆက်လက်ကြိုးစားနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။ တိုယိုတာယာက ယခုနှစ်အတွင်း ဈေးနှုန်းတိုးဖို့ ကြေညာခဲ့တဲ့ နောက်ဆုံးတာယာ ထုတ်လုပ် ရေး ဖြစ်ပါတယ်။ Source: MTD,KZW
ရော်ဘာရွက် မှိုကျရောဂါ ထိန်းချုပ်နိုင်ပြီ ကာရာလာဒေသအနီးဝန်းကျင်မှာရှိတဲ့ ရော်ဘာအပင်တွေမှာ အရွက်မှိုကျတဲ့ ရောဂါတစ်မိုျး ဖြစ်ပွား လျက်ရှိရာ ယခုအခါမှာတော့ မှိုသတ်ဆေးများဖျန်းတဲ့ နည်းလမ်းနဲ့ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အိန္ဒိယရော်ဘာ အသင်းက ပြောကြားခဲ့ပါ တယ်။တောင်သူတွေအနေနဲ့ စိုးရိမ်စရာအခြေအနေမရှိတော့ကြောင်းလည်း ရော်ဘာ အသင်းဥက္ကဌက ပြောကြားခဲ့ပါတယ်။ ရော်ဘာအသင်းနဲ့ ရော်ဘာထုတ်လုပ်သူများအသင်းတို့ ပူးပေါင်းပြီး အပင်ကာကွယ်ရေးဌာနကို ဖွင့်လှစ်ဆောင်ရွက် ခဲ့ကြောင်း လည်း သိရပါတယ်။ အိန္ဒိယရော်ဘာသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူးကတော့ သုတေသနပညာရှင်တွေက မကြာခဏ ရော်ဘာစိုက်ခင်းတွေကို လာရောက်ပြီး တောင်သူတွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးမှာ ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။ယခုအရွက် ရောဂါကလည်း ပျိုးခင်းထဲက အပင်ငယ်များကိုသာ ထိခိုက်စေခဲ့ပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလည်း ကာရာလာနဲ့ ကာနာတာက နယ်စပ်တွေမှာ တွေ့ရှိခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။ဒီလိုရောဂါက ကာရာလာမှာ မကြာခဏ ဆိုသလိုဖြစ်နေကြောင်း စိုက်ပျိုးရေး ပညာရှင်တစ်ဦးက ပြောကြားပါတယ်။ ၎င်းရောဂါက ရွက်သစ်ထွက်တဲ့ကာလ ဖြစ်တဲ့ ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလထိ ကာလမှာ ပြင်းထန်ကြောင်း သိရပါတယ်။ နယ်စပ်ကရော်ဘာစိုက်ခင်းတွေမှာ နေရောင် ခြည်ပိုရတဲ့ အပင်များကပိုပြီး ရောဂါဒဏ်ကို ပြင်းပြင်းထန်ထန်ထိခိုက်ခံစားရကြောင်း သတင်းရရှိပါတယ်။ Source: Commodity Online,KZW
ယခုအပတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ရော်ဘာတန် ၁ဝဝဝ ကျော်တင်ပို့နိုင် ဖေဖော်ဝါရီလ ၁၆ ရက်မှ ၂၂ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမRSS-3 ၇၃၇ တန်ကျော်၊RSS-5 တန် ၅ဝ၊MSR-20 ၁ဝ၈ တန်ကျော်နဲ့ MSR-50 ၁၇၈ တန် စုစုပေါင်းကန်ဒေါ်လာ ၄ ဒသမ ၃၆၅ သန်းဖိုးရှိ ရော်ဘာ ၁ဝ၇၄ တန်တင်ပို့နိုင်ခဲ့ပါတယ်။နယ်စပ်အလိုက်တင်ပို့ နိုင်မှုတွေကတော့ မူဆယ်မှRSS-3 ၄၈၃ တန်၊ MSR-20 ၁ဝ၈ တန်ကျော်နဲ့ MSR-50 ၁၇၈ တန်၊ ချင်းရွှေဟော်မှ RSS-3 ၂၅၅ တန်နီးပါးနဲ့ မြိတ်မှ RSS-5 တန် ၅ဝ အသီးသီးဖြစ်ပါတယ်။ယခင်အပတ်ကနဲ့ နှိုင်းယှဉ်လျှင် တန် ၂၂ဝ ခန့်လျော့နည်းတင်ပို့ခဲ့ပါတယ်။မူဆယ်နဲ့ ချင်းရွှေဟော်တို့တင်ပို့မှု လျော့ကျခဲ့ပြီး မြိတ်မှ တင်ပို့မှုပိုမိုခဲ့ပါတယ်။ကမ္ဘာ့ရော်ဘာ ထွက်ရှိတဲ့ နိုင်ငံအချို့မှာ ရာသီဥတုဖောက်ပြန်မှုများကြောင့် ရော်ဘာထွက်ရှိမှုနည်းကာ ပြည်ပရော်ဘာဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက်လာလျက်ရှိရာ ယခုအပတ်မှာ ယခင် အပတ်ကထက် RSS-3 တစ်တန်ကို ယွမ် ၅ဝဝ ပိုမိုမြင့်တက်လျက် ရှိပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(3) ၄၄၁၉၂၆ ၄၃၈၄၆၈၅ ၃၄၅၇၅ ဝ .၈ ၅၁၆၃ ၅ဝ၅၁ ၁၁၂ ၂RSS(5) ၄၁၆၉၇၈၅ ၄၁၅ဝ၉၈၅ ၁၇၈ဝဝ ဝ .၄ ၄၇၈၃ ၄၇၈၃ - -MIRT (DOBT)
တစ်ပတ်အတွင်း တန် ၁၄ဝဝ နီးပါး တင်ပို့ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂ဝ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၈၈ တန် တန်ဖိုး ကန်ဒေါ်လာ ၅ ဒသမ ၇၇၇ သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က ၆၂၂ တန်တင်ပို့ခဲ့တာ ကြောင့်ယခုရက်သတ္တပတ်မှာ ၂ ဆကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့တရုတ်ကို RSS-3 ၃၈ဝ တန်၊ မလေးရှားကိုRSS-3 ၈၄၄ တန်နဲ့RSS-5 ၁၆၄ တန်အသီးသီးတင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ရော်ဘာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်ပြီး ရောင်းလိုအား ပြတ်လတ်ကာဈေးမြင့်နေပါတယ်။ဒါပေမဲ့အဝယ်လိုက် နေတာဖြစ်ကြောင်း သိရပါတယ်။ပင်လယ်ရေကြောင်းက နေ တင်ပို့တဲ့ ဈေးနှုန်းတွေကတော့RSS-3 တစ်တန်ကို ၅၄ဝဝ ဒေါ်လာ RSS-5 တစ်တန်ကို ၅၃ဝဝ ဒေါ်လာနဲ့ MSR- 20 တစ်တန်ကို ၅၄ဝဝ ဒေါ်လာအသီးသီးဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
နှစ်စဉ်ပုံမှန်စိုက်ပျိုးနေတဲ့ ကြက်သွန်နီ ဈေးကွက်တွင် ဝယ်လိုအားကောင်း သောကြက်သွန်နီကို ပြည်ပတင်ပို့နိုင် ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ကုမ္ပဏီများမှ ၂ဝဝ၄-၂ဝဝ၅ ခုနှစ်မှစ ပြီး မြေလွတ်မြေရိုင်းများ ရှာဖွေဖော် ထုတ်စိုက်ပျိုးနေကြောင်း သိရပါတယ်။ ပြည်တွင်းစားသုံးမှုကို မထိခိုက်စေဘဲ မြေယာသစ်မှထွက်ရှိသော သီးနံှအနေ နှင့် ပြည်ပတင်ပို့ရန် ရည်ရွယ်စိုက်ပျိုး ခြင်းဖြစ်ကြောင်းကိုလည်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ထမ္မကြီးကျေးရွာတွင် မြေယာသစ် ဖော်ထုတ်၍ ကြက်သွန်နီစိုက်ပျိုးသော ရွှေကျားရာဇာကုမ္ပဏီစိုက်ခင်းတာဝန်ခံ ဦးအောင်မျိုးနဲ့တွေ့ဆုံခဲ့ရာမှာ ''ထမ္မကြီးကျေးရွာမှာ မြေယာသစ် ၂ဝ၉ ဧကရယူထားပြီး၊ ကြက်သွန်နီကို နှစ်စဉ်စိုက်ပျိုးခဲ့ပါတယ်။ မိုး၊ ဆောင်းနှစ်သီးစိုက်ပျိုးပြီး မိုးကိုပိုမို စိုက်ပျိုးပါတယ်။ အရင်နှစ်ကမိုးစိုက်ဧက ၁ဝဝ နဲ့ ဆောင်းစိုက်ဧက ၇၇ ဧကစိုက်ပျိူးနိုင်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ ရာသီဥတုအခြေအနေအရရော ဈေးနှုန်းအခြေအနေ အရရော အစိုက်နောက်ကျခဲ့လို့ မိုးစိုက်ဧက ၅ဝ နဲ့ ဆောင်းမှာ ကုမ္ပဏီသီးသန့်အနေနဲ့ ဧက ၃ဝ တောင်သူကို မျိုးပေးစိုက် စရိတ်ပေးပြီး ဧက ၄ဝ စိုက်ပျိုးထားပါတယ်။ အထွက်နှုန်းကတော့ ဒီနှစ်မှာလည်း အရင်နှစ်အထွက်နှုန်းအတိုင်း တစ်ဧက ပိဿာသုံးထောင်ကျော်ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စိုက်စရိတ်အနေနဲ့ ဒီနှစ်မျိုးဈေးသက်သာတဲ့အတွက် စိုက်စရိတ် သက်သာခဲ့ပါတယ်။ အရင်နှစ်က တစ်ဧကခြောက်သိန်းကျော်လောက်ကုန်ရာက ဒီနှစ်မှာ တစ်ဧကငါးသိန်းကျော်ပဲ ကုန် ကျခဲ့ပါတယ်''လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ''ဈေးကွက်အနေအထားကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်က ပြည်ပတင်ပို့ခွင့်ရခဲ့ပြီး အကျိုးအမြတ်ဖြစ်ထွန်းမှု ရှိခဲ့ပါတယ်။ မနှစ်ကတော့ ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်မရခဲ့ပေမဲ့ ပြည်တွင်းဈေးကောင်းတာကြောင့် အကျိုးအမြတ် ဖြစ်ထွန်းမှုရှိပြီး ဒီနှစ်မှာလည်း အကိုျးအမြတ်ဖြစ်ထွန်းမယ်လို့ မျှော်မှန်းထားပါတယ်။ ပြည်တွင်းပြည်ပ ဝယ်လိုအားရှိတဲ့ ကြက်သွန်နီ ကို နှစ်စဉ်စိုက်ပျိုးသွားမှာဖြစ်ပါတယ်''လို့ ကုမ္ပဏီတာဝန်ခံတစ်ဦးအနေနဲ့ ပြောကြားချက်အရ သိရပါတယ်။ သင်းးသင်းးမြတ်
ယခင်နှစ်ကလို ဈေးကောင်းမရခဲ့တဲ့ ပြည်ပဲနောက် ပြည်ဈေးကွက်သို့ ပဲတီစိမ်းသီးနံှနဲ့အတူ ဝင်ရောက်တဲ့ ပဲနောက်သီးနံှ သည်လည်း ယခုပဲတီစိမ်း အဝင်ပါးချိန်တွင် ပဲနောက်သီးနံှပါ အဝင်ပါးခဲ့တာကို တွေ့ရပါတယ်။ လက်ကျန်ပဲများသာ အရောင်းအဝယ် ဖြစ်လျက်ရှိပြီး ဈေးနှုန်းမှာ တစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် လက်လီသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခင်နှစ် ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ပဲနောက်တစ်တင်းဈေးမှာ ၃ဝဝဝဝ ကျပ် အထိ ဈေးကောင်းရခဲ့ပြီး ယခုနှစ်မှာတော့ တစ်တင်း ၂၆၅ဝဝ ကျပ်သာ ရရှိခဲ့တဲ့ အတွက် ယခင်နှစ် ဈေးနှင့်ယှဉ်ရင် တစ်တင်း ၃၅ဝဝ ကျပ် ခန့်ဈေးလျော့နည်း ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပြည်ပဲကြီးအသစ်များ ဝင်ရောက်မှုများပြီး ဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီလလယ်မှစလို့ ပဲကြီးအသစ်များ စတင် ဝင်ရောက်လျက်ရှိရာ ယခု ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒေသတွင်းမှ ဝင်ရောက်မှု သာမက မကွေးတိုင်းဒေသကြီးဘက်မှလည်း အိတ် ၁ဝဝ ကျော် ဝင်ရောက် လာခဲ့ပါတယ်။ ယခုနှစ် ပဲကြီးသစ်ပေါ်စအဖွင့်ဈေးမှာ တစ်တင်း ၂၆၅ဝဝ ကျပ် ဈေးစဖွင့်ခဲ့ပြီး ဝင်ရောက်မှုများလာတဲ့အတွက် ယခုတစ်ပတ်မှာ ဈေးအနည်းငယ် ကျသွားခဲ့ကာ တစ်တင်း ၂၄ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိပါတယ်။ ပဲကြီးအဟောင်းဈေးမှာ တစ်တင်း ၂၅ဝဝဝ ကျပ်ထိ ဈေးကျသွားခဲ့ပြီး၊ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အဟောင်းရောအသစ်ပါ အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ထောပတ်ပဲတန်ချိန် ၁၄ဝ ကျော်ပဲ ပို့နိုင် ပင်လယ်ရေကြောင်းက ဂျပန်၊ ကိုရီးယားတွေက အဝယ်ရှိတဲ့ ထောပတ်ပဲကို ဒီတစ်ပတ် (ဖေဖော်ဝါရီလ ၁၇ ရက် ၂၂ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ခန့် သာ တင်ပို့မှုရှိလို့ ယခင်သီတင်းပတ်တွေထက် တိုးတက်မှု မရှိတာတွေ့ရပါတယ်။ ပြည်တွင်းပဲထွက်ရာဒေသတွေက ထောပတ်ပဲတွေ ထွက်လာပြီဖြစ်ပေမဲ့ အစိုက်နည်း လာကြလို့ ထောပတ်ပဲက ရှားကုန်ဖြစ်နေတယ်လို့ ကုန်စည်ဒိုင်တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ထက် အနည်းငယ်ပိုပြီး FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၁ဝ-၉၃ဝ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
ဝယ်လိုအားနည်းလို့ အိန္ဒိယကုလားပဲဈေးအကျဘက်ဆင်း အိန္ဒိယပြည်တွင်း ကုလားပဲဈေးကွက်တွေမှာ လက်လီအရောင်းဆိုင် များနဲ့ ပဲခွဲစက်များက ဝယ်လိုအား နည်းတဲ့အပြင် မဟာရပ်ရှတရာဒေသက ပဲအသစ်တွေ ဝင်လာတဲ့အတွက် ကုလားပဲဈေးအကျဘက် ဆင်းနေကြောင်းသိရပါ တယ်။ အင်ဒိုရီဈေးကွက်တွေကို ကုလားပဲအသစ်အိတ် ၈ဝဝ-၁ဝဝဝ ခန့် စတင် ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပဲအသစ်တွေ တိုးတက်ဝင်ရောက်လာတော့မှာဖြစ်သလို ဝင်လာတဲ့ ပဲအသစ်များကလည်း အစိုဓါတ် ပါဝင်မှုတွေကြောင့် အင်ဒိုရီဈေးကွက်မှာ တစ်တန် ကို ရူပီး ၂၄ဝဝဝ-၂၅၂ဝဝ (ကန်ဒေါ်လာ ၅၃၁-၅၅၇) ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။ အစောပိုင်းက ပဲအထွက်တိုးမယ် ခန့်မှန်းကြပေမဲ့ မဒ္ဒရာပရာဒေ့ရှ်မှာတော့ မိုးရွာတဲ့အတွက် စိုက်ပျိုးမှုနောက်ကျခြင်းနဲ့ အအေးပိုခြင်းတို့ကြောင့် ၁ဝ-၁၅ ရာခိုင်နှုန်းခန့် အထွက်လျော့ကျ နိုင်တယ်လို့ ကုန်သည်တစ်ဦးဖြစ်တဲ့ Mr Rahul Vohra က သုံးသပ်ထားပါတယ်။ ယမင်းခင်၊Source: business standard
ပဲအသစ်ဝင်ရောက်လာလို့ ကုလားပဲဈေးကျလာ ပြည်ဈေးကွက်သို့ ဖေဖော်ဝါရီ တတိယပတ်မှ စပြီး ကုလားပဲသစ်များ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ပန်းတောင်းဘက်က အဝင်ရှိသလို မကွေးတိုင်းမှာ လည်း အဝင်ရှိလာကြောင်း သိရပါတယ်။ ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်းကို ၂၂ဝဝဝ ကျပ်၊ ယခုတစ်ပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ ပဲခွဲစက်သမားများကလည်း ပဲအဟောင်းလက်ကျန်များကို ခွဲခြမ်းပြုလုပ်ရောင်းချခြင်းရှိပြီး အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲအသစ်များမှာ အဝင် ရှိသလောက် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ လွင်လွင်ဆန်း