Background
အဝင်နည်းပေမဲ့ ပြည်ချင်းဈေး ပုံမှန်ရှိ ပြည်ချင်းဈေးကွက်သို့ အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင် အိတ် ၁ဝဝ ခန့်သာ အဝင် ရှိနေပြီး ဈေးနှုန်းမှာ ပုံမှန်ဖြစ်နေပါတယ်။ အရောင်းအဝယ်အားဖြင့် ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၃ဝဝ ခန့်ရှိပြီး ရခိုင်ဘက်ကို စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့် တင်ပို့မှုရှိတယ်လို့ လည်း သိရပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း(ရှယ်) ၁၁ဝဝ ကျပ်၊ (ဂျွန်) ၉၅ဝ ကျပ်တို့ဖြင့် ရောင်းဝယ်နေကြပါတယ်။ ဝင်းလဲ့ဝါ
ချင်းတန်ချိန်သုံးဆယ်တင်ပို့ခဲ့ ဇန်နဝါရီလ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း ချင်းတန်ချိန် ၃ဝ ကို ပင်လယ်ရေကြောင်းလမ်းကနေ ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံက စင်ကာပူနိုင်ငံ ပဲဖြစ်ပါတယ်။ ယခင်သီတင်းပတ်က တစ်တန်ကို FOB ဈေးကန်ဒေါ်လာ ၁၄ဝဝ ကျော်နဲ့ တင်ပို့ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာတော့ ကန်ဒေါ်လာ ၁၄၇ဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်ထက် အပို့လျော့ခဲ့ပါတယ်။ ချင်းတင်ပို့မှု ကနေ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၄၄၃၂၅ ရရှိခဲ့ပါတယ်။ MIRT (DOT)
လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ဘိုကိတ် ပြည်ဈေးကွက်တွင်းသို့ ဘိုကိတ်ပဲများ အဝင်ပါးလာပြီဖြစ်ပါတယ်။ ဘိုကိတ်ပဲမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်တင်းလျှင် ၂၃ဝဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ပြည့်နှစ် ဇန်နဝါရီလက တစ်တင်းကို ၁၆၅ဝဝ-၁၉ဝဝဝ ကျပ်ကြား အရောင်းအဝယ်ကောင်းခဲ့ပြီး၊ ယခုနှစ်မှာ ယခင်နှစ်ဈေးထက် ဈေးကောင်းရ နေပါတယ်။ အဝင်ပါးလာတာကြောင့် ဈေးကောင်းရနေပြီး လက်လီဝယ်ယူသူများနဲ့သာ အရောင်းအဝယ်ဖြစ် နေကြောင်းသိရပါတယ်။ ဆုမွန်မွန်ဆွေ
ပုံမှန်အရောင်းအဝယ်ဖြစ်ပေမယ့် ဈေးငြိမ်နေတဲ့ ပဲကြီး ပဲခူးတိုင်းဒေသကြီးအနောက်တွင် ပဲကြီးသီးနံှကို ယခု ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်မှာ ဧက ၂၈ဝဝဝ ကျော်စိုက်ပျိုး နိုင်ခဲ့ပါတယ်။ မိုးညိုမြို့နယ်နဲ့ နတ်တလင်းမြို့နယ်တွင် အများဆုံးစိုက်ပျိုးခဲ့တာကို တွေ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ်အတွင်း ပဲကြီးဈေးနှုန်းမှာ ပဲဈေးကွက်မှာ ဈေးအများဆုံးဖြစ်ခဲ့သော်လည်း ယခင်နှစ်က ဈေးနှုန်းကို မမီဘူးလို့ သိရပါတယ်။ ၂ဝဝ၉ ခုနှစ် နှစ်ကုန်မှာ ပဲကြီးတစ်တင်း ၃၉ဝဝဝ ကျပ်ထိ ဈေးမြင့်ခဲ့ပြီး ၂ဝ၁ဝ နှစ်ကုန်မှာ ပဲကြီးတစ်တင်း ၃၆ဝဝဝ ကျပ်သာရရှိခဲ့ပါတယ်။ ယခုဇန်နဝါရီလဆန်းကစပြီး ပဲကြီးတစ်တင်း ၃၂ဝဝဝ ကျပ်မှ ၃၃၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြပြီး ယခုဇန်နဝါရီနောက်ဆုံးပတ်တွင် တစ်တင်း ၃၁ဝဝဝ ကျပ်မှ ၃၂၅ဝဝ ကျပ်အထိ တစ်တင်း ၁ဝဝဝ ကျပ်ခန့် ဈေးကျသွားခဲ့ပါတယ်။ တစ်ရက်ကို အိတ် ၂ဝဝ ခန့် ပဲကြော်ဖိုသမားများ အဝယ်ရှိတယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် ထောပတ်နဲ့ ပဲယင်းအသစ်များ တင်ပို့မှုရှိလာ ယခင်သီတင်းပတ်များ ပဲဟောင်းလက်ကျန်ပြတ်သွားလို့ ပြည်ပတင်ပို့မှု ရပ်သွားတဲ့ ထောပတ်ပဲနဲ့ ပဲယင်းများ ယခုတစ်ပတ်မှာ တန်ချိန် ၄ဝ ကျော်စီနဲ့ ပြန်လည်တင်ပို့လာနိုင်ပါပြီ။ အဓိကဈေးကွက်များဖြစ်တဲ့ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယတို့ကို တင်ပို့ခြင်းဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ထောပတ်ပဲ တစ်တန်ကို ကန်ဒေါ်လာ ၉၃ဝ-၉၅ဝ ဖြစ်ပြီး ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၇၁ဝ-၇၃ဝ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
မြေထောက်ပဲတင်ပို့မှု အနည်းငယ်တိုးလာ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ မြေထောက်ပဲ တန်ချိန် ၁၉ဝ ခန့်သာ တင်ပို့မှုရှိခဲ့ရာက ယခုပတ် (ဇန်နဝါရီ ၂ဝ ရက်မှ ၂၆ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝ ခန့်ထိ တိုးတက်တင်ပို့လာတာတွေ့ရပါတယ်။ ဈေးကွက်တွေကို မြေထောက်ပဲအသစ် အနည်းငယ်စီဝင်လာနေပြီဖြစ်ပြီး ပြည်ပဝယ်လက်ပုံမှန်အဝယ်ရှိလို့ ယခုတစ်ပတ်တင်ပို့မှု ပိုလာတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်က တစ်တန်ကို ကန်ဒေါ်လာ ၆၆ဝ-၆၇ဝ ရှိခဲ့ရာက ဇန်နဝါရီလ ၂၇ ရက်မှာ ကန်ဒေါ်လာ ၆၄ဝ-၆၆ဝ ကို လျော့ကျလာတာ တွေ့ရပါတယ်။ အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာတော့ ယခင်တစ်ပတ်ဈေးအတိုင်း မြေထောက်ပဲ (polished) တစ်တန်ကို ကန်ဒေါ်လာ ၈၁၃-၈၃၅၊ (unpolished)တစ်တန်ကို ကန်ဒေါ်လာ ၈ဝ၂ ရှိကြောင်း သိရပါတယ်။ MIRT - MAPT
အအေးပိုမှုကြောင့် ၂ဝ၁ဝ-၂ဝ၁၁ အိန္ဒိယကုလားပဲအထွက် ၂ဝ ရာခိုင်နှုန်းခန့် ကျဆင်းနိုင် အိန္ဒိယနိုင်ငံ အဓိကစိုက်ပျိုးတဲ့ ဒေသ များမှာ အအေးပိုမှုကြောင့် အချို့ဒေသ က ပဲပင်များ ပျက်စီးမှု ဖြစ်ပေါ်တဲ့အတွက် ယခုနှစ် ကုလားပဲထွက်ရှိမှုဟာ ၅ ပုံ ၁ ပုံခန့် ကျဆင်းနိုင်တယ်လို့ ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ကုန်သည်များ ကဆိုပါတယ်။ ဇန်နဝါရီ ၈ ရက်မှာပြီးဆုံးတဲ့ သီတင်းပတ်အတွင်း တစ်နှစ်ထက်တစ်နှစ် စားနပ် ရိက္ခာ ဈေးနှုန်းဖောင်းပွဲမှု ၁၅ ဒသမ ၅၂ ရာခိုင် နှုန်း ရှိနေခြင်းကို ထိန်းချုပ်ဖို့ အစိုးရကကြိုးစားနေတဲ့တိုင် ကမ္ဘာ့ပဲထုတ်လုပ်မှု အများဆုံးလည်းဖြစ်၊ အများဆုံး စားသုံးသူလည်းဖြစ်တဲ့ အိန္ဒိယမှာ ပဲ အထွက်လျော့ကျပြီး ပြည်တွင်းဝယ်လိုအား ကောင်းနေခြင်းတို့ကြောင့် ကုလားပဲဈေးနှုန်း ထပ်မံ မြင့်တက်ဖွယ်ရှိတယ်လို့ သိရ ပါတယ်။ အထွက်လျော့ကျခြင်းက နှစ်စဉ်လိုအပ်ချက် တန်ချိန် ၁၉ သန်းအတွက် အာရှနိုင်ငံတွေက ပဲပိုမိုတင်သွင်းရဖို့ ဖြစ်စေနိုင်ပါတယ်။ အိန္ဒိယ နိုင်ငံဟာ ၂ဝဝ၉- ၁ဝ လိုအပ်ချက်အတွက် သြစတြေးလျက ကုလားပဲအပါအဝင် ပဲမျိုးစုံ တန်ချိန် သုံးသန်းခန့် တင်သွင်းခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ တစ်လကတည်းက မဒ္ဒရာပရာဒေ့ရှ်နဲ့ ရာဂျက်စသန်တို့မှာ အအေးလွန်ကဲပြီး သီးနံှတွေ ပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် ကုလားပဲအထွက်ဟာ ၂ဝ ရာခိုင်နှုန်းလျော့ကျနိုင်တယ်လို့ မဟာရပ် ရှတရာ အခြေစိုက် ကုန်သည်တစ်ဦးက ဆိုပါတယ်။ မဒ္ဒရာပရာဒေ့ရှ် အလယ်ပိုင်းပြည်နယ်က စုစုပေါင်းကုလားပဲထုတ်လုပ်မှုရဲ့ ၄ဝ ရာခိုင်နှုန်းကို ထုတ်လုပ်လျက်ရှိပြီး၊ ရာဂျက်စသန် မဟာရပ် ရှတရာနဲ့ အင်ဒရာပရာဒေ့ရှ်တို့ကလည်း အဓိက ထုတ်လုပ်တဲ့ ပြည်နယ်များဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ယခင်နှစ်က ကုလားပဲတန်ချိန် ၇ ဒသမ ၄ သန်းထွက်ရှိခဲ့ပေမဲ့ ၂ဝ၁ဝ-၁၁ မှာ တန်ချိန် ၇ ဒသမ ၆ သန်းထုတ်လုပ်ဖို့ ရည်မှန်းထားခဲ့ပါတယ်။ ကုလားပဲဟာ အိန္ဒိယမှာစိုက်ပျိုးတဲ့ အဓိက ပဲတစ်မျိုးဖြစ်ပြီး ပုံမှန်အားဖြင့် အောက်တိုဘာမှာ စိုက်ပျိုးပြီး ဖေဖော်ဝါရီလမှာ ရိတ်သိမ်းလေ့ရှိပါတယ်။ မဒ္ဒရာပရာဒေ့ရှ်က ပဲဝင်ရောက်မှုဟာ ၁၅-၂ဝ ရက်ခန့် နောက်ကျနိုင်တဲ့ အတွက် ပြည်တွင်းကုလားပဲဈေး မြင့်တက်ဖွယ်ရှိတယ်လို့ အခြားကုန်သည် တစ်ဦးကလည်း ဆိုပါတယ်။ NCDEX ကုန်စည်ဒိုင်မှာ ဖေဖော်ဝါရီလ ကုလားပဲ စာချုပ်အခြေခံဈေးဟာ ၃ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး၊ တစ်တန်ကို ရူပီး ၂၇၂၆ဝ (ကန်ဒေါ် လာ ၅၉၉)ဈေးဖြစ်ခဲ့ပြီးနောက် ၃-၄ ပတ်လောက် မှာ တစ်တန် ရူပီး၂၈ဝဝဝ(ကန်ဒေါ်လာ၆၇၅)အထိ မြင့်တက်နိုင်တယ်လို့လည်းခန့်မှန်းကြပါတယ်။ သြစတြေးလျမှာ ရေလွှမ်းမိုးခြင်းကြောင့်လည်း အိန္ဒိယကို ကုလားပဲ တင်သွင်းဖို့ နှောင့်နှေးခဲ့တဲ့အတွက် ဈေးမြင့်တက်ဖွယ်ရှိပါတယ်လို့လည်း အခြား ကုန်သည် တစ်ဦးက ဆိုပါတယ်။ အိန္ဒိယနိုင်ငံဟာ နှစ်စဉ်ပဲမျိုးစုံတန်ချိန် ၁၅ သန်းခန့် ထုတ်လုပ်ပြီး၊ ပြည်တွင်းလိုအပ်ချက်ကို ကနေဒါ၊ မြန်မာ၊ အမေရိကန်၊ သြစတြေး လျနဲ့ တူရကီတို့က တင်သွင်းနေရပါတယ်။= ယမင်းးခင်Source: commoditycontrol.com
မုံရွာမှာ ကုလားပဲ ရောင်းလက်ရှား မုံရွာကုန်စည်ဒိုင် ဇန်နဝါရီစတုတ္ထပတ် ကုလားပဲဈေးကွက်အနေနဲ့ ပဲလက်ကျန်နည်းနေပေမဲ့ အရောင်း အဝယ်အသင့်အတင့်ဖြစ်နေဆဲလို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒေသတွင်းခွဲစက်၊ အမှုန့်ကြိတ်စက်၊ ကြာဇံစက်နဲ့ ပဲကြော် လုပ်ငန်းသမားတွေအနေနဲ့ ကုန်ကြမ်းရှိသူတွေထံ လိုက်လံဝယ်ယူမှုသာရှိခဲ့ပြီး၊ ကုန်စည်ဒိုင်မှာ ရောင်းလက် ရှားလို့ ဈေးမဖွင့်နိုင်တဲ့ဈေးတွေရှိခဲ့တယ်လို့သိရပါတယ်။ ဇန်နဝါရီလအတွင်း မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲတစ်တင်းရဲ့ပေါက်ဈေးတွေကို လေ့လာတဲ့အခါ ကုလားပဲ (ရိုးရိုး) အနိမ့်လုံး ၁၈ဝဝဝ ကျပ်ကနေ အမြင့်ဆုံး ၂၂၂ဝဝ ကျပ်၊ ကုလားပဲထိုင်ဝမ်အနိမ့်ဆုံး ၂ဝဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၄၂ဝဝ ကျပ်၊ ကုလားပဲ ဠ၂ အနိမ့်ဆုံး ၂၂ဝဝဝ ကျပ်မှ အမြင့်ဆုံး ၂၆ဝဝဝ ကျပ်၊ ၉၂၉ တစ်တင်း ၂၄ဝဝဝ ကျပ် အသီးသီးဈေးမြောက်ခဲ့ပါတယ်။ ကုလားပဲရိုးရိုးနဲ့ ထိုင်ဝမ်ကပစ္စည်းပြတ်သလောက်ရှိလို့ နေ့စဉ်ပေါက်ဈေးမဖွင့် နိုင်တာတွေ့ရပါတယ်။ ခွဲခြမ်းလက်လီ သမားတွေကတော့ ကုန်ကြမ်းပေါက်ဈေး သက်သာတဲ့ စားတော်ပဲတွေ ဝယ်ယူကြိတ်ခွဲလျက်ရိြှပီး၊ တစ်ပိဿာ ၁၁၈၅ ကျပ်ခန့်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဒီရက်ပတ်ထဲမှာ မန္တလေးကို ကုလားပဲတင်း ၅ဝဝ ခန့်သာ စီးဆင်းသွားနိုင်တယ်လို့သိရပါတယ်။ ထွန်းလှိုင်
ရောင်းသူဈေးကွက်ဖြစ်နေတဲ့ မုံရွာ ပဲတီစိမ်း မုံရွာကုန်စည်ဒိုင် ပဲတီစိမ်းဈေးကွက်မှာ ယခုတစ်ပတ်အတွင်း မန္တလေးနဲ့ရန်ကုန်ဝယ်လက်တွေ အဝယ်သွက် ခဲ့လို့ အရောင်းအဝယ်ပြိုင်ဆိုင်နေတယ်လို့ ပွဲရုံရပ်ကွက်ကသိရပါတယ်။ ပစ္စည်းအဝင် ပုံမှန်သာရှိခဲ့လို့ ရောင်းသူ ဈေးကွက်ဖြစ်ပေါ်နေကာ ဒီရက်ပတ်ထဲမှာ စိမ်းကြီးတစ်တင်း ၂၉ဝဝဝ ကျပ်နဲ့ စိမ်းသေးတစ်တင်း ၂၄ဝဝဝ ကျပ်ထိ ဈေးကောင်းရလျက်ရှိတာတွေ့ရပါတယ်။ ဝယ်လက်အားဖြင့် စိမ်းကြီးကို မန္တလေးလက်နဲ့ စိမ်းသေးကို ရန်ကုန်လက်က ပုံမှန်ထက် အဝယ်သွက်ခဲ့လို့ ဒီရက်ပတ်ထဲ မုံရွာကုန်စည်ဒိုင်ဈေးကွက်မှာ တစ်ရက်လျှင် အိတ် ၅ဝဝ အထက် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ပဲတီစိမ်းစီးဆင်းမှု အနေနဲ့ မန္တလေးကို တင်း ၆ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၂၅ဝ ခန့် တင်ပို့စီးထွက်ခဲ့တယ်လို့ ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်
အဝင်လှိုင်၊ အထွက်လှိုင်တဲ့ စစ်ကိုင်းက ပဲတီစိမ်း ရေဦး၊ တန့်ဆည်၊ ဘုတလင်၊ ကနီ၊ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ အရာတော်၊ မြောင်မြို့နယ် များမှ ပဲတီစိမ်းများ မုံရွာမြို့ကို အဝင်လှိုင်နေပါတယ်။ အဝင်လှိုင်သလို အိတ်စပို့ဝယ်လက်အဆွဲသွက်လို့ မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံပြီးရင် ဒုတိယအရောင်းအဝယ်အဖြစ်ဆုံးက ပဲတီစိမ်းဖြစ်တယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ပဲတီစိမ်းအကြီးထက် အသေးကို အိတ်စပို့ ဝယ်လက်အဆွဲများလို့ မုံရွာကုန်စည်ဒိုင်မှာ နေ့စဉ်ပျမ်းမျှ ပဲတီစိမ်းအသေးတင်း ၈ဝဝ ကျော်နဲ့ ပဲတီစိမ်းအကြီးတင်း ၅ဝဝ ကျော်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုလအတွင်း တစ်ပိဿာအနိမ့်အမြင့်ဈေးမှာ ပဲတီစိမ်းအကြီး ၁၂၁၁ ကျပ်- ၁၅၅၃ ကျပ်၊ ပဲတီစိမ်းအသေး ၁ဝဝဝ ကျပ်-၁၂၈၉ ကျပ်ဈေးအသီးသီးနဲ့ အရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်