Main menu

Background

Sunday, 9 Jan 2011

လက်လီအဝယ်ကြောင့် မတ်ပဲဈေးလည်းမြင့်တက်                      အိန္ဒိယပြည်တွင်း လက်ကားဈေးကွက်ရော လက်လီဈေးကွက်များမှာပါ မတ်ပဲတစ်တန်ကို ရူပီး ၁ဝဝဝ (ကန်ဒေါ်လာ ၂၁ ဒသမ ၉၉) မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လက်လီဝယ်လိုအားတက်လာတာကြောင့် လက်လီရော လက်ကားပါ ဈေးတက်လာတာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဇန်နဝါရီလ ၄ ရက်နေ့ ပိတ်ရက်အပြီး ဈေးကွက်တွေမှာ ပဲအဝင်မရှိတာကြောင့်လည်း ဈေးတက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေလီဈေးကွက်မှာ မတ်ပဲခွဲခြမ်းဈေးဟာ တစ်တန်ကို ရူပီး ၄၇ဝဝဝ-၅၁ဝဝဝ (ကန်ဒေါ်လာ ၁ဝ၃၄- ၁၁၂၂) နဲ့ အရည်အသွေး ကောင်း မတ်ပဲခွဲခြမ်း တစ်တန်ကို ရူပီး ၅၂ဝဝဝ-၅၅ဝဝဝ (ကန်ဒေါ်လာ ၁၁၄၄-၁၂၁ဝ) ဈေးရှိတယ်လို့ သိရပါတယ်။ ယမင်းခင်၊ှSource:TPI

Sunday, 9 Jan 2011

ပြည်မတ်ပဲအရောင်းအဝယ်အေး           ပြည်မြို့ရဲ့ ပဲဈေးကွက်အတွင်း မတ်ပဲဈေးနှုန်းမှာ ဒီဇင်ဘာနောက်ဆုံး ပတ်က ပဲတစ်တင်း ၂၁ဝဝဝ ကျပ်ဈေးနဲ့ ယခုဇန်နဝါရီလ ပထမပတ်မှာ ပဲတစ်တင်းကို ၂၁၂ဝဝ ကျပ်ကို အနည်းငယ်သာ တိုးလာပါတယ်။ မြို့တွင်းပဲ ကုန်သည်များက ဈေးအေးနေပြီး ပဲသစ်ပေါ်ကာနီးလို့ ပဲလက်ကျန်ကို ထုတ် ရောင်းကြတာကြောင့် တစ်နေ့ကို ပဲအိတ် ၂ဝဝ ခန့် အရောင်းအဝယ်ရှိတယ်လို့ သိရပါတယ်။ အဝယ်အေးနေတဲ့ မတ်ပဲကို အခြားတိုင်းမှလည်း အဝင်မရှိဘဲ တိုင်း တွင်းမှ ရန်ကုန်သို့ တစ်နေ့ကို ပဲအိတ် ၁၆ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။                                                                   မိမိအေး

Sunday, 9 Jan 2011

ပုံမှန်တင်ပို့နေတဲ့ မတ်ပဲ                  ယခုတစ်ပတ် (ဒီဇင်ဘာလ ၃ဝ ရက်မှ ဇန်နဝါရီလ ၃ ရက်) အတွင်း ပိတ်ရက်များရှိပေမဲ့ မတ်ပဲတင်ပို့မှုကတော့ တန်ချိန် ၈ဝဝဝ နဲ့ ပုံမှန်ရှိနေတာ တွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယဝယ်လက်များ အဝယ်ရှိလို့ အရောင်း အဝယ်သွက်နေသလို ဈေးလည်းသိသိသာသာမြင့်တက်လာနေ တာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း အိန္ဒိယက တင်ဒါခေါ်ယူထားလို့ လာမယ့်သီတင်းပတ် တွေမှာလည်း တင်ပို့မှု ဆက်လက် အားကောင်းမယ်လို့ ခန့်မှန်းရပါတယ်။ ယခင် တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                              ဒေါ်လာ/တန်                     မတ်ပဲ(FAQ)           မတ်ပဲ(SQ) ၇-၁-၁၁          ၈၁ဝ-၈၂ဝ             ၁ဝဝဝ-၁ဝ၁ဝ ၃၁-၁၂-၁ဝ     ၇၉ဝ-၈ဝဝ              ၉၉ဝ-၁ဝဝဝ                                                                                                                     MIRT(MAPT)

Wednesday, 5 Jan 2011

 ဈေးအတက်အကျ ကြမ်းတဲ့ ကြက်သွန်နီကို အခြားသီးနံှတွေလို တည်တည်ငြိမ်ငြိမ်နဲ့ ထုတ်လုပ်ရောင်းချမှု မှန်ကန်ကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ              မြန်မာနိုင်ငံမှာ ပြည်တွင်းမှာထုတ်လုပ်ပြီး၊ ပြည်တွင်းဈေးကွက်မှာပဲ အဓိက စားသုံးတဲ့ သီးနံှတွေ အများကြီး ရှိပါတယ်။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ အာလူး၊ ကြက်သွန်နီဈေးနှုန်းဟာ ဖြစ်သင့်တဲ့ဈေးနှုန်းအတိုင်း တည်ငြိမ်နေရာကနေလှောင်လက်အချို့ရဲ့ ဈေးကစားမှုကြောင့် ဈေးတက်ခဲ့တာမျိုးတွေ တွေ့နေရပါတယ်။               ၂ဝဝ၉ ခုနှစ် ဇူလိုင်လမှာ ကြက်သွန်နီလောကသားမဟုတ်တဲ့ အခြား ကုန်သည်တွေဝင်ရောက်ဈေးကစားလို့ ရက်ပိုင်း အတွင်း အဆမတန်ဈေးတက်ခဲ့ပြီး အားလုံးခံစားရတာ မှတ်မိကြမယ် ထင်ပါတယ်။ အဲဒီတော့-စားသုံးသူပြည်သူတွေမှာ ကြက်သွန်နီဈေးကြီးဝယ်စားရ၊ တောင်သူပွဲစား၊ ကုန်သည်တွေ ရှုံးတစ် ခါ မြတ်တစ်လှည့်ဖြစ်ကြ၊ ဈေးကောင်း လို့တောင်သူတွေ တိုးစိုက်လိုက်၊ အထွက် များလို့ ဈေးကျလိုက်၊ ဈေးကျလို့ဧက လျော့တော့ အထွက်နည်းလို့ ဈေးပြန်တက်လိုက်၊ ဈေးမတည်ငြိမ်တာကြောင့် မြေယာသစ်မှာ တိုးခဲျ့စိုက်ကုမ္ပဏီတွေ ပြည်ပမတင်ပို့နိုင်တော့ နိုင်ငံတော်အ တွက် ပြည်ပဝင်ငွေလျှော့နည်းသွားနဲ့ သံသရာလည်နေတာပဲ။                 ဈေးကစားလို့ အကျိုးအမြတ်ရတဲ့ ကုန်သည်အချို့ဟာ အနည်းစုပါ။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ကုန်သည် အချို့က အမြတ်ရဖို့နည်းမျိုးစုံ နဲ့ဈေးကစားကြပါတယ်။ လေရောင်း၊ လေဝယ်ဈေးကစားခြင်း၊ ပစ္စည်းအနည်း ငယ်ကို ဈေးကြီးပေး ဝယ်ဈေး ဆွပေးပြီး ဈေးတက်ချိန်မှာ ပစ္စည်းအများအပြား ထုတ်ရောင်းခြင်း၊ လှောင်၍ဈေးကစား ခြင်း၊ စတဲ့အထဲက အခု တလောဂျာနယ်တွေတစ်ဆင့် ကြက်သွန်နီဈေးတက်နေကြောင်း ဆက်လက်ဈေးတက်မယ်လို့ ခန့်မှန်းကြောင်း ဖော်ပြနေတာ တွေဟာ ဈေးကစားခြင်းတစ်ခုပဲ မဟုတ်ပါလား။                အဓိကကျတဲ့စိုက်ပျိုးထုတ်လုပ်မှု ပုံမှန်တိုးတက်နေအောင်လုပ်ပြီး ပြည် တွင်းဖူလုံအောင်၊ ဈေးမတက်အောင် ထုတ်လုပ်သူ တောင်သူ၊ ကုန်သည်၊ စားသုံးသူမျှတတဲ့ အရောင်းအဝယ်ပုံမှန်ဖြစ် အောင်ကြိုးစားကြဖို့လိုပါတယ်။ ထုတ် လုပ်မှုတိုးတက်လို့ပြည်တွင်းဖူလုံပြီး ပိုလံျှရင် ပြည်ပဈေးကွက်ကိုပုံမှန်ချိတ် ဆက်ရောင်းနိုင်အောင် ကြိုးစားရမှာဖြစ် ပါတယ်။ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံအနေနဲ့ စိုက်ပျိုးထုတ်လုပ် ရောင်းချတဲ့လုပ်ငန်းကို ပိုင်ပိုင်နိုင်နိုင် အကျိုးရှိအောင်လုပ်နိုင်ဖို့ အချိန်အခါရောက် ပါပြီ၊ လူတစ်စုကြောင့် စိုက်တာတိုးလျော့ဖြစ်လိုက်၊ ပြည်ပအရောင်းအဝယ် ဖြစ်လိုက်၊ မဖြစ်လိုက် သံသရာက လွတ်ချိန်တန်ပါပြီ။                အဲဒီလိုပါဘဲ ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှု ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်တဲ့အခါ အများပြည် သူထိခိုက် အောင်လုပ်တဲ့ ဈေးကစားတဲ့ ကုန်သည် အချို့ကို ဖော်ထုတ်ပြီးဘယ်လိုလုပ်မလဲ။ စည်းရုံးသိမ်းသွင်းမလား။ ဆိုင်ရာက ဖော်ထုတ် အရေးယူတာ ကောင်းသလား စဉ်းစားစရာဖြစ်ပါတယ်။ အရေးယူတာ ထက် အသိတရားရှိအောင် စည်းရုံးနိုင်တာ အကောင်းဆုံးဖြစ်ပါတယ်။ တောင်သူ၊ ကုန်သည်နဲ့ Exporter တို့ လက်တွဲ စည်းရုံးဖို့ လိုအပ်ပါတယ်။ ဆန်စပါးအထူးပြုကုမ္ပဏီ၊ ပဲအထူး ပြုကုမ္ပဏီတွေလို ကြက်သွန်နီအထူးပြု ကုမ္ပဏီကို တောင်သူကြီးများ၊ ကုန်သည်များ၊ Export  ကုမ္ပဏီများပူးပေါင်းအ ကောင်အထည်ဖော်နိုင်အောင် တူယှဉ် တွဲလို့ စည်းရုံးကြဖို့ တိုက်တွန်းလိုက်ပါရစေ။ T60

Wednesday, 5 Jan 2011

 ကြက်သွန်နီဈေးကျသည်ဖြစ်စေ တက်သည်ဖြစ်စေ တောင်သူတွေနဲ့ ကုမ္ပဏီတွေကတော့ ဆက်လက်စိုက်ပျိုးနေ                  ကြက်သွန်နီဈေးကျလို့ မိုးကြက်သွန်နီတွေမစိုက်တော့ဘူး၊ ကျောက်ဆည်၊ မြစ်သားဘက်မှာ ကြက်သွန်ခင်းတွေ ရေဝင်ပျက်စီးဆိုတာတွေ ဂျာနယ်တွေ မှာတွေ့လိုက်ပါတယ်။ ဟုတ်မဟုတ် စပ်စုကြည့်တော့ မိုးကြက်သွန်နီကို မြင်းခြံ ဘက်မှာ ဧက(၅၆ဝဝ) ကျော်၊ မကွေး ဘက်မှာဧက (၄၂၅ဝ) ကျော်နဲ့ စစ်ကိုင်း ဘက်မှာ ဧက (၁၉၈ဝ) ကျော် စုစုပေါင်း (၁၁၈၃ဝ) ဧကကျော်စိုက်ပြီးပြီလို့ သိရ ပါတယ်။ မကွေးနဲ့ စစ်ကိုင်းဘက်မှာတော့ ယခင်နှစ်အတိုင်းစိုက်ကြပြီး မြင်းခြံဘက် မှာတော့ အရင်နှစ်ထက် ဧက ၂ဝဝ လောက် လျော့စိုက်တယ်လို့ သိရပါတယ်။မြင်းခြံဘက်မှာ အရင်နှစ်ကမိုး ကြက်သွန်နီမိုျးတစ်ပိဿာ ၃ဝဝိ/- အခုနှစ်မှာ ၁၅ဝိ/- ဆိုတော့ထက်ဝက် သက်သာတယ်။ တစ်ဧကကုန်ကျစရိတ် ၂ ဒသမ ၂ သိန်းကျော်၊ အထွက်နှုန်း ၁၂ဝဝ ပိဿာနဲ့ဆို တစ်ပိဿာ ၁၈၃ိ/- လောက်ကျ မယ်မှန်းတယ်။ မြင်းခြံမြို့ ဘက်က မိုးကြက်သွန်နီဒီဇင်ဘာလဆန်း မှာစထွက်ပြီး၊ အခုချိန်မှာတော့ လှိုင်လှိုင် ပေါ်နေပြီ၊ မြင်းခြံဈေးကွက်ကို တစ်ပိ ဿာအကြီး ၈ဝဝိ/- ၊ အလတ် ၇ဝဝိ/-၊ အသေး ၆ဝဝိ/-နဲ့ အရင်အပတ်က တစ်ရက်ပိဿာ ၃ သောင်း၊ မနေ့ကပိဿာ ၅ သောင်းကျော်ဝင်တယ်လို့ဆိုပါတယ်။ တစ်ပိဿာပျမ်းမျှဈေး ၇ဝဝိ/- နဲ့ ရောင်းရတော့ စောစောစိုက်တဲ့တောင်သူတွေ အကိုျးအမြတ်ခံစားရပြီး မစိုက်တော့ဘူး ဆိုသူတွေ မခံစားရဘူးပေါ့။                     ဂီရိမုန်တိုင်းကြောင့် အောက်တိုဘာလမှာ မိုးအဆက်မပြတ်ရွာသွန်းမှုရှိ ခဲ့လို့ မြင်းခြံဘက်မှာ ပျက်စီးမှုမရှိပေမဲ့ မြစ်သားမြို့နယ် ရွာမုန်းကြီးဘက်မှာ တော့ ဆောင်းကြက်သွန်နီ ၁၅ ဧက စိုက်မဲ့ ပိုျးခင်းထဲ ရေဝင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ မြစ်သား ကြက်သွန်နီ ပင်လေးစိုက်တာ အောက်တိုဘာနဲ့ နိုဝင်ဘာမှာ စိုက်ပြီး ဖေဖော်ဝါရီလမှာထွက်လေ့ရှိပါတယ်။ မိုးကြက်သွန်နီကုန်ခါနီးနဲ့ ဆောင်း ကြက်သွန်နီ မထွက်မီအကြားမှာ ထွက်လို့ ဈေးကောင်းရလေ့ရှိပါတယ်။ ကျောက်ဆည်ခရိုင်မှာ ပင်လေး စိုက်ကြက်သွန်နီဟာ ၂ဝ၄၃ဝ ဧကကျော် စိုက်ပျိုးပြီးတဲ့အတွက် အရင်နှစ်ထက် ဧက ၄၆ဝ ကျော်ပိုစိုက်ပါတယ်။ မနှစ် ကထက် ပိုကိုက်မယ်ထင်လို့နဲ့ တူပါတယ်။ ဒီနှစ်ထဲမှာ ကုမ္ပဏီ ၁၁ ခုက မိုးကြက်သွန်နီ ၇၇၆ ဧကနဲ့ ဆောင်းကြက်သွန်နီ ၁၅၄၂ ဧက စိုက်ဖို့ လျာထားစီစဉ်ခဲ့ရာမှာ ဒီ နေ့ထိ မိုးနဲ့ ဆောင်းကြက်သွန် ဧက ၁ဝဝဝ နီးပါး စိုက်ထားပြီးပြီလို့ သိရပါတယ်။ ဈေးကစားချင်တဲ့ ကုန်သည်အချို့က ဂျာနယ်တွေကနေ တစ်ဆင့် ကြက်သွန် နီနဲ့ပတ်သက်လို့ ဖော်ပြကြတော့ ကြက်သွန်နီဈေးနှုန်း ဘယ်လိုဖြစ်လာမလဲလို့ စိတ်ဝင်စားသူတွေလည်း ရှိပါတယ်။ လက်ရှိကြက်သွန်နီလက်ကျန်ဟာ နောက်ထပ် လဝက်ကျော်စားသုံးနိုင်ပြီး မိုးကြက်သွန်နီလည်း လှိုင်လှိုင်ပေါ်၊ မြစ်သား ကြက်သွန်နီ ကလည်း ဖေဖော်ဝါရီလလောက်မှာ ဆက်တိုက်ထွက်တော့မှာမို့ စားသုံးသူတွေ အနေနဲ့ ကြက်သွန်နီပြတ်လပ်မှုနဲ့ ဈေးမြင့်တက်မှု မရှိနိုင်တော့ပါဘူး။ အဲဒါကြောင့် ကြက်သွန်နီဈေးကျသည်ဖြစ်စေ၊ ဈေးတက်သည်ဖြစ်စေ တောင်သူတွေနဲ့ ကုမ္ပဏီတွေကတော့ ပုံမှန်အတိုင်း ဆက်လက်စိုက်ပျိုးနေဆဲပါ။                                                       T60 

Wednesday, 5 Jan 2011

ဈေးအမြင့်မှာ အရောင်းအဝယ်အေးနေတဲ့ ပြည်မန်ကျည်းမှည့်                               ယခု ဒီဇင်ဘာ နောက်ဆုံးပတ် ပြည်မန်ကျည်းဈေးကွက်အတွင်း၌ ပစ္စည်းလက်ကျန်များ နည်းပါးလာပြီး ဈေးမာလာတာကြောင့် ယခုတစ်ပတ် အတွင်း အရောင်းအဝယ် အေးနေ တာကို တွေ့ရပါတယ်။ ယခင်အပတ် ဈေးအတိုင်း မန်ကျည်းသီးအစေ့မပါ တစ်ပိဿာ လက်ကားဈေး ၁၈ဝဝ ကျပ်၊ လက်လီဈေး ၂ဝဝဝ ကျပ်ဖြင့် ဈေးအမြင့်မှာ အရောင်းအဝယ် အေး နေတာကို တွေ့ရပါတယ်။                                                                                   အိရွှေစင် 

Wednesday, 5 Jan 2011

အလားအလာကောင်းတဲ့ နနွင်းတက်                      မြစ်သားမြို့နယ်မှာ နနွင်းတက်စိုက်တဲ့တောင်သူတွေ ဒီနှစ်မှာ နနွင်းတက် ဈေးကြောင့် တွက်ချေကိုက်ကြလိမ့်မယ်လို့ တောင်သူတွေပြောနေကြပါတယ်။ ယခု လက်ရှိဈေးက နနွင်းအဟောင်းတစ်ပိဿာ ၄ဝဝဝ ကျပ်ဝန်းကျင် ဖြစ်နေပါတယ်။                         ဇန်နဝါရီလဆိုရင် နနွင်းသစ်က ထွက်ပေါ်တော့မှာဖြစ်ပါတယ်။ ''မနှစ်က တစ်ဧကစိုက်ရာမှာ လှည်း ၁၆ စီးတိုက် ပိဿာ ၁၂ဝဝ ထွက်ခဲ့ပါတယ်။ ဒီနှစ်အခြေအနေက မိုးနှောင်းကောင်းခဲ့တော့ လှည်းစီးရေ ၂ဝ ဝန်းကျင် ထွက်မယ်လို့ခန့်မှန်းလို့ရပါတယ်။ ဒီနေ့နနွင်းတက် ပွဲစားတွေက နနွင်းတက်အသစ်ကို တစ်ပိဿာ ၂ဝဝဝ ကျပ်နဲ့ ဈေးဖွင့်မယ်လို့ ပြောသံကြားပါတယ်။ ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက် တောင်သူတိုင်း အောင်မြင် ကြမှာပါ။ ပွဲရုံတွေမှာ နနွင်းတက်လက်ကျန်နည်းသွားတော့ အရောင်း အဝယ် ဖြစ်မယ်'' လို့ အထွက်နှုန်းကောင်းခဲ့တဲ့ စပယ်တောကျေးရွာမှ တောင်သူ ဦးစိန်အောင်မင်းက ပြောပါတယ်။                                                                ကျော်မြင့် 

Wednesday, 5 Jan 2011

ပြည်ချင်းဈေးကွက်               ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ ယခုတစ်ပတ်တွင် ပိဿာ ၃ဝ ဝင်အိတ် ၂ဝဝ ခန့်အဝင်ရှိလာပါတယ်။ ယခင်တစ်ပတ်ကထက် အဝင်ပိုလာကာ ဈေးနှုန်းမှာ ပုံမှန်ပဲရှိနေပြီး ချင်း(ကြီး) တစ်ပိဿာ ၁၃ဝဝ ကျပ်၊ (သေး) ၁၁ဝဝ ကျပ်နဲ့ တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့်သာရှိပြီး အရောင်းအဝယ်အေးနေတယ်လို့ သိရပါတယ်။ ဝင်းလဲ့ဝါရှမ်းချင်းသစ် ဈေးကွက်ဝင်                    ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဈေးကွက်ထဲကို ချင်းအသစ်များဝင်ရောက်လျက်ရှိပါတယ်။ ကလော၊ အောင်ပန်းတစ်ဝိုက်က ချင်းများအဝင်များပြီး ဟိုပုံး၊ ပင်းပက်၊ ပင်လောင်းဘက်ကတော့ အနည်းငယ်စဝင်နေတယ်လို့ သိရပါတယ်။ဟိုပုံးချင်း တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ်ဈေးရှိပါတယ်။ နမ့်စန်ချင်းကတော့ အခုမှ ထွက်ကာစဖြစ်လို့ ဈေးကွက်ထဲကို ၁ လပိုင်းလောက်မှ ဝင်နိုင်မယ်လို့ ခန့်မှန်းပါတယ်။ ဈေးကတော့ တစ်ပိဿာ ၄၅ဝ ကျပ်- ၅ဝဝ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။                        အောင်ပန်းဈေးကွက်မှာတော့ ချင်းစို (မြေနီ) အခက်လှတစ်ပိဿာ ၇ဝဝ ကျပ်-၇၅ဝ ကျပ်၊ မြေဝါ (အကြီး) တစ်ပိဿာ ၆၅ဝ ကျပ်-၇ဝဝ ကျပ်၊ မြေဖြူ(အကြီး) တစ်ပိဿာ ၆ဝဝ ကျပ်-၆၅ဝ ကျပ်၊ ချင်းအလတ်တန်းစား တစ်ပိဿာ ၅၅ဝ ကျပ်၊ မျိုးနှုတ်ပြီး ချင်း(အသေး) တစ်ပိဿာ ၄၅ဝ ကျပ်-၅ဝဝ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပုံမှန်အဝင်ရှိပြီး ပြည်တွင်းစားသုံးရန်အတွက် ရန်ကုန်၊ မန္တလေးသို့ တစ်ပတ်အတွင်း ချင်းပိဿာချိန် ၂ သိန်းခွဲ၊ ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်တယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                                            စောယုထွေး 

Sunday, 2 Jan 2011

 ငွေချည် (၆) ချည်မျှင် ရှည်ဝါများ အဝယ်ဒိုင်ဖွင့်၍ ဝယ်ယူနေ                 ပဲခူးတိုင်းဒေသကြီးအနောက်မှာ ဒီဇင်ဘာလမှစပြီး ဝါများခူးဆွတ် နေပြီဖြစ်တဲ့အတွက် အမှတ် (၁) စက်မှုဝန်ကြီးဌာန၊ မြန်မာ့အထည်အလိပ် လုပ်ငန်းက ပြည်မြို့ဝါကြိတ်ဖတ်စက်ရုံမှာ ဝါအဝယ်ဒိုင်ဖွင့်ပြီး ငွေချည် (၆) ချည်မျှင် ရှည်ဝါတစ်ပိဿာကို ၁ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ဝယ်ယူနေကြောင်းသိရပါတယ်။ အိရွှေစင်

Sunday, 2 Jan 2011

ပြောင်းအလားအလာ ဈေးနှုန်းကျဖွယ်ရှိ               ပြောင်းဈေးနှုန်းတွေဟာ ၂၈ လမြင့်တက်ခဲ့ပြီးနောက် ရှေ့အလားအလာ အတွက်ကတော့ ဈေးကျဖွယ်ရှိ ကြောင်းမှန်းဆနေကြပါတယ်။ဂံျုနဲ့ပဲပုပ်လည်း အလားတူစွာ ဈေးကျဖွယ်ရှိကြောင်းသိရပါတယ်။ ချီကာဂို ကုန်သွယ်ရေးအသင်းမှာ မတ်လအတွက် ပြောင်းဈေးနှုန်းက ဝ ဒသမ ၆ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ် ကို ၆ ဒသမ ၁၉ ဒေါ်လာဖြစ်ခဲ့ပါတယ်။ ၂ဝဝ၈ ကတည်းက အာဂျင်တီးနားနဲ့ ဘရာဇီးမှာ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့်စိုးရိမ်ဖွယ်ရာအခြေအနေများရှိခဲ့ပြီး အကြီးဆုံး သီးနံှတင်ပို့သူဖြစ်တဲ့ အမေရိကန်ရဲ့ သီးနံှအထွက် လည်းကျနိုင်ခဲ့တာ ကြောင့် အစောပိုင်းက ပြောင်းဈေးနှုန်း တစ်ဘူရှယ်ကို ၆ ဒသမ ၂၄ ဒေါ်လာရှိခဲ့ ကြောင်း သိရပါတယ်။ နှစ်သစ်ကူးပိတ်ရက်တွေမှာ ချီကာဂိုကုန်သွယ်ရေးအသင်းရဲ့ ပြောင်းဈေးနှုန်းတွေကျဖွယ်ရှိပြီး လာမည့် နှစ်သစ်မှာတော့ လုပ်ငန်းရှင်တွေက ကျဈေးနဲ့ဈေးကွက်ကို ဖွင့်နိုင်ဖွယ်ရှိကြောင်း ဖိလစ်ဖျူးချား ကုမ္ပဏီရဲ့သုတေသီက ပြောကြားခဲ့ပါတယ်။                    အာဂျင်တီးနားက ပြောင်းနဲ့ပဲပုပ်စိုက်ပျိုးတဲ့ ဒေသတွေမှာ ပူပြင်း ခြောက်သွေ့ဆဲဖြစ်ပြီး သီးနံှအထွက်နှုန်းကို ဖိအားဖြစ်စေကာ ဘရာဇီးနိုင်ငံ တောင်ပိုင်းရဲ့ စိုက်ပျိုးရေးဧရိယာတွေမှာ လာမည့်ရက်သတ္တပတ်မှာပိုပြီး ခြောက် သွေ့ဖွယ် ရှိပြီး မြေဆီလွှာစိုထိုင်းမှုကို ထိခိုက်နိုင်ကြောင်း သုတေသီများက ခန့်မှန်းခဲ့ကြပါတယ်။ ဒီလိုဆိုးရွားတဲ့အခြေအနေကြောင့် ပြောင်းသီးနံှတွေပျက်စီးမှာတော့ သံသယ ဖြစ်စရာ မလိုကြောင်းနဲ့ အာဂျင်တီးနားမှာ ပြင်းထန်တဲ့ရာသီဥတု အခြေအနေရှိနေပေမဲ့လည်း မိုးရွာမဲ့ အရိပ်လက္ခဏာကို မကြာမီ အချိန်အတွင်းမှာ မြင်တွေ့ရမယ်လို့ ယုံကြည်မျှော်လင့်ကြောင်း သုတေသီများက ပြောကြားခဲ့တယ်လို့ သတင်းရရှိပါ တယ်။ Source: Bloomberg .com,KZW

Pages