Main menu

Background

Wednesday, 5 Jun 2013

ဒီတစ်ပတ်မှာလည်းရှမ်းနနွင်းက ခပ်ပါးပါးသာ အရောင်း အဝယ်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ ဟိုပုံးနနွင်းကို မူဆယ်ဝယ်လက်တွေ ဝယ်ခဲ့ပါသေးတယ်။ ဒါပေမယ့် မူဆယ် ဝယ်လက်တွေကထွက်ပေါက် တစ်ပေါက်ထဲရှိတာကြောင့်သူတို့ ဆီမှာ များနေရင် ဈေးချပြီး ဝယ်လေ့ရှိပါတယ်။ တောင်သူ တွေ ပွဲရုံတွေကလည်း မတန်တဆဈေးနှိမ်ပြီး ဝယ်တာကြောင့် သိပ်မရောင်းကြပါဘူး။ ငွေလိုပြီး၊ မရောင်းမဖြစ်သူတွေသာ အနည်းငယ် ထုတ်ရောင်းကြပါတယ်။ နနွင်းဟာ ခပ်အေး အေးသာအရောင်းအဝယ်ဖြစ်တာကြောင့်ဟိုပုံးမှာ တောင်သူ၊ ပွဲရုံလက်ကျန် ပိဿာချိန် ၃ - ၄ သိန်းခန့်ကျန်နေသေး တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာတော့ ရေကြောင်းလိုင်း က တစ်ဆင့်သွားဖို့အတွက် ရန်ကုန်ဝယ်လက်တွေဝယ်နေ တာကြောင့်ပိဿာချိန် ၅ သောင်းခန့် အရောင်းအဝယ် ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။ တစ်ပိဿာပေါက်ဈေးက အနိမ့် ဆုံး ၇၀၀ ကျပ်မှ အမြင့်ဆုံး ၁၂၀၀ ကျပ်ဈေး ရှိပါတယ်။ အောင်ပန်းဈေးကွက်မှာ ပြီးခဲ့တဲ့ လလိုပဲ ပြည်တွင်းသုံး အတွက်သာ ဝယ်ယူမှုရှိနေပါတယ်။ ပြည်ပတင်ပို့မှု မရှိပေမယ့် လှောင်လက်တွေကတော့ လှောင်ဖို့အတွက် ဝယ်ယူနေကြပါ တယ်။ ဒီတစ်ပတ်အောင်ပန်းမှာ ဖြစ်ပေါ် နေတဲ့ နနွင်းဈေးက တော့ အနိမ့်ဆုံး ၆၀၀ ကျပ်မှ အမြင့်ဆုံး ၁၁၀၀ ကျပ်ဈေး ရှိပါတယ်။                        ဧဧခိုင် - တောင်ကြီး

Wednesday, 5 Jun 2013

ပင်လယ်ရေကြောင်းလမ်းမှ မေလ ၁၉ ရက်မှ ၂၅ ရက်နေ့အတွင်း နနွင်း ၁၄၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ဒီတစ် ပတ် တင်ပို့မှုမှာ မလေးရှားနိုင်ငံကို ၅၈ တန်နဲ့ ပါကစ္စတန်နိုင်ငံ ကို ၈၆ တန်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့မှု မှာ ပါကစ္စတန်နိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင် ပို့မှုမှာ တန် ခုနှစ်ဆယ်ကျော်သာ ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ခုနှစ်ဆယ် ကျော်ပိုမိုတင် ပို့ နိုင်ခဲ့ပါတယ်။FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ လေးရာ့ ရှစ်ဆယ်နီးပါးရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်မှ ယနေ့အထိ နနွင်းတင်ပို့ခဲ့တဲ့ တန်ချိန်မှာ တန်ချိန် သုံးရာ့ ရှစ်ဆယ်ကျော် ရှိခဲ့ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေမှာ ကန် ဒေါ်လာ နှစ်သိန်းေ ကျာ်ရရှိခဲ့တယ်လို့ သိရပါတယ်။                                             MIRT (DOT)

Wednesday, 5 Jun 2013

ရှမ်းပြည်နယ်သို့ လက်ဖက်ခူး ထွက် နေသောနွားထိုးကြီးမြို့နယ်မှ လက်ဖက်ခူးသမားအများစုမှာလက်ဖက် ခူးပြန်နေ ရ ပြီဖြစ်ကြောင်း သိရသည်။ ရွှေဖီမိုးလွတ် လက်ဖက်ပင်များမှာ ရာသီဥတုကြောင့် မနု၍လက်ဖက်ခူး ရေး အခက်တွေ့ရသည်ဆို၏။ ယမန် နှစ်ကရှမ်းပြည်နယ်တွင် မိုးခေါင်ခဲ့ ၍လက်ဖက်ပင်တို့ အညွန့် မဝေနိုင် ဟုဆို၏။ ထို့ကြောင့် လက်ဖက်ခူး သမားများမှာ ခရီးစရိတ်၊ စားစရိတ်ကုန် နေသည်ဟုဆို သည်။ နွားထိုးကြီးနယ်မှ ရှမ်းပြည် မြောက်ပိုင်းသို့ လက်ဖက်ခူးထွက်သူ (၅၀၀၀) အထက်ရှိနေသည်။ ရွှေဖီမိုး လွတ်လက်ဖက်ရွက်ကို တစ်လကြာခူး ပြီးနောက် ပြန်လာကြပြီဖြစ်ရာ လက် ဖက်မရဘဲစားစရိတ်ရှုံးခဲ့ကြောင်း၊ လက် ဖက်ဈေးကလည်း ၄၀၀၀ အထက်မရှိ ၍ဈေးမရကြကြောင်း လက်ဖက်ခူး သမား တို့ကဆိုသည်။ဌေးမြင့်မောင်

Wednesday, 5 Jun 2013

အောင်ပန်းဈေးကွက်မှာ ချင်း(စို) ဝင်ရောက်မှုနည်းနေပါတယ်။ တောင်သူတွေ မှာလည်း လက်ကျန် မရှိတော့ဘဲ ပွဲရုံလက်ကျန်သာကျန်ရှိပါတော့တယ်။ အောင်ပန်း ပွဲရုံတွေနဲ့ ကုန်သည်တွေကတော့ ဟိုပုံး၊ နမ့်စန်တွေထိ ဆင်းပြီး၊ ဝယ်ယူနေတာ ကြောင့် ဟိုပုံး၊ နမ့်စန်မှာလည်း လက်ကျန်မရှိသလောက်ဖြစ်နေပါပြီ၊ နယ်စပ် လမ်း ကြောင်းဖြစ်တဲ့ တမူး၊ စစ်တွေမှတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်က အဆွဲများနေတာ ကြောင့် ချင်းအဝင်ရှိသလောက်၊ အဝယ် ကလည်းရှိနေပါတယ်။ ပြည်ပတင်ပို့မှုများ နေလို့ ချင်း(စို)က ဒီတစ်ပတ်မှာ ဈေးအတော်မြောက်လာ ပါတယ်။အနိမ့်ဆုံး တစ် ပိဿာ ၇၅၀ ကျပ်မှ အမြင့်ဆုံး ၁၀၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက် ကတော့ ပြည်တွင်း သုံးအတွက်သာ ဝယ်ယူမှုရှိနေပေမယ့် သူလည်းလှောင် လက်တွေ ပြန်ဝယ် နေတာကြောင့် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ တစ်ပိဿာဈေးက ၁၂၀၀ ကျပ် ဈေးရှိပါတယ်။

Wednesday, 5 Jun 2013

ပြည်ချင်းဈေးကွက်မှ ယခုတစ်ပတ်အတွင်း အောင်ပန်းမှချင်းအဟောင်းများ ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်အဝင်ရှိပြီး၊ ယခင်ပတ်ထက် အဝင်များကာ ဈေးနှုန်း မှာလည်းတစ်ပိဿာကို ချင်း(ရှယ်) ၁၄၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်ဖြစ်လို့ ကျပ် ၃၀၀ ခန့် မြင့်တက်လာတာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ဒေသတွင်း ပွဲရုံများမှ လက်လီလက်ကားအဝယ်အပြင် ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကိုလည်း တင်ပို့မှုရှိလို့ တစ်ရက်ကိုပိဿာချိန် ၁၀၀ မှ ၁၈၀ ကြားသာရှိလို့ ယခင်အပတ်ထက် အရောင်းအဝယ်အေးလျက်ရှိပါတယ်။                    ဝင်းဝင်းခိုင်-ပြည်

Wednesday, 5 Jun 2013

မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ပင် လယ် ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၀၆၅ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20  ၄၄၃ တန်ကျော်နဲ့  RSS 3 ၁၈တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခင် အပတ်က တန် ၇၀၀ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခု အပတ်မှာ တန် ၂၀၀ ကျော် လျော့နည်းခဲ့ပါတယ်။ နိုင်ငံ တကာ ရော်ဘာဈေးများမှာလည်း ယခင်အပတ်ကထက် တစ်တန်လျှင် ဒေါ်လာ ၁၀၀ ခန့် ဈေးကျသွားတာကိုတွေ့ရ ပါတယ်။ ပြည်ပပို့မဲ့ ရော်ဘာဈေးများကတော့  RSS 1 တစ်တန်လျှင် ဒေါ်လာ ၂၅၀၀ -၂၆၀၀၊  RSS 2 တစ်တန်လျှင် ဒေါ်လာ ၂၄၀၀- ၂၅၀၀၊  RSS 3 နဲ့ MSR 50 တစ်တန် လျှင်ဒေါ်လာ ၂၃၀၀- ၂၄၀၀၊MSR 10 တစ်တန်လျှင် ဒေါ်လာ၂၄၅၀- ၂၅၅၀၊MSR 20 တစ်တန်လျှင်ဒေါ်လာ ၂၄၀၀- ၂၅၀၀၊ Creep Rubber  တစ်တန်လျှင် ဒေါ်လာ ၂၂၀၀- ၂၃၀၀ ဖြစ်ကြောင်းမြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများအသင်းက ထုတ်ပြန်ထားပါတယ်။ယဉ်ယဉ်အေး DCCA

Wednesday, 5 Jun 2013

အိန္ဒိယတောင်ပိုင်းပြည်နယ်များရှိ ရော်ဘာစိုက်ပျိုးသူ များက မတ်လအတွင်းမှာ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး အား တွေ့ဆုံပြီး ရော်ဘာသွင်းကုန်ခွန်တိုးမြှင့်ခြင်း မပြုပါက အိမ်နီးချင်းနိုင်ငံများမှ ဈေးနှုန်းသက်သာတဲ့ ရော်ဘာများ ဝင်ရောက်မှုများပြားလာပြီး အိန္ဒိယဈေးကွက်ကိုလွှမ်းမိုးသွား နိုင်တဲ့အတွက် ပြည်တွင်းစီးပွားရေး အကျပ်အတည်းနဲ့ ရင် ဆိုင်ရဖွယ်ရှိတယ်လို့ တင်ပြခဲ့ကြပါတယ်။

Wednesday, 5 Jun 2013

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ မေလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလ အတွင်းမှာ ထိုင်းနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၃၀၀ သန်းဖိုးရှိ ပြောင်းမျိုးစေ့ တန် ၁၅၀ နဲ့မလေးရှားနိုင်ငံသို့ ပြောင်းဖူးစေ့ ၂ တန်ခွဲ တင်ပို့နိုင်ခဲ့ပါ တယ်။ ပြောင်း ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဧပြီလအတွင်းက တင်ပို့မှု မရှိခဲ့ပါဘူး။ နယ်စပ်ကူးသန်းရောင်း ဝယ်ရေးစခန်းများမှာ မေလအတွင်း ကန်ဒေါ်လာ ၂၁ ဒသမ ၂၅၂ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၇၉၉၈ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ယဉ်ယဉ်အေး DCCA

Tuesday, 28 May 2013

မန္တလေးတိုင်းဒေသကြီးအတွင်း နှစ်စဉ်စိုက်တဲ့ သီးနှံများထဲမှာ ပြည်ပပို့ကုန် ရော၊ ပြည်တွင်းစားသုံးမှုပါ အရေးပါတဲ့ ပြောင်းဖူးစေ့ကို တိုင်းဒေသကြီးအတွင်း ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း၊ မတ္တရာအစရှိတဲ့ မြို့နယ်များ အပြင် အခြားတိုင်း မြို့နယ်များဖြစ်တဲ့ တန့်ဆည်၊ ရေဦး၊ ဒီပဲယင်းအစရှိတဲ့ ဒေသများမှာ စိုက်ပျိုးတဲ့ ပြောင်းသီးနှံများ၊ ရှမ်းပြည်နယ်၊ ကျောက်မဲ၊ သီပေါမြို့နယ်များမှထွက်ရှိတဲ့ ပြောင်းဖူး စေ့များကို ပွဲစားကုန်သည် စက်ပိုင်များ ကထိန်တော်အသင်း(ကုန်စည်ဒိုင်)ရဲ့ ဈေး ကွက်မှ တစ်လကို အိတ် ၂၀၀၀၀ ဝန်းကျင်နဲ့ တန် ၁၇၅၀၀ ခန့် လစဉ် ရောင်းဝယ်မှု ရှိနေပါတယ်။ ပြောင်းဖူးစေ့သီးနှံများကို ပြည်တွင်းရောင်းဝယ်မှုနဲ့ ပြည်ပတင်ပို့မှုများပါ တွင်တွင်ကျယ်ကျယ်ရောင်းဝယ်မှုပြုတဲ့အတွက် ပဲဈေးကွက်ကို ပြောင်းဈေးကွက်က နေရာယူတဲ့ နှစ်တွေရှိခဲ့တယ်လို့ သိရပါတယ်။

Tuesday, 28 May 2013

အမေရိကန်ဒေါ်လာဈေးသည် နှစ်နှစ်ခွဲကျော်ကာလအတွင်း အမြင့် ဆုံးဈေးနှုန်းကို ပြန်လည်ရောက် ရှိခဲ့ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိ ရှိရသည်။ ဗဟိုဘဏ်၏ရည်ညွှန်းငွေလဲနှုန်း သည် မေလ ၂၀ရက်နေ့က တစ်ဒေါ် လာလျှင် ၉၃၂ကျပ်ရှိခဲ့ပြီး မေလ ၂၂ ရက်နေ့တွင် ၉၄၁ကျပ်သို့မြင့်တက်ခဲ့ သည်။ ယင်းကဲ့သို့ ဗဟိုဘဏ်၏ရည် ညွှန်းငွေလဲနှုန်းမြင့်တက်ခဲ့မှုကြောင့် ငွေ လဲစင်တာများတွင်လည်း ငွေလဲနှုန်းများ မြင့်တက်ခဲ့သည်။ယင်းကဲ့သို့ ငွေလဲနှုန်းများမြင့် တက်ရသည်မှာ အမေရိကန်ဒေါ်လာ များ အဝယ်လိုက်နေ၍ဖြစ်ကြောင်း ဒေါ်လာဈေး ကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။"ဒီတစ်ပတ်အတွင်းမှာ ဒေါ်လာ တွေ တော်တော်အဝယ်လိုက်နေတယ်။ အဝယ်လိုက်တော့ ဈေးတက်တာပေါ့။  ဘဏ်တွေကလည်း လိုက်ဝယ်နေတော့  ဗဟိုဘဏ်ကလည်း ဈေးတက်ရတော့ တာပေါ့။ အဓိကက ပို့ကုန်သမားတွေ က ဝယ်တယ်လို့ထင်တာပဲ။ ပို့ကုန်လုပ် ငန်းကို အဓိကထားပြီးလုပ်နေတဲ့ဘဏ် က ဒေါ်လာကို တခြားဘဏ်တွေထက် ပိုပြီး ဝယ်နေတယ်လို့ သိရတယ်။ နောက်ပြီး အစိုးရကလည်း ပို့ကုန်ကို အားပေးတဲ့သဘောဖြစ်နေတော့ ဒေါ် လာဈေးကို မြင့်တက်အောင်လုပ်တဲ့ သဘောမျိုးပဲ"ဟု ကုန်သည်တစ်ဦးက သုံးသပ်ပြသည်။ဗဟိုဘဏ်အနေဖြင့် ၎င်း၏လုပ် ရိုးလုပ်စဉ်အတိုင်းသွားနေသဖြင့် လက် ရှိဈေးမှာ နိမ့်နေသော်လည်း နောင် တွင် မြင့်တက်သွားနိုင်ကြောင်း၊ ဒေါ်လာ ဈေးမြင့်တက်၍အရောင်းအဝယ်ကောင်း လာပါက အဆင်ပြေနိုင်သော်လည်း ဘဏ်များရှိ ငွေလဲစင်တာများတွင် ငွေ ကို လိုသလောက်ဝယ်ယူမရခြင်းက အခက်တွေ့စေနိုင်ကြောင်း ပြင်ပငွေ လဲ ဈေးကွက်အတွင်းမှ ကိုဦးက သုံးသပ်ပြ ခဲ့သည်။မေလ ၂၀ရက်နေ့က အမေရိ ကန် တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၄၈ကျပ်၊ ဝယ်ဈေး ၉၃၈ကျပ်ရှိခဲ့ပြီး မေလ ၂၁ရက်နေ့တွင် ရောင်းဈေး ၉၄၇ ကျပ်၊ ဝယ်ဈေး ၉၃၇ကျပ်ရှိခဲ့ သည်။ မေလ ၂၂ရက်နေ့တွင် ရောင်း ဈေး ၉၄၈ကျပ်၊ ဝယ်ဈေး ၉၃၈ကျပ်ရှိ ခဲ့ပြီး မေလ ၂၃ရက်နေ့တွင် ရောင်းဈေး  ၉၅၃ကျပ် ဝယ်ဈေး ၉၄၅ကျပ်ရှိခဲ့သည်။မယ်သီတာ

Pages