Background
ဝယ်လိုအားတက်လာတာကြောင့် အိန္ဒိယကုလားပဲအမြင့်ဈေးနဲ့ အရောင်းအဝယ်ဖြစ် အိန္ဒိယနိုင်ငံ ရာဂျက်စသန်မှာ ယခင်နှစ်ထက် လက်ကျန်လျော့ကျခြင်းနဲ့ မဒ္ဒရာပရာဒေ့ရှ်မှာ ကုလားပဲလက်ကျန် အိတ် ၁ဝ သိန်းဝန်းကျင် ကျန်ရှိတယ်လို့ ကုန်သည်များက ဆိုပါတယ်။ ဒါပေမဲ့ အိန္ဒိယရဲ့ လစဉ်ပျမ်းမျှသုံးစွဲမှုက အိတ်ပေါင်း ၆ သိန်းရှိတယ်လို့ ဆိုပါတယ်။ လက်ငင်းဈေးကွက်တွေမှာ လက်ထပ်ရာသီအတွက် ဝယ်လိုအားမြင့်တက်လာတာကြောင့် ဒီဇင်ဘာလပို့ရမယ့် ကုလားပဲဈေးဟာ တစ်တန်ကို ရူပီး ၁၉ဝ (ကန်ဒေါ်လာ ၄ ဒသမ ၁၉) မြင့်တက်ပြီး ၂၄၂ဝဝ (ကန်ဒေါ်လာ ၅၃၃) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပဲအသစ်ဝင်ရောက်လာမယ့် ဖေဖော်ဝါရီလတိုင်အောင် လက်ကျန် လုံလောက်မှုမရှိဘူးလို့ အချို့က ခန့်မှန်းကြပါတယ်။ ရာဂျက်စသန်မှာ အစိုဓါတ် ကောင်းမွန်နေတာကြောင့် ကုလားပဲ စိုက်ပျိုးမှု တိုးတက်လျက်ရှိပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ထိ ဟက်တာ ၈၇၉ဝဝဝ စိုက်ပျိုးပြီးဖြစ်လို့ ယခင်နှစ်ကာလတူ စိုက် ဟက်တာ ၄ဝ၃ဝဝဝ ထက် ၂ ဆပိုမိုနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အင်ဒရာ ပရာဒေ့ရှ်မှာတော့ နိုဝင်ဘာလ ၁၇ ရက်နေ့ထိ စိုက်ပျိုးပြီးစီးမှုဟာ ယခင်နှစ်ထက် ၂ဝ ရာခိုင်နှုန်းလျော့ကျတယ်လို့ သိရပါတယ်။ စိုက်ပျိုးပြီးစီးမှုဟာ ဒီဇင်ဘာလ ပထမပတ်မှာ ပြီးဆုံးမယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ လာမယ့်သီတင်း ၂ ပတ် အတွင်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ မိုးရွာနေဦးမယ်ဆိုရင် စိုက်ပျိုးထားတဲ့ ပဲပင်များ အတွက် အန္တရာယ်ရှိနိုင်လို့ အထွက် လျော့ကျနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ယမင်းခင်၊ှSources: P T I
ဈေးဖွင့်လာတဲ့ မုံရွာပဲတီစိမ်းသေးနဲ့ တည်ငြိမ်နေတဲ့ ပဲတီစိမ်းကြီး မုံရွာကုန်စည်ဒိုင်ရဲ့ နိုဝင်ဘာလ တတိယပတ် ပဲတီစိမ်းဈေးကွက်မှာ ပဲတီစိမ်းသေးဝင်ရောက်လာခဲ့သလို တစ်တင်း ၂၂၅ဝဝ ကျပ်မှ ၂၃ဝဝဝ ကျပ်အတွင်း ဈေးဖွင့်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ တရုတ်ကြိုက် ပဲတီစိမ်းကြီး ဈေးအနေနဲ့ ယခုတစ်ပတ်အတွင်း အောက်စတစ်တင်း ၂ဝဝဝဝ ကျပ်နဲ့ ထိပ်စ တစ်တင်း ၂၆၅ဝဝ ကျပ်မှာ ဈေးဆက်လက် ငြိမ်နေပြီး အသေးကတော့ ရန်ကုန်လက်အဝယ်ရှိနိုင်လို့ ဒေသခံကုန်သည်တွေ နယ်အဝင်ကို ဝယ်ထိန်းလျက်ရှိတယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ပစ္စည်းအဝင်ပုံမှန်ရှိခဲ့ပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ရက်ပျမ်းမျှအိတ် ၃ဝဝ မှ ၅ဝဝ ကြားရှိခဲ့တယ်လို့ သိရပါတယ်။ ဒီရက်ပတ်မှာ မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၃ဝဝဝ ခန့်နဲ့ ရန်ကုန်ကို တင်း ၅ဝဝ ခန့် တင်ပို့စီးဆင်းခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်
ဈေးအမြင့်နဲ့ ဆက်လက်အရောင်းအဝယ်ဖြစ်တဲ့ ပြည်ပဲတီစိမ်း ယခုတစ်ပတ် ပြည်ဈေးကွက်မှာ ပဲတီစိမ်းများ နယ်စုံမှ ဝင်ရောက်လျက်ရှိပြီး တစ်ရက်ကို အိတ် ၄ဝဝ မှ ၅ဝဝအထိ အဝင်ရှိခဲ့ပါတယ်။ ပဲတီစိမ်းဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်းကို ၃ဝဝဝဝ ကျပ်ဖြစ်ခဲ့ရာမှ ၂၈၅ဝဝ ကျပ်ထိ ဈေးပြန်ကျခဲ့ပြီး ယခု နိုဝင်ဘာလနောက်ဆုံးပတ်တွင် တစ်တင်း ၃ဝဝဝဝ ကျပ်၊ ဈေးပြန်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ထိ ရန်ကုန်သို့ ပဲတီစိမ်းတင်ပို့မှုရှိခဲ့သော်လည်းယခုတစ်ပတ်မှာတော့ ဒေသတွင်း၌သာ အဝင်ရှိသလောက် အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ခင်ဆွေဝင်း
အောက်တိုဘာလထက် နိုဝင်ဘာမှ အိန္ဒိယပဲတီစိမ်းဈေးအနည်းငယ်လျော့ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက အောက်တိုဘာလထက် နိုဝင်ဘာလမှာ အနည်းငယ် လျော့လာ တာ တွေ့ရပါတယ်။ အိန္ဒိယပဲစိုက်တဲ့ အချို့ဒေသတွေမှာ လွန်ခဲ့တဲ့ သီတင်းပတ်များက မိုးအဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ပဲအရည်အသွေး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဝယ်လက်များအနေနဲ့ အရည်အသွေးနိမ့် ပဲတီစိမ်းများကို ဈေးလျော့ပေး ဝယ်ယူခဲ့ကြတာကြောင့် ပဲတီစိမ်းဈေးက မြင့်တက်မလာဘဲ လျော့နည်းနေခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကာလတိုအတွင်းမှာတော့ ပဲတီစိမ်းဈေး ခိုင်မာဖွယ်ရှိတယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ချန်နိုင်းဈေးကွက်နဲ့ ဆိပ်ကမ်းများရဲ့ ပဲတီရွှေဝါ C & F ဈေးများကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မွန်ဘိုင်းဈေးကွက် မွန်ဘိုင်း (C & F)၂၄-၁၁-၁ဝ ၉၄၂-၉၅၃ ၁၁၅ဝ၂၃-၁ဝ-၁ဝ ၁ဝ၄၆ ၉၃၅MIRT(MAPT)
ပဲသစ်စပေါ်ပြီဖြစ်လို့ လက်ကျန်များ ထုတ်ရောင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာလ ၁၇ ရက်မှ ၂၃ ရက်ထိ ကာလ အတွင်းပဲတီစိမ်း ၉၁ဝ တန်ကျော် နဲ့ ပဲတီစိမ်း လုံးခြမ်း တန် ၃ဝဝ၊ စုစုပေါင်း ကန်ဒေါ်လာ ဝ ဒသမ ၂၃ သန်းဖိုး တင်ပို့နိုင် ခဲ့ပါတယ်။ ယခင်အပတ်ကထက်ပဲတီစိမ်း တန်၇ဝ ခန့်၊ ပဲတီစိမ်းလုံးခြမ်း ၇၆ တန်ကျော် ပိုမိုတင်ပို့ နိုင်တာတွေ့ရပါတယ်။ တစ်ဖက်နိုင်ငံဈေးပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေး ကျပ် ၆ဝဝဝဝ ခန့်ပိုတာတွေ့ရပါတယ်။ တစ်ဖက် နိုင်ငံဝယ်လိုအား ရှိတာတစ်ကြောင်း၊ ပြည်တွင်းဆောင်း ပဲတီစိမ်းအသစ် ထွက်တာကတစ်ကြောင်း လက်ကျန်ပဲများ ထုတ်ယူ ရောင်းချခဲ့ခြင်းကြောင့် ပိုမိုတင်ပို့လျက်ရှိတယ်လို့ မူဆယ် လယ်ယာထွက်ကုန် ကုန်စည်ဒိုင်မှ သိရပါတယ်။ ယခု အပတ်နဲ့ ယခင်အပတ် နှစ်နိုင်ငံ ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်း ယခု ယခင် ပြောင်းလဲမှု ရာခိုင်နှုန်းပဲတီစိမ်း ၁ဝ၉ဝ၁ဝ၂ ၁ဝ၃ဝ၅၆၉ ၅၉၅၃၃ ၅ .၅ ၁၂၄၇ ၁၂၄၇ -MIRT (DOBT)
ပဲတီစိမ်း ပုံမှန်ပြန်တင်ပို့လာ ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲတီစိမ်းတန် ၅ဝဝ သာတင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ တန်ချိန် ၂၅ဝဝ ကို ပုံမှန်အတိုင်းပြန်တင်ပို့ လာနိုင်တာ တွေ့ရပါတယ်။ အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဝင်ရောက်လာတဲ့ ပဲအသစ်များ က မိုးကြောင့် အရည်အသွေးနိမ့်များလာတဲ့အတွက် ယခုတစ်ပတ်မှာ အရည်အသွေးကောင်းတဲ့ ပခုက္ကူစများကို အဝယ်ပြန် လိုက်လာတယ်လို့ ကုန်သည်တစ်ဦးက ဆိုပါတယ်။ လတ်တလောမှာ တရုတ်ဘက်က အဝယ်ခေတ္တ အေးနေတယ်လို့ သိရပါ တယ်။ ယခုတစ်ပတ် ပြည်ပအဝယ် ရှိလာတဲ့အတွက် လာမယ့်သီတင်းပတ်တွေမှာ တင်ပို့မှုတိုးတက်ဖွယ်ရှိတယ်လို့ ခန့်မှန်းရပါ တယ်။ နိုဝင်ဘာလ ၂၅ ရက် ရန်ကုန် FOB ဈေးအနေနဲ့ ယခင်သီတင်းပတ်ဈေးများဖြစ်တဲ့ ပဲတီစိမ်း (အညာ) FAQ တစ်တန်ကို ကန်ဒေါ်လာ ၉၅ဝ-၉၆ဝ ၊ ပခုက္ကူတစ်တန်ကို ကန်ဒေါ်လာ ၉၇ဝ-၉၈ဝ နဲ့ ရွှေဝါအသေး တစ်တန်ကို ကန်ဒေါ်လာ ၁၂၅ဝ-၁၂၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ပဲအပါအဝင်ပါကစ္စတန်နိုင်ငံရဲ့ အခြေခံစားသုံးကုန် ၂၂ မျိုးရဲ့ ဈေးများကျဆင်း ပါကစ္စတန်နိုင်ငံမှာ ကုလားပဲ၊ ကြက်သွန်နီ၊ ဆန်၊ နို့၊ ပန်းသီးနဲ့ အာလူးဈေးများ အပါအဝင် စားသုံးကုန် ၂၂ မျိုးရဲ့ ဈေးများ ကျဆင်းလာခဲ့ပြီဖြစ်တယ်လို့ ဖဖန် လက်လီဈေးနှုန်းစောင့်ကြည့်ရေးအဖွဲ့က နိုဝင်ဘာလ ၂၄ ရက်နေ့က ကြေညာခဲ့ပါတယ်။ အခြားစားသုံးကုန် ၁၅ မျိုးမှာ ယခင်ဈေးအတိုင်း ပြောင်းလဲခြင်းမရှိဘူးလို့ သိရပါတယ်။ နိုင်ငံတစ်ဝန်းရှိ စားသုံးကုန် ၂၂ မျိုးရဲ့ ဈေးနှုန်းများမှာ ပျမ်းမျှ ၈ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ပြီး အခြားစားသောက်ကုန် ၃ဝ မျိုးရဲ့ ဈေးနှုန်းများမှာ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့တယ်လို့ အောက်တိုဘာလအတွင်း ပြည်နယ် ၄ ခုရှိ ခရိုင် ၇၃ ခုမှ မြို့ပေါင်း ၁၁၂ မြို့ရဲ့ လက်လီဆိုင်များမှာ ရောင်းချနေတဲ့ ကုန်စည် ၆၉ မျိုးရဲ့ ဈေးနှုန်းများ စစ်တမ်း ကောက်ယူခဲ့ချက်အရ သိရပါတယ်။ အခြေခံစားသောက်ကုန်အချို့ရဲ့ ဈေးများကျဆင်းခဲ့ပေမဲ့ အမျိုးအစား ၃ဝ ခုရဲ့ ဈေးနှုန်းများကတော့ စက်တင်ဘာလနဲ့ နှိုင်းယှဉ်ရင် အောက်တိုဘာလမှာ ၅ ရာခိုင်နှုန်းခန့်မြင့်တက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကျဆင်း လာတဲ့ စားသောက်ကုန်များမှာ ယခုမြင့်တက်နေတဲ့ စားသောက်ကုန်များထက် ဈေးကွက်မှာပိုမိုအရေးပါတဲ့ ပစ္စည်းများ ဖြစ်တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလအတွင်း ကုလားပဲနဲ့ ပဲနီလေးဈေးများမှာ ၄ ရာခိုင်နှုန်းခန့်စီနဲ့ ကြက်သွန်နီဈေးက ၃၇ ရာခိုင်နှုန်း၊ဘာစမာတီဆန်ဈေးက ၁၄ ရာခိုင်နှုန်းခန့် ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မုန်ညှင်းဆီမှာ ၅ ရာခိုင်နှုန်း၊ ဂျုံနဲ့ ပဲတီစိမ်းဈေးမှာ ၂ ရာခိုင်နှုန်းစီ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ယမင်းးခင်၊် ှSources: dailytimes
ဈေးအမြင့်နဲ့ လက်ကျန်ပြတ်သွား တဲ့ ပဲလွန်းဖြူ ပဲခူးတိုင်းဒေသကြီး အနောက်မှ ဆောင်းသီးနံှ ပဲလွန်းဖြူကို ၂ဝ၁ဝ- ၂ဝ၁၁ ခုနှစ် လျာထားဧက ၃၇ဝဝဝ ခန့်မှာ စိုက်ပျိုးပြီးတဲ့ဧက ၈၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်မြို့ရဲ့ ပဲဈေးကွက်မှာ ပဲလွန်းဖြူ လက်ကျန်မရှိတာ ကြောင့် အရောင်းအဝယ်မဖြစ်ဘဲ နောက်ဆုံးဈေး ပဲတစ်တင်းကို ၃ဝဝဝဝ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။ မိမိအေး
ပဲလွန်းဖြူ တင်ပို့မှုပိုလာ၊ ပဲယင်း တန် ၅ဝ တင်ပို့ ပြည်တွင်း ဈေးကွက်တွေမှာ လက်ကျန် တော်တော်လေး နည်းလာ ပြီဖြစ်တဲ့ အခြားပဲများထဲမှာ ပဲလွန်းဖြူ တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က ၄၈ တန်သာတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် နိုဝင်ဘာလ ၁၈ ရက်မှ ၂၃ ရက် အတွင်းမှာတော့ တန်ချိန် ၂၄ဝ ခန့်ထိ ပြန်လည်တိုးတက် တင်ပို့လာတာ တွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ စင်ကာပူ၊ ယူအေအီး၊ ကိုရီးယားတို့ ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၂၅ ရက်မှာ FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ၊ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ နဲ့ ယခင်တစ်ပတ်ဈေး အတိုင်း ပြောင်းလဲမှုမရှိကြောင်း သိရ ပါတယ်။ MIRT - MAPT
ပြည်ပဲစင်းငုံအရောင်းအဝယ်အနည်းငယ်သာဖြစ် ပြည်ဈေးကွက်တွင် ပဲစင်းငုံမှာ ပိဿာ ၂ဝ တစ်တင်းကို ၁၆၅ဝဝ ကျပ်ဖြင့် ယခင်တစ်ပတ်ဈေးအတိုင်း ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဝင်ရောက်မှု အနေဖြင့် ပြည်ဈေးကွက်သို့ ယခင်အောက်တိုဘာလက အခြားတိုင်းမှ ပဲစင်းငုံအိတ် ၁၅ဝ အဝင်ရှိခဲ့ပြီး ယခုနိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာတော့ ကျောက်ပန်း တောင်းမြို့နယ်မှ အိတ် ၄ဝဝ အဝင်ရှိကြောင်း သိရပါတယ်။ ရောင်းဝယ်မှု အနေဖြင့် ဈေးကွက်အတွင်း ငွေလိုသူ တချို့သာ ထုတ်ရောင်းနေတဲ့အတွက် အရောင်းအဝယ် အနည်းငယ်သာရှိကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
