Background
ပါကစ္စတန်နိုင်ငံ ပဲထွက်ရှိမှု တန့်နေပြီး ဈေးနှုန်းမြင့်တက် လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပါကစ္စတန်နိုင်ငံရဲ့ ပဲမျိုးစုံဈေးနှုန်းဟာ ၄ဝဝ ရာခိုင်နှုန်းကျော် မြင့်တက်လာခြင်းက အစိုးရအတွက် ဦးစားပေးဆောင်ရွက်ရမယ့်အချက်ဖြစ်လာခဲ့ပါတယ်။ နိုင်ငံရဲ့ ပဲမျိုးစုံ ထုတ်လုပ်မှုက တက်မလာဘဲ တန့်နေရ တဲ့အတွက် ဈေးနှုန်းမြင့်တက်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။လွန်ခဲ့တဲ့ ၁ဝ စုနှစ်အတွင်းမှာ ပဲထုတ်လုပ်မှုက တန်ချိန် ၇ သိန်းနဲ့ ၁ဝ သိန်း အတွင်းမှာသာ ရှိနေပြီး လူဦးရေက တစ်နှစ်တခြားတိုးပွားလာတာကြောင့် ဈေးကွက်တွေမှာ ပဲပြတ် လပ်ပြီး ဈေးနှုန်းမြင့်တက်မှု ဖြစ်လာခြင်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းမှာ ပဲမျိုးစုံဖြန့်ဖြူးမှု လုံလောက်စေဖို့နဲ့ ထုတ်လုပ်မှု မြင့်တင်ဖို့ကို နည်းဗျူဟာတစ်ရပ်နဲ့ ပြင်ဆင်ရမယ်လို့ ဆိုပါတယ်။ မိုးရေခံမြေများမှ ပဲစိုက်ပျိုးမှုကို ဆည်ရေသောက်ဧရိယာကို ပြောင်းရွှေ့စိုက်ပျိုးဖို့ဟာလည်း ဗျူဟာတစ်ရပ် ဖြစ်ပါ တယ်။ ရေအလုံအလောက်မရရှိခြင်းဟာလည်း အထွက်နှုန်းကျဆင်းစေဖို့ အကြောင်းရင်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၃နှစ် အတွင်း ပဲမျိုးစုံတစ်ဧကက ၂၄၂ ကီလိုမှ ၂ဝ၅ ကီလိုကိုလျော့ကျခဲ့ခြင်းဟာ အဓိကအားဖြင့် ရေမလုံလောက် ခြင်းကြောင့် လို့ ဆိုပါတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်ကတော့ မျိုးစေ့အရည်အသွေးညံ့ဖျင်းခြင်းလို့ ဆိုပါတယ်။ ဒါကြောင့် ပဲမျိုးစေ့များ တိုးတက်ဖို့အတွက် အစီအမံများဆောင်ရွက်မယ်ဆိုရင် လာမယ့်နှစ်အနည်းငယ်မှာ ဈေးကွက် ဈေးနှုန်းတည်ငြိမ်မယ်လို့ ခန့်မှန်းထားပါတယ်။ ပဲတီစိမ်းမိုျးစေ့အစားထိုး စိုက်ပိုျးမှုအစီအစဉ်တစ်ရပ်စတင်ခဲ့စဉ်က ရလဒ်ကောင်းထွက်လာခဲ့ပေမဲ့ အခြားပဲများကို တိုးခဲျ့စိုက်လာကြတဲ့အတွက် ပဲတီစိမ်းအစီအစဉ် ပျက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ စိုက်ပျိုးရေးဆိုရင် လိုအပ်ချက်များကို ရေရှည်စီမံကိန်းများ ချမှတ် ဆောင်ရွက်သင့်တယ်လို့ ဆိုပါတယ်။ ယမင်းခင်၊ှSources: dawn.com
လက်ကျန်ပြတ်သွားပေမယ့် ဈေးဖွင့်ထားတဲ့ ပြည်ထောပတ်ပဲ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ကောက်စောစပါးများ ရိတ်သိမ်းပြီး ဆောင်းသီးနံှပဲမျိုးစုံများကိုလည်း စတင် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနံှတစ်မျိုးဖြစ်တဲ့ ထောပတ်ပဲကိုလည်း တောင်သူများ စတင်စိုက်ပျိုးနေပြီဖြစ်လို့ နိုဝင်ဘာလ လယ်အထိ ဧက ၅၅ဝ ကျော်စိုက်ပျိုးပြီးပြီလို့ သိရပါတယ်။ ထောပတ်ပဲမှာ ယခုနှစ်အတွင်း တစ်တင်းကို ၂၄ဝဝဝ ကျပ်မှ ၂၆၅ဝဝ ကျပ်ထိဈေးမြင့်လာခဲ့ပြီး ပဲလက်ကျန်ပြတ်သွားချိန်မှာလည်း ဈေးအမြင့်နဲ့ ဈေးကွက် ပျောက်သွားတယ်လို့ သိရပါတယ်။ လက်ကျန်ပြတ်ပြီး ဈေးကွက်ပျောက်နေပေမယ့် ပိဿာ ၂ဝ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ယခုနိုဝင်ဘာလ တတိယပတ်ထိဈေးဖွင့်ထားကြောင်း သိရှိရပါတယ်။ ခင်ဆွေဝင်း
ရွှေကျွန်းနဲ့ ကမ်းနား အရောင်းအဝယ်သွက်နေတဲ့ ပြည်ပဲကြီးဈေးကွက် ပြည်ပဲကြီး ( ရွှေကျွန်းနဲ့ ကမ်းနား) မှာ ယခင်တစ်ပတ်ထက် ဆက်လက်ဈေးမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်သာရှိခဲ့ပြီး၊ ယခုနိုဝင်ဘာလ တတိယပတ်အတွင်းမှာတော့ ပဲကြီး (ကမ်းနား)တစ်တင်းကို ၃၂ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာကာ ပဲကြီး (ရွှေကျွန်း) မှာတော့ တစ်တင်းကို ၃၄ဝဝဝ ကျပ်ထိ ဈေးမြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပဲကြော်ဖို များမှ ပဲကြီးကမ်းနားသာမက ရွှေကျွန်းပါ အဝယ်လိုက်လာတဲ့အတွက် ယခင်တစ်ပတ်ဈေးထက် ဈေးမြင့်တက်ခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပဲကြီး (ကမ်းနား) မှာ တစ်နေ့ကို အိတ် ၁၅ဝ-၂ဝဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး (ရွှေကျွန်း)မှာတော့ တစ်နေ့ကို အိတ် ၁ဝဝ ခန့် အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ခင်ဆွေဝင်း
ယခုတစ်ပတ် မြေထောက်ပဲတန် ၁၂ဝ တင်ပ ယခင်တစ်ပတ်က တင်ပို့မှုမရှိသလောက်နည်းသွားတဲ့ မြေထောက်ပဲဟာ ယခုတစ်ပတ် နိုဝင်ဘာ ၁၁ ရက်မှ ၁၆ ရက်အတွင်း တန် ၁၂ဝ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်နှစ်ဆောင်းပဲ လက်ကျန်ဟောင်းများ ကုန်သလောက်ရှိနေပြီး ကချင်ပြည်နယ် မိုးကောင်းဘက်က မိုးမြေထောက်ပဲ အနည်းငယ်ဈေးကွက်တွေကို ဝင်လာတယ်လို့ သိရပါတယ်။ ယခုနှစ် မြေထောက်ပဲကို ပြည်ပ အဝယ်လိုက်နေတာကြောင့် ဈေးကွက်တွေမှာ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးမှာ ယခင်တစ်ပတ်ဈေးဖြစ်တဲ့ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၈ဝ-၆၉ဝ ဖြစ်ကြောင်း သိရပါတယ်။MIRT - MAPT
ပဲအသစ်မပေါ်မီ ပဲလွန်းဖြူ၊ ပဲယင်း လက်ကျန်အနည်းငယ်စီတင်ပို့ အခြားပဲအုပ်စုထဲမှာပါတဲ့ ပဲလွန်းဖြူ၊ ပဲယင်းလက်ကျန်များ ကုန်သည်လက်ထဲမှာ တော်တော်နည်းလာပြီ ဖြစ်လို့ ပြည်ပတင်ပို့မှုမှာလည်း တော်တော်လေးလျော့လာတာတွေ့ရပါတယ်။ ပဲအသစ်တွေက ဇန်နဝါရီလဆန်း လောက်ဆို ပေါ်တော့မှာဖြစ်ပြီး ပဲအသစ်မပေါ်မီ ယခုတစ်ပတ် နိုဝင်ဘာလ ၁၁ ရက်မှ ၁၆ ရက်အတွင်း ပဲလွန်းဖြူ ၄၈ တန်နဲ့ ပဲယင်း ၄၈ တန်စီ ပင်လယ်ရေကြောင်းက တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့နိုင်တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ ကိုရီးယားတို့ဖြစ် ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ နိုဝင်ဘာလ ၁၈ ရက်မှာ ပဲလွန်းဖြူ (FAQ )တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ နဲ့ ှ SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ဖြစ်ပြီး၊ ပဲယင်းတစ်တန်ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။ MIRT - MAPT
ပွဲတော်ကြောင့် အိန္ဒိယကုလားပဲဈေးအေးပေမဲ့ ကြိုပွိုင့်ဈေးမြင့် အိန္ဒိယနိုင်ငံ အဓိကဈေးကွက်များမှာ ပွဲတော်ကြောင့် အချို့ဈေးများ ပိတ်ကာ အရောင်းအဝယ်နည်းတဲ့အတွက် ကုလားပဲဈေးအေးလာတယ်လို့ သိရပါတယ်။ အချို့ဈေးများ ပြန်ဖွင့်ကြပေမဲ့ ရောင်းသူရောဝယ်သူပါ နည်းနေသေးတာ ကြောင့် ကုလားပဲတစ်တန်ကို ရူပီး ၂၃ဝဝဝ-၂၃၁ဝဝ (ကန်ဒေါ်လာ ၅ဝ၆-၅ဝ၈) မှာ ငြိမ်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် အချို့ပြည်နယ်များမှာ ရာသီမဟုတ်ဘဲ မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ဈေးကွက်တွေကို ကုန်စည်ဝင်ရောက်မှုဟာလည်း ယခင် ရက်ထက်ကျဆင်းခဲ့တယ်လို့သိရပါတယ်။ ဒါပေမဲ့ ကြိုပွိုင့်ဈေးကွက်မှာတော့ လက် ထပ်ရာသီအတွက် ဝယ်လိုအားတက်မယ့် အလားအလာရှိတာကြောင့် နိုဝင်ဘာလ ၁၈ ရက်မှာတော့ နိုဝင်ဘာပို့ရမယ့် ကုလားပဲကြိုပွိုင့်ဈေး တစ်တန်ကို ရူပီး ၃၆ဝ (ကန်ဒေါ်လာ ၇ ဒသမ ၉၂) တိုးကာ ရူပီး ၂၃၃၅ဝ (ကန်ဒေါ်လာ ၅၁၄) ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲစိုက်ပျိုးပြီးစီးမှုအနေနဲ့ နိုင်ငံမြောက်ပိုင်းမှာ ၂ဝ ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ပြီး၊ တောင်ပိုင်းမှာ ၈ဝ ရာခိုင်နှုန်း ပြီးစီးပြီလို့ သိရပါတယ်။ အင်ဒရာပရာဒေ့ရှ်မှာ ကုလားပဲထက် အကျိုးအမြတ်ပိုရတဲ့ ပဲနီလေးကို ပိုစိုက်လာ တာကြောင့် ကုလားပဲစိုက်ပျိုးမှုအနေနဲ့ ယခင်နှစ်ကာလတူထက် ၂ဝ ရာခိုင်နှုန်း ကျဆင်းနေတယ်လို့သိရပါတယ်။ နိုင်ငံ တောင်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းနေ တာကြောင့် စိုက်ပျိုးထားတဲ့ ကုလားပဲ ၁ဝ ရာခိုင်နှုန်းခန့် ပျက်စီးတယ်လို့ ခန့်မှန်း ကြပါတယ်။ ယမင်းးခင်၊်၊Source: commodityonline
မန်းကုလားပဲပစ္စည်းလက်ကျန်နည်းလာချိန်ဝယ်အားကောင်းလာ မန်းဈေးကွက်အတွင်း ကုလားပဲကို ဒေသတွင်း ပဲခွဲစက်လုပ်ငန်းရှင်များက ဝယ်လိုအားကောင်းနေတဲ့ အတွက် အရောင်းအဝယ်သွက်နေတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်က မျိုးစိုက်ပျိုးမဲ့ တောင်သူများ ဝယ်လိုအားကြောင့် ဈေးမြင့် ခဲ့ပေမဲ့ ယခုတစ်ပတ်မှာတော့ ပဲခွဲစက်လုပ်ငန်းများမှသာ အဓိကဝယ်ယူနေတာ ကြောင့် ဈေးအနည်းငယ်အေးသွားတာတွေ့ရပါတယ်။ ယခင်တစ်ပတ်မှာ ကုလားပဲ ဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ တစ်တန် ၈၃၄ဝဝဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၉၈ ကျပ်၊ တစ်တန် ၇၉၄၈၈ဝ ကျပ်တို့နဲ့ ရောင်းဝယ်ခဲ့ကြပြီး ယခုတစ်ပတ်မှာတော့ ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၁ဝ ကျပ်၊ တစ်တန် ၈ဝ၂၂၃ဝ ကျပ်၊ ကုလားပဲတိုင်ပေ တစ်ပိဿာ ၁၂၂၇ ကျပ်၊ တစ်တန် ၇၅၁၄ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်နေကြပြီး ဈေးကွက်အတွင်း ပစ္စည်းလက်ကျန်နည်းလာသလို စက်သမားများ ဝယ်လိုအား ကောင်းနေတဲ့အတွက် ဈေးသိပ်မအေးနိုင်ဘူးလို့ ကုန်သည်များက ပြောကြောင်း သိရပါတယ်။ ကျော်ကျော်မိုး
စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် ကုလားပဲစိုက်ပျိုးရန် လျာထား ဧက မှာ ၃ ဒသမ ၆၈ သိန်း ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်ထိ ဧက ဝ ဒသမ ၉၅ သိန်းစိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကုလားပဲတစ်တင်း ပေါက်ဈေးမှာ ၂၅ဝဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်ဈေးရှိနေပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၇ဝဝဝ ကျပ်နီးပါး ပိုမိုပြီးဈေးကောင်းခဲ့တဲ့အတွက် တောင်သူအများစုကတော့ ယခုနှစ်မှာ ပိုစိုက်ဖို့ မိုျးစေ့များကို ဝယ်ယူစုဆောင်း နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးကာလကလည်း ဒီဇင်ဘာအထိ စိုက်ပျိုးနိုင်တဲ့အတွက် ယခုနှစ်မှာ ကုလားပဲကို အခြားသီးနံှများထက် ပိုစိုက်နိုင်မယ်လို့ တောင်သူတချို့က သုံးသပ် ကြပါတယ်။ အောင်မင်း
စစ်ကိုင်းတိုင်းဒေသကြီး ယခုနှစ် ကုလားပဲ ပိုစိုက်မည်မှန်း စစ်ကိုင်းတိုင်းဒေသကြီးမှာ ယခုနှစ် ကုလားပဲစိုက်ပျိုးရန် လျာထား ဧက မှာ ၃ ဒသမ ၆၈ သိန်း ဖြစ်ပြီး နိုဝင်ဘာ ပထမပတ်ထိ ဧက ဝ ဒသမ ၉၅ သိန်းစိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိကုလားပဲတစ်တင်း ပေါက်ဈေးမှာ ၂၅ဝဝဝ ကျပ်၊ ၂၆ဝဝဝ ကျပ်ဈေးရှိနေပြီး ယခင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် တစ်တင်း ၇ဝဝဝ ကျပ်နီးပါး ပိုမိုပြီးဈေးကောင်းခဲ့တဲ့အတွက် တောင်သူအများစုကတော့ ယခုနှစ်မှာ ပိုစိုက်ဖို့ မိုျးစေ့များကို ဝယ်ယူစုဆောင်း နေတာကို တွေ့ရပါတယ်။ စိုက်ပျိုးကာလကလည်း ဒီဇင်ဘာအထိ စိုက်ပျိုးနိုင်တဲ့အတွက် ယခုနှစ်မှာ ကုလားပဲကို အခြားသီးနံှများထက် ပိုစိုက်နိုင်မယ်လို့ တောင်သူတချို့က သုံးသပ် ကြပါတယ်။ အောင်မင်း
မုံရွာကုလားပဲ ဈေးအေးလာပေမဲ့ အဆွဲပို မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလ ဒုတိယ ၁ဝ ရက်ပတ် ကုလားပဲ ဈေးကွက် မှာ ပစ္စည်းရှားပါးမှုပေါ်မူတည်ပြီး ဈေးအတက်အကျအနည်းငယ်ကြမ်းခဲ့တာ တွေ့ရပါတယ်။ ကုလားပဲရိုးရိုးကတော့ ရောင်းလက် တစ်ရက်သာ ဈေးဖွင့်ခဲ့ပြီး တစ်တင်း ၂၄ဝဝဝ ကျပ်ပေါက်ခဲ့ပါတယ်။ ကုလားပဲတိုင်ပေက တစ်တင်း ၂၅ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ရာက ၂၃ဝဝဝ ကျပ်ထိဈေးပြန်ကျဆင်းသွားခဲ့သလို၊ ဗွီတူးအနေနဲ့ တစ်တင်း ၂၆ဝဝဝ ကျပ်ထိ အမြင့်ဆုံး ရောက်ခဲ့ပြီး တစ်တင်း ၂၄၃ဝဝ ကျပ်ထိဈေးကျဆင်းသွားခဲ့ရာ တစ်တင်း ၁၇ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်အထိ အတက် အကျ ကွာခြားသွားခဲ့တာ တွေ့ရပါတယ်။ 929 ပဲကတော့ ကုလားပဲ အုပ်စုထဲမှာ ဈေးဆက်လက်စွာနေပြီး တစ်တင်း ၂၄၅ဝဝ ကျပ်နဲ့ အရောင်းအဝယ်သွက်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုရက်ပတ်အတွင်း ကုလားပဲဈေး အမြင့်ဆုံးဖြစ်ပေါ်ချိန်မှာ မန္တလေး ရန်ကုန်ဝယ်လက်မရှိခဲ့ဘဲ ဒေသတွင်းလုပ်ငန်းသမားတွေသာ လိုအပ်သလောက် ဝယ်ယူမှုရှိခဲ့လို့ တစ်ရက် အိတ် ၂ဝဝ မှ ၃ဝဝ အတွင်း နေ့စဉ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ဈေးအေးချိန်မှာတော့ မန္တလေး ရန်ကုန် ဝယ်လက် ဝယ်ယူမှုရှိနေလို့ ယခုလ ဒုတိယ ၁ဝ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင် နယ်မြေကနေ မန္တလေးကို တင်း ၂၃ဝဝ ခန့်၊ ရန်ကုန်ကို တင်း ၃ဝဝ ခန့်နဲ့ ပခုက္ကူကို တင်း ၆ဝဝ ခန့် တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ ထွန်းလှိုင်