Main menu

Background

Monday, 15 Nov 2010

၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၁၈ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်) ညီမျှကျပ်ငွေ(ကျပ်/တန်) မြန်မာဈေးနှုန်း(ကျပ်/တန်) FOBဈေးနှုန်း(ဒေါ်လာ/တန်)တိရစ္ဆာန်အစားအစာ၁ ပြောင်း                   ၃၁၂                       ၂၈၇၉၆ဝ                      ၁၈၃၇ဝဝ                      ၂၅ဝ-၂၇ဝပဲမျိုးစုံ၁  ထောပတ်ပဲ            ၁၅၁၉                     ၁၄ဝဝ၆၁၇                      ၈၈၄၉ဝဝ                      ၈၅ဝ-၈၇ဝ                                              မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen၂ဝ၁ဝ ခုနှစ် အောက်တိုဘာ ၂၂ ရက် နိုင်ငံတကာဈေးနှုန်းစဉ် အမျိုးအစား       ဂျပန်ဈေးနှုန်း(ဒေါ်လာ/တန်)     ညီမျှကျပ်ငွေ(ကျပ်/တန်)      မြန်မာဈေးနှုန်း(ကျပ်/တန်)ဆန်၁ နီ၈ါတာ ဒေသ         ၃၁ဝ၂-၃၁၈၆                         ၂၈၄၁                         ၂၆၇-၂၉၁၈ဝ၅၈၂ ချီဘာ ဒေသ            ၂၅၃၆-၂၅၉၉                ၂၃၂၂၉ဝ၁-၂၃၈ဝ၅၂၁                               (ယန်း/ဂါလန်)                  (ကျပ်/၈ါလန်)                   (ကျပ်/ဂါလန်)လောင်စာဆီ၁ ဓါတ်ဆီ                 ၅၁၃ .၇ဝ-၅၂၂ .၂၉               ၅၇၉၆-၅၈၉၈                     ၂၅ဝဝ                                              မှတ်ချက်။ ငွေလဲနှုန်း 1USD = 81.19 Yen                                                                                                     MOC, Source :ဂျပန်နိုင်ငံ မြန်မာသံရုံး

Monday, 15 Nov 2010

ဈေးဆက်မြင့်လာတဲ့ ပြည်ပဲနီပြား           ပြည်ဈေးကွက်အတွင်း လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲနီပြားဈေးနှုန်းမှာ ယခုနိုဝင်ဘာ ဒုတိယပတ်မှာ တစ်တင်းကို ၂၈ဝဝဝ ကျပ်ဖြင့် ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာလကုန်တွင် တစ်တင်းကို ၂၆ဝဝဝ ကျပ်ဈေးဖြင့် ရောင်းဝယ်ခဲ့ကြပြီး နိုဝင်ဘာ ပထမပတ်တွင် ၂၇ဝဝဝ ကျပ်ဈေးသို့ မြင့်တက်လာကာ ယခုတစ်ပတ်တွင် တစ်တင်းကို ၂၈ဝဝဝ ကျပ်ထိ တဖြည်းဖြည်းဈေးမြင့်တက် လာခဲ့ပါတယ်။ လက်ကျန်နည်းလာတဲ့ အတွက် လက်ကားဝယ်ယူသူများရှိပေမယ့် လက်လီ သမားများဖြင့်သာ တစ်ရက်ကို ၁၄ အိတ် ၊ ၁၅ အိတ်ခန့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။               ခင်ဆွေဝင်း 

Monday, 15 Nov 2010

 ပြည်ပဲကြီးဈေးနှုန်း မြင့်တက်ပြီး အရောင်းအဝယ်သွက်         ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတွင် ပဲကြီးစိုက်ဧကအနေဖြင့် ယခုဆိုရင် ဧက ၃ဝဝဝ ကျော် စိုက်ပျိုးပြီးဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးဈေးနှုန်းအနေဖြင့် ယခင်အပတ်ကထက် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး(ကမ်းနား) တစ်တင်းကို ၃ဝဝဝဝ ကျပ်မှ ၃ဝ၅ဝဝ ကျပ်အထိသာရှိခဲ့ပြီး ယခုနိုဝင်ဘာလ ဒုတိယပတ်အတွင်း ပဲကြီး (ကမ်းနား) တစ်တင်းကို ၃၁၅ဝဝ ကျပ်ထိ တစ်တင်းကို ၁ဝဝဝ ကျပ်ခန့် ဈေးမြင့် တက်လာခဲ့ကာ ပဲကြီး (ရွှေကျွန်း) အမျိုးအစားကတော့ တစ်တင်း ၃၂၅ဝဝ ကျပ်ထိ ဈေးမြင့်လာခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ် ဖြစ်မှု အနေဖြင့် ပဲကြီး (ကမ်းနား) မှာ တစ်ရက် အိတ် ၁၅ဝ -၂ဝဝ ပုံမှန်ရှိခဲ့သော် လည်း ပဲကြီး (ရွှေကျွန်း) ကတော့ အရောင်းအဝယ်ပုံမှန်မဖြစ်ပေမဲ့ အရောင်းအဝယ် ရှိသည့်ရက်ဆိုရင် တစ်ရက်ကို အိတ် ၁ဝဝ ခန့် ရှိခဲ့ကြောင်း သိရပါတယ်။                                                                             ခင်ဆွေဝင်း

Monday, 15 Nov 2010

ပုံမှန်အရောင်းအဝယ်ဖြစ်လာတဲ့ မိုးကောင်းမြေထောက်             မိုးကောင်းဒေသထွက် မိုးမြေထောက်ပဲတို့ ပေါ်ဦးမှာ ဈေးအေးအဝယ်ပါး တာကြောင့် တောင်သူလက်မှာ လက်ကျန် များနေခဲ့ပေမဲ့ နိုဝင်ဘာလဆန်းပိုင်းက စပြီး တက်ရိပ်ပြလာပါတယ်။ ယခုအပတ်မှာတော့ တစ်တင်း ၁၄၂ဝဝ ကျပ်အထိ ဈေးရလာတာကြောင့် အရောင်းအဝယ်ပုံမှန်ဖြစ်ကာ မန္တလေးတိုင်းဒေသကြီးသို့ နေ့စဉ် ၄၅ ပိဿာဝင်အိတ် ၃ဝ ခန့် တင်ပို့နေကြောင်း သိရပါတယ်။                                                                                                ကိုကိုစိုး 

Monday, 15 Nov 2010

ပဲယင်းအနည်းငယ်ဆက်လက်တင်ပို့           အခြားပဲတွေထဲမှာ ပမာဏမများပေမဲ့ တင်ပို့မှုရှိနေသေးတာကတော့ ပဲယင်းဖြစ်ပါတယ်။ ယခုတစ်ပတ် နိုဝင်ဘာလ ၄ ရက်မှ ၁၁ ရက်အတွင်းမှာ ၇၂ တန် တင်ပို့တဲ့နိုင်ငံတွေကတော့ ကိုရီးယား၊ မလေးရှား၊ စင်ကာပူတို့ဖြစ်ပါတယ်။ အောက်တိုဘာလ တစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၃ဝဝ ကျော်သာရှိပြီး စက်တင်ဘာလမှာ တန်ချိန် ၆ဝဝ ကျော်တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်နှစ် အောက်တိုဘာလမှာ တန်ချိန် ၁၄ဝဝ ခန့်တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ သိသိသာသာလျော့ကျတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးမှာ  FAQ တစ်တန် ကို ကန်ဒေါ်လာ ၆၇၅-၆၈၅ ဖြစ်ကြောင်း သိရပါတယ်။                     MIRT - MAPT 

Monday, 15 Nov 2010

ပဲလွန်းဖြူလက်ကျန်များ တင်ပို့မှုလျော့လာ             ယခင်တစ်ပတ်က ပင်လယ်ရေကြောင်းက ပဲလွန်းဖြူတန် ၂ဝဝ ခန့် တင်ပို့မှု ရှိခဲ့ပေမဲ့ ယခုတစ်ပတ် (အောက်တိုဘာလ ၄ ရက်မှ ၁ဝ ရက်) အတွင်းမှာ တန်ချိန် ၁၄ဝ ကျော်ကို လျော့ကျလာခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းတွေ လျော့ကျလာတာကြောင့် တင်ပို့မှု လျော့ကျလာခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်ပဈေးကွက်တွေက အဝယ်ရှိနေဆဲ ပဲလွန်းဖြူဟာ လက်ကျန်နည်းသွားတာ ကြောင့် ဈေးမြင့်လာခဲ့ပါတယ်။ ယခင်တစ်ပတ်က SQ တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ ရှိရာမှ နိုဝင်ဘာလ ၁၁ ရက်မှာတော့ ၈၉ဝ-၉ဝဝ ကိုမြင့်လာပြီး  FAQ ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ ၇၉ဝ-၈ဝဝ ဖြစ်တယ်လို့ သိရပါတယ်။                                                                                                  MIRT - MAPT 

Monday, 15 Nov 2010

သိုလှောင်လက်ကျန်များ ထုတ်ရောင်းလာကြလို့ အိန္ဒိယကုလားပဲဈေးလျော့ကျ        အိန္ဒိယပြည်တွင်းဈေးကွက်များမှာ သိုလှောင်လက်များ ထုတ်ရောင်းလာ ကြလို့ ကုလားပဲလက်ငင်းရော ကြိုပွိုင့်ရော ဈေးကျဆင်းခဲ့ပါတယ်။ ဒေလီဈေးကွက် ကို နိုဝင်ဘာလ ၁၁ ရက်က ကုလားပဲကား အစီး ၃ဝ ဝန်းကျင်ဝင်ရောက်လာတာ ကြောင့် တစ်တန်ကို ရူပီး ၂၅ လျော့ကျပြီး ရူပီး ၂၄၂၅ဝ (ကန်ဒေါ်လာ ၅၄၇ ) ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။       တောင်သူများမှာလည်းဈေးကျဆင်းမယ့်မျှော်လင့်ချက်တွေနဲ့ လက်ကျန်များထုတ်ရောင်းလာကြတာကြောင့် ကုလားပဲလက်ကျန် လျော့ပါးလာပြီ လို့ သိရပါတယ်။ ဒါပေမဲ့ အဝယ်အနည်းငယ်ရှိနေတာကြောင့် နိုဝင်ဘာလ အခြေခံ စာချုပ်ဈေးကတစ်တန်ကို ရူပီး ၂၄၅၅ဝ (ကန်ဒေါ်လာ၅၅၄ )နဲ့ ရောင်းဝယ်ခဲ့ကြတယ်လို့ သိရပါတယ်။             ကာလတိုအတွင်းမှာတော့ ဈေးကွက်တွေမှာ လက်ကျန်နည်းလာခြင်းနဲ့ ခွဲစက်သမားများရဲ့ ဝယ်လိုအား ကောင်းမယ့် အခြေအနေတွေကြောင့် တစ်တန်ကို ရူပီး ၈ဝဝ-၁ဝဝဝ (ကန်ဒေါ်လာ ၁၈-၂၂) မြင့်တက်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ နိုဝင်ဘာလ နောက်ပိုင်း ကုလားပဲကြိုပွိုင့်ဈေးကတော့ ဆောင်းပဲစိုက်ပျိုးမှု အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။                                                                                                    ယမင်းခင်၊ှSources: commodityonline 

Monday, 15 Nov 2010

 ဈေးမာနေတဲ့ မန်းကုလားပဲ    ယခုနိုဝင်ဘာလဒုတိယပတ် မန်းဈေးကွက်မှာ ကုလားပဲကို မျိုးအဖြစ် စိုက်ပျိုးမဲ့ တောင်သူများ၊ ဒေသတွင်း ပဲခွဲစက်ပိုင်ရှင်များရဲ့ ဝယ်လိုအားကြောင့် ယခင်အပတ်ထက် အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာ တွေ့ရပါတယ်။ မျိုး စိုက်ပျိုးမဲ့ တောင်သူများမှ ဗွီတူးအပြင် V7 , (929)  မျိုးများကိုလည်း စိုက်ပျိုးရန် အတွက်ဝယ်ယူနေတာကိုလည်း တွေ့ရပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ တစ်ပိဿာ ကို ၁၃၆၂ ကျပ်၊ ၁၃၉၇ ကျပ်၊ ၃ တင်းတစ်အိတ် ၇၈ဝဝဝ ကျပ်၊ ၈ဝဝဝဝ ကျပ်ဈေးနှုန်းဖြင့် မျိုးအတွက် V2, V7, 909  တို့ဟာ ဈေးကွာဟမှုမရှိဘဲ ဈေးအတူတူဖြင့် ရောင်းဝယ်နေတာဖြစ်တယ်လို့ မျိုးရောင်းဝယ်နေတဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၆၂ ကျပ်၊ ကုလားပဲ (တိုင်ပေ) ၁၉၂၈ ကျပ်နဲ့ ရောင်းဝယ်နေကြသလို ပဲခွဲစက်လုပ်ငန်းရဲ့ ဝယ်လိုအား ကောင်းနေတာကြောင့် ဆက်လက်ပြီး ဈေးမာနေဦးမယ်လို့ ရောင်းဝယ်နေကြတဲ့ ကုန်သည်များက ခန့်မှန်းကြကြောင်း သိရပါတယ်။                                                ကျော်ကျော်မိုး

Monday, 15 Nov 2010

ယခင်တစ်ပတ်ထက်ဈေးအမြင့်မှာရှိတဲ့ ကုလားပဲ             ပဲခွဲစက်သမားများ အဝယ်အများဆုံးရှိတဲ့ ကုလားပဲဈေးနှုန်းမှာ ယခင် တစ်ပတ်က တစ်တင်း ၂၅၅ဝဝ ကျပ်၊ ယခုနိုဝင်ဘာဒုတိယပတ်မှာ ၂၆၅ဝဝ ကျပ်ကို ဈေးဆက်လက်မြင့်နေဆဲရှိပါတယ်။ ကုလားပဲဈေးကောင်း ရနေပေမဲ့လည်း ရောင်းလက်က အဝယ်ရှိသလောက်မရောင်းချကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာ အခြားတိုင်းများသို့ တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းအတွင်းမှာသာ ရောင်းချမှုရှိပါ တယ်။ အရောင်းအဝယ်ဖြစ်မှုကတော့ တစ်ရက် အိတ် ၂ဝဝ ပတ်လည်ရောင်းချရ ကြောင်း သိရပါတယ်။                                                                                     လွင်လွင်ဆန်း 

Monday, 15 Nov 2010

မိုးကောင်းဒေသမှာ စိုက်ပျိုးတော့မည့် ဗွီတူးကုလားပဲ               မိုးကောင်းမြို့နယ်အတွင်း ပဲစိုက်ပိုျးမှုများရှိပေမဲ့ ကုလားပဲစိုက်ပျိုးမှုမှာ အလွန် နည်းပါးကြောင်း တွေ့ရပါတယ်။ ကုလားပဲသီးနံှဟာ အောင်မြင်ဖြစ်ထွန်း ပါက တောင်သူအတွက် အကျိုးအမြတ်များတာကြောင့် ယခုနှစ်မှာတော့ ရေရှင်၊ နမ္မတီး၊ လံှလော၊ ပြွန်သုံးလုံးကျေးရွာဒေသတစ်ဝိုက်က မိုးစပါးများ ရိတ်သိမ်းပြီး အစိုဓါတ်ရှိတဲ့ လယ်မြေများမှာ ထွန်တစ်ကြောင်းဆွဲမျိုးစေ့ချစနစ်နဲ့ ဗွီတူးကုလားပဲကို ဧက ၇ဝ ခန့် စိုက်ပျိုးသွားဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ မျိုး၊ ပိုးသတ်ဆေး၊ သွင်းအားစုများမှန်ကန်စွာအသုံးပြုနိုင်ဖို့အတွက် သက်ဆိုင်ရာမှ နည်းပညာပေးခြင်း လုပ်ငန်းများ ပံ့ပိုးကူညီလျက်ရှိကြောင်း သိရပါတယ်။                                                                                                                                ကိုကိုစိုး 

Pages