Background
မုံရွာကုန်စည်ဒိုင် မတ်လ လကုန် ပတ် ပဲဈေးကွက်မှာ ရန်ကုန်လက်အဆွဲ အေးလို့ ငုံနီဈေး ဆက်လက်ကျခဲ့ပါ တယ်။ ပွဲရုံတွေမှာ နယ်အဝင်မရှိသလို ဒေသခံ လှောင်လက်တွေအနေနဲ့ တစ် တင်း ၁၇၀၀၀ ကျပ် -၁၈၀၀၀ ကျပ်ဈေး များနဲ့ လှောင်ထားကြလို့ ယခုဈေးနဲ့ မရောင်းနိုင်သေးတဲ့အတွက် ဝယ် လက်အေးသလို ရောင်းလက်နှေးခဲ့ကာ တစ်ရက်အိတ် ၅၀၀ မှ ၁၀၀၀ ကြား သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင် ရပ်ကွက်က ဆိုပါတယ်။ ယခုအပတ် အတွင်းမှာ ငုံနီတစ်တင်း အမြင့်ဆုံး ၂၁၅၀၀ ကျပ်မှ ၂၀၂၀၀ ကျပ်ထိ ကျ ဈေး ဖြစ်ပေါ်ခဲ့ပါတယ်။
နှစ်စဉ် ပဲတီစိမ်းတန်ချိန် တစ်သိန်း တစ်သောင်းကျော် အရောင်းအဝယ်ပြု လုပ်တဲ့ မန္တလေး ပဲ၊ ပြောင်း၊ နှမ်းကုန် စည်ဒိုင်ကို အနယ်နယ်အရပ်ရပ်မှ ဝင် ရောက် ရောင်းဝယ်ဖောက်ကားလျက် ရှိပါတယ်။ ပဲတီစိမ်းကြီးနဲ့ ပဲတီစိမ်းရွှေဝါ ဆိုပြီး နှစ်မျိုးခွဲခြားပြီး အရောင်းအဝယ် ဖြစ်ပါတယ်။ ပဲတီစိမ်းကြီးကို ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်၊ တံတားဦး၊ စဉ့် ကိုင်၊မတ္တရာ၊စဉ့်ကူး၊ သပိတ်ကျင်း၊ ငါန်း ဇွန်၊ ပခုက္ကူ၊ မုံရွာ၊ ချောင်းဦးဒေသများ မှလည်းကောင်း၊ ပဲတီရွှေဝါကို စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း၊ ချောင်းဦး၊ မုံရွာ၊ ပခုက္ကူ ဒေသများမှ ဝယ်ယူရရှိပါတယ်။
အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ ယခုရက်ပိုင်းအတွင်း မြန်မာပဲစင်းငုံနီ၊ မတ်ပဲများကို ပဲခွဲစက်နှင့် ကုန်သည် များ ဈေးကွက်မှ ဝယ်ယူမှုနည်းနေ၍ ဈေးတည်ငြိမ်နေပါတယ်။ မတ်လ ၂၇ ရက်နေ့မှာ နွေဦးပွဲတော်ကြောင့် မွန်ဘိုင်းဈေး ကွက်ပိတ်ခဲ့ပြီး ရာဂျက်စသန်၊ ကာနာတာကာ၊ မဟာသျှတ္တရ၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရတ်နဲ့ ဥတာပရာဒက်ရှ်ပြည်နယ်များရှိ လက်ငင်းဈေးကွက်များလည်း ပွဲတော်ကြောင့် ပိတ်ထားပါ တယ်။ ဒေလီ လက်ငင်း ဈေးကွက်မှာတော့ အဝယ်နည်းလို့ ကုလားပဲဈေးကျနေပါတယ်။ လတ္တာပြည်တွင်းဈေး ကွက်မှာ လည်း အဝယ်နည်းနေတဲ့အတွက် ဈေးပုံမှန်ရှိနေကြောင်း သိရ ပါတယ်။
မတ်လ ၁၀ ရက်မှ ၁၆ ရက်ထိကာလအတွင်းမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စင်္ကာပူနိုင်ငံသို့ ကန်ဒေါ်လာ သုည ဒသမ ၇၄၁ သန်းတန်ဖိုးရှိ ရော်ဘာ MSR-20 ၂၆၅ တန်ခန့်တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကတင်ပို့ခဲ့တဲ့ တရုတ်နိုင်ငံသို့ ယခုအပတ်မှာတင်ပို့နိုင်ခြင်းမရှိတဲ့အတွက် တန် ၂၀၀ ကျော်လျော့နည်းခဲ့ပါ တယ်။ ပြည်တွင်းရော် ဘာဈေးမြင့်တက်နေမှုကြောင့် ပြည်ပသို့တင်ပို့ရန်ခက်ခဲနေပြီး၊ လိုအပ်တဲ့ရော်ဘာ ကုန်ကြမ်းများကို တရုတ်ကုန်သည်များက ကျေးလက်ဒေသအထိ ဆင်းပြီး ကြိုက်ဈေးပေးကာတိုက်ရိုက် ဝယ်ယူလျက်ရှိနေ တာကြောင့် ပြည်ပသို့တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ နိုင်ငံတကာရော်ဘာဈေးများ မှာလည်း ထပ်မံကျဆင်းသဖြင့် မိမိတို့ရဲ့ပြည်ပပို့မဲ့ရော်ဘာများကို တစ်တန်လျှင် ဒေါ်လာ ၁၀၀ ဈေးချ၍ RSS-1 တစ်တန်လျှင်ဒေါ်လာ ၂၈၀၀-၂၉၀၀၊ RSS-3နဲ့ MSR-20 တစ်တန်လျှင် ဒေါ်လာ ၂၇၀၀-၂၈၀၀၊ RSS-5 နဲ့ MSR-50 တစ်တန်လျှင် ဒေါ်လာ ၂၆၀၀-၂၇၀၀၊ MSR-10 တစ်တန်လျှင်ဒေါ်လာ ၂၇၅၀-၂၈၅၀၊ Crepe Rubber တစ်တန်လျှင်ဒေါ်လာ ၂၅၀၀-၂၆၀၀ နဲ့ဈေးနှုန်းထုတ်ပြန်ထားကြောင်း မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းမှ သိရှိရပါတယ်။ယဉ်ယဉ်အေး၊MIRT (DOBT)
ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ စိန်ဟိုင်း၊ ကရင်ကုန်းနဲ့ ဗိုလ်တေဇကျေးရွာများမှာ နွေစပါးများထွက်ပေါ်နေပြီး တာထွက်စပါး ဈေးကောင်းရနေကြောင်း တောင်သူများထံမှ သိရပါတယ်။
မန္တလေးမြို့ သကြားကုန်စည်ဒိုင် (သကြား၊ သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း)မှာ နေ့စဉ် အနယ် နယ်အရပ်ရပ်မှ ပွဲစား၊ ကုန်သည်၊ စက် ပိုင်များ အရောင်းအဝယ် ပြုလုပ်ရာမှာ ယခုမတ်လ တတိယပတ် သကြား၊ သကာရည် တစ်ပိဿာပေါက်ဈေးများ မှာ သကြား A (၈၆၀ ကျပ်) ၊B (၈၅၀ ကျပ်)၊ C (၈၄၀ ကျပ်)နဲ့လည်းကောင်း၊ သကာပွက်ရည် ၅၂၀ ကျပ်၊ စက်ကျ ရည် ၃၁၀ ကျပ်နဲ့ အရောင်းအဝယ်ပြု လုပ်လျက်ရှိပါတယ်။ မန်းသကြားဒိုင် မှာ ကုန်ချောသကြားကို အဓိကထား အရောင်းအဝယ်ပြုလုပ်ပါတယ်။ ယခင် လ (ဖေဖော်ဝါရီ) မှာသကြား A (၈၄၀ ကျပ်)၊ B (၈၃၀ ကျပ်)၊C (၈၂၀ ကျပ်) နဲ့လည်းကောင်း၊ သကာ ပွက်ရည် ၅၀၀ ကျပ်၊ စက်ကျရည် ၃၀၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် (၃၀ ပိဿာ အိတ်) ၃၀၀၀မှ ၅၅၀၀ ကြားအရောင်းအဝယ် ဖြစ်ခဲ့ပေမဲ့ ယခုလဆန်းပိုင်းကစပြီး သကြားအိတ် ၂၅၀၀ မှ ၄၅၀၀ ထိသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။ ယခုလအတွင်းမှာ သကြားဈေး ငြိမ်သလို အရောင်းအဝယ်လည်း အေး သွားကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကူးသန်းရောင်းဝယ်ရေးဇုန်၊ ချင်း ရွှေဟော် ကူးသန်းရောင်းဝယ်ရေးဇုန်နဲ့ ကန်ပိုက်တီးစခန်းများမှ မတ်လ ၁၃ ရက်မှ ၁၉ ရက်အတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၆၉၅၁ တန်ကျော်ကိုတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက် တီးစခန်းများ မှ ပြောင်းတန်ချိန် ၁၀၈၉၇ တန်ကျော်တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၃၉၀၀ ကျော်လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ အစေ့ထုတ်ပြောင်းကို မန္တလေး၊ မကွေးနဲ့စစ်ကိုင်းဒေသတွေမှာစိုက်ပျိုးကြသလို လားရှိုး၊ သီပေါ ဒေသ တစ်ဝိုက်မှာလည်း စိုက်ပျိုးကြတယ်လို့သိရပါတယ်။ နှစ်ဖက်နိုင်ငံပြောင်းဈေးများ သိသိသာသာ ပြောင်း လဲမှု မရှိတာတွေ့ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၀၁၃၃၁ ၂၉၈၈၁၉ ၂၅၁၂ ၁ ၃၅၄ ၃၅၃ ၁ ၀ .၃MIRT (DOBT)
မတ် ၃ ရက်မှ မတ် ၉ ရက်အတွင်း ဓာတ်ဆီ တန်ချိန် ခြောက်ထောင့် ခြောက်ရာကိုးဆယ့်သုံးတန်၊ ဒီဇယ်တန်ချိန် နှစ်သောင်းလေးထောင် ကိုးရာ့ရှစ် ဆယ့်သုံး၊ စုစုပေါင်းသုံးသောင်းတစ်ထော င့်ခြောက်ရာခုနစ်ဆယ့် ခုနစ်တန်ကို တင် သွင်းခွင့်လိုင်စင် လျှောက်ထားခဲ့တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ်ရဲ့ ဆောင်းကြက်သွန်နီတွေ မတ်လဆန်းထဲ က တူးဖော်ခဲ့ကြပြီ၊ ယနေ့အထိ မုံရွာကြက်သွန်ပွဲရုံ တွေဆီ အဆက်မပြတ်နေ့စဉ် လာရောက်ရောင်းချမှုအားကောင်းလာ တယ်လို့ ပွဲရုံရပ်ကွက်က ပြောပါတယ်။ အသစ်ပေါ်လာစက တစ်ပိဿာ ၃၀၀ ကျပ် ဝန်းကျင်ရှိပေမယ့် အခုလို ပွဲရုံအဝင် များလာချိန်မှာ တစ်ပိဿာ ၂၄၀ ကျပ် - ၂၅၀ ကျပ် - ၂၆၀ ကျပ်နှုန်းများနဲ့ ကြက်သွန်ဥအရွယ်အစားအပေါ်မူတည် ပြီး၊ ဈေးအနိမ့်အမြင့်ခွာကာ ဒိုင်ဈေးဖြတ်ကြတယ်လို့ ကြက် သွန်တောင်သူက ဆိုပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ ၁ ဒသမ ၈၈၇ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း တန် ၇၈၀ ကျော်တင်ပို့ခဲ့ပါ တယ်။ ယခင်အပတ်က ၆၈၇ တန် ကျော်သာတင် ပို့နိုင်ခဲ့လို့ ယခုအပတ်မှာ ၉၃ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ နေလဲစေ့၊ ဆီးဆံ၊ ကြက်ဆူစေ့နဲ့တောချင်းတို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး၊ မိကျောင်းကွမ်းဖတ်စေ့ ၊ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင် လျာစေ့နဲ့ ချဉ်ပေါင်ဖာလာ (အခွံပါ)တို့ကိုတော့ လျော့နည်း တင်ပို့ ခဲ့တာကိုတွေ့ရပါတယ်။ ယခုအပတ်မှာ ချဉ်ပေါင်ဖာလာ (အခွံမပါ)ကိုလည်း တင်ပို့နိုင်ခဲ့ပါတယ်။ ပင်လယ်နှမ်း (ခေါ်) မိကျောင်းကွမ်းဖတ်စေ့ဟာ လမ်းဘေးမှာအလေ့ကျပေါက်တဲ့ အပင်များဖြစ်ပြီး၊ အနာစိမ်းပေါက်ပါကရေစိမ်ပြီး အုံပေးရကြောင်း၊ အရိုးအက်လျှင်လည်းရေစိမ်ပြီးပတ်တီးစည်း ပေးခြင်းဖြင့် ပျောက်ကင်းနိုင်သောဆေးဘက်ဝင် ပရဆေးတစ် မျိုးဖြစ်ခြင်းကြောင့် ဈေးကွက်ခိုင်မာကာ ယခုအခါဈေးပိုရလျက် ရှိကြောင်း သိရပါတယ်။ မြန်မာ-အိန္ဒိယ နယ်စပ်ရှိ တမူး နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၈ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၁ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ စမုံနက် သုည ဒသမ ၈ တန်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ရှိန်းခို ၁ တန်ခန့်ကိုလည်းတင်သွင်းနိုင်ခဲ့ပါတယ်။ခင်ကလျာဦး၊ MIRT (DOBT)
