Background
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်၊ ချင်းရွှေဟော်နဲ့ မြန်မာ-ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ် ရေး စခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၁၆၇ သန်း တန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၇၇၉ တန်ကျော်တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၁၃၄၆ တန်ကျော်သာတင်ပို့နိုင်ခဲ့ လို့ ယခု အပတ်မှာ ၄၃၃ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာကိုတွေ့ရှိရ ပါတယ်။ စခန်းအသီးသီးအလိုက် တင်ပို့မှုတွေကတော့ မူဆယ် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂ ဒသမ ၁၇၁ သန်းတန်ဖိုးရှိ RSS-3 ၇၅၉ တန်ကျော်၊ကန်ဒေါ်လာ သုည ဒသမ ၀၉၆ သန်းတန်ဖိုးရှိ MSR-20 ၃၂ တန် ခန့်နဲ့ကန်ဒေါ်လာ သုည ဒသမ ၃ သန်းတန်ဖိုးရှိ MSR-5ေ0 ၁၀၄ တန်ခန့်၊ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၁ ဒသမ ၂၄၃ သန်းတန်ဖိုးရှိ RSS-3 ၄၁၉ တန် ကျော်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၉၂၉ သန်းတန်ဖိုးရှိ MSR-20 ၃၁၅ တန်ခန့်၊ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၁၄၃ သန်းတန်ဖိုးရှိ RSS-3 တန် ၅၀ ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၂၈၅ သန်းတန်ဖိုးရှိ MSR-20 တန် ၁၀၀ ခန့်တို့ကိုတင်ပို့နိုင်ခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘာမှာမော်တော်ကားတာယာထုတ်လုပ်မှု အကြီးဆုံးဈေးကွက်ကိုပိုင်ဆိုင်ထားပြီး ယခုအခါကမ္ဘာ့ မော် တော်ယာဉ် ထုတ်လုပ်မှု အရှိန်မြင့်လာသလိုတာယာ ထုတ် လုပ်မှုပါ မြင့်တက်လာသော်လည်း ကမ္ဘာ့ရော်ဘာ ဈေးကျ ဆင်းမှုနဲ့တရုတ်နိုင်ငံအတွင်း ရော်ဘာ ပိုမိုထွက်ရှိမှုတို့ကြောင့် ယခုနှစ်မှာဈေးကောင်းမရ ဘဲရှိနေပါတယ်။ ယခုအပတ် RSS-3 နဲ့ RSS-5 ရော်ဘာဈေးနှုန်းများ ကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမယ့် တစ်ဖက် တရုတ်နိုင်ငံမှာ မဆို သလောက်ဈေးတက်လျက်ရှိတာကိုတွေ့ရှိရပါတယ်။မိမိဘက် နဲ့ တစ်ဖ က်နိုင်ငံ မြေပြင်ပေါက်ေ ဈးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ပါတယ် -
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS - 3 ၂၅၅၀၀၄၀ ၂၅၅၀၄၄၀ - - ၂၉၇၄ ၂၉၆၉ ၅ ၀ .၂RSS - 5 ၂၅၀၂၄၀၀ ၂၅၀၂၄၀၀ - - ၂၇၃၃ ၂၇၂၉ ၄ ၀ .၂MIRT (DOBT)
မန္တလေးမြို့သကြားသကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း (မန္တလေး သကြားဒိုင်) မှာ နေ့စဉ် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးမှ သကြား၊ သကာပွက် ရည် ပုံမှန်ဝင်ရောက်လျက် အရောင်း အဝယ်ပြုလုပ်ရာမှာ ကုန်ကြမ်း(သကာပွက် ရည်)ဈေးနဲ့ ကုန်ချော (သကြား)ဈေးတည်ငြိမ်လျက်ရှိ တာကိုတွေ့ရပါ တယ်။ ဖေဖော် ဝါရီလ နောက်ဆုံးအပတ်မှာ အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ဈေးနှုန်းများမှာသကာပွက် ရည်တစ်ပိဿာ ၅၅၀ ကျပ်ဖြစ်ပြီး၊သကြားတစ်ပိဿာ (ထိပ်စ) ၈၆၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့နေ့စဉ် (၃၀ ပိဿာဝင်အိတ်) ၃၅၀၀ အိတ်မှ ၄၅၀၀ အိတ်ခန့် အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုမတ်လ ပထမပတ်မှာ သကာပွက်ရည် တစ်ပိဿာ ၅၁၀ ကျပ်၊ သကြား(ထိပ်စ) တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ ၈၂၀ ကျပ်နဲ့ နေ့စဉ် သကြားအိတ် ၃၀၀၀ မှ ၄၅၀၀ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးနဲ့ ကန်ပိုက်တီးစခန်းများမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှ မတ်လ ၅ ရက်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၀၆၄ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၉၀၀၀ နီးပါး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းများမှ ပြောင်းတန်ချိန် ၁၃၀၀၀ ကျော် တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ တန်ချိန် ၄၀၀၀ လျော့နည်း ခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလအတွင်း ပြောင်း တန်ချိန် ၂၆၃၉၆ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန် ၆၀၀ ကျော်ပိုမိုခဲ့တာတွေ့ရပါတယ်။တစ်ဖက်နိုင်ငံဝယ်ဈေးကိုကြည့်ပါက ပြောင်း တစ်တန် ကို ၂၃၀၀ ယွမ်ဈေးရှိပြီး ဇန်နဝါရီလနဲ့နှိုင်းယှဉ်ပါက ယွမ် ၈၀ ခန့်ဈေးမြင့်လာ ကြောင်း၊ မန္တလေးဈေးကွက် တွင် ပြောင်းဖူးစေ့ ဃဏ ၅၄ ပိဿာဝင် ၁ အိတ်လျှင် ၂၅၅၀၀-၂၅၈၀၀ ကျပ်ဈေးရှိပြီး ပြောင်းဖူးစေ့သယ်ယူခမှာ မန္တလေး-မူဆယ် ကားခ ၁ ပိဿာကို ၈၀ ကျပ်ဈေးရှိသဖြင့် ဈေးနှုန်း တည်ငြိမ်နေကြောင်း တွေ့ရပါ တယ်။ ပြောင်းဖူးစေ့အသစ်များထွက်နေပြီဖြစ်သော်လည်း တစ်ဖက်နိုင်ငံရဲ့ နှစ်သစ်ကူးပွဲမှာ အရောင်းအဝယ်တွေ ရပ်နားထားလို့ တင်ပို့မှုလျော့နည်းခဲ့တာ ပါ။ နှစ်ဖက်နိုင်ငံ ပြောင်းဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်-
မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၃၀၉၉၁၁ ၃၁၁၃၇၈ ၁၄၆၇ ၁ ၃၆၂ ၃၇၂ ၁၀ ၂MIRT (DOBT)
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၂ ရက်ထိကာလအတွင်းမှာ ပင်လယ် ရေကြောင်းကုန်သွယ်ရေးမှ ဗီယက်နမ်နိုင်ငံ သို့ပြောင်းမျိုးစေ့ တန် ၂၄၀ တင်ပို့ နိုင်ခဲ့ပါတယ်။ တစ်တန်လျှင်ဒေါ်လာ ၁၇၀၀ ဈေးရရှိပါတယ်။ ယခင်အပတ် က ပြောင်းတင်ပို့မှုမရှိခဲ့ပါဘူး၊ ဖေဖော်ဝါရီတစ်လလုံးမှာ ပင်လယ်ရေကြောင်းမှကန်ဒေါ် လာ သုည ဒသမ ၅၅၄ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၈၅၂ တန်ကိုတင်ပို့နိုင်ခဲ့ပါ တယ်။ နိုင်ငံအလိုက်တင်ပို့မှုတွေကတော့ ဖိလစ်ပိုင်နိုင်ငံသို့ ၁၈၀၄ တန်နဲ့ စင်္ကာပူ နိုင်ငံသို့ ၄၈ တန်ဖြစ်ပါတယ်။ MIRT (DOBT)
တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့များ တင်ပို့ရာမှာ ထုပ်ပိုးမှုနည်း လမ်းတွေ ကောင်းမွန်ဖို့လိုကြောင်း သီဟိုဠ်စေ့ တင်ပို့သူများ ကို ဗီယက်နမ်သီဟိုဠ်အသင်း (Vietnam Cashew Assoc-iation) က အကြံပြုပြောကြားလိုက်ပါတယ်။ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့များ တင်ပို့တဲ့အခါမှာ ရေငွေ့ ပျံ့နှံ့မှုနဲ့ ပိုးမွှားရောဂါကာကွယ်စေနိုင်ဖို့အတွက် အသုံးပြုတဲ့ ထုပ်ပိုးမှုနည်းလမ်းတွေကို အသုံးမပြုကြောင်း၊ အဲဒီနည်းလမ်း တွေကို ယခင် သီဟိုဠ်စေ့ တင်ပို့သူများ ကသာ အသုံးပြုခဲ့ကြ ကြောင်း၊ တရုတ်နိုင်ငံရဲ့ စားသောက်ကုန် တင်သွင်းမှုများ အပေါ် လုံခြုံရေးစနစ်တွေကို တိုးမြှင့်လုပ် ကိုင်တဲ့အခါမှသာ အဲဒီနည်းလမ်းတွေကို အသုံးပြုခဲ့ကြကြောင်း၊ ထုပ်ပိုးမှုနည်း လမ်းကောင်းတွေကိုသာ အသုံးပြုမှု မရှိခဲ့ပါက မိမိတို့လက် ဝယ်မှာရှိတဲ့ တရုတ်ဈေးကွက်ဝေစုကြီးကို ဆုံးရှုံးရမှာဖြစ် ကြောင်း ဗီယက်နမ်သီဟိုဠ် အသင်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ယခုနှစ်အတွင်း ဗီယက်နမ်အနေနဲ့ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့ကွန်တိန်နာအလုံးပေါင်း ၃၀၀ တင်ပို့ဖို့ စာချုပ် ချုပ်ဆိုထားကြောင်း သိရပါတယ်။ ဗီယက်နမ်ဟာ တရုတ်၊ အမေရိကန်နဲ့ အီးယူနိုင်ငံများသို့ သီဟိုဠ်စေ့အဓိက တင်ပို့နေ တဲ့ နိုင်ငံဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ ယခုနှစ် ဇန်နဝါရီလအတွင်း အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ကုန်ကြမ်းတန်ချိန် ၂၅၄၃၀ ကို တင်သွင်းနိုင်ခဲ့တဲ့အတွက် ယခင်နှစ်ကာလတူထက် ၆၄ ဒသမ ၅ ရာခိုင် နှုန်းပိုမိုတင် သွင်းနိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံအနေနဲ့ တရုတ်နိုင်ငံသို့ သီဟိုဠ်စေ့ကုန်ချောတွေကို တင်ပို့နိုင်ရန် ပြည်တွင်းမှ ထွက်ရှိတဲ့ ကုန်ကြမ်းများနဲ့ မလုံလောက်တဲ့အတွက် ကမ္ဘောဒီးယား၊ အိုင် ဗရီကို့စ်နဲ့ အာဖရိကနိုင်ငံတို့မှ တင်သွင်း ခဲ့ကြောင်း သိရပါ တယ်။ ယခုနှစ် ဇန်နဝါရီလအတွင်းမှာ ဗီယက်နမ်ဟာ အမေရိ ကန် ဒေါ်လာ ၁၀၉ ဒသမ ၇ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ တန်ချိန် ၁၈၄၇၉ ကို တင်ပို့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။နှင်းပန်းဖြူ
ဖေဖော်ဝါရီလ ၂၀ ရက်မှ ၂၆ ရက်နေ့ထိကာလအတွင်း မှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ပရဆေးကုန် ကြမ်း ၄၄၄ တန်ကျော်တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျှာစေ့၊ ချဉ်ပေါင်ဖာလာ (အခွံပါ)၊ နေလဲစေ့၊ ဇီးဆံနဲ့ တောဂျင်းတို့ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ကြက်ဆူစေ့တစ်မျိုးတည်းသာ ယခင်အပတ်က ထက် လျော့နည်းတင်ပို့ခဲ့တာကို တွေ့ရပါ တယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်စခန်းမှ ကန် ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၆ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၁ သန်းတန်ဖိုးရှိ ဆူးပန်း သုည ဒသမ ၃ တန်ခန့်၊ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆောင်းမေခါး သုည ဒသမ ၃ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုလ်သီး ၂ တန် ခန့် တင်သွင်းခဲ့ပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံးမှာတော့ ကန်ဒေါ်လာ ၄ ဒသမ ၄၄ သန်းတန်ဖိုးရှိ ပရဆေး ကုန်ကြမ်း ၁၅၇၃ တန်ကျော်တင်ပို့နိုင်ခဲ့ပြီး ကန်ဒေါ် လာ ၁ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ကျော် တင် သွင်းနိုင်ခဲ့ပါတယ်။MIRT (DOBT)
ဒီနှစ်မှာတော့ ရှမ်းနနွင်းက အရောင်းအဝယ်ကောင်းနေ ပါတယ်။ အောင်ပန်းဈေးကွက်မှာ ရန်ကုန်ဝယ်လက်တွေ အတော်များများဝယ်ယူနေကြပါတယ်။ ပါကစ္စတန်၊ ဒူဘိုင်း စတဲ့ နိုင်ငံတွေကိုတော့ ရေကြောင်းလိုင်းကနေ ထွက်သွား တာ ဒီတစ်ပတ်ထဲမှာ ပိဿာချိန် ၄၅၀၀၀ ခန့်ရှိတယ်လို့ ကုန်သည် တွေထံက သိရပါတယ်။ ဒူဘိုင်း လို နိုင်ငံကတော့ ဆင်တောင် နနွင်းကို စားသုံးဖို့အတွက် မဟုတ်ဘဲ၊ ကော်ဇောတွေ ပိုးမစား အောင်လို့ အသုံးပြုဖို့အ တွက် ဝယ်ယူကြတယ်လို့လည်း သိရ ပါတယ်။ လှောင်လက်တွေဆီမှာတော့ နနွင်းအတော်များများ ကျန်နေပါသေး တယ်။ တောင်သူတွေ၊ လှောင်လက်တွေက တော့ ကြိုက်ဈေးရမှသာ ထုတ်ရောင်းကြတော့မယ်လို့ ဆိုပါ တယ်။ လောလောဆယ်က ထုတ်မရောင်းကြသေးပါဘူး။ အောင်ပန်းဈေးကွက်မှာ နနွင်းပေါက်ဈေးက ပင်လောင်း နနွင်း ဆိုရင် ၅၀၀ ကျပ် - ၆၀၀ ကျပ်၊ တောင်ပို့လနနွင်းက ၇၀၀ ကျပ် - ၈၀၀ ကျပ်နဲ့ ဆင်တောင်နနွင်းက တစ်ပိဿာ ၁၀၀၀ ကျပ် - ၁၁၀၀ ကျပ်ရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ နနွင်း အသစ်အစိုတွေအများအပြား ဝင်လာနေပါ တယ်။ ဈေးကို ပိဿာချိန် ၃၀၀၀ - ၄၀၀၀ ခန့်အဝင်ရှိပြီး၊ တစ်ပိဿာကို ၈၀ ကျပ်ဈေးသာရှိပါတယ်။ လက်ကျန်နနွင်းခြောက်တွေက တော့ တစ်ပိဿာ ၇၀၀ ကျပ်ရှိတယ်လို့ သိရပါတယ်။ ဧဧခိုင် - တောင်ကြီး
သီတင်းတစ်ပတ်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း နနွင်း ၁၀၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှား နိုင်ငံကို နနွင်းတင်ပို့မှုပိုခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ တန်ချိန်မှာ မလေးရှားကို တန်ချိန် ၆၀ နဲ့ ပါကစ္စတန်ကို ၄၇ တန်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာ တန်ချိန် သုံးဆယ်ကျော်သာတင်ပို့ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုမှာ တန်ချိန် ခုနှစ်ဆယ်နီးပါးပိုခဲ့ပါတယ်။ FOB ဈေးမှာ တစ်တန်ကို ကန်ဒေါ်လာ လေးရာနီးပါး ရရှိခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အတွင်း စုစုပေါင်းတင်ပို့ခဲ့တဲ့ တန်ချိန်က သုံးရာ့သုံးဆယ် ကျော် ဖြစ်ပြီး ရရှိခဲ့တဲ့ဝင်ငွေမှာ ကန်ဒေါ်လာ တစ်သိန်းနှစ်သောင်းကိုးထောင်ကျော်ရရှိခဲ့ပြီလို့ သိရပါတယ်။MIRT (DOT)
ယခုကာလက မန်ကျည်းပေါ်တဲ့အချိန်ဖြစ်လို့ မန်ကျည်းတင်ပို့မှုကလည်း အား ကောင်းနေပါ တယ်။ ပြည်ပ ကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၃ ရက်အတွင်း မန်ကျည်း ၁၀၇၈ ဒသမ ၁၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ စင်ကာပူနိုင်ငံကို ၂၂၈ ဒသမ ၁၂ တန်၊ ပါကစ္စတန်နိုင်ငံကို ၃၅၀ ဒသမ ၀၅ တန်၊ မလေးရှားနိုင်ငံကို ၄၅၀၊ အိန္ဒိယကို တန် ၅၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ မန်ကျည်းတင်ပို့မှုမှာ ယခင်တစ်ပတ်တင်ပို့မှုထက် တန်ချိန် လေးရာ ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း ယခုတစ်ပတ်အထိ မန်ကျည်း တင်ပို့မှုက တန်ချိန် ၂၂၃၈ ဒသမ ၁၇ တန်ရှိခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့ တဲ့ဝင်ငွေ စုစုပေါင်းက ကန်ဒေါ်လာ ရှစ်သိန်းကျော်ပြီလို့ သိရပါတယ်။MIRT (DOT)
ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ချင်းအဝင်နည်းနေပါတယ်။ အဝင်နည်း နေသလို အရောင်းကလည်း ပါးနေတယ်လို့ သိရပါတယ်။ ပွဲရုံတွေမှာ ချင်းတွေများ နေပြီး အဝယ်ကတော့ သိပ်မရှိပါဘူး နထစသမအ လည်းရပ်သွားတာကြောင့် ပလပ်တိုက် တာလည်း ရပ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလပ်တိုက်တယ် ဆိုတာ က ချင်းအခက်လှတွေကို မြေတွေစင်အောင်သန့်စင်ပြီး တင်ပို့တာ ကို ခေါ်ပါတယ်။ လောလောဆယ် အဲဒီအ လုပ်ကလည်း ရပ်နေတော့ အလုပ်သမားတွေကလည်း အလုပ်နားနေရတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေး က လက်ကျန် ချင်း(ဥမ)က ၁၀၀ ကျပ် - ၁၅၀ ကျပ်ဈေးသာရှိပါတယ်။ မျိုးစိုက်ပြီး ပယ်တဲ့ချင်း (ပယ်ချင်း)ကတော့ ၁၅၀ ကျပ် - ၂၀၀ ကျပ်၊ အခက်လှရင် ၂၅၀ ကျပ် - ၃၀၀ ကျပ်၊ ဈေးရှိပြီး အဲဒီအခက်လှမှာမှ မြေဖြူချင်းဆို ၃၀၀ ကျပ် - ၃၂၀ ကျပ်ဈေးရှိပါ တယ်။ နေပူလာတာကြောင့် ချင်းထိုးသမားတွေကလည်း အမှာရပ်နေကြလို့ နှစ်ပတ် မှ ပိဿာ ၉၀၀ - ၁၀၀၀ ခန့်သာတင်ပို့နေရတယ်လို့ သိရပါတယ်။