Background
ယခု ရက်ပိုင်းအတွင်း အိန္ဒိယ မွန်ဘိုင်း ဈေးကွက်မှာ မတ်ပဲ အဝယ် လိုက်ဈေးတက်နေပြီး ပဲစင်းငုံနီ ကို ဈေးမြင့်ချိန်မှာ ပဲခွဲစက်နှင့် ကုန်သည် များက အဝယ်ပြန်အေးသွားတဲ့အတွက် ဈေးငြိမ်နေပါတယ်။ ဒဟုတ်၊ ဒေလီ၊ ဘီကနာ၊ ဝီဂျေဝါဒါနဲ့ ချန်နိုင်း ဈေးကွက် မှာလည်းဝယ်အားကောင်းလို့ ကုလားပဲ နဲ့ ပဲစင်းငုံဈေးတက်နေပါတယ်။
ယခုနှစ်မှာ အိန္ဒိယနိုင်ငံရဲ့ ကုလား ပဲထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် လာမယ့်ဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတန် ချိန် ၃ သန်း ဝန်းကျင်သာ တင်သွင်း တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ လက်ရှိကုလားပဲထုတ်လုပ်မှုဟာ ယခင်နှစ်ကထက် ၁၅ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှုလျော့ ကျလာပြီး ပမာဏအနေနဲ့ မက်ထရစ် တန် ၃ သန်းဝန်းကျင်သာ ရှိမှာဖြစ် ကြောင်း အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအဖွဲ့ ဥက္ကဋ္ဌ Pravin Dongre က ပြော ကြားခဲ့ပါတယ်။ ယခုနှစ်အတွင်း ပဲမျိုးစုံ တင်သွင်းမှုသည် (မက်ထရစ်)၃ ဒသမ ၃ တန်ဝန်းကျင်သာ တင်သွင်းမှာဖြစ် ပြီး ယခင်နှစ်ထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမိုခဲ့ကြောင်း ခန့်မှန်းခဲ့ပါတယ်။ ကနေ ဒါ၊ သြစတြေးလျ၊ မြန်မာနဲ့ အမေရိကန် နိုင်ငံကဲ့သို့ အခြားနိုင်ငံများမှ ပဲမျိုးစုံကို အများဆုံးစားသုံးသူ၊ ထုတ်လုပ်သူ၊ တင် သွင်းသူမှာ အိန္ဒိယနိုင်ငံပဲဖြစ်ပါတယ်။
ယခုရက်ပိုင်းအတွင်း အိန္ဒိယမွန်ဘိုင်းဈေးကွက်မှာ မြန်မာပဲစင်းငုံနီနှင့် မတ်ပဲကို ပဲခွဲစက်နှင့် ကုန်သည်များက ဈေးမေး စုံစမ်းဝယ်ယူမှုများလာခြင်းကြောင့် ပဲစင်းငုံနီ ဈေး သိသာစွာမြင့်တက်လာပြီး မတ်ပဲဈေးလည်း မြင့်တက်လာခဲ့ပါတယ်။ ချန်နိုင်း ဈေးကွက်မှာလည်း အဝယ်လိုက်လို့ မတ်ပဲ၊ ပဲစင်းငုံနီ ဈေးခိုင်နေပါတယ်။ ဒေလီဈေး ကွက်မှာတော့ သီးနှံအသစ် ပေါ်နေတဲ့အပြင် အဝယ်ထိုင်းလို့ ကုလားပဲဈေးကျနေပါ တယ်။
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၆၂၄ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၆၈၇ တန်ကျော်တင်ပို့ နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၄၄၄ တန်ကျော်သာတင်ပို့နိုင်ခဲ့လို့ ယခု အပတ်မှာ ၂၄၂ တန်ကျော်ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါ တယ်။ ယခင်အပတ်ကထက် ဝဥခြောက်၊ ကွမ်းစားဂမုန်း၊ ကြောင်ပန်းစေ့၊ တောဂျူးမြစ်၊ ကြောင်လျာစေ့၊ ချဉ်ပေါင် ဖာလာ (အခွံပါ)နဲ့ ကြက်ဆူစေ့တို့ပိုမိုတင်ပို့နိုင်ခဲ့ပြီး နေလဲစေ့၊ ဆီးဆံနဲ့တောချင်းတို့ ကိုတော့ လျော့နည်းတင်ပို့ခဲ့ ပါတယ်။ ယခင်အပတ်ကတင်ပို့မှုမရှိခဲ့တဲ့ မိကျောင်းကွမ်းဖတ်စေ့၊ စကားပန်းပွင့်ခြောက် နဲ့တောင်လုံးကျော်တို့ကို လည်း ယခု အပတ်မှာ တင်ပို့နိုင်ခဲ့ပါတယ်။ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူး ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၄ သန်း တန်ဖိုးရှိ ကတ္တရာသင်္ချေ သုည ဒသမ ၈ တန်ခန့်၊ ကန် ဒေါ်လာ သုည ဒသမ ၀၁၆ သန်းတန်ဖိုးရှိ ဇာတိပ္ဖိုုလ်သီး ၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းတန်ဖိုးရှိ ဆူးပန်း ၁ တန်ခန့်တို့ကိုတင်သွင်းခဲ့ပါတယ်။ ခင်ကလျာဦး၊MIRT (DOBT)
ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၅ ရက်ထိကာလ အတွင်းမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ သုည ဒသမ ၀၀၃ သန်း တန်ဖိုးရှိ မန်ကျည်းမှည့်အစေ့ပါ ၄ တန်ကို ပြန်လည်တင်ပို့မှု ရှိလာတာတွေ့ရပါတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလက နောက်ဆုံးအကြိမ် အပို့ရှိခဲ့ပြီး တင်ပို့မှု ရပ်နားနေရာမှာ ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာဖြစ်ပါတယ်။ မန်ကျည်း သီးမှည့်ပေါ် ရာသီချိန်ဖြစ်သဖြင့် တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။
ဖေဖော်ဝါရီနောက်ဆုံးပတ်ဖြစ်တဲ့ ဖေဖော်ဝါရိ ၂၇ ရက်မှမတ်လ၂ ရက်အတွင်းမှာပြည်ပကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ မန်ကျည်း ၅၇၆ တန်ကို တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ပါကစ္စတန်နိုင်ငံကို ၇၅ တန်၊ မလေးရှား နိုင်ငံကို ၃၁၆ တန်၊ အိန္ဒိယနိုင်ငံကို ၁၆ တန်၊ စင်ကာပူနိုင်ငံကို ၁၆၉ တန်တင်ပို့ ခဲ့ပါတယ်။ တင်ပို့မှုများမှာ မလေးရှားနိုင်ငံကို အများဆုံးတင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာ မန်ကျည်းစေ့နဲ့ အစေ့ပါ မန်ကျည်းတင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် တစ်ဆကျော်လျော့နည်းခဲ့ပါတယ်။ မန်ကျည်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန်ဒေါ်လာ နှစ်သိန်း တစ်သောင်းကျော်ရှိခဲ့ပါတယ်။
ဒီတစ်ပတ်မှာ အောင်ပန်းဈေးကွက်ကို နနွင်း (စို) တွေ စပြီးဝင်လာနေပါပြီ။ ပင်လောင်း၊ တောင်ပို့လနဲ့ ဆင်တောင် နနွင်းသစ်တွေ လက်လီဝင်လာပါတယ်။ လောလောဆယ် တော့ ပြည်ပဝယ်လက်တွေမရှိသေးပါဘူး။ ပြည်တွင်းသုံး အတွက် လက်လီခန့်သာ အရောင်းအဝယ်ဖြစ်နေတယ်လို့ လည်း သိရပါတယ်။ လှောင်လက်တွေ ကတော့ အစိုတွေကို မဝယ်ချင်သေးပါဘူး။ အစိုဆိုရင် ပြန်ပြုတ်ရ၊ အခြောက် လှမ်းရနဲ့ အလုပ်လည်းရှုပ်တာကြောင့် မဝယ်ချင်ကြပါဘူး။ အခြောက်ကိုသာ ဝယ်ရောင်းပြုလုပ်လိုကြတယ်လို့လည်း သိ ရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ ပါကစ္စတန်နိုင်ငံကို နနွင်းတန် ၆၀ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်း ပတ်မှာ နနွင်းတန်ချိန် တစ်ရာကျော် တင်ပို့နိုင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုလျော့ခဲ့ပါတယ်။ ဖေဖော်ဝါရီလအတွင်း အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ကိုရီးယား၊ ပါကစ္စတန် နဲ့ အာရပ်စော်ဘွား များ ပြည်ထောင်စုနိုင်ငံ တွေကို နနွင်းတင်ပို့ခဲ့ပါတယ်။ တင်ပို့ ခဲ့တဲ့နနွင်းတန်ချိန်က ၃၉၇ ဒသမ ၄၅ တန်ဖြစ်ပါတယ်။ ရရှိခဲ့တဲ့ ဝင်ငွေကန်ဒေါ်လာ တစ်သိန်းကျော်ဖြစ်ပါတယ်။ ယခင်ဇန်နဝါရီလအတွင်းမှာ နနွင်းတန် ခုနှစ်ရာကျော် တင်ပို့ခဲ့တာကြောင့် ဖေဖော်ဝါရီလမှာ နနွင်းတင်ပို့မှု တန်သုံးရာ့ငါးဆယ်ကျော် လျော့နည်းခဲ့ပါတယ်။ MIRT (DOT)
အောင်ပန်းဈေးကွက်မှာ ချင်း (စို) တွေကတော့ ပုံမှန်အဝင်ရှိနေပါတယ်။ အခါ နားနီးလာ တာကြောင့် တောင်သူတွေကလည်း ထုတ်ရောင်းလာကြပါ တယ်။ တောင်သူတွေ၊ ခြံရှင်တွေထုတ်ရောင်းနေ လို့ ၅ ရက်တစ်ဈေးကို ပိဿာချိန် ၅ ထောင်မှ ၁ သောင်းခန့်အဝင်ရှိနေတယ်လို့သိရှိရပါတယ်။ အရောင်းကလည်း ပုံမှန်ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဒီနှစ်က ဟိုပုံးချင်းအထွက်နှုန်းနည်းပေမဲ့ ကလော၊ အောင်ပန်းမြို့နယ်ဖက်က ချင်းတွေကတော့ အထွက်နှုန်းများတာကြောင့် တောင်သူ တွေနဲ့လှောင်လက်တွေမှာ ချင်းအတော်များများကျန်ရှိနေ ပါတယ်။ ဒီတစ်ပတ် ချင်း ဈေးက အရင်တစ်ပတ်က ချင်းဈေးထက်နည်းနည်းကျလာပါတယ်။ ချင်းဈေးကျ လာတာကြောင့် တချို့တောင်သူတွေက ချင်းခြောက်အဖြစ်ပြန်ပြီး ပြုလုပ်နေကြ တယ်လို့လည်းသိရပါတယ်။ ချင်းစိုကတော့ အရည်အသွေးပေါ်မူတည်ပြီး တစ်ပိဿာ ၂၀၀ ကျပ်မှ ၃၅၀ ကျပ်ဈေးထိရှိပါတယ်။ နယ်စုံက ထိုးချင်းသမားတွေ ဝယ်ယူနေတာကြောင့် တစ် ပတ်အတွင်း ချင်းပိဿာချိန် ၉၀၀၀ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ချင်းခြောက် တော့ ခပ်ပါးပါးသာအရောင်းအဝယ်ဖြစ်နေပြီး တစ်ပိဿာကို ၁၀၀၀ကျပ်၊ ၁၂၀၀ ကျပ်ဈေးရှိတယ်လို့ သိရပါတယ်။ ဧဧခိုင်-တောင်ကြီး
ပြည်ချင်းဈေးကွက်အတွင်း ယခုအပတ်မှာ အရောင်းအဝယ်အေးတဲ့အတွက် ယခင်ချင်းတစ်ပိဿာကို (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်သာရှိရာမှ ယခု ချင်းတစ်ပိဿာကို (ရှယ်) ၅၀၀ ကျပ်၊ (ဂျွန်) ၃၀၀ - ၄၀၀ ကျပ်သာရှိလို့ တစ်ပိဿာကို ၁၀၀ ကျပ် ဈေးကျသွားပေမယ့် အောင်ပန်းဘက်မှ တစ်ပိဿာ ၃၀ ဝင်အိတ် ၁၅၀ ခန့်နဲ့ အဝင်ပုံမှန်ရှိနေပါတယ်။ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်ကို စားသုံးမှုအဖြစ် ယခုတစ်ပတ်အတွင်း ပိဿာ ချိန် ၃၆၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်