Main menu

Background

Friday, 3 Oct 2014

ကျွန်မတို့၏ မြန်မာနိုင်ငံဟာလွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်ကတည်းကဗဟိုချုပ်ကိုင်တဲ့စနစ်နဲ့အုပ်ချုပ်ခဲ့ တဲ့နိုင်ငံဖြစ် ပါတယ်။ အစိုး ရသစ်တက်ပြီးချိန်မှာအစိုးရသစ်အနေနဲ့

Thursday, 4 Sep 2014

 

အလုပ်သမားများ၏ ကျယ်လောင်လာသော ပေါက်ကွဲ သံစဉ်
မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဒီမိုကရေစီအလေ့အကျင့် စတင်မိတ်ဆက်ကျင့်သုံးနေရာ တွင်လွတ်လပ်စွာထုတ်ဖော်ပြောခွင့်ဆိုခွင့်ဆိုသည့်အရာသည်အလုပ်သမားလူတန်းစားအတွက်အလွန်အသုံးတည့် လျက်ရှိသည်။ မြန်မာပြည်တွင်းရှိ စက်ရုံအလုပ်ရုံများမှ အလုပ်သမားများမှာ  ထိုအခွင့်အရေးကို အပြည့်အ၀ အသုံးချ လျက်၎င်းတို့၏အလိုဆန္ဒ မကျေနပ်ချက်များကို နေရာအနံှ့တွင် နေ့စဉ်နေ့တိုင်းလိုလိုရင်ဖွင့် ပေါက်ကွဲကြသည်။  ထိုေ ပါက်ကွဲတောင်းဆိုသံများထဲတွင်အလုပ်သမားတို့၏လိုအင်ဆန္ဒများကို ကြားနေရ၏။

Tuesday, 19 Aug 2014

အခြေခံကုန်စည်များ တင်ပို့ခြင်း
အခြေခံထုတ်ကုန်များနှင့် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်များ (Primary and agricultural products) သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံများ(Least Develo-ped Countries - LDCs) ၏ အဓိကပို့ကုန် များ ဖြစ်သည်။အဆိုပါနိုင်ငံများ၏အဓိကပို့ကုန်များမှာဆန်၊ပဲ၊ ပြောင်း၊ ချည်ခင်၊ငါးနှင့်အထည်ချုပ်ကဲ့သို့သော ကုန်စည် များဖြစ်သည်။

Monday, 18 Aug 2014

 
နိုင်ငံခြားဘဏ်များမြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုရေးနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိကဘဏ်များက ဝန်ထမ်းများ ရွှေ့ပြောင်းကြမည့်အရေး၊ ဈေးကွက်ဝေစုလျော့ကျမည့်ကိစ္စ၊အရင်းအနှီးနှင့်နည်းပညာကွာခြားသည့် ကိစ္စ စသည်ဖြင့် စိုးရိမ်ပူပန်မှုများ ရှိကြသည်ကို တွေ့ရသည်။

Friday, 18 Jul 2014

 
 
အကြီးဆုံးအမျိုးသား စံချိန်စံညွှန်း အဖွဲ့ (၆)ခုတွင် ပြုခဲ့ သည့် သုတေသနမှ ဖော်ပြသည်မှာ စုံစမ်းမှုအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် စံချိန်စံညွှန်းဝယ်ယူရေးနှင့် ဆက်စပ်သော သို့မဟုတ်အကျိုးဆက်ဖြစ်သောကိစ္စများဖြစ်သည်။ ၂၅ ရာခိုင်နှုန်း တွင်ပါဝင်သည်မှာ အသေးစိတ်သတင်းအချက်အလက် များပေးခြင်းဖြစ်ပြီး လက်ကျန် ၅ ရာခိုင်နှုန်းမှာ အကြံပြုချက် နှင့် နက်နဲသော သုတေသနများလိုအပ်မှုကြောင့်ဖြစ်ပါသည်။ အဓိကဝန်ထမ်းစရိတ်များကိုရှောင်ရှားနိုင်ရန် အမျိုးသား စံချိန် စံညွှန်းအဖွဲ့တစ်ခုသည် သတင်းအချက်အလက် များနိုင်သမျှ များစွာ တင်နိုင်ရန်အဖွဲ့၏ ဝက်ဘ်ဆိုက်ကို ဖွံ့ဖြိုး တိုးတက်စေ ရန် အကြံပြုပါသည်။ စကားရပ်များ စာပိုဒ်များ၏ အဓိပ္ပါယ် ပြန်ဆိုမှုနှင့် စပ်လျဉ်းသော မေးခွန်းများကိုပင် ဝက်ဆိုက် စုံစမ်း ရေး ပုံစံတစ်ခုဖြင့် အထောက်အကူ ပြုပေးနိုင်ပါသည်။ ထို ဝက်ဘ်ဆိုက်သည် မေးခွန်းများကို တုံ့ပြန်မှုပြုရေးအတွက် သက်ဆိုင်ရာ နည်းပညာကော်မတီသို့ ဆက်လက် ပေးပို့၍ တာဝန်လွှဲအပ်နိုင်ပါသည်။ ရှုပ်ထွေးသော လိုလားချက် များကို ဖြည့်တင်းရန် အကြံပေးအဖွဲ့ငယ်တစ်ခုကို တည်ထောင်ထား နိုင်ပြီးပေး ရသောဝန်ဆောင်မှု အတွက် အခကြေးေ ငွ ကောက်ခံ သင့်ပါသည်။

Friday, 18 Jul 2014

 
အရှေ့တောင်အာရှဒေသသည် စီးပွားရေးသိသိသာသာတိုးတက်လျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် အရှေ့ တောင်အာရှအစိုးရများသည် ဈေးကွက် များကို လွတ်လပ်ခွင့်ပြုခြင်း သို့မဟုတ် ဖြေလျှော့ခြင်းကြောင့် ဖြစ်ပါသည်။ အကျိုးဆက်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုဖြစ်စဉ်များအတွင်း စီးပွား ရေးပေါင်းစည်းမှုကို မြှင့်တင်နိုင်ခဲ့သည်။ ယခုအခါ အရှေ့တောင်အာရှဒေသ သည် ဒုတိယအဆင့်ဈေးကွက်

Monday, 16 Jun 2014

 
တစ်ရက်မှာ ကြက်သွန်နီအရောင်းအဝယ်ဖြစ်တဲ့ ပခုက္ကူ မြို့မဈေးရဲ့ အနောက်နားမှာရှိတဲ့ ဦးမေဃကျောင်းဝန်းကို ကြက်သွန် အဝင်၊ ဈေးနှုန်းအနေအထား လေ့လာရင်း တစ် ဆက်တည်း ဈေးတစ်ပတ်လည် လေ့လာမေးမြန်းစုံစမ်းကြည့်မိ ပါတယ်။ လက်လီဈေး၊ လက်ကားဈေး၊ ကွာခြားမှုဆိုတာတွေ ပါ။ ကြက်သွန်ဈေး လေ့လာရင်း ဘာသွားတွေ့ သလဲဆိုေ တာ့ ဈေးကြီး ရဲ့မြောက်ဘက်အလယ်ပေါက်တည့်တည့်မှာ တညင်း သီးပြုတ် ရောင်းနေကြတဲ့ သူတွေပါ။ သူ့ရာသီသူ့အချိန်နဲ့ ပေါ်တဲ့ သီးနှံ၊ ရောင်းတာ ဘာဆန်းသလဲကွာ---မေးစရာ ရှိပါလိမ့်မယ်။ ဟုတ်ကဲ့ --- ရာသီပေါ်လို့ စားသုံးသူတွေ စားသုံး ဖို့ ပြုတ်ပြီးေ ရာင်းတယ်။ ဒါပေမဲ့ ဒီတညင်းသီးတွေဟာ ပုံမှန် အနေအထားမဟုတ်ဘူး လူကြည့်လို့ကောင်းအောင် ဆိုးဆေးတွေ ဆိုးထား တာကို တွေ့ရပါတယ်။ သေချာအောင် မေးကြည့်တော့

Monday, 16 Jun 2014

 
ယနေ့ကမ္ဘာကြီးမှာ ကျန်းမာရေးဆိုင်ရာပြဿနာများဟာ ဟိုနေရာမှာတစ်မျိုး၊ ဒီနေရာမှာတစ်မျိုး အမျိုးမျိုးအ ဖုံဖုံ ဖြစ် နေတာတွေ တွေ့နေ၊ မြင်နေ၊ ကြားနေရပါတယ်။ အဲဒီဖြစ် ပေါ်နေတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေထဲက အများစု ကတော့ လူတို့ရဲ့နေထိုင်မှုပုံစံမှားယွင်းတာထက်စာရင် အစား အသောက်တွေမသန့်ရှင်းမှုကြောင့်နဲ့ လူတို့ရဲ့အသိပညာ အားနည်းချက်တွေကြောင့် အဓိကဖြစ်နေရတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ဒါဆိုဘာလို့ဒီလိုဖြစ်နေရတာလဲ၊ ဒါတွေ ကိုဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်မလဲဆိုတာ စာရေးသူ ဉာဏ်မီသလောက် စဉ်းစားသုံးသပ်မိတာလေးကို ရေးသား တင်ပြချင်ပါတယ်။

Monday, 24 Feb 2014

အစိုးရရဲ့ အုပ်ချုပ်ရေးယန္တရား ကောင်းဖို့ဆိုရင်အဂတိတရားကင်းရှင်းဖို့ ဟာအတော်အဓိကကျပါတယ်။ သီအိုရီ အရကြားဖူးတာကတော့ အဂတိလိုက် စားမှုကို လုံးဝအမြစ်ပြတ်သုတ်သင်လို့ မရဘူး။ အတတ်နိုင်ဆုံးလျော့ကျအောင် ပဲလုပ်လို့ရမယ်။ ဘာကြောင့်လဲဆိုတော့ ပုထုဇဉ်လူသားတစ်ဦးရဲ့ လောဘနဲ့ ဆက်စပ်နေလို့။ ဒါကြောင့်နိုင်ငံတိုင်းမှာ အနည်းနဲ့အများရှိကြတယ်။ အဂတိ နည်းလေ အစိုးရရဲ့ အုပ်ချုပ်ရေးစွမ်း ဆောင်ရည်ပိုကောင်းပြီး တိုင်းပြည်ပိုတိုး တက်လေဖြစ်မယ်။

Pages