Main menu

Background

Friday, 11 Nov 2022

မုံရွာမြို့ အနောက်ဘက်ကမ်း ဆားလင်းကြီးမြို့နယ် ချင်းတွင်းမြစ် ရေဝင်ဒေသများဖြစ်ကြသည့် ရွာရှည်အုပ်စု လက်ပန်းတောင်းအုပ်စုနှင့် တုံအုပ်စုရှိ ကျေးရွာများမှ ပဲမျိုးစုံသီးနှံကို အဓိကစိုက်ပျိုး ကြောင်း သိရသည်။ အဆိုပါ ကျေးရွာ များလည်း မြေနုကျွန်းနှင့် ရေတင်အင်းမြေများတွင် ယခင်က မြေပဲသီးနှံကို အဓိက စိုက်ပျိုးခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် စိုက်ပျိုးစရိတ်သက်သာပြီး ဈေးကွက်ရရှိနေသည့် ပဲနီကြားများကို ပိုမိုစိုက်ပျိုးလာကြောင်း ဒေသခံ တောင်သူများထံမှ သိရှိရ သည်။

Friday, 11 Nov 2022

ကိုင်းမြေများ၌ ဆီထွက်သီးနှံ မြေပဲ၊ နေကြာအပြင် ပဲမာများအဖြစ် ကုလားပဲ၊ စားတော်ပဲ၊ ပဲတီစိမ်းအပြင် ပဲလွမ်းကိုလည်း အဓိက စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
ယခုလက်ရှိ  ကိုင်းမြေများတွင် ပဲလွမ်းကို စိုက်နေကြပြီး ပဲလွမ်းမှာ စိုက်ပျိုးစရိတ် သက်သာသည့်အပြင် အသစ်ပေါ်ချိန်၌ ဈေးကောင်းရရှိသဖြင့်  ပဲလွမ်းကို  အဓိကသီးနှံအဖြစ်  စိုက်ပျိုးကြကြောင်း ရေနံချောင်းမြို့နယ် ပဲစိုက်တောင်သူ ဦးထွန်းအေးထံမှ သိရသည်။
ပဲလွမ်းကို မြေပဲစိုက်ခင်းများရိတ်သိမ်းအပြီး၌ သီးထပ်အဖြစ် ယာမြေများ၌ စိုက်ကြကြောင်း၊ လက်ရှိ ပဲလွမ်းအသစ်များမှာ တစ်တင်းလျှင် ကျပ် ၄၇၀ဝ၀ ပေါက်ဈေးရှိကြောင်း သိရသည်။

Friday, 11 Nov 2022

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ယာမြေများတွင်စိုက်သည့် ပဲနောက်ပင်များ ဆွတ်ခူးနေကြပြီဖြစ်သောကြောင့် စိုက်တောင်သူများ ဝင်ငွေရနေကြောင်း သိရသည်။ မိုးသီးနှံ နှမ်းနှင့် မြေပဲများ စိုက်ပျိုးရိတ်သိမ်း ပြီးနောက် သီးထပ်အဖြစ် မြေပြုပြင်ကာ နွားချေး၊ မြေသြဇာများချ၍ ထွန်ရေး၌ သီးထပ်အဖြစ် ပဲနောက်ကိုစိုက်ကြကြောင်း၊ တောင်သူများအနေဖြင့် မူလသီးနှံနှမ်းနှင့် မြေပဲအပြင် ပဲနောက်ကလည်း ဝင်ငွေရသည့်အပြင် နွားစာအဖြစ် ဖူလုံကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ "ပဲနောက် လှိုင်လှိုင် ဆွတ်ခူးနေကြပါတယ်။ ယခုနှစ်စိုက် သီးထပ် တွေဖြစ်တဲ့ ပဲနောက်ကနေ ဝင်ငွေရတဲ့အပြင် အပင်အရို  နွားစာအဖြစ် အသုံးဝင်တယ်"ဟု လင

Wednesday, 2 Nov 2022

မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်ရှိ ကျေးရွာများတွင် ဆိတ်ကို   တစ်ပိုင်တစ်နိုင် မွေးမြူ ကြရာ မိသားစုဝင်ငွေရရှိနေကြောင်း သိရသည်။"စမွေးတုန်းကတော့ ၁၀ ကောင်ပဲမွေးနိုင်တာ။ ဒါကို ကျပ် ၁၀ သိန်းလောက်ကုန်တယ်။ ယခု ဆိတ် ကောင်ရေ ၃၀ ရှိပါပြီ။ ဒါလေးက မိသားစု ဝင်ငွေရ တယ်။     လက်လုပ်လက်စားသမားတွေအတွက် ပိုအဆင်ပြေတယ်"ဟု  ဒေသခံ ဒေါ်ဝင်းဌေးက ပြော သည်။"ကျွန်တော့်ရွာမှာက ဆိတ်ကတော့ အဓိကထား မွေးတာဗျ။ ရာသီဥတုနဲ့ကိုက်တဲ့အပြင် လွှတ်ကျောင်း စနစ်နဲ့ မွေးရတယ်ဗျ။ အောင်မြင်ဖြစ်ထွန်းတဲ့လုပ်ငန်း ပါပဲ"ဟု ရုံးကုန်းကျေးရွာအုပ်စုနေ  ဦးသန်းထိုက်က ပြောသည်။ဒေသတွင်း၌  ဆိတ်ကို တစ်ပိုင်တစ်နိုင်မှသည် စီးပွားဖြစ် မွေးမြူလာ ကြသည

Tuesday, 1 Nov 2022

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ အောက်တိုဘာလ‌ တတိယပတ်တွင် စပါး၊ ဆန်ဈေးနှုန်းများမှာ တည်ငြိမ်နေသည်။ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက် မှုမှာ အောက်တိုဘာလ
ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၄၅၀ဝ၀၊ မန္တလေးသို့ အိတ်ရေ ၅၇၁၀ဝ၊  နေပြည်တော်သို့ အိတ်ရေ ၁၂၀ဝ၀၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ အိတ်ရေ ၉၅၀ဝ၊  ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့  
 အိတ်ရေ ၉၅၀ဝ၊ ပခုက္ကူသို့ အိတ်ရေ ၁၀ဝ၀၊ စုစုပေါင်း  အိတ်ရေ ၁၃၄၁၀ဝ၊ တန်အားဖြင့် ၆၇၀၅တန် စီးထွက်ခဲ့သည်။

Thursday, 13 Oct 2022

ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထား သော တိုင်းတစ်တိုင်းဖြစ်သည်နှင့်အမျှ  မြစ်ချောင်း အင်းအိုင် ပေါများသောကြောင့်    ရေထွက်ပစ္စည်းများဖြစ်သော   ငါးပိ၊ ငါးချဉ်၊ ငါးခြောက်များလည်း  ထွက်သည့်အနက်  ပဲခူးဒေသ ထွက် ငါးရံ့ခြောက်သည်နာမည်ကြီးသည်။ပဲခူးဒေသထွက် ငါးရံ့ခြောက်သည်ဆားပေါ့၍အပေါ့ခြောက်ဖြစ်သည့်အတွက် လူကြီး၊ လူငယ်၊ ကလေး၊ သွေးတိုး၊ ဆီးချိုသမားပါမကျန် စားသုံးနိုင်သောကြောင့်လက်ဆောင်ပေးခြင်းအတွသော် လည်းကောင်း၊ ကိုယ်တိုင်စားသုံးရန်အတွက်သော်လည်းကောင်း ဝယ်ယူလျက်ရှိကြသည်။ငါးရံ့ခြောက်ပြုလုပ်ရာတွင် ငါးရံ့များကို ပဲခူးမြို့နယ်၊ ဒိုက်ဦးမြို့နယ်၊ ဝေါမြို့နယ်၊ သနပ်ပင်မြို့နယ်များရှိ ရေချိုအင်းအိုင်မျ

Wednesday, 12 Oct 2022

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးရာဒေသများဖြစ်ကြ သော ပခုက္ကူ၊ ပေါက်၊ ရေစကြို၊ ကမ္မ၊ ယောနယ်ဒေသနှင့် ဆိပ်ဖြူဒေသတို့မှ ဆောင်းစိုက်(ပင်စိုက်) များ အရောင်းအဝယ် ဖြစ်နေသည်။ ပခုက္ကူ ကြက်သွန်နီ ကုန်ဝယ်ဒိုင်သို့ အခြား နယ်များဖြစ်ကြသော မြင်းခြံ၊ တောင်သာ၊ ညောင်ဦးနယ်များမှ လည်း ဝင်ရောက်အရောင်းအဝယ်ဖြစ်နေသည်။  စက်တင် ဘာလ ဒုတိယပတ်၏ ကြက်သွန်နီလက်ကားဒိုင် ပြတ်ဈေးမှာ ထိပ်စ တစ်ပိဿာလျှင် ကျပ် ၃၂၅၀၊ အလတ်စ တစ်ပိဿာ  ကျပ် ၂၈၀ဝ၊ အနိမ့်စ တစ်ပိဿာ ကျပ် ၂၂၀ဝ ဖြင့်  နေ့စဉ် ကုန်ချိန် ၁၅၀ဝ၀  ကျော်အရောင်းအဝယ်ဖြစ်နေသည်။ပခုက္ကူ မြို့မဈေးနှင့်  ပန်းခြံဈေးတို့၏   ကြက်သွန် လက်လီရောင်းချသည့် ဈေးနှုန်းမှာ အရည် အသွေးကို လိုက်၍ ထိ

Wednesday, 12 Oct 2022

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇၂ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၂၄၆၀ နီးပါး တင်ပို့ခဲ့သည်။ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၂၃ သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၆၃၅၀ ကျော် တင်ပို့ခဲ့သည်။ နယ်စပ်မှ တင်ပို့မှုမှာ တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၃၈၀ နီးပါးနှင့် ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန်စုစုပေါင်း ၉၇၀ ကျော်တင်ပို့ခဲ့သည်။ယခုလ ပင်လယ်ရေ ကြောင်း နှင့် နယ်စပ်ကုန်သွယ်မှုမှ ရော်ဘာတန်ချိန် ၈၈၁၀ တင်ပို့ခဲ့သည်။ ယခင်လ တင်ပို့မှုနှင့် နှိုင်း ယှဉ်ပါက ရော်ဘာတန်ချိန် ၃၅၀ဝ ကျော် လျော့နည်းတင်ပို့ခဲ့သည်။                                      

Wednesday, 12 Oct 2022

ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်ထိ တစ်လတာ ကာလအတွင်း အမေရိကန်ဒေါ်လာ၉ ဒသမ ၇၀၄သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၂၄၃၇၀ ကျော် တင်ပို့ ခဲ့သည်။ စက်တင်ဘာလအတွင်း တင်ပို့မှုများမှာ အာရှနိုင်ငံများ သို့ ဆန်တန်ချိန် ၈၈၇၀ ကျော်၊ ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် ၁၅၄၉၀ ကျော် တင်ပို့ခဲ့သည်။စက်တင်ဘာလအတွင်း နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၀၇ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၃၂၀ဝ ကျော် ကို တရုတ်နိုင်ငံသို့ လည်းကောင်း၊ ဆန်တန်ချိန် ၇၀ ကို ထိုင်းနိုင်ငံ သို့လည်းကောင်း တင်ပို့ခဲ့သည်။ဆန်ကွဲတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ စက်တင်ဘာလအတွင်း အမေရိကန်ဒေါ်လာ ၇ ဒသမ ၂၀၉ သန်း တန်ဖိုးရှိ

Thursday, 29 Sep 2022

ရွှေတောင်မြို့နယ်တွင် ခရမ်းချဉ်သီးများကို စစ်ကိုင်း ကျွန်း၊ မင်းတဲကျွန်း၊ ကျီးသဲနှင့် မြို့မတို့တွင်လည်း  အများ အပြား စိုက်ပျိုးကြသည်။ ယခုအချိန်တွင် ဈေးကွက်၌ ခရမ်း ချဉ်သီးများ ဈေးကောင်းရနေကြောင်း သိရသည်။ ရွှေတောင် မြို့နယ်တွင်  ကိုင်းခရမ်းချဉ်သီး  ထွက်ပေါ်လာပြီဖြစ်သဖြင့် ဈေးကွက်တွင် ခရမ်းချဉ်သီးအစိမ်း တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ၊ ခရမ်းချဉ်သီးအမှည့် တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀ ဖြင့် ရွှေတောင်မြို့ပေါ်ရှိဈေးကွက်များတွင်သာမက ပြည် ဈေးကွက်နှင့်   ရန်ကုန်မြို့ရှိ  ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချလျက်ရှိသည်။  ယခင်လတွင်  ရွှေတောင်မြို့ ဈေးကွက်များတွင် ကိုင်းခရမ်းချဉ်သီး တစ်ပိဿာလျှင် ကျပ် ၂၀ဝ၀ ဖြင့် ရ

Pages