Main menu

Background

Thursday, 23 Jul 2020

ယခုတစ်ပတ်တွင် ပြည်ဈေးကွက်၌ နှမ်းဈေးများ ဆက်လက်ကျဆင်းနေသည်။ နှမ်းအဝင်မရှိဘဲ  အရောင်းအဝယ်ပါးသည့်အတွက်ကြောင့် ပြည်ပွဲရုံများတွင် ဈေး တန်းလျက်ရှိနေသည်။

Friday, 17 Jul 2020

ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်၊ စပါးဈေးကွက် အရောင်းအဝယ်အေးလျက်ရှိပြီး မြို့နယ်အချို့ တွင် ဧည့်မထ မိုး/နွေ  ဆန်၊ စပါး ဈေးနှုန်းများ အနည်းငယ်ကျဆင်းလျက်ရှိ ကြောင်း တိုင်းဆန်စပါးသတင်းများမှ သိရသည်။

Friday, 17 Jul 2020

မအူပင်မြို့နယ်တွင် ကျေးရွာအုပ်စု ၇၆ အုပ်စုရှိပြီး ယခင်နှစ်က မိုးစပါး ၁၄၁၂၇၈ ဧက စိုက်ပျိုးရိတ်သိမ်းဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ်တွင် မိုးစပါး ၇၅ ရာခိုင်နှုန်းခန့် စိုက်ပျိုးနိုင်ခဲ့ပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးရန်  အနည်းငယ်သာလိုကြောင်း စက်ပိုင်များထံမှ သိရှိရသည်။

Thursday, 9 Jul 2020

မွန်ပြည်နယ်ဈေးကွက်အတွင်း ပေါပေါများများ တွေ့ရှိ ရပြီး ဈေးကောင်းရသည့် ပန်းထိမ်ငို (ပန်းထိမ်မနိုင်)ပန်းမှာ စိုက်ပျိုးရန်လွယ်ကူသော ပန်းတစ်မျိုးဖြစ်ကြောင်း သိရှိရ သည်။ ခြောက်လက်မခန့် ရိုးတံများ၊ မျိုးဥများဖြင့် စိုက်ပျိုးပါက ရောင်းတန်းဝင်အပွင့်များ ရရှိနိုင်ကြောင်း၊ သားတက်များမှ တစ်ဆင့် မိုးရာသီတစ်လျှောက်လုံးအပွင်ထွက်ပြီး ပထမနှစ် တွင် အပွင့်သေးလေ့ရှိသော်လည်း နောက်နှစ်တွင် အပွင့်ကောင်း (လှ)ကြောင်း၊ စိုက်စံနစ်ပုံသေမရှိဘဲ စိုက်ပေါင်များ၊ အိုးများ၊ အထပ်ထပ် စင်များပြုလုပ်၍ စိုက်ပျိုးနိုင်ကြောင်း၊ အိုးများဖြင့် စိုက်ပျိုးထားပါက နောင်နှစ်မိုးရာသီတွင် သားတက်များ ပြန်ထွက်ကြောင်း သိရှိရသည်။

Friday, 3 Jul 2020

ယခုနှစ်တွင် ပြည်တွင်း၌ Refine Sugar လုံလောက်စွာ မထုတ်လုပ်နိုင်သည့်အတွက် ပြည်ပသို့သကြား တင်ပို့နိုင် တော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံ သကြားနှင့် ကြံထွက် ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။ ပြည်တွင်း၌ Refine Sugar ထုတ် လုပ်သည့် စက်ရုံမှာ ယခုနှစ်တွင် နှစ်ရုံ သာရှိသောကြောင့် ပြည်တွင်းစားသုံးမှု အတွက်သာ ထုတ်လုပ်နိုင်ပြီး ပြည်ပသို့ တင်ပို့နိုင်ခြင်းမရှိ ကြောင်း အဆိုပါအသင်း ၏ ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေးက ဇွန် ၂၄ ရက်တွင် ပြောသည်။ "Refine Sugar ထုတ်နိုင်တာက ကန့်ဘလူ သကြားစက်နဲ့ နဝဒေးသကြားစက် ဒီစက်ရုံနှစ်ရုံပဲရှိတယ်။ သူတို့ ထုတ်လုပ်အားကလည်း ပြည်တွင်းလိုအပ်ချက် ပြည့်ရုံလောက်ပဲ ရှိတယ်"

Friday, 3 Jul 2020

မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းဦးစီးဌာန၏ စာရင်းများအရ ငါး၊ ပုစွန်မွေးမြူရေးကန် ဧက ပေါင်း ငါးသိန်းနီးပါးခန့် မွေးမြူထုတ်လုပ်လျက်ရှိသည်။ ငါး၊ ပုစွန်မွေးမြူရေးကန်များကို လယ်ယာ မြေနှင့် မြေလွတ်၊  မြေရိုင်းများပေါ်တွင် တူးဖော် မွေးမြူနေကြခြင်းဖြစ်သည်။  ယခင်ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေနှင့် ယခုလက်ရှိ တည်ဆဲ ဥပဒေဖြစ်သည့် လယ်ယာမြေဥပဒေများတွင် ငါး မွေးမြူရေးလုပ်ငန်းများအတွက် အခြားနည်းလမ်း ဖြင့် အသုံးပြုခွင့်လျှောက်ထားရမည်ဟု ပါရှိသော် လည်း    လက်တွေ့လျှောက်ထားရာတွင်  အဟန့် အတား အမျိုးမျိုးကြောင့် ငါး၊ ပုစွန် မွေးမြူရေးကန် ပေါင်းဧက ၁၂၀ဝ၀ဝ ခန့်သာ အခြားန

Friday, 3 Jul 2020

ကမ္ဘာ့ရွှေမှာခုနစ်နှစ်တာကာလအတွင်း   အမြင့်ဆုံးဈေးနှုန်းရောက်ရှိနေပြီ ဖြစ်သော်လည်း မြန်မာ့ရွှေမှာ ယခုအချိန်ထိ  လိုက်ပါမြင့်တက်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။ လက်ရှိ  ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၂၂၀ဝ၀ဝ ၊ ၁၅ ပဲရည် ရွှေဈေးမှာ ၁၁၄၈၀ဝ၀ ရှိကာ ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၆၀ အထိ စံချိန်တင်   မြင့်တက်လျက်ရှိ ကြောင်း အဆိုပါအသင်း အထွေထွေ အတွင်း    ရေ'မှူး ဦးအုန်းမြိုင်က ဇွန် ၂၅ရက်တွင် ပြောသည်။

Friday, 3 Jul 2020

ပခုက္ကူခရိုင် ကြက်သွန်နီ စိုက်ပျိုးထွက်ရှိရာဒေသများဖြစ်ကြသော ပေါက် ၊ဆိပ်ဖြူ၊ ရေစကြို၊ ယောနယ်ဒေသများမှာ ဆောင်းစိုက်(ပင်စိုက်)ကြက်သွန်နီများဈေးကွက်အတွင်းသို့ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုလက်ရှိ  ကြက် သွန်နီဈေးမှာ ဈေးနှုန်းအတက်အကျ မရှိဈေးငြိမ်နေသည်။ ယခုတစ်ပတ်၏  ကြက်သွန်နီ လက်ကား ဈေးနှုန်းမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၄၃၀ ၊ အလတ်စတစ် ပိဿာ လျှင် ကျပ် ၃၅၀ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၃၀ဝ ဖြင့် ကုန်ချိန် ၃၀ဝ၀ဝ ခန့်အရောင်းအဝယ်ဖြစ်နေသည်။ လက်လီဈေးမှာ ထိပ်စတစ်ပိဿာလျှင် ကျပ် ၈၀ဝ၊ အလတ်စတစ်ပိဿာလျှင် ကျပ် ၆၀ဝ ၊ အနိမ့်စတစ်ပိဿာလျှင် ကျပ် ၅၀ဝ ဖြင့်ရောင်းဝယ်လျက်ရှိသည်။ ဆိပ်ဖြူကုန်စည်ဒိုင်တွင် ယခ

Pages