Main menu

Background

Friday, 21 Feb 2020

     မအူပင်မြို့နယ်တွင်   ကျေးရွာအုပ်စု ၇၆ အုပ်စုနှင့် ရပ်ကွက် ၁၂ ရပ်ကွက်ရှိပြီး ကျေးရွာအုပ်စုများရှိနွေစပါးနှင့် မိုးစပါးစိုက်ဧကစုစုပေါင်းမှာ ၁၈၄၇၀၆ ဧကရှိသည်။ ဒေသ ဝမ်းစာဖူလုံသည့်အပြင် ပိုလျှံစပါးများကို   ကျိုက်လတ်၊ ဝါးခယ်မ၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ တွံတေးစသည့် မြို့များမှ အိမ်တိုင်ရာရောက်ဝယ်ယူခဲ့သည်။ မအူပင်မြို့နယ်အတွက် ယခုနှစ်တွင် မိုးစပါး တင်ဒါအောင်မြင်သူ  ဦးကျော်ကျော်လင်းက အခြေခံဈေးကျပ် ငါးသိန်းဖြင့် စပါးတင်းငါးသောင်းဝယ်ယူမှု အောင်မြင်စွာ ဆောင် ရွက်နိုင်ပြီး တောင်သူများအတွက် ရေကျနောက်စိုက် စပါးများပေါ်ထွက်လာသော ယခုအချိန်တွင် ရေကျနောက် စိုက်သီးထပ်ရင်စပါးတင်း ၁၀ဝ လျှင် ကျပ်ငါးသိန်း

Friday, 14 Feb 2020

     ပြည်ပသို့ကုန်ပစ္စည်းတင်ပို့ရန် ကြိုးပမ်းခြင်းသည် မည်သည့်ပို့ကုန်လုပ်ငန်းအတွက်မဆို အဓိကကျသော လုပ်ငန်းတစ်ခုဖြစ်သည်။ တစ်ဦးချင်းလုပ်ငန်းဖြစ်စေ၊ အစုအဖွဲ့လုပ်ငန်းဖြစ်စေ ပြည်ပမှ Export order ရရှိရေးအတွက် နည်းဗျူဟာရှိသင့်သည်။ Export order မရရှိဘဲ မည်သည့်ကုမ္ပဏီမှ ရပ်တည်ရန်မဖြစ်နိုင်ချေ။ ပြည်ပပို့ကုန်လုပ်ငန်းကြီးတစ်ခု၏ ဦးစားပေးအလုပ်တစ်ခုအနေဖြင့် ၎င်း၏ထုတ်ကုန် ပစ္စည်းများကို ရောင်းချရန် Export order ရရှိရေး မဟာဗျူဟာအပေါ် အာရုံစိုက်သင့်သည်။

Export order ဘယ်လိုရမလဲ

Thursday, 13 Feb 2020

     ပြည်တွင်းငွေလဲနှုန်းဈေးကွက်သည်  နှစ်စကတည်းက  ကျဆင်းနေခြင်းဖြစ် ပြီး အကျဘက်ကိုဆက်လက် ဦးတည်နေနိုင်ကြောင်း ဈေးကွက်ကျွမ်းကျင်သူအချို့က သုံးသပ်ပြောသည်။  လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖေဖော်ဝါရီ  ၆ ရက်အတွက် ရည်ညွှန်းငွေလဲနှုန်းကို အမေရိကန်တစ်ဒေါ်လာလျှင်  ၁၄၅၃ ကျပ် သတ်မှတ်ထားပြီး ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းမှုသာရှိခဲ့ ကြောင်း သိရသည်။'ငွေလဲနှုန်းက တအိအိနဲ့ကျနေတယ်။ ဈေးကလည်း တစ်ပတ်နဲတစ်ပတ်ကို တအားကြီး ကွာခြားမှုမရှိဘူး။ ဒီတစ်ပတ်အတွင်း  အနေအထားနဲ့ပြောမယ်ဆိုရင်တောင် သုံးကျပ်လောက်က တက်လိုက်ကျလိုက်ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ကိုရိုနာ ဗိုင်းရပ်စ် မငြိမ်သရွေ့ကတော့ ဈေးကျနေဦးမယ်လို့သုံးသပ်ရတာပဲ။

Thursday, 13 Feb 2020

     ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်တာကာလ အတွင်း မြန်မာ-တရုတ်နယ်စပ်နှင့်မြန်မာ-အိန္ဒိယနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၉၆တန်ဖိုးရှိ ဆန်တန်ချိန် ၂၅၀ဝ ကျော်တင်ပို့ခဲ့ကြောင်း သိရသည်။ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ် ရေးဇုန်မှ ဆန်တန်ချိန် ၂၀ဝ၀၊  ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ဆန်တန်ချိန် ၂၀ဝ ခန့်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်း မှ ဆန်တန်ချိန် ၂၅၀ နှင့် မြန်မာ-အိန္ဒိယနယ်စပ်  တမူးကုန် သွယ်ရေးစခန်းမှ  ဆန်တန်ချိန် ၅၀ တင်ပို့ခဲ့ကြောင်း သိရ သည်။ ယခင်တစ်ပတ်  တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင်   တန်ချိန် ၃၅၀ဝ နီးပါးလျော့နည်းတင်ပို့ခဲ့သည်။

Thursday, 6 Feb 2020

     အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅  ဒီဇိုင်းရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့  Sedona Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုးနှင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးတို့ တက်ရောက်၍ အမျိုးသားပို့ကုန်မဟာဗျူဟာ ၂၀၂၀-၂၀၂၅ အကောင်အထည်ဖော်ခြင်း၊ ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်း ဆော

Thursday, 6 Feb 2020

       မြန်မာနိုင်ငံသည် ကီလိုမီတာ ၂၈၀ဝ ကျော် ရှည်လျားသည့် ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားရှိပြီး အိန္ဒိယသမုဒ္ဒရာနှင့် ဆက်စပ်လျက်ရှိသည့်  ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီ ပင်လယ်အော်များနှင့် ထိစပ်လျက်ရှိသည်။ ကမ်းရိုးတန်းဒေသ တစ် လျှောက်လုံးတွင်  ရေငန်ခရု၊ ကမာနှင့် ဂုံး စသည့် ရေသတ္တဝါများ ပေါက်ပွားနေထိုင်ကြသည်။ အဆိုပါရေထွက်ပစ္စည်းများအား ကမ်းရိုးတန်းဒေသတွင် နေထိုင်သူ အနည်းငယ်ကသာ စားသုံးကြသည့် အလေ့အထ ရှိသည်။ နိုင်ငံအတွင်းရှိ လူများစုမှာ အဆိုပါရေထွက်ပစ္စည်း များကို စားသုံးသည့် အလေ့အထ အလွန်နည်းကြသည်။ ဖော်ပြပါရေထွက်ပစ္စည်းများသည် နိုင်ငံတကာ ဈေးကွက်အားလုံး မှ ခုံမင်နှစ်သက်စွာ စားသုံးကြသည့် ရေသတ္တဝါ မျာ

Thursday, 6 Feb 2020

         တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော ဝူဟန် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုကြောင့်  တရုတ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေး  လမ်းကြောင်းများမှ  တင်ပို့နေသော ဖရဲ/သခွားမွှေး၊ သစ်သီးဝလံများ တရုတ်နိုင်ငံသို့ ပုံမှန်တင်ပို့မှု တုံ့ဆိုင်းနေသည့်အပေါ် ဖရဲ/သခွားစိုက်  တောင်သူများ၊ လတ်တလောကြုံတွေ့နေရသည့် အခက်အခဲများ အဆင်ပြေ စေရေးနှင့် နစ်နာဆုံးရှုံးမှု နည်းပါးစေရေးအတွက် အရေးပေါ် ဆောင်ရွက်ရမည့် အစီအစဉ်များကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင်  မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန(ရန်ကုန်မြို့)တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန  အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး ဦးဆောင်

Monday, 13 Jan 2020

     မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးနှံများကို စိုက်ပျိုးလျက်ရှိကြသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနသည် ပြည်တွင်း ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဈေးကွက်ဝင်သီးနှံ များတိုးချဲ့စိုက်ပျိုး  ထုတ်လုပ်နိုင်ရေး အတွက် သုတေသနလုပ်ငန်းများ ကို ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ကော်ဖီပင်သည် တခြားသောသီးနှံအပင်များနှင့်မတူ။  သီးထွက်ကောင်းရန်၊ အရည်အသွေးမြင့် ကော်ဖီ စေ့များ ရရန်၊ ကော်ဖီ မှုန့်ကောင်းရန်  ပြုစုထိန်းသိမ်းမှု  နည်းပညာများ လိုအပ်ပါသည်။ ထို့ပြင် အပင်စိုက်ပျိုးရာမှာလည်း အ

Monday, 13 Jan 2020

       ကျောက်မျက်ရတနာအမျိုးမျိုးကို  အခွန်ပေးဆောင်ရသည့် အထူးကုန်စည်ခွန်အား ယခုနှစ်မှ စတင်၍ ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံးမှ သိရသည်။ ကျောက်မျက်ရတနာများကို ရတနာခွန်အဖြစ် ပြောင်းလဲကောက်ခံရာတွင် ဈေးကွက်အတွင်း ရောင်းချသည့် တန်ဖိုးအပေါ်အခြေပြု၍ အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး ယခင်ထက်အခွန် ထမ်းဆောင်မှု အနည်းငယ် လျော့ နည်းလာကြောင်းလည်း သိရသည်။

Monday, 13 Jan 2020

      ပြည်တွင်း၌ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေအကောင်အထည်ဖော်ရေးအတွက် သိကောင်းစ ရာ များနှင့် ပတ်သက် သည့် အကြောင်းအရာများ ဆွေးနွေးခြင်းကို ဇန်နဝါရီ ၂ ရက် တွင် ရန်ကုန်မြို့ရှိ UMFCCI၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါပွဲကို မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်းမှ မူပိုင်ခွင့်ဌာနနှင့် ပူးပေါင်း ကျင်းပခြင်းဖြစ်ပြီး မူပိုင်ခွင့် ဥပဒေ အကျိုးမသက်ရောက်မီ ကာလအတွင်း ကြိုတင်ပြင်ဆင်ထားနိုင်ရန်နှင့် မူပိုင်ခွင့်ဌာနမှ လက်ရှိဆောင်ရွက်နေသည့် အခြေအနေများကို အများပြည်သူ သိရှိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

Pages