Background
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ စက်တင်ဘာ၂ရက်မှ စက်တင်ဘာ ၈ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော် တပ်ကုန်း၊ ရွှေဒါး၊မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေေ ကြာင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa Hotel ၌ သြဂုတ် ၂၁ ရက်က အာရှဖောင်ဒေးရှင်းနှင့် DaNa Facility တို့ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Envi-ronment Index - MBEI) စာတမ်းကောက်ယူခြင်းနှင့်တွေ့ရှိချက်များအား ရှင်းလင်းခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာထမ်းများ တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားတွင် DaNa Facility မှ ဦးလင်းမောင်မောင်က ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာရှဖောင်ဒေရှင်းမှ စီးပွားရေးပညာရှင် ဦးÓဏ်ဝင်းက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်း ကိန်