Background
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ Glorious Monywa Hotel ၌ သြဂုတ် ၂၁ ရက်က အာရှဖောင်ဒေးရှင်းနှင့် DaNa Facility တို့ဦးဆောင်ကျင်းပခဲ့သည့် မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်းကိန်း (Myanmar Business Envi-ronment Index - MBEI) စာတမ်းကောက်ယူခြင်းနှင့်တွေ့ရှိချက်များအား ရှင်းလင်းခြင်း အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အရာထမ်းများ တက်ရောက်ကြောင်း သိရသည်။ အခမ်းအနားတွင် DaNa Facility မှ ဦးလင်းမောင်မောင်က ကုန်သွယ်မှုယှဉ်ပြိုင်နိုင်စွမ်းနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ အာရှဖောင်ဒေရှင်းမှ စီးပွားရေးပညာရှင် ဦးÓဏ်ဝင်းက မြန်မာ့စီးပွားရေးဝန်းကျင်ညွှန်း ကိန်
ဝဥသည် စိုက်ပျိုးရလွယ်ကူသည့် သီးနှံတစ်မျိုးဖြစ်ပြီး တစ်နှစ်မြေရိုင်း ရှင်းပြီးလျှင် နောက်နှစ်များတွင် တောခုတ်ရှင်းလင်းစရိတ်များ သက်သာ ကာ ၎င်းင်းမြေကို နှစ်စဉ်အသုံးပြုစိုက်ပျိုးနိုင်သည်။ လက်ရှိအချိန်တွင် တစ် ဧက စိုက်ပျိုးကုန်ကျစရိတ်မှာ ကျပ်ကိုးသိန်းခန့်ရှိ၍ ဝင်ငွေမှာ ၁၉ သိန်းရှိရာ တစ်ဧကစိုက်လျှင် ကျပ် ၁၀ သိန်းခန့်အမြတ်ရရှိနိုင်သဖြင့် တောင်သူများ အနေဖြင့် တွက်ခြေကိုက်သည့် သီးနှံအမယ်သစ်တစ်ခုအဖြစ် စိုက်ပျိုးလာ ကြသည်။
ယခုနှစ် ဇွန်နှင့် ဇူလိုင်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့် ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာတစ်ဘီလီယံကျော် ခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။ ဇွန်လအတွင်း ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၆၆၀ ဒသမ ၃၂၈ သန်းကို ခွင့်ပြုပေးခဲ့ပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၀၈၅ ခုကို ဖန်တီးပေး နိုင်ခဲ့ကြောင်း သိရသည်။ ဇွန်လအတွင်း ခွင့်ပြုပေးခဲ့သော လုပ်ငန်းများမှာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာ အဆောက်အအုံတည်ဆောက်ဖွံ့ဖ
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အလားအလာ ရှိ သော အသေးစား၊ အလတ်စားနှင့် အငယ်စားလုပ်ငန်း (MSME) လုပ်ငန်းရှင် ၁၀၀ ကို ချေးငွေများ ထပ်မံထုတ်ပေး သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။ သြဂုတ် ၂၈ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီး မြှုပ်နှံမှု ကော်မတီရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ တွေ့ဆုံပွဲ တွင် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင် ၁၀၀ ကို ရွေးထုတ်၍ ချေးငွေများ ထုတ်ချေးရာတွင် ခရီးသွားလုပ်ငန်း၊ ငါးမွေးမြူရေးလုပ်ငန်းနှင့် အိမ်တွင်းလက်မှုလုပ်ငန်းများကို ဦးစားပေး ထုတ်ချေးရန် စီစဉ်နေသည်ဟု ဆိုသည်။ “ဦးစားပေးလုပ်ငန်
နိုင်ငံတကာစံနှုန်းနည်းတူ ပရီမီ ယမ် ဝန်ဆောင်မှုပေးသည့် ခရီးသည် နားနေဆောင်သစ်ကို သြဂုတ် ၂၀ ရက် တွင် ရန်ကုန်လေဆိပ်၌ စတင် ဖွင့်လှစ် လိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ နားနေဆောင်သစ်ကို ပြည် တွင်း၊ ပြည်ပခရီးသည်များ လေ ယာဉ်ဆိုက်ရောက်ချိန်၊ ထွက်ခွာချိန်များ တွင် နိုင်ငံတကာစံနှုန်းအတိုင်း အပြည့် အ၀ ဝန်ဆောင်မှုပေးနိုင်စေရန် ရည်ရွယ် ခြင်းဖြစ်ပြီး လေဆိပ် Terminal 1 ၌ Mingalar Sky Premium Lounge ကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mingalar Sky Premium Lounge ဝန်ဆောင်မှုအနေဖြင့် အစား အသောက်၊ ရေချိုးခန်းတွဲလျက် နားနေခန်းအပြင် ခရီးသည်များ လွတ်လွတ် လပ်လပ်သွားလာနိုင်ရန်အတွက် ချက် ပြုတ် စား










