Main menu

Background

Thursday, 17 May 2018

မနှစ်ကတော့  ရှမ်းနနွင်းကအရောင်းအဝယ်သွက်ခဲ့ပြီး  ချင်းက အရောင်း အဝယ် အေးခဲ့ပါတယ်။ ဒီနှစ်ကတော့ ချင်းက ရောင်းကောင်းနေပြီး နနွင်းကတော့ ပြန်ပြီးအရောင်းထိုင်းနေ ပါတယ်။  ပြည်ပဝယ်လက်တွေမရှိဘဲ   ပြည်တွင်းသုံးမှာ တောင် အမှုန့်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့အတွက်သာ ဝယ်ယူမှုရှိနေတယ်လို့လည်း ဈေးကွက်က  သိရပါတယ်။ မနှစ်ကလို ပြည်ပဝယ်လက်တွေ အလုံးအရင်းနဲ့ ဝယ်ယူ တာမရှိပေမယ့်  သူဟာနဲ့သူရောင်းနေရပါတယ်။ ရန်ကုန်နဲ့ မန္တလေးဝယ်လက်က တော့ ချင်းဝယ်ရင်း နနွင်းကိုလည်း လိုသလောက်ဝယ်ယူပြီး   မော်လမြိုင်နဲ့ ပြည်က တော့ အမှုန်ကြိတ်ဖို့ရယ်၊ ပရဆေးဖော်ဖို့ရယ်အတွက်  ဝယ်ယူနေလို့ တစ်လလုံးမှာ တန်ချိန်ငါးရာခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့

Thursday, 17 May 2018

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၉၇၈၈၃ တန်ဖိုးရှိ နနွင်းတက် (ရှမ်းစ) တန် ၂၈၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့၃၁၈ တန်ကျော်နဲ့ နှိုင်းယှဉ်ပါက ၃၈ တန် လျော့နည်းတင်ပို့ခဲ့ ပါတယ်။ရှမ်းစ နနွင်းက ပုံမှန်အရောင်းအဝယ်ရှိပြီး ဟိုပုံးနနွင်းကို အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ် ဝယ်လက်တွေကသာ  ဝယ်ယူကြတာလို့  သိရပါတယ်။  အောင်ပန်းဈေးကွက်မှာတော့ အရည်အသွေးပေါ်မူတည်ပြီး နနွင်းဈေးတွေ ကွာခြားတယ်လို့ ပွဲရုံတွေက  သတင်းရရှိ ပါတယ်။                                                                                    

Thursday, 17 May 2018

ဒီတစ်ပတ်တော့ ရှမ်းချင်းတွေ ဈေးတက်လာပါတယ်။ သြင်္ကန်အလွန်ကာလ မှာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေ ဝယ်လိုအား များလာတာက တစ်ကြောင်း၊ ပစ္စည်းလက်ကျန်နည်းတာက တစ်ကြောင်းနဲ့ အကြောင်းတွေစုပြီး ဈေးတက်လာတာ ဖြစ်တယ်လို့  သိရပါတယ်။ ပြည်တွင်းသို့ ဝယ်လက်တွေအပြင် အိမ်နီးချင်းပြည်ပ နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့ကလည်း ဝယ်လိုအားကောင်း လာပါတယ်။ မနှစ်က ချင်း (စို)ဈေးက တစ်နှစ်ပတ်လုံးမှာ အမြင့်ဆုံး  ကျပ် ၄၀၀ မှ ၄၅၆ ကျပ်ဈေး ထိသာရခဲ့ပြီး အရောင်းအဝယ်ကလည်း ပါးခဲ့တာ (၂)နှစ်၊ (၃)နှစ်ခန့်  ရှိလာတာကြောင့်  တောင်သူတွေက ချင်းအစား မနှစ်ကဈေးအနည်းငယ် ကောင်းခဲ့ တဲ့ ကြက်သွန်ဖြူဘက်ကို လှည့်ခဲ့ပါတယ်။ ဒါကြောင့် ဒီန

Thursday, 17 May 2018

ရှမ်းကြက်သွန်ဖြူအသစ်တွေကတော့ သြင်္ကန်မတိုင်မီ မှာ ဈေးကွက်ကို  စပြီးဝင်ရောက်ခဲ့ပါတယ်။  ဒီနှစ်မှာတော့ တောင်ကြီးခရိုင်က အထွက်နည်းပြီး  အောက်တိုဘာလမှာ စိုက်တဲ့ကြက်သွန် တွေက သိပ်ပြီး မကောင်း ဘဲ   နိုဝင်ဘာလမှာ စိုက်တဲ့  ကြက်သွန်တွေသာ  ကောင်းတယ်လို့ သိရပါတယ်။ အထွက်နှုန်းကတော့   အရင်နှစ်တွေကလောက် မဖြစ်ဘူးလို့ လည်း ဆိုပါတယ်။

Thursday, 17 May 2018

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ကြက်သွန်ဖြူအိတ်များ ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြူကုတ်စများကတော့ ပုံမှန်ဝင်ရောက်နေပြီး   မေလ(ဒုတိယပတ်)မှာတော့  ရှမ်းစ တွေဈေးကျပြီး ဝင်ရောက်လာပါတယ်။ သို့သော် ပွဲရုံများမှ တစ်ဆင့် ပြန်ရောင်းချသူများနှင့် စားသုံးသူများသုံးစွဲဝယ်ယူရာ တွင် ဈေးနှုန်းမှာအနည်းငယ်သာကျပြီး ဈေးနှုန်းကွာဟလျက်ရှိ ကြောင်းသိရပါတယ်။  ယခုတစ်ပတ်ရဲ့ ကြက်သွန်ဖြူဈေးနှုန်း တွေကတော့ (ပွဲရုံဈေး) ရှမ်းစတစ်ပိဿာလျှင် ကျပ် ၁၅၀၀နှင့် (ကြူကုတ်စ) ဈေးမှာ ကျပ် ၁၂၅၀ ဈေးတို့ဖြင့်ရောင်းချလျက်ရှိ နေပါတယ်။ ဒေသတွင်းလက်လီဈေးများမှာတော့(ကြူကုတ်စ) တစ်ပိဿာ ကျပ် ၁၅၀၀နှင့် (ရှမ်းစ)ကိုတော့ ကျပ် ၂၀၀၀ ဈေး တို့ဖြင့်ရောင်းဝယ်လျက

Thursday, 17 May 2018

ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်ချောရော ဆန်ကြမ်းပါ အဝင်နည်းပြီး အရောင်းအဝယ်လည်း ငြိမ်နေကြောင်း ဝါးတန်းဆန် ကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းများအရ   ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ်ကျပ် ၃၈၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်၊ မြောင်းမြ ပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၄၆၀၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့ လတ်စ တစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၅၃၀၀၀ မှ ကျပ် ၅၅၀၀၀ ၊ နယ်စုံကျားပျံ ရှယ်တစ်အိတ် ကျပ် ၄၀၀၀၀ မှကျပ် ၄၂၀၀၀ရှိပြီး ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေ ပါတယ်။ ပေါ်ဆန်း အသစ်ရှယ် တစ်အိတ်ကျပ် ၃၇၀၀၀ မှ ကျပ် ၃၈၅၀၀၊ ဒေးဒရဲကျား

Wednesday, 16 May 2018

       ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါးဈေးကွက်တွင် မြို့နယ်အချို့၌   မိုးဧည့်မထစပါးနှင့်နွေစပါးဈေးနှုန်းအနည်းငယ်ကျဆင်းလျက်ရှိကြောင်း ဈေးကွက်သတင်းများမှသိရသည်။ယခုတစ်ပတ်အတွင်း ဟင်္သာတ၊ ဇလွန်မြို့နယ်များတွင်   ယခင်ဧည့်မထ စပါး ၄၆ ပေါင် တင်း  ၁၀၀ ကို ကျပ် ၅၈၀၀၀၀ - ၅၉၀၀၀၀ မှ ယခု ကျပ် ၅၇၀၀၀၀ - ၅၈၀၀၀၀ ဈေးနှုန်းဖြစ်သွား၍ စပါးတင်း ၁၀၀ ကို ကျပ် ၁၀၀၀၀ ဝန်းကျင် ဈေးနှုန်း ကျဆင်း သွားပြီး    နွေဧည့်မထ စပါးဈေးနှုန်းမှာ ဟင်္သာတ၊ လေးမျက်နှာမြို့နယ်များတွင် ယခင် ၄၆ ပေါင် တင်း ၁၀၀ကို ကျပ် ၅၂၀၀၀၀ မှ ယခု ကျပ် ၅၁၅၀၀၀   ဖြစ်သွား၍ စပါးတင်း ၁၀၀ ကို    ကျပ် ၅၀၀၀ ဝန်းကျင်ဈေးနှုန်း ကျဆင်း သွားကြောင်း၊ နွေဆန်ဈေးမှာ 

Wednesday, 16 May 2018

        ဧပြီ ၂၈ ရက်မှ မေ ၄ ရက်အထိ ကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများနဲ့   မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ  အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၉၅၉သန်းတန်ဖိုးရှိ ဆန် ၃၂၇၈၅ တန် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများဖြစ် သော မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ     ဧည့်မထဆန် တန်ချိန် ၂၇၂၅၀၊ ငစိန်ဆန် ၆၂ တန်၊ ချင်းရွှေဟော်ကုန်သွယ် ရေးစခန်းမှ ငစိန်ဆန်  တန်ချိန် ၈၀ တန်ကျော်၊ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ဧည့်မထဆန် ၅၀၉၈ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ် ရေးစခန်းမှ ဧည့်မထဆန် ၂၉၅ တန်  တင်ပို့ပြီး ကုန်သွယ်ရေး စခန်းမ

Wednesday, 18 Apr 2018

           ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်မှာဆန်အဝင်ပုံမှန်ရှိတဲ့ ဆန်ချောများဈေးငြိမ်နေသော်လည်း ဆန်အဝင်နည်းတဲ့ ကျားပျံပေါ်ဆန်းဈေးတက်ကြောင်း၊ ဆန်အဝင်ပုံမှန်ရှိသော်လည်း အဝယ်အေးသွားတဲ့ ဆန်ကြမ်းအချို့ ဈေးတက် ကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှသတင်းရရှိပါတယ်။ ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၆၀၀၀နဲ့ လတ်စတစ်အိတ် ကျပ်၃၅၀၀၀၊ ပုသိမ်။မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၆၀၀၀နဲ့လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စတစ်အိတ်ကျပ် ၃၅၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၅၃၀၀၀မှ ကျပ် ၅၅၀၀၀၊ ပေါ်ဆန်းအသစ် ရှယ်တစ်အိတ် ကျပ် ၃၄၀၀၀မှ ကျပ် ၃၅၀၀၀

Wednesday, 18 Apr 2018

        အနည်းငယ်မြင့် ဟင်္သာတဆန်ဈေးအနည်းငယ်ကျဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဆန်စပါး ဈေးကွက်မှာ ဧပြီလ ပထမပတ် တွင် ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ဒေးဒရဲမြို့နယ်များ၌ ဒေသတွင်းအရောင်းအဝယ်သွက်မှု အပေါ် မူတည်၍ မိုးဧည့်မထဆန်များအဝယ်လိုက်လာပြီး၊ စပါးဈေးနှုန်းမြင့်တက်မှုမရှိဘဲ ဆန်ဈေးအနည်းငယ်မြင့်တက်လျက်ရှိကြောင်း သိရသည်။ မတ်လနောက်ဆုံးပတ်နှင့် ဧပြီလပထမပတ်အတွင်း မိုးဧည့်မထစပါး ၄၆ပေါင် တင်း ၁၀၀ ကို ကျပ် ၅၆၀၀၀၀ မှ ကျပ် ၅၇၀၀၀၀ နှင့် ယခုလက်ရှိအချိန်မှာလည်း စပါးဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းသိရ သည်။ ယခင် မိုးဧည့်မထ ဆန်တစ်အိတ်လျှင် ကျပ် ၂၄၀၀၀ မှ ကျပ်၂၅၀၀၀ မှ ယခု ကျပ် ၂၅၀၀၀ မှ ကျပ် ၂၆၀၀၀ ဖြစ်သွားပြီး ဆန်တစ်အိတ်က

Pages