Main menu

Background

Tuesday, 5 Dec 2017

       ယခုတစ်ပတ် ပြည်ဟင်းသီးဟင်းရွက် ကုန်စိမ်းဒိုင်များတွင် ခရမ်းချဉ်သီးသေတ္တာများ လှိုင်လှိုင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ကြက်သွန်နီဈေးမြင့်တက်နေချိန်တွင် ပြည်ဈေးကြီးဒိုင်များ၌ ခရမ်းချဉ်သီးဈေးကောင်းရလျ က်ရှိနေပါ တယ်။ ယခုတစ်ပတ်တွင် ပြည်ဒေသတွင်းမှ ခရမ်းချဉ်သီးများ ရော နယ်မှခရမ်းချဉ်သီးများပါဝင်ရောက်လာတာကြောင့် ဈေးနှုန်းကျဆင်းလာတာဖြစ်ပါတယ်။   ယခင်တစ်ပတ်က ခရမ်းချဉ်သီးတစ်ပိဿာလျှင်  ကျပ် ၁၈၀၀- ၂၀၀၀ ထိရှိခဲ့ကာ  ယခုတစ်ပတ်မှာတော့ ခရမ်းချဉ်သီးတစ်ပိဿာလျှင် ကျပ် ၈၀၀ သာရှိကြောင်းသိရှိရပါတယ်။ ဒေသတွင်း လက်လီဈေးကွက်များတွင်တော့  တစ်ပိဿာ ကျပ် ၁၂၀၀ နဲ့ရောင်းချလျက်ရှိပါတယ်။  ဒေသ တွင်းသီးက တော့ ရွှေတောင်၊ ကျီးသဲ

Tuesday, 5 Dec 2017

        နိုဝင်ဘာလကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်သို့ ပဲသစ်အချို့ဝင်ရောက် လျက်ရှိရာ တစ်ရက်လျှင်အိတ် ၇၀ ကျော် ၁၀၀ နီးပါးအထိ ဘိုကိတ်ပဲသစ် အဝင်များလာခဲ့ပါတယ်။ ပန်းတောင်းနှင့်ပြည်အနီးတစ်ဝိုက်မှ ဝင်ရောက်ခြင်း ဖြစ်ပြီး လက်လီဝယ်ယူမှုပိုများနေခဲ့တာကို တွေ့ရပါတယ်။ ပဲဈေးမှာတစ်တင်း ကျပ် ၃၈၅၀၀ ဖြင့် ဈေးပိုရလာသလို အရောင်းအဝယ်လည်း ပိုများလာခဲ့တယ် လို့သိရပါတယ်။ယခင်နှစ်ကပဲသစ်ပေါ်ချိန်အဖွင့်ဈေးမှာတစ်တင်းကျပ် ၂၄၅၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တဲ့အတွက် ယခုနှစ်မှာတော့ ပဲသစ်ပေါ်စအချိန်ထဲ က ဈေးကောင်းရလာနေပြီဖြစ်လို့ ပြည်ပဝယ်လက်ပဲများထက်ပင်ဈေးပိုရလျက် ရှိကြောင်းသိရှိရပါတယ်။

 

Tuesday, 5 Dec 2017

     ပြည်ပဲဈေးကွက်အတွင်း အခြားပဲများပုံမှန်အရောင်းအဝယ်ဖြစ်နေသော်လည်း ပဲစင်းငုံသီးနှံကတော့ အရောင်း အဝယ်အေးနေခဲ့ကာ ပဲလက်ကျန်များရှိပေမယ့် ဈေးနှုန်းများကျဆင်းလျက်ရှိပါတယ်။ ဒါ့အပြင်  ထုတ်ရောင်းချမှု မရှိတဲ့အတွက် တစ်ခါတစ်ရံမှသာ အိတ် ၁၀၀ မှ ၂၀၀ အထိ ရောင်းချခဲ့ကြရတာကိုတွေ့ရပါတယ်။ တချို့လှောင်လက်များကလည်း ပဲလှောင်ချိန်ကဝယ်ဈေးမှာ တစ်တင်းကျပ်နှစ်သောင်းကျော်ပေးခဲ့ရသော်လည်း ယခုအချိန်မှာ ပဲေ ဈးမှာကျပ်တစ်သောင်း နှင့်နှစ်သောင်းအောက်လျော့နည်းကျဆင်းနေတဲ့အတွက် လှောင်လက်သမားများအနေဖြင့် အရှုံးပေါ်နေသလို ပဲထွက်ပေါ်လာချိန်မှာ ပဲဈေးနှုန်းကျပ်တစ်သောင်းအထက်ရရှိလျှင်တော့  ပဲစိုက်တောင်သူများ အတွက် အရှုံးမပေါ်နိုင်ဘူ

Friday, 1 Dec 2017

       ပြီးခဲ့သည့်ရက်သတ္တပတ်က မြင့်တက်ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြည် တွင်းရွှေဈေး ကွက်အတွင်းမှ သိရသည်။ ကမ္ဘာ့ရွှေဈေးများမြင့်တက်လာေ သာ်လည်း ပြည်တွင်း ငွေလဲနှုန်းများ ငြိမ်သက်နေသဖြင့် ပြည်တွင်းရွှေဈေးများသည် အနည်းငယ်ပြန်လည်  ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည့်ရက်သတ္တပတ် အတွင်းက ကမ္ဘာ့ရွှေဈေး ကွက်တွင် အရောင်းအဝယ်  အများအပြားဖြစ်ခဲ့သဖြင့် ကမ္ဘာ့ရွှေဈေးများမြင့်တက်ခဲ့ကာ ယခုတစ်ပတ်အထိ မြင့်တက်နေဆဲပင်ဖြစ်ကြောင်း သိရသည်။" ဒီတစ်ပတ်မှာ ပြည်တွင်းရွှေဈေးက နည်းနည်းပြန်ကျလာတယ်။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၃၀၀ နားကို ကပ်

Friday, 1 Dec 2017

        နိုဝင်ဘာတတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသီးနှံအချို့  မျိုးပဲ များဆက်လက်အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ဆောင်းပဲသီးနှံဖြစ်သော မတ်ပဲ သီးနှံအစား အချို့ဒေသများတွင် ကုလားပဲသီးနှံအစားထိုး စိုက်ပျိုးလာတဲ့အတွက် မျိုးပဲသီးနံှအား ပန်းတောင်းနှင့်ရန်ကုန်-ပြည်ရထားလမ်းတစ်လျှောက် မြို့နယ်အချို့ မှလာရောက်ဝယ်ယူကြကာ အိတ် ၄၀ ကျော် ၅၀ ထိ ဝယ်ယူကြတယ်လို့ သိရပါ တယ်။ မျိုးပဲဈေးမှာတစ်တင်းကျပ် ၄၅၀၀၀ဖြစ်ပြီး  ပဲခွဲစက်များမှ ဝယ်ယူသည့် ဈေးနှုန်းမှာ တစ်တင်းကျပ် ၃၉၀၀၀ရှိကာ ယခင်တစ်ပတ်ကဈေးနှုန်းထက် လျော့ နည်းသွားခဲ့တယ်လို့သိရပါတယ်။

 

ခင်ဆွေဝင်း

Thursday, 16 Nov 2017

      မုံရွာကုန်စည်ဒိုင်ဈေးကွက် နိုဝင်ဘာလ  ဒုတိယပတ်ပဲ  ဈေးကွက်မှာ ပဲမျိုးစုံဆက်လက်ဈေးအေးနေပေမယ့် မြေပဲလုံး ဆန်ကတော့ ဆက်လက်ဈေးမာနေတာ တွေ့ရပါတယ်။ မြေပဲ အရည်အသွေးပေါ်မူတည်၍   ဈေး အနည်းငယ် ကွာခြားပြီး တောင်နယ်လို့ခေါ်တဲ့   မြင်းမူဘက်ကလာတဲ့မြေပဲကတော့အရည်အသွေး ကောင်း မွန်ပြီး   အခြားဒေသထွက်မြေပဲတွေ ထက်ဈေးပိုရခဲ့ကာ တစ်ပိဿာကျပ် ၃၀၀ နီးပါးထိ   ကွာခြားမှု ရှိတယ်လို့ ကုန်သည်ရပ်ကွက်မှသိရှိရပါတယ်။ယခုတစ်ပတ်မှာ   မြေပဲလုံးဆန်နီတစ်ပိဿာလျှင် အဟောင်းကျပ်  ၂၂၀၀နှင့် အသစ်ကျပ်  ၂၃၀၀၊ လုံးဆန်ဖြူ ကတော့ တစ်ပိဿာအဟောင်း  ကျပ် ၂၂၅၀ နှင့် အသစ် ကျပ် ၂၅၅၀အထိ ဈေးမာလာခဲ့ပြီး   ဒေသတွင်းလုပ်ငန်းသုံးဝယ် လက်နှင့် မန်းဝယ်လက်ရှ

Thursday, 16 Nov 2017

       မုံရွာ(ပွဲရုံ)စားဖိုဆောင်သီးနှံရောင်းဝယ်ရေးတွင် ယခုတစ်ပတ် ကြက်သွန်နီ ဈေးကွက်မှာ ဈေးအနည်းငယ် ကျဆင်းလာတာသိရပါတယ်။ ပွဲရုံသို့ ကြက်သွန်နီ ပိဿာချိန် ၅၀၀၀ မှ ၆၀၀၀ ခန့်အဝင်ရှိပြီး  အရောင်းအဝယ် အနည်းငယ်အေးလျက် ရှိကြောင်းသိရပါတယ်။    ကြက်သွန်နီဈေးကွက်အနေနဲ့   မုံရွာပွဲရုံများမှ ရန်ကုန်၊င့် ချင်းတွင်းမြစ်ကမ်း တစ်လျှောက် ရှိမြို့များသို့ တင်ပို့ရောင်းဝယ် လျက်ရှိကာ ဈေးမြင့်လို့ အနည်းငယ်အရောင်း အဝယ်အေးနေကြောင်းသိရပါ တယ်။ယခုတစ်ပတ်ပွဲရုံများတွင် ကြက်သွန်နီတစ်ပိဿာလက်ကားပေါက်ဈေးနှုန်းမှာ(ကြီး)ကျပ်၂၃၀၀၊ (လတ်)ကျပ် ၂၂၀၀၊ (သေး)၂၁၀၀နှုန်းပေါက်လျက်ရှိပြီး လက်လီတစ်ပိဿာပေါက်ေ ဈးနှုန်းမှာ (ကြီး) ကျပ် ၂၅၀၀၊ (လ

Friday, 10 Nov 2017

(၁၁.၁၁.၂၀၁၇) ရက်နေ့ စနေနေ့ ည (၁၁:၀၀) နာရီမှ (၁၂.၁၁.၂၀၁၇) ရက်နေ့ တနင်္ဂနွေနေ့ နံနက် (၃:၀၀) နာရီအထိ MPT မှ Fiber Cable လိုင်းများအား Maintenance ပြုလုပ်မည်ဖြစ်သည့်အတွက် အဆိုပါအချိန်အတွင်း Connection ပြတ်တောက်မည် ဖြစ်သောကြောင့် စနစ်အား အသုံးပြု၍ရမည်မဟုတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

Tuesday, 24 Oct 2017

ယခုတစ်ပတ် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ  ပိုမိုမြင့်တက်လျက် ရှိနေတာတွေ့ရပါတယ်။ တစ်ပိဿာလျှင် ပျမ်းမျှအနေဖြင့် လက်လီ/လက်ကား ကျပ် ၂၀၀-၂၅၀ခန့်ထိ ဈေးမြင့်သွားကြောင်းသိရပါတယ်။  ဈေးမြင့်သည့်အတွက် စားသုံးသူများက ဝယ်လိုအားနည်းလာတာကြောင့် ပွဲရုံလုပ်ငန်းရှင်များမှလည်းမှာ ယူမှုနည်းကာ ပြည်ဈေးကွက်သို့ဝင်ရောက်မှု သိသိသာသာနည်းသွားကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းနယ်တို့မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ပတ်လည် ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးမြင့်သွားတဲ့ အတွက် ပုံမှန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ရှိနေတာကြောင့် အရောင်း အဝယ်သိသာစွာ နည်းပါးသွားကြောင်း တွေ့ရပါတယ်။

Tuesday, 24 Oct 2017

      မုံရွာကုန်စည်ဒိုင်ဈေးကွက် အောက်တိုဘာလတတိယ ပတ် ဆီထွက်သီးနှံဈေးကွက်တွင် မြေပဲအသစ်များအနည်းငယ် ဝင်ရောက်လာပြီး ဝယ်လိုအားသွက်လာလို့ တက်ဈေးဖြင့် အရောင်းအ ဝယ်သွက်ခဲ့တယ် လို့သိရ ပါတယ်။ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်တွင်  တောင်နယ်လို့ ခေါ်တဲ့ချောင်းဦး၊ မြောင်၊ မြင်းမူမှလာတဲ့ မြေပဲလုံးဆန်ဖြူက ဈေးပိုရခဲ့ရာ အသစ်တစ်ပိဿာလျှင်ကျပ်၂၆၀၀နှင့် အဟောင်း တစ်ပိဿာလျှင် ၂၃၂၅ ကျပ် ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါ တယ်။ လုံးဆန်နီဈေးကွက်မှာတော့  အသစ်တစ်ပိဿာလျှင် ကျပ် ၂၃၀၀-၂၃၅၀၊ အဟောင်းတစ်ပိသာလျှင် ကျပ်၂၄၅၀-၂၅၀၀ နှင့် ဆီဆန်တစ်ပိဿာလျှင် ကျပ်၁၉၃၀-၁၉၅၀  အသီး သီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ် ရက်လျှင် လုံးဆန်

Pages