Background
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (My-P12) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် SMEs များ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းကော်မတီ (Working Committ -ee) ကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှစတင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ငွေတိုက်ဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်နဲ့ UMFCCI မှ တာဝန်ရှိသူများနဲ့ ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီး မြို့နယ် အညာကျေးလက်ဒေသများတွင် မြေယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် တွဲဖက်ကာ တစ်ပိုင်တစ်နိုင် မိသားစု ဝင်ငွေရအောင် ပင်ထောင်ခရမ်းချဉ်သီး များ စိုက်ပျိုးသည့်တောင်သူများ ယခု နှစ်တွင် ဈေးကောင်းရရှိနေပါတယ်။ တစ်ပိဿာလျှင် ငွေကျပ် ၁၂၀၀ မှ ၁၃၀၀ ကျော်ခန့်ဖြင့် နေ့စဉ်ရောင်းချနေ ရသဖြင့် စိုက်ပျိုးရောင်းချသူများ အဆင် ပြေလျက်ရှိကြောင်း တောင်သူများထံမှ သိရပါတယ်။ စိုက်ပျိုးရာသီက မိုးဦးနဲ့ မိုးနှောင်းကာလတွေမှာ စိုက်ပျိုးပါတယ်။ မိုးဦးမိုးနဲ့ စိုက်ပျိုးတဲ့ခရမ်းချဉ်သီးကတော့ မိုးရွာသွန်းမှုများလျှင် အပျက်အစီးများ ပါတယ်။ မိုးနှောင်းကာလမှာ စိုက်ပျိုးတဲ့ ခရမ်းချဉ်သီးကတော့ ထိခိုက်
ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့်YBSဘတ်စ်ကားများတွင် ကတ်စနစ်ဖြင့် ငွေပေးချေနိုင်မည့့်Yangon Payment System တင်ဒါအတွက် နိုင်ငံတကာ ကုမ္ပဏီကြီးများသာမက အသေးစားအလတ်စား ကုမ္ပဏီများကိုပါ ဖိတ်ခေါ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
Yangon Payment System တင်ဒါအတွက် စိတ်ဝင်စားသည့် ကုမ္ပဏီများနှင့် အစည်းအဝေးကို နှစ်ကြိမ်ပြုလုပ်ခဲ့ပြီး နည်းပညာပိုင်းနှင့်စပ်လျဉ်း၍ စိတ်ဝင် တစား ဆွေးနွေးခြင်းများရှိခဲ့ကြောင်း သိရသည်။
ပြည်ပဲမျိုးစုံဈေးကွက်အတွင်း စက်တင်ဘာတတိယပတ်တွင် ပြည်တွင်းဝယ်လက်ပဲများအနက် ကုလားပဲသီးနှံသည် ဈေး လည်းကောင်း၊ အရောင်းအဝယ်လည်းသွက်နေတယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဝယ်လက်အနေဖြင့် ခွဲစက်များက အဓိကထား ဝယ်ယူလျက်ရှိသလို တစ်ခါတစ်ရံတောင်သူများက မျိုးပဲအတွက် ဝယ်ယူခဲ့တာကိုလည်း တွေ့ရပါတယ်။ ပဲဈေးမှာတော့ တစ်တင်း ကျပ် ၄၇၀၀၀ဖြင့် ဈေးအမြင့်အတိုင်းရှိနေခဲ့ပါတယ်။ ကုလားပဲသီးနှံဟာ ယခင်နှစ်ကတည်းက ဈေးကောင်းခဲ့လို့ မတ်ပဲနှင့် ဈေး အပြိုင်ရလျက်ရှိခဲ့ပြီး ယခုနှစ်မှာလည်း ဈေးကောင်းဆက်ရခဲ့လို့ ပြည်ပဝယ်လက်ပဲတွေထက်ပင် ဈေးအမြင့်နဲ့ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။
စက်တင်ဘာ တတိယပတ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲနှင့်ပဲစင်းငုံသီးနှံမှာ အရောင်း အဝယ်အေးလျက်ရှိကာ ပြည်ပဝယ်လက် ပဲတီစိမ်းသီးနှံက တော့ နေ့စဉ်မန္တလေးလိုင်း သမားများအဝယ် လိုက် လျက်ရှိလို့ အိတ် ၂၀၀ကျော် ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ပြည်အနီးတစ်ဝိုက်ဒေသများမှ ပဲတီစိမ်းသစ်များ အဝင်ဆက်တိုက်ရှိခဲ့ ပြီး လက်ကျန်လည်းရှိလို့ လိုသလောက် ရောင်းချနိုင်ခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ လလယ် ကဖြစ်ေ ပါ်ခဲ့ တဲ့ဈေးထက် အနည်းငယ် လျော့နည်းကျဆင်းသွားခဲ့တာ ကြောင့် ပဲတီစိမ်းသီးနှံတစ်တင်း ကျပ် ၂၅၀၀၀ ဖြင့် အရောင်း အဝယ်ဖြစ်နေခဲ့တာကိုတွေ့ရပါတယ်။မတ်ပဲနှင့်ပဲစင်းငုံသီးနှံများအနက် ငွေလို၍ရောင်းချ သူအချ
စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း မန်ကျည်း တန်ချိန် ၁၀၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပင်လယ် ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ယခင်သီတင်းပတ်က အပို့ ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီတစ် ပတ်မှ ပြန်လည်တင်ပို့ခြင်းဖြစ် ပါတယ်။ မန်ကျည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၅၀၀၀ ဝင်ငွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း(DOT)
ဈေးကွက်ဝင်သီးနှံ ပဲပုပ်လည်း ဈေးကွက်မှာအဝင်ရှိလာပါပြီ။ တောင်ကြီး ခရိုင်၊ စောဆီ၊ ကက္ကူ၊ ကျောက်တလုံးကြီးဘက်က ဝင်လာသလို ရပ်စောက်၊ တောင်နီ ဘက်ကလည်း အဝင်ရှိလာပါတယ်။ လင်းခေးခရိုင်၊ လဲချားနဲ့ မိုးနဲမှပဲပုပ်တွေလည်း ထွက်လာပြီလို့သိရပါတယ်။ လဲချားနဲ့ မိုးနဲကတော့ ရှမ်းရိုးရာအစာဖြစ်တဲ့ ပဲပုပ် ချပ်တွေပြုလုပ်ကြတာများပါတယ်။ တောင်ကြီးခရိုင်ဘက်ကထွက်တဲ့ ပဲပုပ်ကိုတော့ ပဲပြား၊ ပဲနို့ရည်၊ ပဲငံပြာရည် အဖြစ် ပြုလုပ်ဖို့အတွက် ဝယ်ယူပြီး အသင့်စားသုံးလို့ရ တဲ့ ပဲပုပ်လှော်အဖြစ် ပြုလုပ်ဖို့လည်း ဝယ်ယူမှုရှိလို့ ဒေသတွင်းဈေးကွက်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။
တောင်ကြီးဈေးကွက်မှာ ရေ သွင်းပြောင်းလို့ခေါ်တဲ့ ရေခြံထွက်တဲ့ ပြောင်းသစ်တွေဝင်လာသလို ပြောင်း (ဟောင်း) တွေက ကုန်သွားသလောက် ဖြစ်နေပါပြီ။ ရေခြံပြောင်းတွေက တောင်ကြီး၊ ဆီဆိုင်၊ ရပ်စောက် စတဲ့ မြို့တွေအပြင် လွိုင်ကော်ကလည်း ဝင် လာပါတယ်။မိုးကလည်းအဆက်မပြတ် ရွာနေတာရယ် ပြောင်းသစ်ကလည်း ရေခြံက ပြောင်းတွေဖြစ်လို့ အစိုဓာတ် တွေကတော့ များနေပါတယ်။ အသစ် ဝင်လာတဲ့ပြောင်းတွေကို တောင်ကြီးမြို့ နယ် တောင်လေးလုံး ကျေးရွာမှာရှိတဲ့ မြနဒီ အခြောက်ခံစက်မှာ ခြောက် အောင် လှော်ပေးနေပါတယ်။ တစ်ပတ် ကို တောင်ကြီး^လွိုင်ကော်က ဝင်တဲ့ ပြောင်းက အိတ် ၁၅၀၀ ခန့် အဝင်ရှိနေ ပါတယ်။ ရာသီဥတုကြောင့် အစိုဓာတ် များလို့ မြနဒီ အခြ
ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် အချို့၌ စက်တင်ဘာလ ဒုတိယပတ် တွင် ဧည့်မထစပါး၊ ဆန် ဈေးနှုန်းများမှာ လဆန်းပိုင်းဈေးထက် အနည်းငယ် မြင့်တက်လျက်ရှိကြောင်း သိရသည်။ စက်တင်ဘာလပထမပတ်က ပုသိမ်၊ သာပေါင်း၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်တို့တွင် ဧည့်မထ မိုးစပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၈၀၀၀၀ မှ ကျပ် ၅၀၀၀၀၀ ဈေးတွင် ဆန်တစ်အိတ်လျှင် ကျပ် ၂၁၀၀၀ မှ ယခုစပါးဈေး ကျပ် ၅၀၀၀၀၀ မှ ကျပ် ၅၂၀၀၀၀ ဈေးရှိသည့်အချိန်တွင် ဆန် တစ်အိတ်လျှင် ကျပ် ၂၁၅၀၀ မှ ကျပ် ၂၁၈၀၀ ဈေးရှိခဲ့ကြောင်း၊ ဧည့်မထနွေ စပါး ၄၆ ပေါင် တင်း ၁၀၀ ကို ကျပ် ၄၆၀၀၀၀ မှ ကျပ် ၄၇၀၀၀၀၊ ဆန်တစ် အိတ်လျှင် ကျပ် ၂၀၀၀၀ မှ ယခုစပါး ဈေး ကျပ် ၄၈၀၀၀၀ မ