Main menu

Background

Tuesday, 24 Oct 2017

ယခုတစ်ပတ် ပြည်ဈေးကွက်၌ ကြက်သွန်နီဈေးနှုန်းများ  ပိုမိုမြင့်တက်လျက် ရှိနေတာတွေ့ရပါတယ်။ တစ်ပိဿာလျှင် ပျမ်းမျှအနေဖြင့် လက်လီ/လက်ကား ကျပ် ၂၀၀-၂၅၀ခန့်ထိ ဈေးမြင့်သွားကြောင်းသိရပါတယ်။  ဈေးမြင့်သည့်အတွက် စားသုံးသူများက ဝယ်လိုအားနည်းလာတာကြောင့် ပွဲရုံလုပ်ငန်းရှင်များမှလည်းမှာ ယူမှုနည်းကာ ပြည်ဈေးကွက်သို့ဝင်ရောက်မှု သိသိသာသာနည်းသွားကြောင်း တွေ့ရပါတယ်။ ပြည်ဈေးကွက်သို့ ဆိပ်ဖြူ၊ ကျောက်ပန်းတောင်းနယ်တို့မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ပတ်လည် ဝင်ရောက်ကြောင်း သိရပါတယ်။ ဈေးမြင့်သွားတဲ့ အတွက် ပုံမှန်ဝယ်လက်များဖြင့်သာ အရောင်းအဝယ်ရှိနေတာကြောင့် အရောင်း အဝယ်သိသာစွာ နည်းပါးသွားကြောင်း တွေ့ရပါတယ်။

Tuesday, 24 Oct 2017

      မုံရွာကုန်စည်ဒိုင်ဈေးကွက် အောက်တိုဘာလတတိယ ပတ် ဆီထွက်သီးနှံဈေးကွက်တွင် မြေပဲအသစ်များအနည်းငယ် ဝင်ရောက်လာပြီး ဝယ်လိုအားသွက်လာလို့ တက်ဈေးဖြင့် အရောင်းအ ဝယ်သွက်ခဲ့တယ် လို့သိရ ပါတယ်။ယခုတစ်ပတ် မြေပဲဆန်ဈေးကွက်တွင်  တောင်နယ်လို့ ခေါ်တဲ့ချောင်းဦး၊ မြောင်၊ မြင်းမူမှလာတဲ့ မြေပဲလုံးဆန်ဖြူက ဈေးပိုရခဲ့ရာ အသစ်တစ်ပိဿာလျှင်ကျပ်၂၆၀၀နှင့် အဟောင်း တစ်ပိဿာလျှင် ၂၃၂၅ ကျပ် ဈေးဖြစ်ပေါ်ခဲ့တယ်လို့ သိရှိရပါ တယ်။ လုံးဆန်နီဈေးကွက်မှာတော့  အသစ်တစ်ပိဿာလျှင် ကျပ် ၂၃၀၀-၂၃၅၀၊ အဟောင်းတစ်ပိသာလျှင် ကျပ်၂၄၅၀-၂၅၀၀ နှင့် ဆီဆန်တစ်ပိဿာလျှင် ကျပ်၁၉၃၀-၁၉၅၀  အသီး သီးပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး အရောင်းအဝယ်အားဖြင့် တစ် ရက်လျှင် လုံးဆန်

Tuesday, 24 Oct 2017

     မြန်မာနိုင်ငံ၏ အထူးစီးပွားရေးဇုန်(SEZ)        များသည် စက်မှုကုန်ချော ထုတ်လုပ်မှုလုပ်ငန်းများ အတွက် အဓိကအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး  အင်သစ်အားသစ်များဖြင့်ဖြည့် ဆည်းထားသည့်  တိုင်းပြည် စီးပွားရေး မဟာဗျူဟာ တွင်လည်းအလွန်အရေးကြီးပါသည်။   တိုးတက် မှုမရှိဘဲ ရပ်တန့်နေသော  အထူးစီးပွားရေးဇုန်(SEZ)များကို ပြန်လည်အသက်ဝင်လာစေခြင်းနှင့် အားသွန်ခွန်စိုက်   ဆောင်ရွက်ခြင်းသည် မြန်မာ အစိုးရ ၏  ဦးစားပေး အရေးကြီးအစီအစဉ်များဖြစ်  လာပါသည်။ အထူးစီးပွားရေးဇုန်များ(SEZs)သည် နည်းပညာလွှဲပြောင်းရယူခြင်း၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှုကိုတွန်းအားပေး ခြင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုမျာ

Monday, 16 Oct 2017

       လွတ်လပ်သော ကုန်သွယ်မှုနှင့် စပ်လျဉ်း၍ The Wall Street ဂျာနယ် တွင် အမေရိကန်နိုင်ငံ၊ ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး Wilbur Rose က  Free Trade is A Two-Way Street အမည်ဖြင့် ဆောင်းပါး ရေးသားေ ဖာ်ပြထားပါသည်။ အဆိုပါဆောင်းပါးတွင် အမေရိကန်နှင့် ၎င်း၏ အဓိကကုန်သွယ်ဖက် နိုင်ငံများအကြား မျှတသောကုန်သွယ်မှု ဖြစ်ရန်အတွက် အမေရိကန်နိုင်ငံအနေ ဖြင့် ပြန်လည်ဆန်းစစ်သွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိပါ သည်။ အဆိုပါ ဆောင်းပါးတွင် ဖော်ပြထားချက်များ အရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ စီမံအုပ်ချုပ်မှုပုံစံတွင် အမေရိကန် နိုင်ငံဘက်မှ လွတ်လပ်သော ကုန်သွယ်မှုဒေသ ကတိကဝတ်များအရ အခြား နိုင်ငံများသို့ အေ ကာက်ခွန် သက်သာ ခွင့်ပေး

Monday, 16 Oct 2017

       Myanmar International Tourism Expo(MITE) ပြပွဲကို မြန်မာ နိုင်ငံ၌ ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ် သွားမည်ဖြစ်ကြောင်း အဆိုပါပြပွဲကို စီစဉ်သည့် ICVex ကုမ္ပဏီထံမှ သတင်း ရရှိသည်။ နိုင်ငံတကာ ခရီး သွား လုပ်ငန်း များအတွက် မြန်မာနိုင်ငံတွင်းရှိ ခရီး သွားကုမ္ပဏီများနှင့် ချိတ်ဆက်နိုင်ရုံ သာမက ပြည်တွင်းခရီးသွားကုမ္ပဏီများ အတွက် ခရီးစဉ်သစ်များအပြင် အထူး ပရိုမိုးရှင်း ဈေးနှုန်းများရရှိနိုင်စေရန် ရည်ရွယ်၍ အဆိုပါပြပွဲကို ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ ၂၀၁၈ ခုနှစ် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Friday, 13 Oct 2017

       ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ငြိမ်သက်ခဲ့သည့် ပြည်တွင်းငွေလဲနှုန်းများသည် ယခုတစ်ပတ်တွင်အနည်းငယ် ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယခုတစ်ပတ်တွင် သီတင်းကျွတ် ကာလပိတ်ရက် များကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း ဈေးကွက် အတွင်း ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ပြောကြားခဲ့သည်။

Friday, 13 Oct 2017

    ပြီးခဲ့သည့်ရက်သတ္တပတ်မှစတင်ကာ ကျဆင်းလာခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ယခုတစ်ပတ်တွင် ဆက်လက်ကျဆင်းလာခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ ပြည်တွင်းရွှေဈေးများသည် အမြင့်ဆုံးေ ဈးအဖြစ် ကျပ်ကိုးသိန်းခွဲအထိ မြင့်တက်ခဲ့ပြီးနောက် နှစ်ပတ်ဆက်တိုက်  ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းကလည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့ သဖြင့် ပြည်တွင်းရွှေဈေးများပါ ကျဆင်းလာ ခဲ့ခြင်းဖြစ်သည်။ ယခုတစ်ပတ်တွင် လည်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းလာခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ဆက် လက်ကျဆင်းလာခဲ့ခြင်းဖြစ်သည်။

Friday, 13 Oct 2017

      ငါးကြိမ်မြောက် Myanmar Water 2017 ကို အောက် တိုဘာ ၂၆ရက်မှ ၂၈ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမ၌ သုံးရက်ကြာပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါပြပွဲနှင့်အတူ တတိယအကြိမ် ပြန် လည်အသုံးပြု နိုင်သော စွမ်းအင်နှင့် စွမ်းအင်အား ထိရောက်စွာအသုံးချခြင်း ပြပွဲ (RE EE 2017) ကို ပူးတွဲကျင်းပပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ "Myanmar Water 2017 ရဲ့ အဓိကရည်ရွယ်ချက်ကတော့ ရေစီ မံခန့်ခွဲမှုကို သိစေချင်တာပါ။ ရေအရင်းအမြစ်ကို ဘယ်လိုစီမံခန့်ခွဲမလဲ၊ သန့်စင်ထားတဲ့ ရေကိုဘယ်လိုအသုံးချမလဲ၊ သုံးစွဲပြီးတဲ့ ရေတွေကို မူလရေအရင်းအမြစ်တွေဖြစ်တဲ့ မြစ် ချောင်းအင်းအိုင်တွေထဲကို သန့်စင်တဲ့နည်း လမ်းနဲ့ ဘယ်လို ပ

Friday, 13 Oct 2017

      ပြည်ပဲဈေးကွက်အတွင်း မိုးပဲတီစိမ်းသီးနှံ နေ့စဉ်အဝင်ရှိခဲ့သော်လည်း အိတ် ၁၀၀ မှ ၁၅၀ ကျော်သာ ဝင်ရောက်ခဲ့လို့ စက်တင်ဘာလကုန်ပတ်ထက် ပဲအဝင် ပါးသွားတာကို တွေ့ရပါတယ်။ မန္တလေးဝယ်လက်က နေ့စဉ် ဝယ်လို အားရှိတာ ကြောင့် ဝင်ရောက်လာသမျှ ပဲအိတ်အရေအတွက် ပမာဏအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ ပဲအရည်အသွေးပေါ်လိုက်ပြီး ဈေးပေးခဲ့လို့ တစ်တင်း ကျပ် ၂၇၅၀၀ ဖြင့် လကုန်ရက်ထက် ကျပ် ၅၀၀ ခန့် လျော့နည်းသွားခဲ့ပါတယ်။ ပဲတီစိမ်းသီးနှံမှာ စပေါ် ချိန်မှစ၍ ယခုအချိန်ထိ ဈေးအတက်အကျ သိပ်မဖြစ်ဘဲ ယခုနှစ်အတွင်း ဈေးငြိမ်ငြိမ်နဲ့ ရောင်းဝယ်နေခဲ့ကြတာကို တွေ့ရပါတယ်။

 

ခင်ဆွေဝင်း

Pages