Background
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီး အတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ ဖြင့် ဘုရင့်နောင် ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိသည်။
ယခု ၂၀၂၃ ခုနှစ် ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်လျှင် ကြမ်းခင်းဈေး ကျပ်၉၅၀ဝ၀အထိ တိုးမြှင့်ပေးဝယ်လာကြောင်း ကြံစိုက်တောင်သူများ ထံမှ သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ မိုင်းရယ်သကြားစက်နှင့်ငွေရည် ပုလဲ သကြားစက်များက ယခုနှစ် ကြံကြိတ်ခွဲရာသီ အတွက် ကြံတစ်တန်ဈေးကို ကျပ် ၈၀ဝ၀ဝ နှုန်းဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်းက သတ် မှတ်ခဲ့ပြီး စက်တင်ဘာလတွင်တော့ ကြံတစ်တန် လျှင် ကျပ် ၉၀ဝ၀ဝ အထိ ထပ်မံ တိုးမြှင့်သတ်မှတ် ပေးခဲ့သည်။
ယခုတစ်ပတ် ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ပန်းတောင်း၊ ရွှေတောင်၊ ဝက်ထီးကန်နှင့် ပြည်ခရိုင်အတွင်းရှိဒေသစုံမှာ တစ်ရက်လျှင် မန်ကျည်းမှည့်တစ်အိတ်ကို ပိဿာ ၃၀ ဝင် အိတ် ၂၀ဝ၀/၃၀ဝ၀ ခန့် ဝင်ရောက်လျက်ရှိသည်။ လှောင်လက်သမားများ အဝယ်ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေခြင်းကြောင့် အရောင်းအဝယ်မှာ ကောင်းသော်လည်း ဈေးအနည်းငယ် ကျဆင်းလာခဲ့သည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်းသီးနှံ ငရုတ်သီးစိုက်ခင်း ဧကပေါင်း ၁၄၀ဝ ကျော်အထိ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဆောင်းသီးနှံများနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးကြသည့်အပြင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအဖြစ် ပန်းမျိုးစုံ စိုက်ပျိုးသည့် တောင်သူများလည်း မိသားစုအပိုဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
မြင့်မြင့်သန်း(ပခုက္ကူ)
ပြည်ခရိုင်တွင် ငှက်ပျောကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ငှက်ပျောသီးမှာ ကျန်းမာရေးအရ သင့်လျော်သလို လူကြိုက်လည်းများသဖြင့် အများအပြားစိုက်ပျိုးကြသည်။ ပြည်ခရိုင်အနေဖြင့် ငှက်ပျောစိုက်ဧကမှာ ၂၀၂၈ ဧကရှိပြီး ပြည်မြို့နယ်တွင် ၇၅၅ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၃၉၂ဧက၊ ပန်းတောင်းမြို့နယ်တွင် ၇၂၈ ဧကနှင့် ရွှေတောင်မြို့နယ်တွင် ၁၅၃ဧက စိုက်ပျိုးကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူဈေးကြီးအတွင်း ကြက်သွန်ဖြူ၊ ကြက်သွန်နီများအား ကား၊ ရထားတို့ဖြင့် ဘုရင့်နောင်ကုန်စည်ဒိုင်နှင့် ရှမ်းပြည်နယ်တို့မှ နေ့စဉ်ဝင်ရောက်လျက်ရှိပြီး လက်လီလက်ကားပြန်လည်ရောင်းချလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်အထိ ကြက်သွန်နီ(ဆိပ်ဖြူ)အဝင် ပိဿာ ၃၄၁၀ဝ နှင့် ကြက်သွန်ဖြူ(ကြူကုတ်) ပိဿာ ၄၉၅၀ ဝင်ရောက်ခဲ့သည်။
ပြည်ပနိုင်ငံများအထိ ဈေးကွက်ထိုးဖောက်သည့် ချင်းပြည်နယ်မှ ဝဥမျိုးများကို ပခုက္ကူမြို့နယ် ငဖောင်ကန်ကျေးရွာအနီး ရွှေနယုန်ဝဥစက်ရုံတွင် ဝဥအစိုတစ်ပိဿာကို ငွေကျပ် ၁၁၅၀ ဖြင့် ဒီဇင်ဘာလကစတင်ပြီး လက်ခံဝယ်ယူလျက်ရှိကြောင်း သိရသည်။