Background
စက်တင်ဘာ ဒုတိယပတ်အတွင်း တရုတ်နဲ့ ထိုင်းနိုင်ငံသို့ အမေရိကန် ဒေါ်လာ သုည ဒသမ ၃၄၁ သန်း တန်ဖိုး ရှိ သီဟိုဠ်စေ့ တန် ၅၀ ကျော်ကို မူဆယ် ကုန်သွယ်ရေးဇုန် နဲ့ မြဝတီကုန်သွယ်ရေး ဇုန်များမှတစ်ဆင့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀ တန်ကျော်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ တန် ၄၀ ကျော် ပိုမိုတင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်ကုန်သွယ်ရေးဇုန်မှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၂၉၂ သန်း တန်ဖိုးရှိ သီဟိုဠ်စေ့ ၄၈ တန်နဲ့ မြဝတီ ကုန်သွ ယ်ရေးဇုန်မှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝ၄၉ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့ ခြောက်တန်ကျော် အသီး သီးတင်ပို့ခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်များမှ သတင်းရရှိပါတယ်။
ပြည်ခရိုင်အတွင်း ဘိုကိတ်ပဲသီးနှံကို ဆောင်းပဲသီးနှံအဖြစ် စိုက်ပျိုးပြီး စိုက်ဧက ငါးထောင်ကျော်သာ စိုက်ပျိုးခဲ့သည့်အတွက် ပဲထွက်ပေါ်ချိန်တွင် ပဲဈေးကွက်အတွင်း အေ ရာင်းအဝယ်အဖြစ်များကာ ယခုလို ကာလများမှာတော့ လက်ကျန် ပဲအနည်းငယ်သာရှိတဲ့အတွက် အရောင်း အဝယ်ပါးကာ လက်လီဝယ်ယူသူ အနည်းငယ်ကိုသာ ရောင်းချခဲ့ရ ပါတယ်။
မုံရွာကုန်စည်ဒိုင် စက်တင်ဘာလတတိယပတ် ပဲမျိုးစုံဈေးကွက်မှာ ဝယ်လက်ဆွဲအားရှိတဲ့ ကုလားပဲနဲ့ ပဲတီစိမ်းကြီးတို့ အမြင့်ဈေးမှာ ဆက်လက်မာနေပြီး၊ဒေသတွင်း ဝယ် လိုအား မငြိမ်တဲ့ငုံနီနဲ့မတ်ပဲတို့က ကျဈေးမှာ ဆက်လက် တန့်နေ တာတွေ့ရပါတယ်။ ကုလားပဲမျိုးစုံဈေးကွက်အနေနဲ့ ကုန်သည်တွေထံမှာ မနှစ်ကထွက်တဲ့ ပဲလက်ကျန် သိသိ သာသာ လျော့နည်းလာရာ မုံရွာကုန်စည်ဒိုင်မှာ ထိုင်ဝမ်ကုလားပဲဟာ လက်ကျန်မရှိတော့လို့ နေ့စဉ်ဈေးမဖွင့်နိုင်ဘဲ၊ လက်ကျန် အနည်းငယ်ရှိသူက တစ်တင်းကျပ် ၄၀ဝဝဝ နဲ့ ရံဖန်ရံခါ ဈေးတင်ခဲ့တာ တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ V 2 တစ်တင်း ၄၀၈၀ဝ ကျပ်၊ ၉၂၉ တစ်တင်း ၃၉၅၀ဝ ကျပ်အသီးသီးအမြင့်ဆုံးဈေးပေါက်ခဲ့ပြီး ဒေသခံကြာဆန်စက်၊ ပဲခွဲစ
ပြည်ပဲဈေးကွက်အတွင်း လက်လီ၊ လက်ကား အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများအနက် မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများသာ လက်ကားအဝယ် ရှိပေမယ့် ထောပ တ်ပဲ၊ ပဲနီပြား၊ စားတော်ပဲ၊ ပဲပုပ်၊ ဘိုကိတ် စသည့်ပဲများကတော့ ယခုလိုကာလများတွင် လက်လီသာ အရောင်းအဝယ်ဖြစ်ခဲ့ကာ နေ့စဉ်ရောင်းဝယ် မှုရှိပေမယ့် အိတ်အနည်း ငယ်သာ ေ ရာင်းချခဲ့ရပါတယ်။
မြန်မာ - တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ စက်တင်ဘာ ၁၀ရက်မှ ၁၆ရက် ကာလအတွင်း အမေရိကန် ဒေါ်လာ ၃ ဒသမ ၁၂၆ သန်းဖိုးရှိ ဆန်တန်ချိန် ၈၅၄၉ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန် ဆန် ၄၀၇၂တန်၊ ဧည့်မထဆန် တန်၅၀ဝ၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ငစိန် ဆန် ၁၁၂တန်ကျော်နဲ့ လွ ယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၃၈၆၅ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် မြန်မာ့ဆန်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ၁၆၅၈တန် လျော့နည်းခဲ့ ကြောင်း သိရှိရပါတယ်။ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၉၁ သန်းဖိုးရှိ ဆန်ကွဲ ၁၅၀၉ တန်ခန့်ကို မူဆယ်မှ ၁၁၇၈တန်နဲ့ လွယ်ဂျယ်မှ ၃၃၁ တန်စီ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင
ပြည်သစ်သီးဝလံ ဈေးကွက်သို့ ပြည်ဒေသထွက် သြဇာသီးများ စတင်ဝင်ရောက်လာတာ တွေ့ရပါတယ်။ ပေါ်ဦး ပေါ်ဖျား အသီးများဖြစ်၍ ဈေးကောင်းရလျက်ရှိနေပါတယ်။ ပြည်မြို့ဒေသ အနီးတဝိုက်ဖြစ်တဲ့ မှော်ဇာ၊ ဇီးအုပ်၊ ဖိုးဦးတောင်၊ ရွှေဘုံသာ စတဲ့ အနောက်ဘက်ကမ်းဒေသများမှ ဝင်ရောက်လာတာ ဖြစ်ပါတယ်။ဈေးကွက်အတွင်း သြဇာသီး ရာခြင်းဈေးကတော့ (အချော) ၃၅၀ ကျပ်နှင့် (လတ်) ၃၀၀ ကျပ် (သေး) ၂၀၀ ကျပ်တို့ ဖြစ်ပါတယ်။ အသီးလှိုင်လှိုင် မရှိသေးတာကြောင့် ဈေးမြင့်နေသော်လည်း အရောင်းအဝယ်ကတော့ အကုန် ဖြစ်လျက်ရှိနေပါတယ်။ သြဇာသီး ပေါ်စဖြစ်လို့လည်း ဒေသတွင်းဈေးကွက်မှာ ဝင်လာသမျှ အရောင်းအဝယ်သွက် လျက်ရှိနေပါတယ်။ ယခုတစ်ပတ် ရက်ပိုင်းအတွင်း အလုံး ၅၀ ဝင်ခြင်း ၅၀ မှ
အသစ်ရေးဆွဲပြဋ္ဌာန်းမည့် ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်တွင် နိုင်ငံသား၊ နိုင်ငံခြားသားမခွဲခြားဘဲ တန်းတူအခွင့်အရေးများ ပေးသွားမည်ဖြစ်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက စက်တင် ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် နေပြည်တော် MICC-2 ၌ကျင်းပခဲ့သည့် Myanmar Global Investment Forum ၌ ပြောကြားခဲ့သည်။
ပြည်ဈေးကွက်တွင် ယခုတစ်ပတ်နှမ်းအဝင်များလာ၍ဈေးအနည်းငယ်ကျလာတာ တွေ့ရပါတယ်။ မြန်အောင်၊ ကြံခင်း၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းဘက်မှ တစ်ေ န့လျှင် နှမ်းအိတ် ၁၀ဝ၀ ခန့် ဝင်ရောက်လာသဖြင့် ယခင် တစ်ပတ်ထက် စာလျှင် အဝင်များလာခဲ့ကာ ဈေးလည်းအနည်းငယ်ကျလာတာတွေ့ရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ စက်တင် ဘာ ၄ ရက်မှ၁၀ ရက်အတွင်း ကန်ဒေါ်လာ ၂၉၄၂၅၂၇ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၄၈၈ ဒသမ ၆၄၂ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းမှ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ တံဆိပ်များမှာ ထိုင်း နိုင်ငံမှ ထုတ်လုပ်တဲ့ ဆင်၊ စိန်၊ အင်စီး စတဲ့ တံဆိပ်များ ဖြစ်ပါတယ်။ ဒီတစ်ပတ် မှာ ထိုင်းနိုင်ငံထုတ်များသာ တင် သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင်သွင်းမှုမှာ တန်ချိန် ၁၄၂၀ဝကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ် တင် သွင်းမှုနဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၂၁၂၀ဝ ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း (DOT)
ယခုတစ်ပတ်အတွင်းကမ္ဘာ့ရွှေဈေး ကျဆင်းလာသော်လည်း ပြည်တွင်းငွေလဲ နှုန်းများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ပြည်တွင်းရွှေဈေးများ အနည်းငယ်သာ ကျဆင်းခဲ့ေ ကြာင်း ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ က မ္ဘာ့ဈေးကွက်တွင် ဝယ်လိုအားကျဆင်းသွားသည့်အတွက် ဈေးများကျဆင်း လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်တွင်မူ အကျနှေးနေခဲ့ကြောင်း၊ ကမ္ဘာ့ရွှေ ဈေးကျဆင်းလာမှုကြောင့် အမေရိကန်ဒေါ်လာဈေး ထပ်မံမြင့်တက်လာနိုင်ေြ ကာင်း၊ ထို့ကြောင့် ပြည်တွင်းရွှေဈေးနှုန်းများမှာ အနည်းငယ်သာ ကျရိပ်ရှိနိုင်ကြောင်း ရွှေဈေးကွက်ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ခဲ့သည်။