Background
ပြည်ကြက်သွန်နီပွဲရုံများ၌ ယခုတစ်ပတ် ပွဲရုံ ဈေး ပိဿာ ၃၀ ဝင်တစ်အိတ်လျှင် ပျမ်းမျှ ၂၅၀ဝ ကျပ်ခန့် ဈေးကျသွားပါတယ်။ ပြည်ဒေသတွင်း လက်လီဈေးများတွင်လည်း တစ် ပိဿာလျှင် အရွယ်အစားအလိုက် ၁၀ဝ ကျပ်နှုန်း ဈေးကျ ဆင်းသွားကြောင်း သိရပါတယ်။ ဈေးနှုန်းအနေနဲ့ ပွဲရုံများတွင် လက်ကား တစ်ပိဿာလျှင် (ကြီး) ၅၅၀ကျပ်၊ (လတ်) ၅၀ဝကျပ်၊ (သေး) ၄၃၀ကျပ်တို့ ဖြစ်ပြီး လက်လီဈေးအားဖြင့် (ရှယ်သန့်) ၇၅၀ ကျပ်၊ (ကြီး) ၇၀ဝ-၆၅၀ကျပ်၊ (လတ်) ၆၀ဝ ကျပ်၊ (သေး) ၅၅၀-၅၀ဝ ကျပ်တို့နဲ့ ရောင်းဝယ်မှု ရှိနေ ပါတယ်။ စိုက်ပျိုးသူ တောင်သူများအနေနဲ့ ဈေး နှုန်းကျဆင်းမှုကြောင့် အမြတ်ရရှိမှု နည်းပါးပေ မယ့်စားသုံးသူများကတော့ ဈေးကျဆင်းမှုအပေါ် စိတ်ကျေနပ်
မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာ လဝက်ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ပဲတွေ အရောင်းအဝယ်ငြိမ်ဈေးအေးခဲ့သလောက် ဒေသသုံးအဝယ်တောက် လျှောက်သွက်ခဲ့လို့ ကုလားပဲမျိုးစုံ ဈေးအနည်းငယ် ပြန်တက်လာခဲ့တာ တွေ့ ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲဖြူလုံး ကြီးမှာ တစ်တင်း ၄၀၅၀ဝ ကျပ်၊ ထိုင် ဝမ်မှာတစ်တင်း ၃၉၅၀ဝ ကျပ်နဲ့ ၉၂၉ မှာ တစ်တင်း ၃၉၀ဝ၀ ကျပ်အထိ ဈေး မြင့်တက်ခဲ့ပြီး၊ ဒေသတွင်း ပဲခွဲစက်လုပ် ငန်းနဲ့ ကြာဆန်လုပ်ငန်းသမားတို့ မရှိ မဖြစ် ကုန်ကြမ်းအဖြစ် ဝယ်လိုအားပုံမှန် ရှိနေကာ တစ်ရက်ကို အိတ် ၇၀ဝ ခန့် အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူ ဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၅၁၇၃ တန် ေ ကျာ်နဲ့ ဧည့်မထဆန် တန် ၁၁၀ဝ၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန် သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့ နည်းခဲ့ပါ တယ်။
ယခုတစ်ပတ်ပြည်ဈေးကွက်တွင် မြေပဲဆန်အိတ် အများအပြားဝင်ရောက်လာ သဖြင့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်၊ အောင်လံကြားကျေးရွာများ နဲ့ မြန်အောင်၊ ကြံခင်း၊ဝက် ထီးကန်၊ ပေါက်ခေါင်း၊ ပေါင်းတ လည် ဘက်မှ တစ်နေ့လျှင် အိတ် ၂၅၀ဝ မှ ၃၀ဝ၀ အထိ ဝင်ရောက်လာတဲ့အတွက် ဈေးကွက်တွင် ပဲလက်ကျန် များလာ တာတွေ့ရပါတယ်။
ယခုတစ်ပတ်ပြည်ဈေးကွက်တွင် မြေပဲဆန်အိတ် အများအပြားဝင်ရောက်လာ သဖြင့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ပြည်၊ အောင်လံကြားကျေးရွာများ နဲ့ မြန်အောင်၊ ကြံခင်း ဝက်ထီးကန်၊ ပေါက်ခေါင်း ၊ ပေါင်းတလည် ဘက်မှ တစ်နေ့ လျှင် အိတ် ၂၅၀၀ မှ ၃၀၀၀ အထိ ဝင်ရောက်လာတဲ့အတွက် ဈေးကွက်တွင် ပဲလက် ကျန် များလာတာတွေ့ရပါတယ်။ပဲလက်ကျန်များလာသဖြင့် ဈေးနှုန်းကျလာတာ တွေ့ရပါတယ်။ ယခင်တစ် ပတ်ထက်စာလျှင် ယခုတစ်ပတ်မှာ လုံးဆန် အဝင်ပိုများလာ ခဲ့ကာ လုံးဆန်ကို ရန်ကုန်ဆီစက်များက အဝယ်ရှိပြီးဆီဆန်ကိုမကွေးဆီစက်နဲ့ပြည်ဆီ စက်များက အဝယ်ရှိနေပေမယ့် ဈေးအနည်းငယ်ကျလာတာတွေ့ရပါတယ်။ ယခု တစ်ပတ် တွင် မြေပဲဆီဆန်ဈေးမှာ တစ်ပိသာလျှင် ၁၅၀၀ကျပ်နှင့်လုံးဆန်တစ်ပိသာလ
ရန်ကုန်မြို့ ဝါးတန်းဆန်ဈေးကွက်ရဲ့ သြဂုတ် ၁၅ ရက် လက်ကားဈေးနှုန်းအရ ဖျာပုံပေါ်ဆန်းထိပ်စ တစ်အိတ်ကို ကျပ် ၃၅၅၀၀၊ လတ်စတစ်အိတ်ကို ကျပ် ၃၃၀၀၀၊ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ကျပ် ၃၆၅၀၀၊ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ နယ်စုံကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ် ကျပ် ၄၃၀၀၀ မှ ကျပ် ၄၅၅၀၀နဲ့ ယခင်တစ်ပတ်ဈေးအတိုင်း အပြောင်းအလဲသိပ် မရှိဘဲ ဆန်ချောအညံ့သာ တစ်အိတ်ကို ကျပ် ၅၀၀ ခန့်ဈေး ကျသွားကြောင်း သိရှိရပါတယ်။ဆန်ကြမ်းဈေးလည်း တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ ကြားဈေးကျကြောင်း သိရပါတယ်။ ဧည့်မထဆန် ထိပ်စ တစ်အိတ် ကျပ် ၂၀၅၀၀ နဲ့ လတ်စတစ်အိတ် ကျပ် ၁၉၅၀၀ ဖြစ်ပြီးယခ
ရန်ကုန်မြို့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဆန်စပါး ဈေးကွက် မှာ စက်တင်ဘာ ၈ ရက် လက်ကား ဈေးနှုန်းအရ ဆန်ချော ရော ဆန်ကြမ်းဈေးပါ အနည်းငယ် ကျဆင်းကြောင်း သိရပါ တယ်။ ဆန်ချောဖြစ်တဲ့ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ ပုသိမ်^ မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၆၅၀၀နဲ့ လတ်စတစ် အိတ် ကျပ် ၃၄၀၀၀နဲ့ ဈေးငြိမ်နေပါတယ်။ နယ်စုံ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၃၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၁၅၀၀ ဖြစ်ပြီး ထိပ်စတစ်အိတ်ကို ယခင် တစ်ပတ်ထက် ကျပ် ၅၀၀ ဈေးကျလာတာ တွေ့ရပါတယ်။ ရွှေဘိုပေါ်ဆန်း ဆန်ကတော့ တစ်အိတ်ကို ကျပ် ၄၃၀၀၀ မှ ၄၅၅၀၀ ထိရှိပြီး ယခင်တစ်ပတ်ဈေးအတိုင်း ပြောင်းလဲမှု မရှိပါဘူး။ ဆန်အဝင်မျာ
သြဂုတ်၂၁ရက်မှ ၂၇ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ နနွင်း ၁၉၆ ဒသမ ၇၅ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ အိန္ဒိယသို့ ၂၈ဒသမ ၇၅ တန်နဲ့ စင်ကာပူသို့ ၁၆၈ တန်တင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က နနွင်းတင်ပို့မှုမှာ တန်ချိန်၂၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ယှဉ်ရင် တန်ချိန် ၉၀ ကျော်တင်ပို့မှုလျော့ခဲ့ပါတယ်။နနွင်းတင် ပို့မှုမှ ကန်ဒေါ်လာ ၁၅၀၄၉၅၀င်ငွေရရှိခဲ့ တယ်လို့သိရ ပါတယ်။
သီတာဝင်း(DOT)
မုံရွာကုန်စည်ဒိုင် သြဂုတ်လကုန်ပတ် ပဲဈေးကွက်မှာ ငုံနီနဲ့ကုလားပဲမျိုးစုံ ဈေးဟာ လဆန်းပိုင်းက အနိမ့်ဆုံးဈေးသို့ ကျဆင်းခဲ့ရာမှ လလယ်ပိုင်းကစပြီး တဖြည်းဖြည်း ပြန်လည်မြင့်တက်ခဲ့ရာငုံနီဈေးအနေနဲ့ ၂၇၅၀၀ ကျပ်၊ ၂၈၅၀၀ ကျပ်၊ ၃၁၅၀၀ကျပ်နဲ့ ၃၂၅၀၀ ကျပ်အထိ အဆင့်ဆင့် မြင့်တက်လာခဲ့သလို ကုလားပဲ ဈေးကွက်မှာလည်း V၂ တစ်တင်း ၃၆၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်သို့လည်းကောင်း၊ ထိုင်ဝမ်တစ်တင်း ၃၅၀၀၀ ကျပ်မှ ၃၇၀၀၀ ကျပ်နဲ့ ၉၂၉ တစ်တင်း ၃၄၃၀၀ ကျပ်မှ ၃၆၂၀၀ ကျပ်သို့ အသီးသီးဈေးမြင့်တက်လာခဲ့တာ တွေ့ရပါတယ်။ပဲတီစိမ်းဈေးကွက်မှာ တရုတ်ဝယ်လက်ပါးသလို အဝင်လည်းကျဲနေကာ ယခု တစ်ပတ်အတွင်း စိမ်းကြီးတစ်တင်း (ရှယ်) ၂၅၀၀၀ ကျပ် - ၂၃၀၀၀ ကျပ် နဲ့ (ညံ့) ၂၁၅၀၀ကျပ
သြဂုတ်လအတွင်း ပုသိမ်ဆန် စပါးဈေးကွက်မှာ အရောင်းအဝယ် အေးလျက်ရှိပြီး ယခင်လထက် ဈေးကျ ဆင်းလျက်ရှိကြောင်း ယခင်နှစ်ရေကြီး ချိန်က နွေသီးထပ်ရင် ဆန်တစ်အိတ်ကိုကျပ်၂၀၀၀၊ ကျပ် ၃၀၀၀ ဈေးနှုန်းမြင့် တက်ခဲ့သော်လည်း ယခုနှစ် သြဂုတ်လ အတွင်း ကာလတူရေကြီးချိန်မှာ ဆန် စပါးဈေးနှုန်း မြင့်တက်မှုမရှိကြောင်း ဈေးကွက်မှ သိရပါတယ်။ယခင်လက ဧရာဝတီပေါ်ဆန်း စပါး ၁၀၅ ပေါင် (တင်း ၁၀၀)လျှင် ၁၀၅၀၀၀၀ ကျပ်၊ ယခု ၁၀၄၀၀၀၀ ကျပ်၊ ၁၀၃၅၀၀၀ ကျပ်၊ ပေါ်ဆန်းရင် စပါး ၁၀၅ ပေါင် (တင်း ၁၀၀)လျှင် ၉၅၀၀၀၀ ကျပ်ဈေးမရှိခဲ့သော်လည်း ယခုအခါတွင် ကျပ် ၉၄၀၀၀၀၊ ၉၃၅၀၀၀ ဈေးဖြစ်သွားပြီး၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ယခင်ကျပ် ၃၅၀၀၀ မှ ယခု ၃၄၅၀၀ ကျပ်၊ ၃၄၀၀