Background
ယခုကာလသည် မိုးတွင်းကာလ ဖြစ်၍ ပုသိမ်မြို့ရဲ့ အဓိကဈေးကွက် တစ်ခုဖြစ်တဲ့ ပုသိမ်ထီးဈေးကွက်မှာ အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရပါတယ်။ ပြည်တွင်း၊ ပြည်ပဈေးကွက် ခိုင်မာစွာ ရရှိထားတဲ့ ပုသိမ်ထီးဈေး ကွက်မှာ ပြည်တွင်းတွင်ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပုဂံညောင်ဦး၊ အင်းလေး၊ မော်လမြိုင်၊ တောင်ကြီးမြို့ များရှိ ဟိုတယ်များနဲ့ ငွေဆောင်၊ချောင်း သာ၊ ငပလီကမ်းခြေဟိုတယ်များတွင် အလှဆင်ရာ မှာလည်းေ ကာင်း ၊ မြန်မာ့ ရိုးရာ ရှင်ပြု၊ နားသ၊ အလှူမင်္ဂလာ ပွဲများမှာလည်းကောင်း အသုံးပြုလျက် ရှိပြီး လေးလက်မမှ လက်မ ၂၀ အထိ အရွယ်အစား အမျိုးမျိုးဖြင့် ထုတ်လုပ် လျက်ရှိပါတယ်။
ကယား xxxx ကယား xxxxx ကယားဌာနေ ကယား တို့ဌာနေ xxxxxx ငွေတောင်ဆည်ဒီမောဆို ခေါင်ရည်ချို သောက် မယ် xxxxx ဟေ့ xxxxxx၁၉၉၅-၉၆ ခုနှစ်က ကယားပြည် နယ်ရဲ့ ကျောင်းသားအားကစားပွဲ တော်မှာ အကော်ဒီယံနဲ့တီးခတ်ထားတဲ့ ကယားပြည်နယ်ရဲ့ သီချင်းတစ်ပုဒ်ပါ ငွေတောင်ဆည်နဲ့ ရိုးရာခေါင်ရည်ဟာ ကယားလူမျိုးတို့ရဲ့ အထင်ကရ နေရာ နဲ့ရိုးရာဖြစ်သလို ...ဟိုး ...ရှေးနှစ် ပေါင်းများစွာကတည်းက လူတွေ မသိ ရှိ သေးတဲ့ ကယားတို့ရဲ့ဒေသထွက်ကုန် တစ်ခုကိုလည်း မိတ်ဆက်ပေးပါ ရစေ...အဲဒါကတော့ ဆီးဘူး ငရုတ် သီးပါ။ ကျွန်မတို့ ကယားပြည်နယ် တစ်ခုလုံးမှာ ''ဆီးဘူး''လို့ခေါ်တဲ့ ကယားရွာ တစ်ရွာမှာပဲ စိုက်ပျိုးတဲ့ ငရုတ်သီး
ဟင်္သာတ မတ်ပဲဈေးကွက်မှာ ယခုဇူလိုင်လ တတိယပတ်အတွင်း မတ်ပဲဈေးများ ကျဆင်းလာခဲ့ပါတယ်။ ဇူလိုင်လ ၁၈ ရက်က မတ်ပဲတစ်တင်း လျှင်ကျပ် ၅၅၀၀၀ အထိရှိနေရာမှ ၂၀ ရက်တွင်ကျပ် ၅၄၀၀၀ သို့ကျဆင်းခဲ့ ပါတယ်။ဇူလိုင်လဆန်းပိုင်းက ပိဿာ ၂၀ ဝင်တစ်တင်းလျှင် ကျပ် ၅၇၀၀၀ ဖြင့် ရောင်းဝယ်ခဲ့ကြသော်လည်း ဒုတိယ ပတ်မှာ ကျပ် ၅၇၃၀၀ နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ဈေးကျဆင်းနေမှုကြောင့် မတ်ပဲလှောင် လက်များနဲ့ မတ်ပဲလက်ကျန်ရှိတဲ့ စိုက်ပျိုး ထုတ်လုပ်သူများအနေနဲ့ ရောင်းဝယ်မှုနည်းပါးလာခဲ့ကာ တက် ဈေးကို မျှော်လျက်ရှိကြောင်း သိရပါ တယ်။
လှိုင်ထွဋ် ( ဟင်္သာတ )
ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဝါးတန်းကုန်စည် ဒိုင်မှာ ဆန်ချောများအဝင်နည်းပြီး ဈေးနှုန်းမြင့်တက်ခဲ့ပေ မယ့် ဆန်ကြမ်းဈေးတွေကတော့ ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပါတယ်မူဆယ်ဆန်ဈေးကွက်မှာ ဆန်ကားအဝင်နည်း ပြီး အရောင်းအဝယ်ပါးနေတာကို တွေ့ရပါတယ်။လူကြိုက်များတဲ့ မြန်မာ့ဆန်ပေါ်ဆန်း(ရှယ်) အရောင်း အဝယ်ဖြစ်ပြီး အဝင်နည်းလို့ ဈေးအနည်းငယ်တက်သွားတယ် လို့ ရန်ကုန်မြို့ရဲ့ ဆန်ဈေးကွက်မှ စုံစမ်းသိရှိရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဇူလိုင် ၂၁ ရက်ဈေးနှုန်းများအရ ဖျာပုံ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ် ကျပ် ၃၅၅၀၀ နဲ့ လတ်စ တစ်အိတ် ကျပ် ၃၃၀၀၀ ၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ်၃၅၀၀၀၊ နယ်စုံပေါ်ဆန်
ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ချောဖျာများ ရက်လုပ် ပြီး မုံရွာနဲ့ မန္တလေးဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ကုန်ကြမ်းအဖြစ်သုံးတာကတော့ သင်ပင်နဲ့ အနားကွပ် တဲ့ ကတ္တီပါစ ပါ။ သင်ပင်ကို ကသာ၊ မော်လိုက်၊ ဖောင်းပြင်ကနေ ဝယ်ပါတယ်။ သုံး ထောင့်ထွာရှိတဲ့ အပင်၄၀၀ပါ တစ်စည်းကို ကျပ် ၃၅၀၀ကနေကျပ် ၅၀၀၀ ထိ ပေးဝယ်ရပါတယ်။ အနားကွပ်ပါတဲ့ ကတ္တီပါတစ်ကိုက်ကို ကျပ် ၇၀၀ ကနေ ကျပ် ၁၀၀၀အထိ ပေးရပါတယ်လို့ ဆားခါးကျေးရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောပါတယ်။သင်ချောင်းရေ ၄၀၀ပါတစ်စီးကို ရက်လုပ်ရင် ဖျာတစ်ချပ်ရကြောင်း၊ ရောင်းဈေးက (၆ပေ ထ ၄ပေ) (၆ပေ ထ ၄ပေခွဲ) တစ်ချပ်ကို ကျပ် ၂၀၀၀၀ နဲ့ အသေး (၆ပေ ထ ၃ပ
ဒီတစ်ပတ် မုံရွာဈေးကွက်မှာ ပဲတီစိမ်းနဲ့ ပဲစင်းငုံနီဈေး ပြောင်းလဲမှုမရှိဘဲ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း ဆက်လက်ရှိနေ ပြီး၊ ကုလားပဲဖြူလုံးကြီးကတော့ ယခင်တစ်ပတ်ထက် ဈေးမြင့်ခဲ့ ကြောင်း သိရပါတယ်။ ပဲတီစိမ်းကြီး ကတော့ ယခင်တစ်ပတ် ဈေးနှုန်းအတိုင်း တစ်ပိသာ ၁၃၉၄ ကျပ်(တစ်တန်ကို ၈၅၃၆၇၁ ကျပ်)နဲ့ ဈေးဖွင့်ခဲ့ပြီး အရောင်းအဝယ်ပုံမှန်ဖြစ်ကြောင်း သိရပါ တယ်။ ပဲစင်းငုံနီဈေးကလည်း ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း တစ်ပိသာ ကျပ် ၂၃၉၀ (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်) နဲ့ဈေးဖွင့်ခဲ့ပြီး ပုံမှန်အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ဒေသတွင်း ဝယ်လိုအားပုံမှန်ရှိနေတဲ့ ကုလားပဲဖြူလုံး ကြီးက ယခင်တစ်ပတ် က တစ်ပိဿာ ၂၀၄၂ ကျပ်ရှိနေရာက ယခု တစ်ပတ်မှာ
ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက် တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်က တစ်ပိသာ ၂၃၇၅ ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိသာ ၂၃၉၀ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ ကျပ်)နဲ့ဈေးနဲ့အဝယ် ဖွင့်ပြီး တစ်ပတ် အတွင်း အိတ် ၈၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ နှမ်းမျိုးစုံ အနေနဲ့ နှမ်းနက် စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိသာ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိသာ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံ တစ်ပိသာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ် အတွင်း နှမ်းမျိုးစုံ အိတ် ၇၃၀၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။
မြစ်ကြီးနားဒေသမှထွက်ရှိတဲ့ ဒညင်းသီးများကို ရန်ကုန်၊ ပဲခူးနှင့် မန္တလေးမြို့သို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ မြစ်ကြီးနားမြို့ပေါ်မှာ ဒညင်းသီးပွဲရုံများကို ဖွင့်လှစ်လျက်ရှိရာ ရန်ကုန်မှ ပွဲရုံတစ်ရုံ၊ ပဲခူးမှ ပွဲရုံတစ်ရုံ ၊ မန္တလေး မှ ပွဲရုံလေးရုံ လာရောက်ဖွင့်လှစ်ကာ မြစ်ကြီးနားဒညင်းသီးများကို ဝယ်ယူလျက်ရှိကြောင်း သိရပါတယ်။လက်ရှိအချိန်တွင် ဒညင်းသီးအခွံနွှာပြီးစီးမှုအပေါ် မူတည်၍ ရထားနဲ့သာမက ၁၀ဘီး၊ ၁၂ဘီးကားတို့နဲ့လည်း ရန်ကုန်၊ မန္တလေးရှိ ပွဲရုံများသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။ ရထားနဲ့တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင် အိတ် ၅၀ တင်ပို့ရပြီး၊ ကားဖြင့်တင်ပို့ပါက တစ်ကြိမ်လျှင် ပိသာ ၆၀ ဝင်
မက်ခါသီးကို ကယားပြည်နယ် မှာ ရိုးရာ ဟင်းခတ် အမွှေးအကြိုင် အသုံးပြုခဲ့ရာမှ ယခုအခါ ဧည့်သည် များက အိမ်ပြန်လက်ဆောင်အဖြစ် ဝယ်ယူကြရာမှတစ်ဆင့် ဈေးကွက် ဝင်ပစ္စည်းတစ်ခု ဖြစ်လာတာ ကို တွေ့ရပါတယ်။ရှေးယခင်ကတည်းက ကယား လူမျိုးတို့ရဲ့ ရိုးရာဟင်းလျာတွေထဲမှာ မက်ခါသီးဟာ မပါမဖြစ် အသုံးပြု လျက်ရှိနေပါတယ်။ မက်ခါသီးလို့ ဆို လိုက်တာနဲ့ ကယားလူမျိုးတို့ရဲ့ ရိုးရာ အမှတ် တံဆိပ်တစ်ခု
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး လောကတွင် အရေးအပါဆုံးသော ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်လာမည့်Myanmar Connect 2016 ဖိုရမ်ကို လာမည့် စက်တင်ဘာလအတွင်း ကျင်းပ သွားမည်ဖြစ်ကြောင်း ယူရိုငွေကြေး ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်း ကြီး၏ဌာနခွဲ တစ်ခုဖြစ်သည့် Capacity Media ၏ သတင်းထုတ်ပြန်ချက်များ အရ သိရသည်။Capacity Media သည် အဆို ပါ Myanmar Connect 2016 ဖိုရမ်ကို စက် တင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက် တို့တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ပြီး ယင်းဖိုရမ်သည် စတုတ္ထ အကြိမ် မြောက် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။