Main menu

Background

Monday, 7 Jul 2025

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် စက်မှုနယ်မြေရှိ အမှတ် (၃၆)အကြီးစားစက်ရုံ (ကျောက်ဆည်) နှင့် မြစ်သား မြို့နယ်ရှိ အမှတ်(၇)အထည်စက်ရုံတို့မှ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား စစ်ဆေးပြုပြင်လျက်ရှိပြီး ကုန် ထုတ်လုပ်မှုများ ဆောင်ရွက်လျက်ရှိရာ အမှတ် (၃၆)အကြီး စားစက်ရုံ (ကျောက်ဆည်)မှ တစ်ရက်လျှင် ဘိလပ်မြေ တန် ၅၀ဝ၀ အမြန်ဆုံး ထွက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဟု သိရ သည်။

Monday, 7 Jul 2025

၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့ပြီး ပို့ကုန်ရငွေ ပြန်လည် ဝင်ရောက်ရန် ကျန်ရှိသည့် ကုမ္ပဏီ ၁၉၀ ကျော်ကို အမည်မည်းစာရင်းသွင်းခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဇွန် ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။ နိုင်ငံတော် အတွင်းသို့ နိုင်ငံခြားသုံးငွေများ ဝင်ရောက်လာသည့် အဓိကလမ်းကြောင်းဖြစ်သော ပို့ကုန်တင်ပို့မှုမှ ရငွေများ အပြည့်အဝရရှိရန်မှာ အဓိကကျသည့် အချက်ဖြစ်သဖြင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈-ခ နှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုစည်းမျဉ်း အပိုဒ်-၃၅၊ အမိန့်ကြော်ငြာစာအမှတ် ၂၇/၂၀၂၃ တို့တွင် အာရှနိုင်ငံများသို့ တင်ပို့ ခြင်းဖြစ်ပါက  ပို့ကုန်တင်ပို့သည

Tuesday, 3 Jun 2025

ဗီယက်နမ်သည် ပြည်တွင်းဆန်ထုတ်လုပ်မှု ကျဆင်းပြီး ပို့ကုန်ဝယ်လိုအားကို ဖြည့်ဆည်းရန် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်၏နောက် ကမ္ဘာ့ဒုတိယအကြီးမား ဆုံး ဆန်တင်သွင်းဖြစ်လာရန် ခန့်မှန်းရကြောင်း အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန(USDA) ၏ မေလ ၁၆ ရက်နေ့က အဆိုအရ သိရသည်။

Tuesday, 3 Jun 2025

ဖိလစ်ပိုင်နိုင်ငံ၏ သကြားထုတ်လုပ်မှုသည် မူလခန့် မှန်းထားသည့် တန်ချိန် ၁ ဒသမ ၇၈၂ သန်းမှ ၅ ရာခိုင်နှုန်းခန့် ပိုမိုလျက် ၂၀၂၄-၂၀၂၅ သီးနှံရာသီတွင် တန်ချိန် ၁ ဒသမ ၈၃၇ သန်းထုတ်လုပ်နိုင်မည်ဟု ခန့်မှန်းထားသည်။
သကြားလုပ်ငန်းနယ်ပယ်၏   နောက်ဆုံးရရှိသည့် အချက်အလက်များအရ ကြံတစ်တန်မှ သကြား ကြိတ်ဝါးထွက် ရှိမှုနှုန်း လျော့နည်းသော်လည်း စိုက်ပျိုးမှုဧရိယာ တစ်ဟက် တာ၏ ကြံတန်ချိန် အထွက်နှုန်း မြင့်မားသည့်အတွက် စုစု ပေါင်း သကြားတန်ချိန် ၁ ဒသမ ၈၁၅ သန်း ထွက်ရှိနိုင်မည် ဟု ဖိလစ်ပိုင်သကြားထုတ်လုပ်မှု စီမံခန့်ခွဲရေးအဖွဲ့ (ျွှဗ) က ပြောကြားခဲ့သည်။

Tuesday, 3 Jun 2025

ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုအပေါ် ကောက်ခံ သည့် အခွန်နှုန်းထားအား ၁၅ရာခိုင်နှုန်းထိ လျှော့ချထားပေးမှု ကို ဆက်လက်ထားရှိလိုကြောင်း စိုက်ပျိုးရေးဝန်ကြီးက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ 

Tuesday, 3 Jun 2025

၂၀၂၅ ခုနှစ် မေလက ကျင်းပခဲ့သည့် 2025 International Food Exhibition (IFEX)တွင် ခင်းကျင်းပြသခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ အနောက်ပိုင်း Visayas ဒေသ ထွက်Guimaras အမျိုးအစား သရက်သီးအား ပြည်တွင်း၌သာမက နိုင်ငံတကာ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ သရက်သီးအမျိုးအစားသည် ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်မူပိုင်ခွင့်ဌာန၏ ဒေသထွက်မှန်ကန်ကြောင်း ညွှန်ပြချက် Geographical Indication-GI))  လက်မှတ် ရရှိ ထားပြီးဖြစ်သည်။ 

Monday, 5 May 2025

၂၀၂၅ ခုနှစ်၏ ပထမ သုံးလပတ်ကာလတွင် ဗီယက်နမ် ပြည်တွင်းဆိုင်ကယ်ဈေးကွက်သည် သိသာစွာနာလန်ထူလာခဲ့ ပြီး အစီးရေ ၆၇၃၀ဝ၀ ရောင်းချခဲ့ရကာ ၂၀၂၄ ခုနှစ် တူညီသည့် ကာလထက် ၁၁ဒသမ၄၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရ သည်။ 

Monday, 5 May 2025

မလေးရှားနှင့် တရုတ်နိုင်ငံတို့ အကြား စက်မှုပူးပေါင်းဆောင်ရွက်မှု သည် ဘုံဖွံ့ဖြိုးတိုးတက်မှုများအတွက် အခွင့်အလမ်းသစ်များ ပေးဆောင်ခဲ့ပြီး တရုတ်နိုင်ငံ၏ တိုးတက်နေသော ဈေး ကွက်သည် မလေးရှားနိုင်ငံ၏ စားအုန်း ဆီလုပ်ငန်း၏ အနာဂတ်ဖွံ့ဖြိုးတိုးတက် မှုအတွက် အရေးပါသောအခန်းကဏ္ဍမှပါဝင်ကြောင်း  မလေးရှား  အစိုးရ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

Monday, 5 May 2025

ရန်ကုန်တိုင်းဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီမှ  အလုပ်အကိုင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၇၇ သန်းပမာဏရှိ  ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်နှစ်ခုကို  ရန်ကုန်တိုင်း ဒေသကြီး  ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၅) ကြိမ် အစည်းအဝေးတွင် အတည်ပြုပေးခဲ့ကြောင်း သိရသည်။

Monday, 5 May 2025

ပြည်တွင်းစက်သုံးဆီဈေး ပြန် လည်ကျဆင်းလာပြီး  တစ်လီတာလျှင် ကျပ် ၃၀ဝ၀ အောက်သို့ ကျဆင်းလာ ကြောင်း စက်သုံးဆီအရောင်းဆိုင်များ ၏ ဈေးနှုန်းများအရ သိရသည်။
စက်သုံးဆီဈေးမှာ ဧပြီ ၃၀ ရက် ရန်ကုန်ဈေးကွက်တွင် လက်လီဈေး အောက်တိန်း ၉၂ ျွသည တစ်လီတာလျှင် ၂၈၀၅ ကျပ်၊ အောက်တိန်း ၉၅ ျွသည တစ်လီတာလျှင် ၂၈၆၅ ကျပ်၊  ဒီဇယ် တစ်လီတာ ၂၄၃၅ ကျပ်၊    ပရီမီယံ (ဏမနာငကာ) ဒီဇယ်   တစ်လီတာလျှင် ကျပ် ၃၀၁၀ ဝန်းကျင်ဖြင့်  ဈေးကျဆင်း လာခြင်းဖြစ်သည်။

Pages