Background
ဒီတစ်ပတ်အတွင်း စစ်တွေနယ်စပ်မှတစ်ဆင့် ချင်း ၅ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၂၁ဝဝဝ ကိုတင်ပို့ခဲ့လို့ ယခင်တစ်ပတ် တင်ပို့မှု ၁ဝ တန်ထက် ထက်ဝက်လျော့ကျခဲ့ပါတယ်။
Feb 25, 2010 Base Currency is United States Dollar - USDCurrency Unit Units per USDAUD Australia Dollars 1.13BDT Bangladesh Taka 69.20CAD Canada Dollars 1.06CNY China Yuan Renminbi 6.83EUR Euro 0.74HKD Hong Kong Dollars 7.77INR India Rupees 46.41IDR Indonesia Rupiahs 9300.00JPY Japan Yen 89.66MYR Malaysia Ringgits 3.41PKR Pakistan Rupees 85.07PHP Philippines Pesos 46.11RUB Russia Rubles 30.12SGD Singapore Dollars 1.41KRW South Korea Won 1164.920LKR Sri Lanka Rupees 114.34THB Thailand Baht 33.08GBP United Kingdom Pounds 0.65VND Vietnam Dong 19050.00Source : xe.com
လာမယ့်ရက်တွေမှာ နနွင်းအသစ်လှိုင်လှိုင်ဝင်လာတော့မှာဖြစ်လို့ လက်ရှိလက်ငင်းဈေးတစ်တန်ကို ရူပီး ၉၅ဝဝဝ (ကန်ဒေါ်လာ ၂ဝ၆ဝ.၇) ရှိရာမှ နောက်ထပ် ၁ဝ ရာခိုင်နှုန်း-၁၅ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်တယ်လို့ Erode နနွင်း ကုန်သည်များအသင်းက ပြောကြားပါတယ်။
နှစ်စဉ်ဝယ်လိုအားကောင်းတဲ့ နနွင်းတက်ဟာ အခုနှစ်မှာ ပစ္စည်းရှားတာကြောင့် ယခင်နှစ်များကထက် အဆမတန် ဈေးမြင့်လာပါတယ်။
ယခုအခါတွင် ဒီဇယ်ဈေးနှုန်းများ မှာ ကမ္ဘာ့ရေနံဈေးနှုန်းများ ပြန်လည် မြင့်တက်လာတာကြောင့် ပြည်တွင်း ဒီဇယ်ဈေးနှုန်းများပါ မြင့်လာတယ်လို့ သိရပါတယ်။
ရှမ်းနနွင်းတွေလည်း ဈေးကောင်းနေတုံးပါပဲ။ ဒီနှစ်ကအထွက်နှုန်းလျော့ပြီး ပြည်ပဝယ်လိုအားများနေတာကြောင့် ဈေးကောင်းရ နေတာဖြစ်တယ်လို့ သိရပါတယ်။
ယခုလတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ အပြောင်းအလဲ သိပ်မရှိဘဲ ဈေးငြိမ်လျက်ရှိတယ်လို့ ရွှေရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။
ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေများရဲ့တောင်ယာစိုက်ခင်းများမှာ စိုက်ပျိုးတဲ့ နနွင်းများကို ဒေသတွင်းစားဖို့ နနွင်းမှုန့်ပြုရောင်းချပေမဲ့ နယ်စပ်ဈေးကွက်ကိုတော့ နနွင်းတက်အနေနဲ့သာ တင်ပို့ပါတယ်။ စစ်တွေနယ်စပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီတစ်ပတ်မှာ နနွင်းတက် ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၈ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
ယခုလတ်တလော စိန်ဈေးကွက်တွင် ကိုရီးယားစိန်အတုများ ဝင်ရောက်လာမှုကြောင့် စိန်ရောင်းဝယ်ရေး ဈေးကွက်တွင် အနှောင့် အယှက်များ ဖြစ်ပေါ်ခဲ့ကြောင်း စီအမ် စိန်ရောင်းဝယ် ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားပါတယ်။
ယခင်အပတ်ထက် တန်နှစ်ထောင်ပိုဝင် ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဒီဇယ်အဝင်ကတော့ တန်ချိန် ၂၄၅ဝဝ မက်တန် (ပီပါ ၁၈ဝဝဝဝ ကျော်) ကို တင်သွင်းခဲ့ပါတယ်။