Main menu

Background

Saturday, 6 Mar 2010

     ယခုလတ်တလော ရွှေဈေးကွက်တွင် ကမ္ဘာ့ရွှေဈေနှုန်းများ မြင့်တက်လာသော်လည်း ပြည်တွင်းရွှေဈေးကွက်မှာ အပြောင်းအလဲ သိပ်မရှိဘဲ ဈေးငြိမ်လျက်ရှိတယ်လို့ ရွှေရောင်းဝယ်သူတစ်ဦးက ဆိုပါတယ်။

Saturday, 6 Mar 2010

    ရခိုင်ပြည်နယ် ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ မြို့နယ်တွေများရဲ့တောင်ယာစိုက်ခင်းများမှာ စိုက်ပျိုးတဲ့ နနွင်းများကို ဒေသတွင်းစားဖို့ နနွင်းမှုန့်ပြုရောင်းချပေမဲ့ နယ်စပ်ဈေးကွက်ကိုတော့ နနွင်းတက်အနေနဲ့သာ တင်ပို့ပါတယ်။ စစ်တွေနယ်စပ်စခန်းကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီတစ်ပတ်မှာ နနွင်းတက် ၄ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂ဝ၈ဝ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ 

Saturday, 6 Mar 2010

     ယခုလတ်တလော စိန်ဈေးကွက်တွင် ကိုရီးယားစိန်အတုများ ဝင်ရောက်လာမှုကြောင့် စိန်ရောင်းဝယ်ရေး ဈေးကွက်တွင် အနှောင့် အယှက်များ ဖြစ်ပေါ်ခဲ့ကြောင်း စီအမ် စိန်ရောင်းဝယ် ရေးပိုင်ရှင် ဦးရွှေကြည်က ပြောကြားပါတယ်။

Saturday, 6 Mar 2010

ယခင်အပတ်ထက် တန်နှစ်ထောင်ပိုဝင်    ယခုအပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းနဲ့ ဒီဇယ်အဝင်ကတော့ တန်ချိန် ၂၄၅ဝဝ မက်တန် (ပီပါ ၁၈ဝဝဝဝ ကျော်) ကို တင်သွင်းခဲ့ပါတယ်။

Friday, 5 Mar 2010

နို့စိမ်းက ယခင်အပတ်ထက်ပိုဝင်    ဒီအပတ်တွင်းမှာ ရေကြောင်းက နေ နို့ဆီရော နို့စိမ်းပါ တစ်စုံလုံး တင် သွင်းခဲ့ကြတယ်။ မလေးရှားနိုင်ငံက Fun Gold  တံဆိပ်နဲ့ နို့ဆီ ၂၇ တန်ခန့် တင်သွင်းလာပြီးနို့စိမ်းတင်သွင်းမှု ဘက်မှာတော့ စင်ကာပူနိုင်ငံဘက်က အိုကေ တံဆိပ်၊ ဒွန်းတံဆိပ်၊ မာရီဂိုးတံဆိပ်များကို တန်ချိန် ၈၃ဝ နီးပါး တန်ဖိုး စုစု ပေါင်းကန်ဒေါ်လာ ၇၇ဝဝဝဝ ဖိုး တင် သွင်းခဲ့ပါတယ်။

Friday, 5 Mar 2010

ရေကြောင်းကနေကွန်ပေါင်းတွေတင်    ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီလက ဓါတ်မြေသြဇာတန်ချိန် လေးထောင်ကျော် တန် ဘိုး ကန်ဒေါ်လာ ၁ ဒသမ ဝ၉ သန်းခန့်ကို ရေကြောင်းကနေသွင်းလာသလို ဖေ ဖော်ဝါရီလအတွင်း ယခုအပတ်အထိ ဓါတ်မြေသြဇာတန်ချိန် တစ်ထောင် တန်ဖိုး ကန်ဒေါ်လာ ကိုးသိန်းသုံးသောင်းကျော်ကို တင်သွင်းခဲ့ပါတယ်။

Friday, 5 Mar 2010

ပါကစ္စတန် ဘိလပ်မြေ ပါဝင်လာ    ဘိလပ်မြေပြည်တွင်းမှာ ဖြန့်ဖြူးဖို့အတွက် ရေကြောင်းကတင်သွင်းလာရာမှာ ဖေဖော်ဝါရီလ တတိယအပတ်အတွင်း ပါကစ္စတန် ဘိလပ်မြေတန်ချိန် တစ်ထောင် (တန်ဖိုး ကန်ဒေါ်လာ ၈၅ဝဝဝ)ကိုတင်သွင်းလာကြောင်း တွေ့ရပါတယ်။

Friday, 26 Feb 2010

    ကိုရီးယားနိုင်ငံရဲ့ မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီသစ် စီတီအင်တီ ယူနိုက် တက်က ဘက်ထရီနဲ့မောင်းနှင်ရ တဲ့ နှစ် ယောက်စီးယာဉ် အီး-ဇုန်ကို စတင် ဖော်ထုတ်ပြသခဲ့ပါတယ်။

Friday, 26 Feb 2010

    စားသုံးသူတွေကို အကာအကွယ်ပေးနိုင်ဖို့နဲ့ စားသုံးသူတွေက အဆင့်အတန်းမီ ထုတ်ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်စေဖို့ အတွက် အင်ဒိုနီးရှား စက်မှုဝန်ကြီးဌာနက ဦးစီးဌာနအသစ်ကို ထူထောင်ဖွဲ့စည်းဖို့ စီမံဆောင်ရွက်နေပါတယ်။

Friday, 26 Feb 2010

    စင်ကာပူရဲ့အနာဂတ် အလား အလာတွေ ကောင်းမွန်နေပေမဲ့ လာမဲ့ ငါးနှစ်အတွင်းမှာ ကုန် ထုတ်လုပ်မှုတိုးတက်အောင်ဆောင် ရွက်ဖို့နဲ့ လုပ်ငန်း ကျွမ်းကျင်မှု ကိုမြှင့်တင်ပေးရမဲ့ စိန်ခေါ်မှုတွေ ရှိနေသေးတယ်လို့ စင်ကာပူ ဝါရင့်ဝန်ကြီးလီကွမ်းယူက နှစ်သစ် ကူး ညစာစားပွဲမှာ ပြောကြားပါတယ်။

Pages