Main menu

Background

Friday, 5 Feb 2010

    သကြားနဲ့ပွက်ရေဈေးနှုန်း မြင့်တက်မှုရှိသော်လည်း တင်လဲရည်ဈေးနှုန်း မှာ ယခင်နှစ်ဈေးနှုန်းဖြင့် ပုံမှန်ဈေးတန်း နေခြင်းဟာ သကြား ဈေးနှုန်းမြင့်တက်မှု အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း၊ သကြားနဲ့ သကာရည်လုပ်ငန်းရှင်များထံမှ သိရပါတယ်။

Friday, 5 Feb 2010

    ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ဇန်နဝါရီလ နောက်ဆုံးပတ်ပြောင်း ဈေးကွက်တွင် တောင်သူလက်မှာ လက် ကျန်နည်းပါးလာတာနဲ့အမျှ ပြောင်းဈေးနှုန်းဟာ တစ်ရိပ်ရိပ်တက်လို့လာပါတယ်။

Friday, 5 Feb 2010

    ရှမ်းပြည်နယ်တောင်ပိုင်းမှာ ဒီနှစ်ပြောင်းဟာ မနှစ်ကထွက်တဲ့ အထွက်နှုန်းထက်အနည်းငယ်သာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။

Friday, 5 Feb 2010

    လက်ရှိနိုင်ငံတကာပြောင်း ဈေးတွေအနေနဲ့ ဇန်နဝါရီ ၂၆ ရက်နေ့မှ တရုတ်နိုင်ငံပေါက်ဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂၆၁၊ အိန္ဒိယပြောင်းဈေးဟာ တစ်တန်ကို ကန်ဒေါ်လာ ၂ဝ၅ နဲ့ ဂျပန်နိုင်ငံမှာတော့ ကန်ဒေါ် လာ ၂၂၈ ဒသမ ၅၁ ဈေးအသီးသီးရှိတာကို တွေ့ရပါတယ်။

Wednesday, 3 Feb 2010

    မြိတ်ရော်ဘာ ဈေးကွက်မှာ ဇန်နဝါရီလဆန်းကစပြီး ဈေးမြင့်လာတဲ့ ရော်ဘာဈေးဟာ ဇန်နဝါရီတတိယပတ်အထိ RSS-3 တစ်ပိဿာ ၄၃ဝဝ ကျပ် တစ်ပေါင်

Wednesday, 3 Feb 2010

    မွန်ပြည်နယ်ရော်ဘာဈေး ကွက်မှာ ၂ဝဝ၉ ဒီဇင်ဘာလကုန် သီတင်းပတ်က စတင်လှုပ်ရှားလာတဲ့ ရော်ဘာဈေးဟာ ဇန်နဝါရီ တတိယပတ်မှာ RSS-3 တစ်ပေါင် ၁၂၇ဝ ကျပ်၊ RSS-5 တစ်ပေါင် ၁၁၇ဝ ကျပ်ထိဈေးမြင့်လာပါတယ်။

Wednesday, 3 Feb 2010

    မြစ်ကြီးနားမြို့မှာ ၂ဝ၁ဝ ဇန်နဝါရီ လ ၁၇ ရက်နေ့က ရော်ဘာဈေး တစ်ပေါင်ကို ၁၂၅ဝ ကျပ်အထိ အမြင့် ဆုံးတက်ခဲ့ပြီး ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ၁၁၇ဝ ကျပ်ကို ဈေးပြန်အေးလာပါတယ်။

Wednesday, 3 Feb 2010

    ဒီနှစ်ဗီယက်နမ်နိုင်ငံရဲ့ ရော်ဘာတင်ပို့မှုကို တန်ချိန် ၇၅ဝဝဝဝ ထိရှိနိုင်ပြီး မနှစ်ကထက် ၃ဒသမ၃ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်မယ်လို့ ရာဘာလုပ်ငန်းကဆိုပါတယ်။

Friday, 29 Jan 2010

   မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပိုမိုအကျိုးဖြစ်ထွန်းရေးအတွက် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲတွေမှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးပူးပေါင်း အကောင်အထည် ဖော်ရန်လိုကြောင်း သိရပါတယ်။ ဇန်နဝါ ရီလ ၁ ရက်နေ့က ရန်ကုန်မြို့ Summit Park View  ဟိုတယ်တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်းနှင့် အင်ဒိုမြန်မာ ကုန်သည်အသင်းIndo Myanmar Chamber of Commerce & Industriesမှ စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဝယ်သူ ရောင်းသူဆွေးနွေးပွဲတွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဌဦးဇော်မင်းဝင်းက အထက်ပါ အတိုင်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်များ အနေနဲ့ အိန္ဒိယနိုင်ငံ နှင့်နှစ်ကာလ ကြာရှည်ကပင် နှစ်ဘက် အပြန်အလှန် ကုန်သွယ်ခဲ့ကြပြီး အန္ဒိယနိုင်ငံသည် အလွန်ကြီးမားသော ဈေးကွက်ဝယ်လက် အင်အားကြီးနိုင်ငံတစ်ခုဖြစ်ရာ မိမိတို့ ဆွေးနွေးဖက် များအနေဖြင့် ယခုကဲ့သို့ စီးပွားရေးတွေ့ ဆုံပွဲများ၌ တစ်ဖက်နှင့် တစ်ဖက် အပြန်အလှန်အထောက်အကူ ပြုရေး အပေါင်းလက္ခဏာ ဆောင်သော နှစ်ဘက်အကျိုးရှိသော အတွေး အမြင်များဖြင့် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး ကုန်သွယ်မှုတိုးမြင့်သွားရန် လို ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့ပါတယ်။

Friday, 29 Jan 2010

   မြန်မာနိုင်ငံရဲ့ ဆန်စပါးလုပ် ငန်းဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးရောင်းဝယ်မှုနည်းစနစ် မှန်ကန်ရေး၊ အရည်အသွေးကောင်း သီးနံှများ ထွက်ရှိတင်ပို့ ရောင်းချနိုင်ရေး၊ ကမ္ဘာ့အလယ်တွင် အဓိက ဆန်ထုတ်လုပ်တင်ပို့ရောင်းချသည့်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိရှိ ရပ်တည် နိုင်ရေးအတွက် မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း (Myanmar Rice Industry Association) ပဲခူးတိုင်း အနောက်ပိုင်းရဲ့ အသင်းခွဲဖွဲ့စည်းရေးဆိုင်ရာ အကြိုညှိနှိုင်း ဆွေးနွေးပွဲအား မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ ပဲခူးတိုင်းအနောက် ပိုင်း၊ တိုင်းမန်နေဂျာရုံး၌ ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၁ဝးဝဝ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲတွင် စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံဆန်စပါး အသင်း ဗဟိုမှ အထွေ ထွေအတွင်းရေးမှူး ဦးရဲမင်းအောင်မှ အသင်းနဲ့ပတ်သက်ပြီး လိုအပ်သည်များ သိသင့်သိထိုက်သည်များ ဆက်လက် ရှင်းလင်း ပြောကြားပြီး အသင်းဖွဲ့စည်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါတယ်။ ညိနှိုင်းဆွေးနွေးပွဲသို့ ပဲခူးတိုင်း အနောက်ပိုင်းမြို့နယ်များမှ မြို့နယ်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီများမှ တာဝန်ရှိသူများ၊ ဆန်စပါးအသင်းအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သိရပါ တယ်။   

Pages