Background
ယခုနှစ်အတွင်း ထွက်ပေါက်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူးလို့ စီးပွားရေးပညာရှင်တွေက သဘော တူညီကြကြောင်း ကိုရီးယားပြည်သူ့ဘဏ္ဍာရေးအဖွဲ့ လက်အောက်ရှိ ဘဏ္ဍာရေးလေ့လာဆန်း စစ်မှုဌာနအကြီးအကဲ ပတ်ဟောင် ဆူးက ပြောကြားပါတယ်။
စင်ကာပူအစိုးရက မြေယာဇုန်သတ်မှတ်ချက်မူဝါဒများကို ပြုပြင်လျှင်သော် လည်းကောင်း၊ လာမဲ့ဘတ်ဂျက်မှာ အခြားရရှိနိုင်မဲ့ မြေနေရာတွေကို အသုံးပြုနိုင်မဲ့ အစီအမံများကို ဖော်ထုတ်လျှင်သော်လည်းကောင်း အထူးအဆန်းဖြစ်လိမ့်မည် မဟုတ်ကြောင်း ကျွမ်းကျင်သူတို့က ပြောကြားသည်။
မန်းဈေးကွက် ကုန်ကြမ်းအဝင်များလို့ဈေးအေး မန္တလေးသကြားဈေးကွက်မှာ ပေါင်းစက်များကို ကုန်ကြမ်းအဝင် များတာကြောင့် သကြားဈေးနှုန်း ကျဆင်းလာတယ်လို့ သိရပါ တယ်။
မလေးရှားကို အများဆုံးသွားတဲ့မြန်မာ့ပြောင်း ယခုအပတ် ဖေဖော်ဝါရီလ တတိယပတ်မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှု ကနေ ပြောင်းတန်ချိန် ၂၃၀ မက်ထရစ်တန်သာ စင်ကာပူနိုင်ငံကိုတင်ပို့နိုင်ခဲ့ပါတယ်။
နယ်စပ်မှာ တရုတ်ကိုပဲ အဓိကပို့ ယခုဖေဖော်ဝါရီလ တတိယပတ်အတွက် ချင်းရွှေဟော်နယ်စပ်ကုန်သွယ် ရေး စခန်းမှ RSS-3 ရော်ဘာတန် ၁၀၀ကို တစ်ဘက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ် လို့သတင်းရရှိပါတယ်။
စစ်တွေနယ်စပ်က ဘင်္ဂလားဒေ့ရှ်ကိုပို့ ယခုတစ်ပတ်အတွင်း စစ်တွေ နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ချင်း ၁၀ တန်၊ တန်ဖိုးအားဖြင့် ကန် ဒေါ်လာ ၄၂၀၀၀ ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။
မြဝတီက ထိုင်းကိုပို့တဲ့ကျောက်ဆည်နနွင်းက FOB မှာ ဈေးပိုရ နယ်စပ်တင်ပို့မှုအနေနဲ့ ယခင်တစ်ပတ်က တင်ပို့မှုမရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ထိုင်းနိုင်ငံကို နနွင်းတက် ၂၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၀ ဒသမ ၀၁၆ သန်းကို တင်ပု့ိခဲ့ပါတယ်။
ဖရဲကားများညအိပ်စောင့်၍တင်ပို့နေ ဒီတစ်ပတ် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ဖရဲသီးတင်ပို့မှုဟာ တန် ချိန် ၁၄၀၆၉ တန် (ဒေါ်လာ ၁.၃၈၀)သန်း ဝင်ငွေရ ရှိခဲ့ပြီး ယခင်အပတ်တင်ပို့ မှုကတော တန်ချိန် ၁၂၉၀၃ (ဒေါ်လာ ၁.၂၆၆သန်း) ဖြစ်တာကြောင့် ယခင် အပတ်ထက် တင်ပို့မှု အနည်းငယ်ပိုမိုလာကြောင်း တွေ့ရပါတယ်၊
ဈေးကွက်မှာ သကြားပြတ်လပ်တာကို လျှော့ချဖို့တရုတ်အစိုးရက အရန်ထဲက ထုတ်ရောင်းမယ် တရုတ်နိုင်ငံမှာ ရာသီဥတုဆိုးရွား လို့ ကြံခင်းများပျက်စီးခဲ့ပြီး ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် သကြားပြတ် လပ်မှုကို ဖြည့်ဆည်းဖို့ အစိုးရမှ သကြား အရန်သိုလှောင်မှုတွေ ထုတ်ရောင်းဖွယ် ရှိတယ်လို့ သိရပါတယ်။