Background
ဈေးကွက်မှာ သကြားပြတ်လပ်တာကို လျှော့ချဖို့တရုတ်အစိုးရက အရန်ထဲက ထုတ်ရောင်းမယ် တရုတ်နိုင်ငံမှာ ရာသီဥတုဆိုးရွား လို့ ကြံခင်းများပျက်စီးခဲ့ပြီး ဈေးနှုန်းတွေ မြင့်တက်နေတဲ့အတွက် သကြားပြတ် လပ်မှုကို ဖြည့်ဆည်းဖို့ အစိုးရမှ သကြား အရန်သိုလှောင်မှုတွေ ထုတ်ရောင်းဖွယ် ရှိတယ်လို့ သိရပါတယ်။
နယ်စပ်ကုန်သွယ်မှု ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း မူဆယ်နယ်စပ်သို့ ပြောင်းဖူးစေ့ ၄၃၆၂ တန် ကို တစ်ဖက်နိုင်ငံ ရွှေလီသို့တင်ပို့နိုင်သလို ယခင်အပတ်ထက် ၂၀ ရာခိုင်နှုန်းနီး ပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ဒီတစ်ပတ် နိုင်ငံတကာ ရော်ဘာဈေးနှုန်းတွေကို ယခင်အပတ်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ ရော်ဘာဈေးနှုန်းများ ဆက်လက်ကျဆင်းနေတာကို တွေ့ရပါတယ်။ အထူးသဖြင့် ထိုင်းရော်ဘာ အမျိုးအစားအားလုံး ဒေါ်လာ ၁၀၀ ကျော် ကျဆင်းလာ တာကို အောက်ပါအတိုင်း တွေ့ရပါတယ်- တန်ဖိုး-ကန်ဒေါ်လာအမျိုးအစား ယခုပတ် ယခင်ပတ် ပြောင်းလဲမှုSMR-20(မလေးရှား) ၂၉၇၂ .၀၀ ၂၉၂၅ .၀၀ - ၅၀ွRSS-1 (ထိုင်း) ၃၁၆၃ .၅၀ ၃၀၅၅ .၅၀ - ၁၀၈ွRSS-2 (ထိုင်း) ၃၁၄၅ .၅၀ ၃၀၃၇ .၅၀ - ၁၀၈ွRSS-3 (ထိုင်း) ၃၁၂၈ .၅၀ ၃၀၂၁ .၀၀ - ၁၀၇.၅ွRSS-4 (ထိုင်း) ၃၁၁၉ .၅၀ ၃၀၁၂ .၀၀ - ၁၀၇.၅ွRSS-5 (ထိုင်း) ၃၁၀၆ .၀၀ ၂၉၉၈ .၀၀ - ၁၀၈ွRSS-3 (စင်ကာပူ) ၃၀၅၁ .၀၀ ၃၀၁၄ .၅၀ - ၃၆ .၅ Source:rubberboard.org MIRT(DOBT)
မြိတ်ရော်ဘာဈေး ခပ်အေးအေး ဇန်နဝါရီ တတိယပတ်အထိ RSS-3 တစ်ပေါင် ၁၁၉၄ ကျပ်၊ RSS-5 တစ်ပေါင် ၁၁၃၉ ကျပ်ထိ အမြင့်ဆုံးရောက်ခဲ့တဲ့ တနင်္သာရီ တိုင်းရဲ့ ရော်ဘာဈေးနှုန်းဟာ ဇန်နဝါရီနောက်ဆုံးပတ်ကစပြီး ပြည်ပဈေးကွက်ရော်ဘာဈေးကျလာမှုကြောင့် ပြည်တွင်းဈေးကွက်အေး လာပါတယ်။
နယ်စပ်ကုန်သွယ်မှု ယခု ဖေဖော်ဝါရီလ ဒုတိယပတ်အတွက် မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှ RSS-3 ရော်ဘာ ၁၀၁၂ တန်နှင့် ချင်းရွှေဟော် နယ် စပ်ကုန်သွယ်ရေးမှ RSS-3 ရော်ဘာ တန် ၂၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
၁၉၇၀ခုနှစ်မှ ၁၉၇၅ခုနှစ်ထိ လုံနိုးအစိုးရအုပ်ချုပ်မှုနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံ၏ ပထမဦးဆုံးသကြားထုတ်လုပ်သည့်စက်ရုံကို ဝန်ကြီးချုပ် ဟွန်ဆန်က ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် တရားဝင်အခမ်းအနားဖြင့်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
ဒီတစ်ပတ်နိုင်ငံတကာ ရော်ဘာဈေးနှုန်းတွေကို ယခင်ပတ် ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်လေ့လာကြည့်တဲ့အခါရော်ဘာ အမျိုးအစား အလိုက် တစ်တန်ကို ဒေါ်လာ ၅၀ ဝန်းကျင် ဈေးကျဆင်းနေတာကိုအောက်ပါအတိုင်း တွေ့ရပါတယ်- တန်ဖိုး-ကန်ဒေါ်လာ အမျိုးအစား ယခုပတ် ယခင်ပတ် ပြောင်းလဲမှု SMR-20(မလေးရှား) ၂၉၂၇ .၅၀ ၂၉၇၂ .၀၀ -၄၄ .၅ RSS-1(ထိုင်း) ၃၁၁၁ .၅၀ ၃၁၆၃ .၅၀ -၅၂ွ RSS-2(ထိုင်း) ၃၀၉၃ .၅၀ ၃၁၄၅ .၅၀ -၅၂ RSS-3(ထိုင်း) ၃၀၇၇ .၀၀ ၃၁၂၈ .၅၀ -၅၁ .၅ RSS-4(ထိုင်း) ၃၀၆၈ .၀၀ ၃၁၁၉ .၅၀ -၅၁ .၅ RSS-5(ထိုင်း) ၃၀၅၄ .၅၀ ၃၁၀၆ .၀၀ -၅၁ .၅ ှ
ဒီနှစ် ရော်ဘာအရောင်းအဝယ် ပြန်ကောင်းပြီး ဈေးကောင်းလေးရလာတာကြောင့် လုပ်သားခများလည်းဈေးနှုန်းမြင့်တက်လာ ပါတယ်။ မနှစ်က ရော်ဘာ ဈေး ကျချိန်မှာ အစေးခြစ်ခတစ်ရက် ၁၂၀၀ ကျပ်ကနေ ဒီနှစ်မှာတော့ ၁၃၀၀ မှ ၁၅၀၀ ကျပ်အထိရလာ ပါတယ်။ ဒါကြောင့် ဒီနှစ်မှာတော့ ရော်ဘာကုန်သည်ကြီးများပျော်ကြသလို ဝင်ငွေတိုးလို့ လုပ်သားတွေလည်း ပျော်ကြကြောင်း သိရပါတယ်။
ဒီတစ်ပတ်ပြည်တွင်းဈေးကွက်မှာတော့ ရော်ဘာဈေးတွေဟာ အနည်းငယ်ကျဆင်းလာ တာတွေ့ရပါတယ်။ မြို့နယ် RSS 3 RSS 5 မြိတ် ၁၁၁၁ ၁၀၅၅ မော်လမြိုင် ၁၁၀၀ ၁၀၀၀ ဈေးနှုန်းအပြောင်းအလဲရှိလို့ အရောင်းအဝယ်အေးပေမဲ့ မော်လမြိုင်မှာ တန်ချိန် ၁၇၀၀၊ မြိတ်မှာ ၃၄ တန်အရောင်း အဝယ်ဖြစ်ခဲ့ပါ တယ်။
ပင်လယ်ရေကြောင်းအနေနဲ့ကတော့ ယခုအပတ်အတွင်း ရော်ဘာ (၆၂၁) တန် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁.၂၅၆ သန်း ရရှိခဲ့ပါတယ်။ နိုင်ငံအလိုက် တင်ပို့မှုနဲ့ ပျမ်းမျှဈေးနှုန်းတွေကတော့ နိုင်ငံ တန်ချိန် ဈေးနှုန်း (ဒေါ်လာ^တန်) မလေးရှား ၅၈၅ ၂၀၁၀ တရုတ်နိုင်ငံ ၃၆ ၂၂၆၀ ပြည်ပတင်ပို့မှု စုစုပေါင်းအနေနဲ့ကတော့ ပင်လယ်ရေကြောင်း၊ နယ်စပ်ပေါင်း ၁၁၅၆ တန်တင်ပို့နိုင်ခဲ့ပါတယ်။
