Main menu

Background

Friday, 29 Jan 2010

   မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်း ဗဟိုဥက္ကဌဦးချစ်ခိုင်မှ ဦးဆောင်၍ ဧရာဝတီတိုင်း ကျုံပျော်မြို့နယ်တွင် ၂ဝ-၁-၂ဝ၁ဝ နေ့ နံနက် ၁ဝ နာရီက ကျုံပျော်မြို့နယ်ဆန်စပါးလုပ်ငန်းအသင်းခွဲကို မြန်မာတစ်နိုင်ငံလုံး ပထမဆုံးမြို့နယ်အသစ်အဖြစ် အောင်မြင်စွာ ရွေးချယ်ဖွဲ့စည်းပေးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ယင်းသို့ဗဟိုဥက္ကဌမှ ရွေးချယ်ဖွဲ့စည်းပေးခဲ့လို့ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းကဏ္ဍပိုမို ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဓိကကျတဲ့ ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများ၊ ဆန်စပါးလုပ်ငန်းရှင်များ ဆန်စပါးကုန်သည်များနဲ့ ဆန် အထူးပြုကုမ္ပဏီများရဲ့ စိုက်ပျိုးရေး၊ ကြိတ်ခွဲထုတ်လုပ်ရေး၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်ပြီး ဆန် စပါးလုပ်ငန်း လုပ်ကိုင်သူများအားလုံး စုစုစည်းစည်း အချိတ်အဆက်မိစွာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာ နိုင်ငံဆန်စပါးလုပ်ငန်းဗဟိုအသင်း၏ ပထမဆုံး အောင်မြင်မှုခြေလှမ်းဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

Friday, 29 Jan 2010

   စစ်ကိုင်းတိုင်း မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး တိုင်း မန်နေဂျာရုံး အစည်းအဝေးခန်းမမှာ ၁၈-၁-၂ဝ၁ဝ နေ့တွင် တိုင်းကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သုံးသီးနံှစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကို ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

Thursday, 28 Jan 2010

   မန္တလေးတိုင်း ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနံှစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း အလုပ်အမှု ဆောင် သစ်ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို ၁၇-၁-၂ဝ၁ဝ နေ့ မန္တလေးတိုင်းလယ်ယာထွက်ကုန်ရုံးတွင် ကျင်းပပြုလုပ် ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးကို လယ်ယာထွက် ကုန်ရောင်းဝယ်ရေးမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် စားဖိုဆောင်သီးနံှစိုက်ပိုျး ထုတ်လုပ်တင်ပို့ရောင်းချသူများ ဗဟိုအသင်းမှ အမှုဆောင်များက ဦးဆောင်၍ မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှု၊ လက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ပေါ်ရှိ ကြက်သွန်နီပွဲရုံလုပ်ငန်းရှင်များ၊ မြင်းခြံ၊ တောင်သာ၊ ကျောက်ဆည်နယ်တို့မှ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ၊ မိတ္ထီလာ၊ မလှိုင်၊ ပျော်ဘွယ် နယ်တို့မှ ကြက်သွန်နီကုန်သည်များ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် တက်ရောက်လာသူများ၏ သဘောတူညီမှု ဖြင့် အလုပ်အမှုဆောင်များကို လျာထားခဲ့ကြောင်း သတင်းရရှိပါတယ်။

Thursday, 28 Jan 2010

   ကုမ္ပဏီပေါင်း (၃ဝ)ကျော် ပါဝင်ပြသမည့် အိမ်ရာအဆောက်အဦ ပြပွဲ ၂ဝ၁ဝကို ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမ တွင် ဖေဖေါ်ဝါရီလ ၅ရက်မှ၈ရက်အထိ ကျင်းပပြု လုပ်မည်ဖြစ်သည်။

Thursday, 28 Jan 2010

   မွေးမြူရေးခြံများတွင် GPS စနစ် အသုံးပြု၍ သတင်းပို့ဆက်သွယ်မှုစနစ်ကို ကွန်ရက်သဖွယ် ဆောက်ရွက်လျက်ရှိပြီး ၂ဝ၁ဝ ခုနှစ် မတ်လတွင် ယင်းစနစ်အပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

Thursday, 28 Jan 2010

    မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း အသင်းသားစုံညီ နှစ်ပတ် လည်ညီလာခံနှင့် ထုတ်ကုန်ပစ္စည်း ပြပွဲကို ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ လ ၁၅ ရက်နေ့က ရန်ကုန်မြို့ လှိုင်တက္ကသိုလ် များ နယ်မြေရှိ အင်ဂျင်နီယာ အသင်းရုံးတွင် ပြုလုပ်ခဲ့သည်။

Tuesday, 26 Jan 2010

    ယခုနှစ်ကြံရာ သီချိန်တွင် သကာရည်နှင့် သကြားဈေးနှုန်းများ အနည်းငယ် မြင့်တက်လျက်ရှိရာ ဈေးနှုန်းဆက်လက်မြင့်တက်မှု ကို ထိန်းခုျပ်ဖို့ လိုအပ်ပြီး ယခင်နှစ်ကလို ဈေးနှုန်းထိုးကျခြင်းများမဖြစ်ရန်

Tuesday, 26 Jan 2010

    ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးကုန်စည်ဒိုင်ကို မြို့နယ်များမှ ပြောင်းဖူးလက်ကျန်တော်တော်များများ ဝင်ရောက်နေရာ လှောင် လက်အကြိုက် နောက်ဆုံးလက်ကျန်ပြောင်းဖြစ်လို့ ပြောင်းကခြောက်သွေ့ပြီး အရည်အသွေး ကောင်းပါတယ်။

Tuesday, 26 Jan 2010

    ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ပြောင်းသီးနံှဟာ နှစ်တိုင်းလိုလို အဟောင်းနဲ့အသစ် အမြဲတန်းတွဲနေပါတယ်။ နိုဝင်ဘာလကုန်မှာ ပြောင်းဟောင်းတွေ ကုန်သလောက်ဖြစ်သွား လို့အသစ်တွေက ဈေးကွက်ကို ဝင်လာပါတယ်။

Tuesday, 26 Jan 2010

    ကမ္ဘာ့တတိယမြောက် တိရိစ္ဆာန်စာဝယ်လိုအားအများဆုံး တောင်ကိုရီးယားနိုင်ငံရဲ့ မွေးမြူရေးလုပ်ငန်း တိုးခဲျ့မြှင့်တင်မှုကြောင့် တိရိစ္ဆာန်မွေးမြူရေးသုံး သီးနံှများဝယ်လိုအား

Pages