Main menu

Background

Friday, 3 Mar 2023

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ထန်းလျက်များ လှိုင်လှိုင်ပေါ်နေရာ ယခုနှစ်  ဈေးကောင်းရ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ လက်ရှိ ထန်းလျက်လှိုင်လှိုင်ရရှိနေပြီး တစ်ရက်ရှစ်ပိသာခန့်ထွက်ကြောင်း တစ်ပိဿာ ကျပ် ၂၅၀ဝ ရောင်းရပြီး  ယခင်နှစ် ကာလတူက တစ်ပိဿာ ကျပ် ၁၈၀ဝ မှ ကျပ်၂၀ဝ၀ ရောင်းရ၍ ယခုနှစ်တွင် ဈေးကောင်းသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

Friday, 3 Mar 2023

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ သပြေရုံအုပ်စု ၊ ငွေဒါးရကျေးရွာတွင်  အိမ်ခြေစုစုပေါင်း ၅၀ကျော်ခန့် ရှိသည်။ အိမ်ခြေ သုံးပုံ နှစ်ပုံလောက်သည် စံပယ်ပန်းကို စိုက်ပျိုးကြပြီး တချို့မှာ ခြံသီးသန့်စိုက်ပျိုး၍  တချို့မှာ အိမ်ခြံဝန်း အလွတ်များတွင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

Monday, 13 Feb 2023

မန္တလေးတိုင်းဒေသကြီး   ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင်   ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧရာပဒေသာဆန် (သစ်)တစ်ပြည် ကျပ် ၂၅၀ဝ ၊ ဧရာပဒေသာဆန် (သစ်) ၂၄ ပြည်  တစ်အိတ် လျှင် ကျပ် ၆၀ဝ၀ဝ၊ မနောသုခဆန်(သစ်) တစ်ပြည် ကျပ် ၂၂၀ဝ ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည်  တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာ လျှင် ကျပ် ၁၈၀ဝ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ် ၁၅၀ဝ၊ ကြက်သွန်နီ(သစ်) လက်လီ ဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင်ကျပ် ၂၀ဝ၀ ၊ (လတ်) တစ် ပိဿာလျှင် ကျပ်၁၈၀ဝ၊(အသေး)တစ်ပိဿာလျှင်ကျပ

Monday, 13 Feb 2023

ပြည်ကြက်သွန်ဖြူပွဲရုံများတွင် မန္တလေးဘက်မှ   ဝင်ရောက်လာသော ကြူကုတ်များဖြင့်သာ အရောင်းအဝယ် ဖြစ်ပြီး  ရှမ်းပြည်ဘက်မှအဝင်ရှိသော ရှမ်းစများမှာ လက်ကျန်နည်း၍အနည်းငယ်သာရှိကြောင်း သိရသည်။ 

Monday, 13 Feb 2023

တောင်ငူမြို့နယ် ဒိုးအင်းကျေးရွာအုပ်စုရှိ စစ်တောင်း မြစ်ကမ်း နုန်းတင်မြေများတွင် နေကြာစိုက်ပျိုးထားရှိမှုသည် ဒေသတွင်း စားသုံးဆီဖူလုံရေးတွက် အကျိုးရှိရုံသာမက ပျား မွေးမြူရေးကိုလည်း အထောက်အကူပြုသည်။ နေကြာပန်း များ လှိုင်လှိုင်ပွင့်ချိန်တွင် ပျားမွေးမြူရေးပုံးများကို နေကြာခင်း များဘေးတွင် ချထားသည်။ နေကြာတစ်ဧက စိုက်ထားသည့် အခင်းဘေးတွင် ပျားမွေးမြူရေး ပုံး ၁၀ ပုံးမှ ပုံး ၂၀ အထိ ချထားနိုင်သည်။ ပျားများလေ နေကြာခင်းများ ဝတ်မှုန်ကူးရန်အတွက် ပို၍အဆင်ပြေလေဖြစ်သည်။ ဒိုးအင်းကျေးရွာ အုပ်စုတွင် နေကြာသီးသန့် ၂၃၈ ဧကနှင့် မတ်ပဲခင်းများတွင် နေကြာသီးညှပ် ၆၁၈ ဧက စိုက်ပျိုးထားသည်ဟု သိရှိရသည်။

Monday, 13 Feb 2023

မိတ္ထီလာခရိုင်အတွင်း ဆောင်းကြက်သွန်နီအသစ်များ ရိတ်သိမ်းမှုမရှိသေးသော်လည်း မိုးကြက်သွန်နီများ နယ်ဝေး တင်ပို့မှုနည်းသဖြင့် ဈေးနှုန်းကျဆင်းလာကြောင်း သိရသည်။  
မိုးကြက်သွန်နီကို ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင် စတင်ရိတ်သိမ်းခဲ့ပြီး ဆောင်းကြက်သွန်နီမှာ ဧပြီလတွင် ရိတ်သိမ်းမည်ဖြစ်သည်။ မိတ္ထီလာဈေးကွက်မှာ ရန်ကုန်၊ ပဲခူးသို့ အများဆုံးတင်ပို့ရာ  ဇန်နဝါရီလ  နောက်ဆုံးပတ်အတွင်း ပဲခူးသို့ တစ်ရက်လျှင် ခြောက်ဘီးကား  ကုန်ချိန် ၆၀ဝ၀ ဆံ့ ကားတစ်စီး တင်ပို့နိုင်သော်လည်း ရန်ကုန်သို့ တစ်ရက်လျှင် ၁၂ ဘီးကားတစ်စီးဖြင့်  ကုန်ချိန် ၃၀ဝ၀ ပိဿာကို အခြားကုန်များနှင့် ရောနှောတင်ပို့နိုင်ခဲ့သည်။ 

Monday, 13 Feb 2023

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မဈေး၌ ဆန်ဈေးအနည်းငယ် မြင့်တက်လာပြီး ကြက်သွန်နီ/ကြက်သွန်ဖြူ ဈေးများ အနည်းငယ်ကျဆင်းလာကြောင်း ဈေးဆိုင်များအား ကွင်းဆင်းမေးမြန်းမှုအရ သိရသည်။

Monday, 6 Feb 2023

ဥရောပသမဂ္ဂအပါအဝင် ပြည်ပပို့မည့် Hass အမျိုးအစား ထောပတ်သီး စိုက်ဧက ၃၀ဝ အတွက် ကမ္ဘာလုံးဆိုင်ရာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်းများစနစ် (Global GAP) လက်မှတ်ရရှိရန် နမူနာအသီးများ ပေးပို့ကာ ဓာတ်ခွဲစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ထောပတ်သီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။

Thursday, 2 Feb 2023

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်ရှိ ပင်းချောင်း၌ ကြက်သွန်နီများ စတင်၍ စိုက်ပျိုး လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ရေနံ ချောင်းမြို့နယ်၌ ဥစိုက်ကြက်သွန်နှင့် ကြက်သွန်နီ စေ့ကို ပျိုးထောင်၍ ရရှိသောပျိုးပင်ကို စိုက်သော အပင်စိုက်ကြက်သွန်ကို   နှစ်စဉ်လုပ်ကိုင်ကြရာ လက်ရှိ အပင်စိုက် ကြက်သွန်နီများ စိုက်ပျိုးလျက် ရှိသည်။

Monday, 30 Jan 2023

ဧရာဝတီတိုင်းဒေသကြီးအတွင်း  ပြည်တွင်း၊ ပြည်ပ ဈေးကွက် ဝယ်လိုအားရှိသော ကိုင်းဘော (တံမြက်စည်းကုန် ကြမ်း)မှာ သဘာဝအလျောက် အလေ့ကျပေါက်ရောက်လျက် ရှိသော ရာသီပေါ်ဒေသ ထွက်ကုန်တစ်ခုအဖြစ် ဇန်နဝါရီလ ပထမအပတ်မှစတင်၍   ဈေးကွက်ဝင်ရောက်လျက်ရှိပြီး မတ်လကုန်  ဧပြီလရောက်လျှင်  ကိုင်းဘောရာသီမှာ  ပြီးဆုံး သွားကြောင်း ဈေးကွက်မှသိရသည်။

Pages