Background
မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မိုးနေကြာကို မိတ္ထီလာ၊ မလှိုင်နှင့် သာစည်မြို့နယ်များ၌ စိုက်ပျိုးကြပြီး မိုးနေကြာကို စက်တင်ဘာလတွင် စိုက်ပျိုး၍ ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။
နေကြာကို ယခုနှစ် တိုးချဲ့စိုက်ပျိုးလာရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် နေကြာစိုက်ဧက ၉၀၃၇ဧက၊ ရိတ်ဧက ၁၈၉၆ ဧက၊ အထွက်စုစုပေါင်း ၂၄၈၅၇ တင်း ထွက်ရှိကြောင်း၊ နေကြာဆီသည် ကျန်းမာရေးနှင့်လည်း ညီညွတ်သဖြင့် ယခင်ကထက် စားသုံးမှုများလာ၍ ဈေးကွက်ပိုမိုရရှိလာကြောင်း၊ ဆီကြိတ်ပြီးထွက်ရှိလာသော နေကြာဖတ်ကိုလည်း တိရစ္ဆာန်စာအဖြစ် အသုံး ပြုကြသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇန်နဝါရီ ၄ ရက်မှ ၁၀ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရှိရသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဌာနလုပ်ငန်းများနှင့်အတူ ပြည်တွင်းကုန်သွယ်မှုမြှင့်တင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိသည့်အပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်း လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး စက်မှုကုန်ကြမ်းသီးနှံများ ပိုမိုထွက်ရှိလာနိုင်ရေး သက်ဆိုင်ရာဌာနများ၊ တောင်သူများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရသည်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တ ပတ်အတွင်း ခရမ်းချဉ်သီး ထိုင်ဝမ်(ပိဿာ) ကျပ် ၉၀ဝ မှ ၁၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ် (တစ်ထုပ်) ကျပ် ၅၀ဝ မှ ၁၀ဝ၀ အတွင်း၊ ပန်းဂေါ်ဖီ(ထုပ်) ကျပ် ၄၀ဝ မှ ၁၂၀
၂၀၂၃နှစ်သစ်ကိုရောက်ရှိတော့မည်ဖြစ်ပြီး ၂၀၂၂ နောက်ဆုံးလဖြစ်သည့် ဒီဇင် ဘာလသည် ပြင်ဦးလွင်၌ ယခင်နှစ်များထက် အအေးဓာတ်ပိုမိုသည့် နှစ်ဖြစ်သောကြောင့် ပြင်ဦးလွင်မြို့ရှိ ဆွယ်တာဆိုင်များမှာ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားပြီး ဆွယ်တာအထည်များ ရောင်းဝယ်အား ယခင်နှစ်တွေထက် များပြားကြောင်း လေ့လာသိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ဖူးစားပြောင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် စိုက်ပျိုးကြသည်။ မိုးရာသီတွင် စိုက်ပျိုးသော ဖူးစား ပြောင်းကို မေလနှင့်ဇွန်လတွင် စိုက်ပျိုးပြီး စက်တင်ဘာနှင့် အောက်တိုဘာတို့တွင် ရိတ်သိမ်းရသည်။ ဆောင်းရာသီတွင် စိုက်ပျိုးသော ဖူးစားပြောင်းကို အောက်တိုဘာနှင့် နိုဝင်ဘာတို့တွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီနှင့် မတ်လတို့တွင် ရိတ်သိမ်းသည်။ ပြည်ခရိုင်အနေဖြင့် ဖူးစားပြောင်း (မိုး) စိုက်ဧကမှာ ၈၃၂၁ ဧကရှိပြီး တစ်ဧကအထွက်နှုန်းမှာ အဖူးရေ ၂၄၆၉၆ဖူး ထွက်ရှိသည်ဟု သိရှိရသည်။ ပြည်မြို့တွင် ဖူးစားပြောင်း(မိုး)စိုက်ဧကမှာ ၈၀၂ ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၉၀၁ ဧက
မြန်မာ့ရိုးရာသရေစာ မုန့်အများစုတွင် ပါဝင်လျက်ရှိပြီး ပြည်တွင်းဈေးကွက် ခိုင်မာလျက်ရှိသော ကောက်ညှင်းဆန် ဈေးနှုန်းမှာ ပုသိမ်ဈေးကွက်တွင် ယခင်နှစ်ထက် ဈေးနှစ်ဆနီးပါး မြင့်တက်လျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ကောက်ညှင်းစပါးတင်း ၁၀ဝ လျှင် ကျပ်ကိုးသိန်း၊ ၁၀ သိန်းဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် ၄၀ဝ၀ဝ-၄၁၀ဝ၀ ဈေးသာရှိသော်လည်း ယခုနှစ် ကောက်ညှင်းစပါးဈေးမှာ တင်း ၁၀ဝ ကို ကျပ် သိန်း၂၀ ဝန်းကျင်နှင့် ကောက်ညှင်းဆန် တစ်အိတ်ကို ကျပ် ၉၀ဝ၀ဝ-၉၁၀ဝ၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
နိုဝင်ဘာလ စတုတ္ထပတ်အတွင်း ရွှေဘိုမြို့နယ်၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန် တစ်ပြည် ကျပ် ၃၆၀ဝ၊ ဧရာမင်း ဆန် တစ်ပြည် ကျပ် ၂၈၀ဝဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မော်လမြိုင်မြို့၌ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ် ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲ အရောင်းအဝယ် ပုံမှန်ဖြစ်နေသောဈေးမှာ ယခုအပတ်တွင် ကြံ့နှစ်ကောင်(အနီ)ကျပ် ၁၀၃၀ဝ၊ ဆင်(ထိုင်း) ကျပ် ၁၄၀ဝ၀၊ ကြံ့တံဆိပ် (အဝါ) ကျပ် ၁၀၂၀ဝ ဖြင့် အရောင်းအဝယ်ဖြစ်နေ ပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့်ပိုးသတ်ဆေး ဈေးနှုန်း မှာ ယခုနိုဝင်ဘာလ တတိယအပတ်တွင် ကွန်ပေါင်း (မြန်မာ့ သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၂၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂ 50kg ပါတစ်အိတ်မှာ ကျပ် ၁၇၈၀ဝ၀၊ ကွန်ပေါင်း (Thai Grow How) ၁၅း၁၅း၁၅ 50kg ပါတစ်အိတ်မှာ
မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ယခုဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း လုပ်ငန်းဆောင်ရွက်နိုင်မှုမှာ ပို့ကုန် အမေရိကန် ဒေါ်လာ ၄၀ ဒသမ ၇၀၁ သန်း၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၁၂၁ ဒသမ ၅၇၀ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၂ ဒသမ ၂၇၁ သန်းဖြစ်သည်။ ယခင်ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဒသမ ဝ၅၂သန်း လျော့နည်းခဲ့ပြီး သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၃ဒသမ ၄၃၀ သန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာ ဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄၁ဒသမ ၆၂၂သန်း လျော့နည်းခဲ့သည်။