Background
မော်လမြိုင်မြို့၌ ယခုလ စတုတ္ထပတ်တွင် ဘိလပ် မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်း တည်ငြိမ်နေကြောင်း သိရှိရသည်။ ဈေးကွက်ထဲအရောင်း အဝယ်ပုံမှန်ဖြစ်နေသောဈေးမှာ ယခုတစ်ပတ်တွင် ကြံ့ နှစ်ကောင် (အနီ) ကျပ် ၉၆၀ဝ၊ ဆင် (ထိုင်း) ကျပ် ၁၄၅၀ဝ၊ ကြံ့တံဆိပ် (အပြာ) ကျပ် ၉၃၀ဝ ဖြင့် အရောင်းအဝယ်ဖြစ် နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး မှာ ဈေးနှုန်းအနည်းငယ်တက်လာပြီး အရောင်းအဝယ် ပုံမှန်ရှိနေကြောင်း သိရှိရသည်။အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ယခင်တစ် ပတ်တွင် ကွန်ပေါင်း (မြန်မာ့သြဘာရွှေကောမက်) ၁၅း၁၅း၁၅ 50kgပါ တစ်အိတ်မှာ ကျပ် ၁၆၃၀ဝ၀၊ ကွန်ပေါင်း ၂၀း၁၂း၁၂50 kg ပါ တစ်အိတ်မှာ ကျပ် ၁၆၃၀ဝ၀၊ ကွန်ပ
ပြည်ဈေးကွက်တွင် ရှမ်းအာလူး လက်ကား(ပွဲရုံဈေး) တစ်ပိဿာကို အာလူးအလုံးအကြီး အသေးပေါ်မူတည်၍ ကျပ် ၂၂၀ဝ-၂၄၀ဝ-၂၅၀ဝ-၂၆၀ဝ ဈေးရှိပြီး လက်လီဈေး ကျပ် ၂၆၀ဝ-၃၀ဝ၀ ရှိသည်။ အရောင်း အဝယ်အနေဖြင့် ဒေသတွင်း လက်လီဝယ်ယူသူများ၊ လုပ်ငန်းရှင်များနှင့် အခြားမြို့နယ်များမှ ဝယ်ယူသူများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပြည်ဈေးကွက်သို့ ရှမ်းပြည်နယ် တောင်ကြီးမှ ရှမ်းအာလူးများ နေ့စဉ် အိတ် ၁၅၀မှ ၂၀ဝ အတွင်း အဝင်ရှိကြောင်း သိရသည်။ပြည်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးမှာ ယခင်တစ်ပတ်က ဈေးမြင့် တက်နေခဲ့ရာမှ ယခုတစ်ပတ်တွင် အနည်းငယ် ဈေးလျော့လာသည်။ ရှမ်း ပြည်နယ် တောင်ကြီးမှ ကြက်သွန်ဖြူများနှင့် မန္တလေးမှတစ်ဆင့် တရုတ် ကြက်သွန်ဖြူများ
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် စက်တင် ဘာ ၁၃ ရက်မှ ၁၉ ရက်အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မြင်းခြံ၊ မိတ္ထီလာမှ ဖရဲသီး (၂၁၁) အလုံးကြီး ကျပ် ၂၅၀ဝ ၊ အလုံးလတ် ကျပ် ၁၈၀ဝ ၊ အလုံးသေး ကျပ် ၁၀ဝ၀ မှ ၈၀ဝ ၊ မှော်ဘီ၊ တိုက်ကြီး မှ မာလကာသီး (ကီလို) အလုံးကြီး ကျပ် ၄၀ဝ၊ အလုံးလတ် ကျပ် ၃၀ဝ ၊ အလုံး သေး ကျပ် ၂၀ဝ မှ ၁၀ဝ၊ တိုက်ကြီးမှ ပီလောပီနံ တစ်ပိဿာ အလုံးကြီး ကျပ် ၈၀ဝ၊ အလုံး လတ် ကျပ် ၆၀ဝ၊ အလုံးသေး ကျပ် ၄၀ဝ၊ မော်လမြိုင်မှ ကျွဲကောသီး (ပန်းရောင်) အလုံးကြီး ကျပ် ၂၅၀ဝ မှ ၂၂၀ဝ၊ အလုံးလတ် ကျပ် ၂၀ဝ၀ မှ ၁၈၀ဝ ၊ အလုံးသေး ကျပ် ၁၅၀ဝ မှ ၁၃၀ဝ၊ ကျပ် ၁၀ဝ၀ မှ ၇၀ဝ၊ ၅၀ဝ၊ တို
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်တွင် စိုက် ပျိုးရေးလုပ်ငန်းကို အဓိကထား ဆောင်ရွက်လျက်ရှိကြသော်လည်း မိသားစု၏ပုံမှန်အပိုဝင်ငွေရရှိစေရန်နှင့်စားဝတ်နေရေးအတွက် တစ် ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိစေရန်အတွက် တစ်မြို့နယ်လုံးရှိ ကျေးရွာတိုင်းနီးပါးနှင့် မြို့ပေါ်ရှိရပ်ကွက်များပါမကျန် စက်ရက်ကန်း၊ လက်ရက်ကန်းလုပ်ငန်းများ ဆောင်ရွက်လာကြသည်ကို တွေ့ရှိရ သည်။ ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာသည် စက်ရက်ကန်း၊ လက်ရက် ကန်းလုပ်ငန်းများဖြင့် အလွန်ထင်ရှားသော ကျေးရွာတစ်ရွာဖြစ်ပြီး ရက်ကန်းလုပ်ငန်းကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်မျိုး(ဥညန ဠငေါူန ဥညန ဏမသိကခအ)အဖြစ် ယခင်တည်းကဆောင်ရွက်လ
မြန်မာနိုင်ငံ၏ ငရုတ်စိုက်ပျိုးထုတ်လုပ်မှုသည် နေရာဒေသ အနှံ့တွင် တစ်နှစ်ပတ်လုံး ထွက်ရှိနေသည်ဟု ဆိုရပါမည်။ ဒေသ အလိုက် ငရုတ်သီးပေါ်ချိန် ကွာခြားသကဲ့သို့ဈေးကွက်အတက်၊ အကျ ကလည်း ငရုတ်သီးထွက်ရှိချိန် ကာလအလိုက် ဖြစ်ပေါ်နေသည်။ ကြက်သွန်၊ ခရမ်းချဉ်၊ ငရုတ်တို့သည် ဈေးကွက် မတည်ငြိမ်သေးသော ဟင်းသီးဟင်းရွက်သီးနှံများ ဖြစ်ကြ သည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် ငရုတ်(မိုး) စိုက်ဧက စုစု ပေါင်း ၁၆၁၈၁ ဧက စိုက်ပျိုးထားရှိပြီး ၁၂၆၇ ဧက ရိတ်သိမ်းထွက်ရှိသည်။ တစ်ဧက အထွက်နှုန်းမှာ ၅၅၀ တင်း ထွက်ရှိ ပြီး ဒေသအလိုက် ငရုတ်မျိုးများ ကွဲပြားကြသည်။ အများဆုံး စိုက်ပျိုးသော ငရုတ်မျိုးများမှာ ၆၉၂ မျိုး၊ ၉၂၉ မျိုးနှင့် ဒီမွန်မျိုးများ စိုက်ပျိုးကြသည်။ ငရုတ်သီးအစို တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ ဖြင့် ရောင်းချလျက် ရှိပြီး ပွဲရုံများမှ စိုက်ခင်းများအထိ လာရောက်ဝယ်ယူသူများရှိ သကဲ့သို့ အချို့ တောင်သူများမှာ ပွဲရုံသို့ ကိုယ်တိုင်သွားရောက် ရောင်းချခြင်းများလည်း ရှိသည်။
သြဂုတ် ၁ရက်မှ ၃၁ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၇၄၉ သန်း တန်ဖိုးရှိ ရော်ဘာ ၇၇၈၆ တန်ကျော် တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။တင်ပို့မှုများအနေဖြင့် တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၅၄၁၀ ကျော်၊ အိန္ဒိယ နိုင်ငံသို့ ရော်ဘာ ၁၁၄၆ တန်ကျော်၊ မလေးရှားနိုင်ငံသို့ တန်ချိန် ၆၆၀ ကျော်၊ တောင်ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၄၈၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၈၀ တင်ပို့နိုင်ခဲ့သည်။သြဂုတ်လတွင် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၆ ဒသမ ၃၀၇ သန်း တန်ဖိုးရှိ ရော်ဘာ ၄၅၇၇ တန်ကျော်တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် တရုတ် နိုင်ငံသို့ ရော်ဘာတန်ချိန်
ဘဏ္ဍာနှစ်တစ်ခုအတွင်း နိုင်ငံတစ်နိုင်ငံက တင်ပို့သော ပို့ကုန်ထက် တင်သွင်းသော သွင်းကုန်က ပိုမိုများပြားနေချိန်တွင် ကုန်သွယ်ရေးလိုငွေ (Trade deficit)ဖြစ်ပေါ်သည်။ Trade deficit ကို အနုတ်လက္ခဏာဆောင်သော ကုန်သွယ်မှုလက်ကျန် (Negative balance of trade) ဟူ၍လည်း ခေါ်ဆိုသည်။ Trade deficit သည် ကမ္ဘာ့နိုင်ငံများကြား ဖြစ်ပေါ်နေသည့် အပြည်ပြည်ဆိုင်ရာကုန်သွယ် မှုပမာဏကို တိုင်းတာသော နည်းလမ်းတစ်ခုဖြစ်သည်။ Trade deficit ကို ပုံစံအမျိုးမျိုးဖြင့်တွက်ချက်နိုင်ပြီး ကုန်စည်နှင့်ဝန်ဆောင် မှုအုပ်စုများအလိုက် ခွဲခြားတွက်ချက်နိုင်သည်။ သာမန်စာရင်း (Current account)၊ ဘဏ္ဍာရေးစာရင်း (Financial
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းသည်နှင့် ပြည်တွင်းသို့ရွှေတင်သွင်းရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)ဥက္ကဋ္ဌ ဦးမျိုးမြင့်ကဇွန် ၂ ရက်တွင် ပြောသည်။"ပြည်တွင်းကို ရွှေတင်သွင်းဖို့ အတွက် ကမ္ဘာ့ဈေးအကျကိုစောင့်နေကြတယ်။ကမ္ဘာ့ဈေးလည်းကျတော့ကျလာပါပြီ။ ရွှေဈေးက ၁၈၀ဝအောက်လောက်ရောက်တာနဲ့ စကြမှာပါ။ အခုက ၁၈၃၅ လောက်ဆိုတော့ စောင့်နေကြတာ"ဟု၎င်းကပြောသည်။YGEA အနေ ဖြင့် ဇွန်လအပါဝင်လာမည့်သုံးလအတွင်း ပြည်တွင်း၌ ရွှေကုန်ကြမ်းလုံလောက်မှုရှိစေရန်အတွက် ပြည်ပကနေ ရွှေတင်သွင်းသွားရန် ပြီးခဲ့ သည့် မေလမှစတင်ကာ အစည်းအဝေးတစ်ရပ် ပြုလုပ်ပြီး စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်တွင် ထောပတ်ပဲများ မတ်လ ဒုတိယပတ်မှစ၍ ထွက်ပေါ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အောက်တိုဘာ၊ နိုဝင်ဘာတွင် စိုက်ပျိုးခဲ့ပြီး မတ်လတွင် ထွက်ပေါ်လေ့ရှိကြောင်း သိရသည်။ မြင်းခြံခရိုင်အတွင်းရှိ မြို့နယ်လေးမြို့နယ်အနက်မှ အခြားသုံးမြို့နယ်သည် ထောပတ်ပဲကို မိုးနှင့်ဆောင်းနှစ်ရာသီစိုက်ပျိုးမှုရှိပြီး ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို ဆောင်းရာသီ၌သာ စိုက်ပျိုးမှုရှိကြောင်း သိရှိရသည်။ မြင်းခြံခရိုင်၏ ၂၀၂၁-၂၀၂၂ ခုနှစ် ဆောင်းထောပတ်ပဲ စိုက်ပျိုးမှုဧကပေါင်းမှာ ၅၀၉၄ ဧကရှိပြီး ငါန်းဇွန်မြို့နယ်အနေဖြင့် ၂၅၁၀ ဧက စိုက်ပျိုးနိုင်ခဲ့သည်။ ငါန်းဇွန်မြို့နယ်သည် ထောပတ်ပဲကို