ပြည်ကြက်သွန်ဖြူ အဝင်လှိုင်
ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ အဝင်လှိုင်နေဆဲဖြစ် ကြောင်းတွေ့ရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကြက်သွန်ဖြူ အိတ်များကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကုန်သည်ပွဲစား များက အဆွဲများပြီး ဒေသတွင်း လှောင် လက်သမားများထံ ချိတ်ဆက်ရောင်းဝယ်မှုကြောင့် ဈေးကွက်အတွင်း အဝင်လှိုင်နေ ကြောင်းလည်း သိရပါတယ်။ ဝင်ရောက်လာတဲ့ ကြက်သွန်ဖြူတွေဟာ အစိုဓာတ် သိပ်မများတော့ဘဲ အရည်အသွေးသန့်တာကို တွေ့ရပါတယ်။ လှောင်လက်သမား များပါ အိတ်အဆွဲများပြီး လက်လီအရောင်းသမားများပါ ဈေးသက်သာချိန်ဖြစ်လို့ အဆွဲများ ကာ အရောင်းအဝယ်ဖြစ်နေကြောင်းသ