ကုန်သွယ်မှုမြှင့်တင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရနှင့် ထိုင်းနိုင်ငံခြား ကုန်သွယ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများတွေ့ဆုံကြမည်
ထိုင်းနိုင်ငံ နိုင်ငံခြားကုန်သွယ်ရေးဦးစီးဌာနသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် ကုန်သွယ်မှုမြှင့်တင်ရေး အားထုတ်နိုင်ရန်အတွက် ကိုယ်စားလှယ်အဖွဲ့အား ဦးဆောင်သွားမည်ဟု ဖော်ပြထားပါသည်။ နိုင်ငံခြားကုန်သွယ် မှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် မစ္စတာ အဒူချိုတီနီဆခွန်းက ခရီးစဉ်အား သြဂုတ် ၇ ရက်မှ၁၂ ရက်အထိ သွားရောက်ရန် စီစဉ်လျက်ရှိပြီး ပုဂ္ဂလိကကဏ္ဍမှ လုပ်ငန်းရှင်များကို လည်း ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ရန်ေ ဆာင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။ ယခုနှစ်တွင် ထိုင်းနိုင်ငံမှ နယ်စပ်ကုန်သွယ်မှု ပမာဏအား ငါးရာခိုင်နှုန်း မြင့်တက်ပြီး တန်ဖိုး ဘတ် ၁ ဒသမ ၈ ထရီလီယံရရှိရန် မျှော်မှန်းထားပါသည်။