အဆင့်မြင့်နည်းပညာတင်ပို့မှုကို ထိန်းချုပ်သည့်အတွက် ဂျပန်နိုင်ငံကို တောင်ကိုရီးယားပြစ်တင်
အဆင့်မြင့်နည်းပညာ ပစ္စည်းများတင်ပို့မှုကို ထိန်းချုပ်သည့်စဉ်းမျဉ်းများကို တင်းကျပ်လိုက်သည့် မူဝါဒကို ဂျပန်နိုင်ငံက ရုပ်သိမ်းပေးအောင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန် တောင်ကိုရီးယားအစိုးရ အရေးေ ပါ် အစည်းအဝေးကို ကျင်းပခဲ့ကြောင်း NHK သတင်းဝက်ဘ်ဆိုက်တွင်ဖော်ပြသည်။ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ရာတွင် အရေးပါသော ကုန်ပစ္စည်းအမယ် သုံးမျိုးအား တောင်ကို ရီးယားနိုင်ငံသို့တင်ပို့ပါက ခွင့်ပြုချက် ရ ယူရန်ဂျပန်အစိုးရက ဇူလိုင် ၄ ရက်က သတ်မှတ်ခဲ့သည်။